Khinmg Soe added 2 new photos.
လိုက်ဘေးရီးယားနိုင်ငံ (Liberia) မှာ ၁၉၂၇ ခုနှစ်က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲဟာ ကမ္ဘာ့ သမိုင်းမှာ အဆိုးရွားဆုံးရွေးကောက်ပွဲအဖြစ် စံချိန်တင်ထားပါတယ်။ အနိုင်ရသူက ချားလ် ဒီဘီ ကင်း ( Charles D. B. King) ဖြစ်ပါတယ်။ ၁၉၂၇ ရွေးကောက်ပွဲမှာ နိုင်တဲ့အတွက် သူဟာ သမ္မတရာထူးကို တတိယအကြိမ် ဆက်လက်ရယူသွားနိုင်ခဲ့ပါတယ်။
၁၉၂၇ ရွေးကောက်ပွဲမှာ ချားလ်ဒီဘီကင်း ရတဲ့ မဲအရေအတွက်က နှစ်သိန်းလေးသောင်း သုံးထောင် (၂၄၃၀၀၀) ဖြစ်ပါတယ်။ သူ့ ပြိုင်ဘက် ရတဲ့ မဲက ကိုးထောင်(၉၀၀၀) ပဲ ရှိပါတယ်။
ဒီရွေးကောက်ပွဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်အရေအတွက်က တစ်သောင်း ငါးထောင် (၁၅၀၀၀) ဖြစ်ပေမဲ့ ချားလ်ဒီဘီကင်းက ပိုမဲပေါင်း နှစ်သိန်းလေးသောင်းနဲ့  အနိုင်ယူသွားတဲ့ အတွက် အဆိုးရွားဆုံးရွေးကောက်ပွဲအဖြစ် ကမ္ဘာ့စံချိန်တင်သွားတာပါ။ အော် ပိုမဲ ပိုမဲ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။