ရွှေတွဲလဲ ကျောက်သံပတ္တမြားတွေတွဲလဲ ဝတ်စားထားတဲ့လူတချို့ကို မြင်ရင် ကျွန်မရဲ့ဟိုးနိုင်ငံခြားထွ က်စ ထိုင်ဝမ်မှာကျောင်းသွားတက်ခဲ့တဲ့အဖြစ်ကို ပြန်မြင်မိတယ်။ ကျွန်မတို့ဆယ်ကျော်သက်အရွယ် တုန်းက
ရွှေဝါဝါကြီးတွေကို လည်ပင်းမှာဆွဲတာ၊ လက်မှာစွပ်တာတွေ ရှိခဲ့တယ်။ အခုလည်း
ရှိနေကြတုန်းပါပဲ။ ချမ်းသာရင် ချမ်းသာတဲ့အလျှောက် ရွှေတွေကျောက်တွေကို
ခန္ဓာကိုယ်ပေါ် ဆင်ယင်ကြတာပေါ့။ ကျွန်မလည်း ဆယ်တန်းအောင်တော့ အမေ့ဆီမှာ
ရွှေဆွဲကြိုးသေးသေးလေးတစ်ကုံး
အတင်းပူဆာတောင်းခဲ့ဖူးတယ်။ နောက် တက္ကသိုလ်ရောက်တော့ ရွှေချည်းပဲလုပ်ထားတဲ့
လက်စွပ်ငါးမူးသားကိုလည်း အတင်းပူဆာခဲ့ဖူးတယ်။ အဲဒီရွှေဆွဲကြိုး၊ ရွှေလက်စွပ်
ဝါဝါဝင်းဝင်းကို ကျွန်မထိုင်ဝမ်မှာကျောင်းသွားတက်တော့ ဝတ်သွားခဲ့တာပေါ့။ ရွှေဆိုတာ မြန်မာပြည်မှာက လူတိုင်းနီးပါးဝတ်နေကြတဲ့အရာဆိုတော့ ဘာမှထူးခြားတာမျိုး မရှိခဲ့ဘူး။ နောက်ပြီး ထိုင်ဝမ်မှာရာသီဥတုအေးတယ်.. လယ်သာဂျာကင်ပါချုပ်သွားမယ်လို့ အတူသွားမယ့် သူငယ်ချင်းတွေရဲ့အဆွယ်ကောင်းမူကြောင်း လယ်သာကုတ်အင်္ကျီတစ်ထည်ပါ ကျွန်မချုပ်သွားခဲ့တယ်။
ထိုင်ဝမ်ရောက်တော့ တက္ကသိုလ်ဝင်တန်းပြန်ဖြေဖို့ အတွက် ထိုင်ပေနဲ့နီးတဲ့တောမြို့လေး တစ်မြို့မှာ ကျွန်မ အထက်တန်းတစ်နှစ်သွားတက်ခဲ့တ ယ်။ အဲဒီကျောင်းက အိုဗာဆီးကျောင်းသားတွေပဲတက် တဲ့ကျောင်း ထိုင်ဝမ်မြေခံကျောင်းသားတစ် ယောက်မှ
မပါဘူး။ ကျောင်းမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် ..
နိုင်ငံအရပ်ရပ်က ကျောင်းသားတွေအစုံရှိတယ်။ မြန်မာနဲ့ မလေးရှားက
အများဆုံးပေါ့။ အဲဒီကျောင်းမှာလည်း မြန်မာတွေများတော့ ရွှေငွေတွဲလဲဝတ်တာက
သိပ်မသိသာခဲ့ဘူး။
ထိုင်ဝမ်ရောက်ပြီး ဒုတိယနှစ်မှာ တက္ကသိုလ်တက်ဖို့ ထိုင်ပေကို ကျွန်မရောက်လာခဲ့တယ်။ အဲဒီမှာ ကျွန်မဝတ်ထားတဲ့ ဝါဝါဝင်းဝင်းရွှေတွေက ထိုင်ဝမ်သားတွေရဲ့မျက်စိမှာ စူးနေလို့ပဲလားမသိဘူး။ ကျွန်မကိုကြည့်တဲ့ သူတို့ရဲ့အကြည့်က ထူးခြားနေသလို၊ ထူးဆန်းနေသလိုဖြစ်ခဲ့တယ်။ လယ်သာကုတ်အင်္ကျီဝတ်တဲ့နေ့ဆိုရ င် ပိုဆိုးတယ်။ သူတို့ထိုင်ဝမ်သားကိုကြည့်လိုက်တော့
လက်မှာပတ်ထားတဲ့ နာရီတစ်လုံးကလွဲလို့ ဘာရွှေငွေတွေမှ ဝတ်စားထားတာ
သိပ်မတွေ့ခဲ့ရဘူး။ ဝတ်တဲ့သူရှိရင်တောင် ဆွဲကြိုးအဖြူသေးသေးလည်း
တစ်ကုံးပဲဆွဲထားတယ်။ တခြား ရွှေမဟုတ်တဲ့ အလှဆင်တဲ့အရာတွေတော့
နှစ်သက်ရင်နှစ်သက်သလို သူတို့ဝတ်ဆင်တတ်တယ်။ ရွှေဝတ်တဲ့လူသိပ်မတွေ့ရလို့
ကျွန်မလည်း ရှက်ပြီး ကိုယ့်ဆွဲကြိုး၊ လက်စွပ်တွေကို ဖြုတ်သိမ်းခဲ့ပါတယ်။
နောက်မှ ထိုင်ဝမ်မှာအနေကြာပြီး ထိုင်ဝမ်ပါးဝလာမှ၊ တီဗွီသတင်းတွေကြည့်ဖန်များလာ၊ ခရီးအသွားအလာတွေရှိလာမှ ရွှေတုတ်တုတ်ကြီးတွေကို လက်မှာ၊ လည်ပင်းမှာ ပြောင်ပြောင်ရောင်ရောင်ဆြွဲ ပီး လယ်သာကုတ် (ကုတ်အင်္ကျီအနက်) အများဆုံးဝတ်ဆင်တတ်တဲ့လူတွေ ဟာ ထိုင်ဝမ်လူဆိုးဂိုဏ်းတွေ၊ မြေအောက်အတိုးချေးစားတဲ့လူေ တွ၊ ဟိုးထိုင်ဝမ်တောင်ပိုင်းက ကွမ်းတပျစ်ပျစ်ဝါးတဲ့ လူကြမ်းလိုလို၊ လောပန်းလိုလိုနဲ့လူတွေဆိုတာ ကို သိလိုက်ရတယ်။ ဟောင်ကောင်ရုပ်ရှင်တွေထဲမှာ
ပါတတ်တဲ့ လူဆိုးဂိုဏ်းတွေ ပုံစံပေါ့။ အဲဒါကြောင့်ပဲထင်ပါရဲ့...
ကျွန်မကိုကြည့်ခဲ့တဲ့ သူတို့အကြည့်က ထူးခြားနေခဲ့တယ်လို့။ ကျွန်မ
တင်မကဘူးထင်ပါတယ်.. မြန်မာပြည်ကနေ ထိုင်ဝမ်ရောက်စ ရွှေတွဲလဲ
ငွေတွဲလဲဝတ်သူတချို့လည်း အဲဒီလိုပဲ အကြည့်ခံခဲ့ကြရမယ် ထင်ပါတယ်။ ဘယ်တောက
ဘယ်ဂိုဏ်းရဲ့သမီးတော်လဲပေါ့ tongue emoticon ...
အဲဒီကစ ကျွန်မကိုယ်ပေါ်မှာ ဘာရွှေထည်မှမရှိခဲ့တာ အခုချိန်ထိပါပဲ။ အမေပေးခဲ့တဲ့ ဆွဲကြိုးနဲ့လက်စွပ်ကိုလည်း ရောင်းစားခဲ့ပြီးပါပြီ။ ဝတ်ဆင်ဖို့ အကျင့်မဖြစ်တော့တာပါ။ ကျွန်မရောက်ဖူးတဲ့ နိုင်ငံတိုင်းမှာ သတိထားမိသလောက် ကျွန်မတို့မြန်မာအများလို ရွှေဆွဲကြိုးတုတ်တုတ်ကြီးတွေ ၊ ကျောက်တွေကို လိုအပ်တာထက် ပိုဝတ်ဆင်တဲ့လူကို မတွေ့ခဲ့ဖူးဘူး။ အလွန်ဆုံး ရွှေဖြူကျောက်လက်စွပ်လေးတစ်ကွင်း၊ ရွှေဖြူဆွဲကြိုးသေးလေးတစ်ကွင်းလောက်ပဲ
ဝတ်ဆင်တာမျိုးတွေ့ရပါတယ်။ ဒီအမေရိကားမှာတော့ တစ်ခါတလေ ရွှေတွေအများကြီး
ဝတ်ဆင်တတ်တဲ့ အိန္ဒိယအမျိုးသမီးတွေကို တွေ့ရတတ်ပါတယ်။ ဒါက
ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။
ရွှေတွေအများကြီး ဝတ်ဆင်တဲ့လူကိုတွေ့ရင် တစ်ခါက ကျွန်မရဲ့အဖြစ်ကို
သတိရမိတတ်လို့ တစ်ခါက ကျွန်မရဲ့အဖြစ်ကို ပြုံးရယ်စရာအဖြစ် မျှဝေလိုက်ပါတယ်။
နိုင်းနိုင်းစနေ
ထိုင်ဝမ်ရောက်တော့ တက္ကသိုလ်ဝင်တန်းပြန်ဖြေဖို့
ထိုင်ဝမ်ရောက်ပြီး ဒုတိယနှစ်မှာ တက္ကသိုလ်တက်ဖို့ ထိုင်ပေကို ကျွန်မရောက်လာခဲ့တယ်။ အဲဒီမှာ ကျွန်မဝတ်ထားတဲ့ ဝါဝါဝင်းဝင်းရွှေတွေက ထိုင်ဝမ်သားတွေရဲ့မျက်စိမှာ
နောက်မှ ထိုင်ဝမ်မှာအနေကြာပြီး ထိုင်ဝမ်ပါးဝလာမှ၊ တီဗွီသတင်းတွေကြည့်ဖန်များလ
အဲဒီကစ ကျွန်မကိုယ်ပေါ်မှာ ဘာရွှေထည်မှမရှိခဲ့တာ အခုချိန်ထိပါပဲ။ အမေပေးခဲ့တဲ့ ဆွဲကြိုးနဲ့လက်စွပ်ကိုလည်း ရောင်းစားခဲ့ပြီးပါပြီ။ ဝတ်ဆင်ဖို့ အကျင့်မဖြစ်တော့တာပါ။ ကျွန်မရောက်ဖူးတဲ့ နိုင်ငံတိုင်းမှာ သတိထားမိသလောက် ကျွန်မတို့မြန်မာအများလို ရွှေဆွဲကြိုးတုတ်တုတ်ကြီးတွေ
နိုင်းနိုင်းစနေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။