“အပြုံးတစ်ပွင့်၏ တန်ဖိုး”
“အပြုံးဆိုတာ အလွယ်ကူဆုံး ပေးဆပ်နိုင်တဲ့ အရာဆိုတာ သင့်အနေနဲ့ သိပြီးပြီလား။ သင့်မှာ တစ်စုံတစ်ယောက်အတွက် ပေးကမ်းစရာ ဗလာနတ္ထိ ဖြစ်နေတယ်လို့ ခံစားနေရရင်တောင် အပြုံးတစ်ပွင့်ကိုတော့ သင် ပေးနိုင်သေးတယ် ဆိုတာကို သတိရပါ။”
အပြုံးတစ်ပွင့်ရဲ့ တန်ဖိုးဟာ အဖိုးအနဂ္ဃ ထိုက်ပါပေတယ်။ သင့်အနေနဲ့ မည်သူ့ကိုမဆို ပေးကမ်းနိုင်တဲ့ ဈေးနှုန်းအချိုသာဆုံး၊ အလွယ်ကူဆုံးနဲ့ အနူးညံ့ဆုံး ဆုလာဘ် တစ်ပါးလဲ ဖြစ်ပါတယ်။ အပြုံးတစ်ပွင့်ဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာကို လှပစေနိုင်သလို သင်နဲ့မသိတဲ့ သူစိမ်းတစ်ရံဆန် တစ်ယောက်ရဲ့ တစ်နေ့တာကိုတောင် လှပသာယာ စေနိုင်ပါတယ်။ အပြုံးတစ်ပွင့်ဟာ လျင်လျင်မြန်မြန် ကူးစက်ပျံ့ပွားတတ်တဲ့ သဘောရှိတာမို့ သင့်ရဲ့ အပြုံးဟာ တစ်နေ့တာအတွင်းမှာ လူပေါင်းများစွာကို ပျံ့နှံ့နိုင်စေပါတယ်။

အပြုံးတစ်ပွင့်ဟာ တင်းမာမှုတွေကို ဖြေလျော့ပေးနိုင်တဲ့ သဘာဝက
ပေးတဲ့အကောင်းဆုံး ဖြေဆေးတစ်လက်ပါပဲ။ အပြုံးတစ်ပွင့်ဟာ
ပင်ပန်းနွမ်းနယ်သူတွေအတွက် စိတ်လက်ပြေပျောက်မှုနဲ့ ၀မ်းနည်းပူဆွေး
နေရသူတွေအတွက် စိတ်ရွှင်လန်းအားတက်စေတဲ့ ရောင်ခြည်ကို ပေးစွမ်းနိုင်သလို
အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး၊ မျှော်လင့်ချက် ကင်းမဲ့သူတွေ အတွက်လဲ
မျှော်လင့်ခြင်းရောင်ခြည်တွေကို သယ်ယူဆောင်ကျဉ်း လာစေပါတယ်။
အပြုံးတစ်ပွင့်ဟာ တကယ့်ကို တန်ဖိုးရှိလှတာကြောင့် ၀ယ်ယူဖို့၊ တောင်းခံဖို့၊ ချေးငှားဖို့နဲ့ အတင်းအကြပ် ရယူဖို့ (လုံးဝ) မရနိုင်ပါဘူး။ တစ်စုံတစ်ယောက်အတွက် သင်ဟာ ကောင်းကျိုးတစ်စုံတစ်ရာ မလုပ်ပေးနိုင်ခင်မှာ အပြုံးတစ်ပွင့် ခြွေချဖို့ ဆန္ဒပြင်းပြင်းပျပျ ရှိပါစေ။
တစ်စုံတစ်ယောက်က သင့်ကို ပြုံးပြဖို့ သိပ်ကိုခက်ခဲနေတယ် ဆိုရင်တောင် သင်က အပြုံးတစ်ပွင့်ကို တစ်နည်းနည်းနဲ့ သူ့ထံ ပေးပို့နိုင်ပါစေ။ အပြုံးတစ်ပွင့်ကို မလိုအပ်တဲ့သူဆိုတာ ရှာမှရှားပါပဲလေ။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
Ref: “The Value of a Smile” by Francie Baltazar-Schwartz
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်) ဦးစီးသင်ကြားသော like emoticon https://www.facebook.com/GlobalKnowledgeCompanyLimited/posts/435011776682569:0

facebookပေါ်ကူးပီးshareမယ်နော်
ReplyDelete