"ဘ၀ကြင်ဖော် ရွေးချယ်နည်း နည်းလမ်း (၁၀)ချက်"
ဘ၀ကြင်ဖော် ရွေးချယ်တာဟာ အခက်ခဲဆုံး အလုပ်တစ်ခုပါ။ သင်ကိုယ်တိုင်ကပဲ ရွေးချယ်ချယ်၊ သင့်မိဘကပဲ ရွေးချယ်ပေးပေး နှစ်ဦးနှစ်ဖက် စလုံးအတွက် သာတူညီမျှ ဖိအားပေးမှု တစ်ရပ်ကိုတော့ ဖြစ်စေတာပါပဲ။ သင်ရွေးချယ် လိုက်တဲ့သူဟာ သင့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဘ၀ကြင်ဖော် ရွေးချယ်တာဟာ တစ်ရက်၊ နှစ်ရက်နဲ့ (ဖြစ်ကတတ်ဆန်း) လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး။ ဘ၀ကြင်ဖော် ရွေးချယ်လိုက်တာဟာ သင်သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေပေါ်မှာ တစ်စိတ်တစ်ဒေသ မူတည်နေသလို၊ သင့်ရဲ့ ကံကြမ္မာပေါ်မှာလဲ တစ်စိတ်တစ်ဒေသ မူတည်နေတဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက် တစ်ခုလဲ ဖြစ်ပါတယ်။
ဘ၀ကြင်ဖော် ရွေးချယ်တာဟာ ဘ၀နဲ့ရင်းပြီးလုပ်ရတဲ့ ဆုံးဖြတ်ချက်မို့ လေးလေးနက်နက် လုပ်ဆောင်ရပါလိမ့်မယ်။ သင်ရွေးချယ်လိုက်တဲ့သူဟာ ဘ၀တိုက်ပွဲ ရင်ဆိုင်နွှဲရတဲ့အခါ သင့်ဘေးမှာ ရှိနေဖို့ဟာ ကြီးမားတဲ့ ၀တ္တရားတစ်ရပ်လဲ ဖြစ်ပါတယ်။ ဘ၀ကြင်ဖော် ရွေးချယ်တဲ့အခါ ဂရုတစိုက် ရွေးချယ်တတ်ပါစေ။ ဒီအချက်တွေကတော့ သင့်ရဲ့ ဘ၀ကြင်ဖော် ရွေးချယ်ဖို့ နည်းလမ်းတွေထဲက အချက်တစ်ချို့ ဖြစ်ပါတယ်။
(၁) သင့်ရဲ့ လိုအပ်ချက်တွေကို သိမြင်အောင်လုပ်ပါ
သင့်ဘ၀ရဲ့ အချိန်တွေကို ဘယ်လိုလူမျိုးနဲ့ ကုန်ဆုံးစေမလဲ ဆိုတာကို သိအောင်လုပ်တာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ သင့်ရဲ့ မှန်ကန်တဲ့ ဘ၀ကြင်ဖော်ကို ရှာဖွေရာမှာ (သင်ကိုယ်တိုင်) ပထမဆုံး လုပ်ဆောင်ရမယ့် အဆင့်ကတော့ သင့်လိုအပ်ချက်တွေကို သိအောင် လုပ်ခြင်းပါပဲ။ ပထမဦးစွာ ဘယ်လိုလူမျိုးက သင့်ဘ၀ကို တိမ်းညွှတ်စေနိုင်မလဲ၊ ပျော်ရွှင် စေနိုင်မလဲဆိုတာကို သင်အနေနဲ့ သိကို သိရပါလိမ့်မယ်။
(၂) သင့်ရဲ့ လိုအပ်ချက်တွေကို အပြန်ပြန် အလှန်လှန် စဉ်းစား ဆွေးနွေးပါ
သင့်ရဲ့ လိုအပ်ချက်တွေကို သေသေချာချာ သိပြီဆိုရင် မိဘတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အပြန်ပြန် အလှန်လှန် တိုင်ပင်ဆွေးနွေးပါ။ ဒါမှသာ သူတို့ အနေနဲ့လဲ သင့်ရဲ့ ဘ၀ကြင်ဖော်ကို ၀ိုင်းဝန်း ကူညီရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ချစ်ဂဟေဆက် အကျိုးဆောင်တစ်ခုခုနဲ့ ဆက်သွယ်ပြီး ရှာဖွေမှာဆိုရင်တော့ သင် သတ်မှတ်ထားတဲ့ ရွေးချယ်မှု အချက်အလက်တွေကို ပြောပြဖြစ်အောင် ပြောပြပါ။ သူတို့ အနေနဲ့ သင်ပေးတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အသေးစိတ် စစ်ဆေးပြီးတဲ့အခါ သင့်အတွက် အသင့်လျော်ဆုံး သူကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) သင် ရွေးချယ်မယ့်သူနဲ့ သူရဲ့နောက်ခံသမိုင်းကို သေသေချာချာ လေ့လာပါ
ချစ်ဂဟေဆက် ၀န်ဆောင်မှုလုပ်ငန်းက ပေးတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ရွေးချယ်မှု မလုပ်ခင်မှာ သင့်အနေနဲ့ သူ့ရဲ့ နောက်ခံသမိုင်းကို သေချာစွာ လေ့လာစီစစ်ဖို့ လိုပါလိမ့်မယ်။ ချစ်ခြင်းတရားကို အခြေခံတဲ့ မေတ္တာဂဟေဆက်မှု ဖြစ်တယ်ဆိုရင်တောင် လူလိမ်လူညာကို မရွေးချယ်မိစေဖို့ နောက်ခံသမိုင်းကိုတော့ လေ့လာဖို့ လိုသေးတာပါပဲ။ ဒါဟာ စိတ်ခံစားမှုကို ဦးစားပေး ရွေးချယ်တာမျိုး မလုပ်သင့်ဘဲ လက်တွေ့ကျတဲ့ ရွေးချယ်မှုသာ ဖြစ်သင့်တာပေါ့။ ဘ၀တစ်လျှောက်လုံး သင်နဲ့ လက်တွဲမယ့်သူဖြစ်တာမို့ သူနဲ့ ပတ်သက်တာ တစ်ခုခုကိုတော့ အနည်းဆုံး သိကို သိထား ရမှာပါ။
(၄) တွေ့ဆုံ ဆွေးနွေးဖို့ သတ်မှတ်ချက် ထားပါ
နောက်တစ်ဆင့် အနေနဲ့ကတော့ သင့်ရဲ့ လက်တွဲဖော် ဖြစ်လာမယ့်သူနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ။ သူနဲ့ ပတ်သက်ပြီး သင်သိချင်တဲ့ အချက်အလက်တွေကို သိရှိနိုင်ဖို့ လေးလေးနက်နက် တွေ့ဆုံဆွေးနွေးတာမျိုးလဲ ဖြစ်နိုင်သလို၊ အဆင်ပြေတဲ့ နေ့ရက်ကို ရွေးချယ်ဆွေးနွေးတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ပထမဆုံးအကြိမ် တွေ့ဆုံမှုဟာ အရမ်း အရေးကြီးပါတယ်။ သူ့ဆီက ပွဲဦးထွက် ထင်မြင်ယူဆချက်တွေကို သင် ရရှိနိုင်မှာမို့လေ။ ချစ်ခြင်းမေတ္တာကို အခြေခံတဲ့ မေတ္တာဂဟေ ဆက်ကြသူတွေ အတွက်တော့ ဒါမျိုးတွေက ကြုံတွေ့ဖူးပြီးပြီမို့ ထပ်ပြီး မလိုအပ်ပါဘူး။
(၅) ပွဲဦးထွက်မှာ ဟန်ကိုယ့်ဖို့ ရှိပါစေ
တကယ်တော့ (လူတစ်ဖက်သားရဲ့ ထင်မြင်ယူဆချက်ကို ကိုယ့်အပေါ်တိမ်းညွှတ်အောင်) ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်ခြင်းဟာ နောက်ဆုံးအကြိမ် လုပ်ဆောင်နိုင်ခြင်းမျိုးလဲ
ဖြစ်နေတတ်ပါတယ်။ (စစချင်းမှာပဲ ပွဲဦးလန်တာမျိုး မဖြစ်ပါစေနဲ့။) စစချင်း
တွေ့ဆုံတဲ့ နေ့မှာပဲ လူတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေ ကိုယ့်အပေါ်
တိမ်းညွှတ်အောင် လုပ်ဆောင်နိုင်တာဟာ အကောင်းဆုံးပါပဲ။ ဒါဆိုရင်တော့
အဲဒီလူရဲ့ ရွေးချယ်မှုဟာ ကိုယ်ဖြစ်နေပြီဆိုတာ သေချာသလောက် ရှိပြီပေါ့။
(၆) ပွင့်ပွင့်လင်းလင်း ပြောဆိုပါ
စကားပြော အတတ်ပညာဟာ လူတစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ အကူအညီ ပေးစေပါတယ်။ ပြောရင်းဆိုရင်းနဲ့မှ ဒီလူဟာ သင်နဲ့ အမှန်တကယ် လိုက်ဖက်သင့်လျော်တဲ့သူ ဟုတ်/မဟုတ် ဆိုတာကိုလဲ သိရှိ လာစေပါတယ်။ ဒီလူဟာ သင်နဲ့ စကားပြော နေရတာကို စိတ်ဝင်စားမှု ရှိနေသလား၊ ငြီးငွေ့မှု ဖြစ်နေသလား ဆိုတာကိုတော့ ပြောရင်းပြောရင်းနဲ့မှ သူ့အကြောင်းကို ပိုသိလာမှာလေ။ (အဲဒီလို) ပြောနေခြင်းက ရှေ့ဆက်မယ့် အလားအလာတွေအတွက် ဗွေဆော်ဦး ထင်မြင်ယူဆချက်ကို ရရှိဖို့ အကူအညီ ပေးပါလိမ့်မယ်။
(၇) မျက်လုံး အနေအထား ဂနာငြိမ်/မငြိမ်ကို ဆန်းစစ်လေ့လာပါ
သင်နဲ့ စကားပြောနေစဉ်မှာ သူ/သူမရဲ့ မျက်လုံးအနေအထားဟာ ဂနာငြိမ်/မငြိမ် (သင့်ဆီမှာ ရှိ/မရှိ) ကိုလဲ လေ့လာမှတ်သားပါ။ ဟန်ဆောင်မှု ကင်းမဲ့တဲ့သူတစ်ယောက်ရဲ့ မျက်လုံးအနေအထားဟာ (ဂနာမငြိမ်တာမျိုးမရှိဘဲ) သင် စကားပြောနေတဲ့ ဆီမှာပဲ အမြဲတမ်း ရှိနေပါလိမ့်မယ်။ ဒီအချက်ဟာ လူတစ်ယောက်ကို သိမြင်နိုင်ဖို့ ပထမဆုံး အမှတ်လက္ခဏာ တစ်ရပ် ဖြစ်သလို၊ သတိပြု မှတ်သားဖို့လိုတဲ့ အရေးကြီးဆုံး အချက်လဲ ဖြစ်ပါတယ်။
(၈) သူ/သူမရဲ့ ပြုမှုဆောင်ရွက်ချက်တွေကို သတိပြုမှတ်သားပါ
သူ/သူမ အနေနဲ့ ဂနာမငြိမ် လှုပ်လှုပ်ရွရွ ဖြစ်နေတာမျိုး၊ စိတ်လှုပ်ရှားနေတာမျိုး ဖြစ်/မဖြစ်ကို သတိထား ကြည့်ပါလေ။ သင့်ရဲ့ ထင်မြင်ယူဆချက်တွေကို တိမ်းညွှတ်/ပြောင်းလဲစေမယ့် အခြားသော အမှတ်လက္ခဏာတွေလဲ ရှိနိုင်တာပဲ မဟုတ်လား။ ဒီအချက်တွေ အပေါ် မူတည်ပြီးတော့လဲ ဘ၀ကြင်ဖော်ကို ရွေးချယ်နိုင် သေးတာပဲလေ။
(၉) အရိုအသေပေးမှု ရှိ/မရှိကို လေ့လာပါ
တစ်ဦးနဲ့တစ်ဦး ရိုသေလေးစားမှုဟာ ဘယ်လို ဆက်ဆံရေးပုံစံမျိုးမှာမဆို အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ လက်ထပ်ပြီးသား စုံတွဲတွေမှာတောင် ဒါဟာ အရေးပါနေဆဲပါ။ တွေ့ဆုံဆွေးနွေးမှု လုပ်နေတဲ့အချိန်မျိုးမှာ သူ/သူမ အနေနဲ့ သင့်အပေါ် အရိုအသေးပေးမှု ရှိ/မရှိကို မဖြစ်မနေ လေ့လာပါ။ သူ/သူမရဲ့ အပြောအဆို၊ နေပုံထိုင်ပုံတွေကို သတိပြု မှတ်သားထားပါလေ။
(၁၀) သုံးသပ်ချက် ချမှတ်ဖို့အတွက် အချိန်ရယူပါ
အလောသုံးဆယ် သုံးသပ်ချက် ချမှတ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။ သင့် ဘ၀တစ်လျှောက်မှာ ကုန်ဆုံးဖြတ်သန်းရမယ့် အချိန်တွေအတွက် သင်နဲ့ သင့်လျော်မယ့်သူ ဟုတ်မဟုတ်၊ သင့်လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်သူ ဟုတ်မဟုတ် ဆိုတာကို ဘက်ပေါင်းစုံက သုံးသပ်ဆုံးဖြတ်နိုင်ဖို့ အချိန်အတိုင်းအတာကို လုံလောက်စွာ ရယူပါ။
အားလုံးအဆင်ပြေ ချောမွေ့သွားပြီဆိုရင်တော့ သူ့ရဲ့ သဘောတွေ့ မနောခွေ့မယ့် အရာတွေ၊ သဘောကွဲ မနောလွဲမယ့် အရာတွေနဲ့ အခြားရွေးချယ်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ နောက်ထပ်တွေ့ဆုံ ဆွေးနွေးတာမျိုး ဆက်လက် လုပ်ဆောင်ပါလေ။ ဖော်ပြပေးခဲ့တဲ့ အချက်အလက်တွေကို လိုက်နာပြီး လုပ်ဆောင်မယ်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့ ဘ၀ကြင်ဖော် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အဖြေတစ်ခုခုကိုတော့ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
အခု နောက်ပိုင်း ကာလတွေမှာ လူတွေဟာ သိပ်ကိုရုန်းကန် လှုပ်ရှားလာနေရပြီမို့ နှလုံးသားအတွက် သီးသန့်အချိန် မပေးနိုင်တော့ဘဲ လူအများစုရဲ့ ဦးနှောက်တွေဟာ နှလုံးသားလေးရဲ့ အလုပ်ကိုပါ ရောထွေးပြီး လုပ်ဆောင် ပေးနေရတာတွေ များလာပါတယ်။ ဒါကြောင့် ဘာသာပြန်သူ ကျွန်တော့်အနေနဲ့ နောက်ဆုံး သတိပေး ချင်တာလေးကတော့ “အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ အချက်ဟာ အရာရာကို ကျော်လွှားဖြတ်သန်း စေနိုင်တယ်” ဆိုတဲ့ စကားနဲ့ အတူ လူသားအားလုံး ဦးနှောက်နှင့် နှလုံးသား ဟန်ချက်ညီအောင် ထိန်းကျောင်း လုပ်ဆောင်နိုင်ပြီး၊ မိမိတို့ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်မှာ မှန်ကန်သော ဘ၀ကြင်ဖော်ကို ရှာဖွေရွေးချယ်နိုင်စေဖို့ လေးလေးနက်နက် ဆန္ဒပြုလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ…
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
Ref: http:// www.mydearvalentine.com/
ဒါကတော့ ကြော်ငြာပေါ့ဗျာ... grin emoticon
"၀င်ငွေမြင့်မားဖို့ ပညာသင်ကြစို့"
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်) ဦးစီးသင်ကြားသော like emoticon https://www.facebook.com/ GlobalKnowledgeManagementIn stitute/photos/ a.414501095411035.107374182 8.414451568749321/ 415947041933107/ ?type=3&theater

လျှံဇွဲကို(စီးပွားရေးတက္ကသိ
Ref: http://
ဒါကတော့ ကြော်ငြာပေါ့ဗျာ... grin emoticon
"၀င်ငွေမြင့်မားဖို့ ပညာသင်ကြစို့"
လျှံဇွဲကို(စီးပွားရေးတက္ကသု
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။