ချွေတာခြင်းနှင့် နှမြောတွန့်တိုခြင်း
ချွေတာတယ်ဆိုတာ နှမြောတွန့်တိုတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ စီးပွားရေးမှာ ထွက်ငွေထက် ဝင်ငွေက အမြဲပိုနေရ မှာဖြစ်ပါတယ်။ ပီတီဘာနန်
အချိန်နဲ့ငွေကို နှမြောတွန့်တိုသူ ကမ္ဘာမှာသိပ်မရှိလှပါ ဘူး။ သိပ်များနေတာက ရည်ရွယ်ချက် ကောင်းပေမယ့် နောက် ဆုံးမှာ သူ့တို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အကုန်အကျသိပ်ကို ကြီးမားနေသူမျိုးတွေပါပဲ။ သူတို့ဟာ ပဲနိလောက်ကလေး စုမိဖို့ကြိုးစားအားထုတ်ရာ မှာ မကြာခဏ ဒေါ်လာတွေကို ထုတ်ထုတ်သုံးကြတယ်။
ဈေးပေါတာတွေ သုံးတာကချွေတာတာပဲဆိုတဲ့ သဘောတရားလောက်ကြီးမားတဲ့ လှည့်စားမှုမရှိနိုင်ပါဘူး။ အနိမ့်ဆုံး ဈေးပေး ပြီး လေလံဆွဲသူတွေဟာ ရေရှည်ကျတော့ အများဆုံးသုံးကြသူများ ဖြစ်သွားကြတာပဲ။ တန်ဖိုးနည်းကုန်ကြမ်းတွေနဲ့ တန်ဖိုးနည်း လုပ် အားတွေနဲ့စကတော့ အရည်အ သွေးရှိတဲ့ ကုန်ပစ္စည်းမျိုးထုတ်လုပ်နို င်မှာ မဟုတ်ပါဘူး။ အရည်အသွေးမီကုန်ပစ္စည်းမျိုး ထုတ်လုပ် ဖို့မှာ ကုန်ကြမ်း ကောင်းနဲ့တော်တဲ့ အလုပ်သမားတွေလိုအပ်ပါတယ်။ ဒါမှလည်း ထုတ်လုပ်သူဟာ နာမည်ကောင်းရလာ မှာပါ။
မကြာသေးခင်ကပဲ ဒဲလတ် (Dallas) က သန်းပေါင်း များစွာ ချမ်းသာတဲ့ ထုတ်လုပ်သူ တစ်ယောက်ဟာ သူ့လုပ်ငန်း တွေ အတွက် သူကိုယ်တိုင်ဟာက တစ်နာရီကို ဒေါ်လာ ၁ဝဝ တန်ပေမယ့် တစ်နာရီမှာ ငါးဒေါ်လာလောက် သူသုံးပြီး သူ ကိုယ်တိုင် စာရင်းကိုင် ပါတယ်။ သူ့လုပ်ငန်းတွေအတွက်က တစ်နာရီ ငါးဒေါ်လာလောက်သာ သုံးချင်တဲ့ ဆန္ဒမျိုးကတော့ သိပ်ကို မှားနေတယ်လို့ ကောက် ချက်ချရမှာပဲ။ မှားယွင်းတဲ့ ချွေတာမှုလို့ ဆိုနိုင်ပါတယ်။
ကျွန်ုပ်တို့ရဲ့ အိမ်ရှင်မတွေထဲမှာလည်း ချွေတာတတ်သူ တွေအများကြီးပါ။ ဆင့် ၅ဝ ဖိုးလောက် ဓာတ်ဆီလေး ထည့်ဖို့ကို နီးရာဆိုင် မှာ မထည့်ကြဘူး။ မေတ္တာလက်ဆောင် ဖြတ်ပိုင်း (Tradiny stamp) ပေးတဲ့ ဆီဆိုင် အရောက်တစ်မြို့လုံးကို ဖြတ်မောင်း တတ်ကြ တယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း အလားတူ ချွေတာမှုမျိုးကို တစ်ချိန်မှာ ကျူးလွန်ခဲ့ဖူးပါတယ်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့နဲ့ ကျန်းမာရေးနဲ့ သက် သောင့် သက်သာနေရေးအတွက်တော့ ဘယ်တော့မှ ချွေတာမ နေသင့်ပါဘူး။ မိမိကိုယ်တိုင် ပိုတိုးတက်လာဖို့မှာလည်း လျှော့မသုံးသင့်ပါဘူး။ အမေရိကတစ်တိုက်လုံးကိုပဲ ကြည့်လိုက်ပါဦး။ အရက်လေးငါး ပက်လောက်သောက်ဖို့ တစ် ပက်ကို ၅.၉၅ ဒေါ်လာသုံးနေကြတယ်။ ဒါပေမယ့် အိမ်မှာ ထားဖို့ ''ကိုယ်တိုင်တိုးတက်ရေး စာအုပ်မျိုး တစ်အုပ်လောက် ကိုတော့ ၅.၉၅ ဒေါ်လာမသုံးကြဘူး။ ဖောက်သည်များ၊ ဝယ် နေကျသူများ၊ နာမကျန်းဖြစ် နေသူများ၊ သင့်စားပွဲပေါ် စား သောက်စရာတွေ လာတင်ထားပေးသူများနဲ့ သင့်အိတ်ကပ်ထဲ ငွေတွေထိုးထည့်ပေးသူများအတွ က်တော့ ကပ်စေးမနှဲသင့်ပါ ဘူး။ ကောင်းကောင်းရိတ်သိမ်းချင်ရ င် မျိုးစေ့ကောင်းတော့ ရှိရမှာပါ။
ဝန်ခံချက်။ ။ Sidney Newton Bremer (Ph.D) ၏ 366 Self Notivating Essays များမှ ထုတ်နုတ်ပြန်ဆိုပါသည်။
ခင်မောင်တိုး (မိုးမိတ်)
ချွေတာတယ်ဆိုတာ နှမြောတွန့်တိုတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ စီးပွားရေးမှာ ထွက်ငွေထက် ဝင်ငွေက အမြဲပိုနေရ မှာဖြစ်ပါတယ်။ ပီတီဘာနန်
အချိန်နဲ့ငွေကို နှမြောတွန့်တိုသူ ကမ္ဘာမှာသိပ်မရှိလှပါ ဘူး။ သိပ်များနေတာက ရည်ရွယ်ချက် ကောင်းပေမယ့် နောက် ဆုံးမှာ သူ့တို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အကုန်အကျသိပ်ကို ကြီးမားနေသူမျိုးတွေပါပဲ။ သူတို့ဟာ ပဲနိလောက်ကလေး စုမိဖို့ကြိုးစားအားထုတ်ရာ မှာ မကြာခဏ ဒေါ်လာတွေကို ထုတ်ထုတ်သုံးကြတယ်။
ဈေးပေါတာတွေ သုံးတာကချွေတာတာပဲဆိုတဲ့ သဘောတရားလောက်ကြီးမားတဲ့ လှည့်စားမှုမရှိနိုင်ပါဘူး။ အနိမ့်ဆုံး ဈေးပေး ပြီး လေလံဆွဲသူတွေဟာ ရေရှည်ကျတော့ အများဆုံးသုံးကြသူများ ဖြစ်သွားကြတာပဲ။ တန်ဖိုးနည်းကုန်ကြမ်းတွေနဲ့
မကြာသေးခင်ကပဲ ဒဲလတ် (Dallas) က သန်းပေါင်း များစွာ ချမ်းသာတဲ့ ထုတ်လုပ်သူ တစ်ယောက်ဟာ သူ့လုပ်ငန်း တွေ အတွက် သူကိုယ်တိုင်ဟာက တစ်နာရီကို ဒေါ်လာ ၁ဝဝ တန်ပေမယ့် တစ်နာရီမှာ ငါးဒေါ်လာလောက် သူသုံးပြီး သူ ကိုယ်တိုင် စာရင်းကိုင် ပါတယ်။ သူ့လုပ်ငန်းတွေအတွက်က တစ်နာရီ ငါးဒေါ်လာလောက်သာ သုံးချင်တဲ့ ဆန္ဒမျိုးကတော့ သိပ်ကို မှားနေတယ်လို့ ကောက် ချက်ချရမှာပဲ။ မှားယွင်းတဲ့ ချွေတာမှုလို့ ဆိုနိုင်ပါတယ်။
ကျွန်ုပ်တို့ရဲ့ အိမ်ရှင်မတွေထဲမှာလည်း ချွေတာတတ်သူ တွေအများကြီးပါ။ ဆင့် ၅ဝ ဖိုးလောက် ဓာတ်ဆီလေး ထည့်ဖို့ကို နီးရာဆိုင် မှာ မထည့်ကြဘူး။ မေတ္တာလက်ဆောင် ဖြတ်ပိုင်း (Tradiny stamp) ပေးတဲ့ ဆီဆိုင် အရောက်တစ်မြို့လုံးကို ဖြတ်မောင်း တတ်ကြ တယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း အလားတူ ချွေတာမှုမျိုးကို တစ်ချိန်မှာ ကျူးလွန်ခဲ့ဖူးပါတယ်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့နဲ့ ကျန်းမာရေးနဲ့ သက် သောင့် သက်သာနေရေးအတွက်တော့ ဘယ်တော့မှ ချွေတာမ နေသင့်ပါဘူး။ မိမိကိုယ်တိုင် ပိုတိုးတက်လာဖို့မှာလည်း လျှော့မသုံးသင့်ပါဘူး။ အမေရိကတစ်တိုက်လုံးကိုပဲ ကြည့်လိုက်ပါဦး။ အရက်လေးငါး ပက်လောက်သောက်ဖို့ တစ် ပက်ကို ၅.၉၅ ဒေါ်လာသုံးနေကြတယ်။ ဒါပေမယ့် အိမ်မှာ ထားဖို့ ''ကိုယ်တိုင်တိုးတက်ရေး စာအုပ်မျိုး တစ်အုပ်လောက် ကိုတော့ ၅.၉၅ ဒေါ်လာမသုံးကြဘူး။ ဖောက်သည်များ၊ ဝယ် နေကျသူများ၊ နာမကျန်းဖြစ် နေသူများ၊ သင့်စားပွဲပေါ် စား သောက်စရာတွေ လာတင်ထားပေးသူများနဲ့ သင့်အိတ်ကပ်ထဲ ငွေတွေထိုးထည့်ပေးသူများအတွ
ဝန်ခံချက်။ ။ Sidney Newton Bremer (Ph.D) ၏ 366 Self Notivating Essays များမှ ထုတ်နုတ်ပြန်ဆိုပါသည်။
ခင်မောင်တိုး (မိုးမိတ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။