ဟောင်နိုင်ရင်ဟောင်စမ်း
ဆပ်ကပ်ရုံတွင်ဖြစ်သည်။
လူစကားပြောတတ်ရုံမက အပေါင်းအနုတ် အမြှောက်အစားလည်းတတ်သော ခွေးလိမ္မာ၏ ဖျော်ဖြေမှုအစီအစဉ် စတင်တော့မည်ဖြစ်ကြောင်း အသံချဲ့စက်မှ ကြေငြာသည်။ ခွေးနှင့် ၎င်းကို သင်ပြသောဆရာ ထွက်လာသည်။ ဆရာက ခွေးကို မေးသည်။
နှစ်နဲ့နှစ်မြှောက်... ဘယ်လောက်လဲဟေ့
ဝုတ်... ၀ုတ်... ၀ုတ်... ၀ုတ်
ပရိသတ်ဘက်လှည့်ပြီး ဆရာက ပြောသည်။
အခု ပရိသတ်ထဲက မည်သူမဆို ခွေးကို မေးခွန်းထုတ်နိုင်ပါတယ်။
ပရိသတ်ထဲက တစ်ယောက် အော်ပြောသည်။
ကိုးနဲ့ကိုးမြှောက်... ဘယ်လောက်လဲဟေ့
အနည်းငယ်စဉ်းစားပြီး ခွေးက အသံထွက်လာသည့်ဘက် ပြန်ပြောသည်။
ရူးနေသလား၊ ဒီလောက်များများ မင်းပဲ ဟောင်ပါလား။
မောင်ကောင်းထိုက်(နှီးပဒေါ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။