"အယူတိမ်းလို့ နတ်စိမ်းဖြစ်ကြသူများ"
************************** **********
သမိုင်းဝင် ရွေးကောက်ပွဲဆိုတဲ့အတိုင်း ပြည်သူလူထု တစ်ခဲနက် မဲပေးရွေးချယ်လိုက်တဲ့ ရလဒ်ဟာ အရေခြုံ စစ်အစိုးရ ခေါင်းဆောင်ပိုင်းတောင် မယုံနိုင်အောင် အံ့အားသင့် လန့်ဖျပ်သွားရတယ်လို့ ဝေါလ်စထရိ ဂျာနယ်၊ နယူးယောက်တိုင်းမ် သတင်းစာတို့လို ဩဇာရှိတဲ့ သတင်းဌာနကြီးတွေက ဖော်ပြကြတယ်။ အလို၊ ဘာဖြစ်လို့ မယုံနိုင်တာပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွတ်ပဲ နိုင်မယ်လို့ သူတို့က ကျိန်းသေတွက်ထားတာပါတဲ့ဗျား ။ (အောင်မလေး…အဲဒါကမှ တစ်ကယ့် အံ့ဩစရာပါ။)
သူတို့ရဲ့ Plan A အရ သူတို့ကြံ့ဖွတ် ရာနှုန်းပြည့် နိုင်ပြီး နောက် ၅ နှစ် ဆက်အုပ်ချုပ်မယ်၊ Plan B အရ ကြံ့ဖွတ် ၂၆% နိုင်ရင် အစိတ်သား စစ်တပ်အမတ်တွေနဲ့ ပေါင်းပြီး အစိုးရဖွဲ့မယ်၊ Plan C အရ ကြံ့ဖွတ် ၁၆% နဲ့ မ.ဘ.သ. ပါတီသစ်ဖြစ်တဲ့ အမျိုးသားတိုးတက်ရေး ၁၀% ပြီးတော့ အစိတ်သားနဲ့ ပေါင်းပြီး အစိုးရဖွဲ့မယ် ဆိုတဲ့ စီမံကိန်းတွေ အသင့်ရေးဆွဲထားပြီးသား ရှိတယ်လို့ ဝေါလ်စထရိ ဂျာနယ်က ရေးပါတယ်။
ပုလင်းတူ ဗူးဆို့ တ.စ.ည. ၊ NDF နဲ့ တစ်သီးပုဂ္ဂလတွေပါ ပေါင်းပြီး ကစားဖို့ တစ်ခြား Plan D, E, F, G….တွေလည်း ရှိပေမယ့် NLD အစိုးရဖွဲ့နိုင်တဲ့အထိ သောင်ပြိုကမ်းပြို နိုင်လိမ့်မယ်ဆိုတာကတော့ Plan Z မဖြစ်နိုင်လွန်းလှသော နောက်ဆုံး အခြေအနေပဲလို့ သူတို့ ထင်ကြတာတဲ့။ မစားရ ဝခမန်း ကတိတွေ ဖောဖောသီသီပေး၊ ဒံပေါက်ကျွေးပြီး တီရှပ်ဝေရင် လူတွေက ကြံ့ဖွတ်ကို မဲတွေ စုပြုံထည့်ကြမယ်။ ဪ...ပြည်သူတွေကို အဲဒီလောက်အထိ အထင်သေးပြီး ကိုယ့်ဖာသာ ဘဝင်လေဟပ်နေတဲ့ စစ်ဗိုလ်ဟောင်းကြီးတွေပါလား ဗျာ။
သူတို့ရဲ့ အဓိက လက်နက်ကြီးတစ်ခု ဖြစ်တဲ့ မ.ဘ.သ.ကို အသုံးချပြီး ဘာသာရေး၊ လူမျိုးရေး မှိုင်းအဝတိုက်ထားလိုက်ရင် ကြံ့ဖွတ် နိုင်ပြီလို့ ကျိန်းသေ တွက်ထားကြတာပါ။ ပျော်ဘွယ်၊ ရမည်းသင်း၊ သာစည်၊ မိတ္ထီလာနဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အတန်အသင့် အောင်မြင်ပေမယ့် ဆင်ခြင်ဉာဏ်နဲ့ ပညာသတိရှိတဲ့ တစ်ခြားနယ်မြေအားလုံးမှာ ကြံ့ဖွတ် ခွက်ခွက်လန် ရှုံးခဲ့ရပါတယ်။
ကြံ့ဖွတ်တို့ မျှော်မှန်းသလောက် မဲမရလို့ မရှုမလှ ရှုံးခဲ့ရထက် ပိုပြီး အံ့ဩစရာ ကောင်းတာကတော့ ကြံ့ဖွတ်ကို မဲထည့်သူတွေ ရှိသေးတာပါပဲဗျာ။ တိုင်းပြည်ကို ဂျိုနဲ့ သားရေပဲ ကျန်တဲ့အထိ နှစ် ၅၀ ကျော် ရက်ရက်စက်စက် ဝါးစားပြီး (သွေးချောင်းစီး) ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အရေခြုံအာဏာရှင်ပါတီကို ဘယ်လိုလူတွေကများ မဲပေးကြပါလိမ့်လို့ ဆန်းစစ်ကြည့်တဲ့အခါ သုံးမျိုးသုံးစားပဲ တွေ့ရပါတယ်။
၁။ ချွေး၊ သွေး၊ မျက်ရည်တွေနဲ့ ကျိန်စာသင့် အပင်းအဆိပ်တွေ ဗိုက်ထဲမှာ ဖောင်းကားနေသူ အာဏာရှင်ကြီးများနဲ့ လက်ဝေခံ ခရိုနီများ
၂။ လက်ထဲမှာ ဘောနှစ်လုံး (ပင်ပေါင်ဘောလုံး) ကိုင်ထားပြီး ပါးစပ်မှာ အရိုးတစ်ချောင်းကိုက်ထားတဲ့ လက်ကိုင်တုတ် နောက်လိုက်ခွေးများ
၃။ မှိုင်းကျပ်ခိုးတွေ ဗလပွနဲ့ နားမျက်စိပိတ်နေပြီး ခေါင်းထဲမှာ သူများယိုတဲ့ ချေးတွေနဲ့ ပြည့်နှက်နေသူများ — ဆိုပြီး သုံးမျိုးရှိပါတယ်။
အဲဒီ သုံးမျိုးဟာ နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီပုံစံအတိုင်းပဲ ကြံ့ဖွတ်ကို မဲပေးကြဦးမှာလားလို့ တွေးကြည့်မိတယ်။
ဗိုက်ထဲမှာ အပင်းအဆိပ်ပြည့်နေသူ အာဏာရှင်ကြီးများနဲ့ ခရိုနီများကတော့ လူသားစားကျားတွေလို အဆီကိုစား အသားကိုမျိုရတဲ့ အရသာကောင်းကောင်းတွေ့နေပြီမို့ ဒီလို စပယ်ရှယ်ဂွင်တွေ ဖန်တီးပေးနိုင်တဲ့ ကြံ့ဖွတ်ကိုသာ တင်မြှောက်ချင်ကြလိမ့်မယ်။
လက်ထဲမှာ ဘောနှစ်လုံး (ပင်ပေါင်ဘောလုံး) ကို မဟာတာဝန်ကြီးတစ်ခုလို မ နေကြတဲ့ လက်ကိုင်တုတ်တွေကတော့ ပါးစပ်မှာ ကိုက်ထားတဲ့ အရိုးအစား အသားတစ်ဖတ်ကျွေးမယ့်သူ ရှိရင် လက်ထဲက ဘောနှစ်လုံး (ပင်ပေါင်ဘောလုံး) ကို လွှတ်ချပြီး နောက်လူရဲ့ ဘောနှစ်လုံး (တင်းနစ်ဘောလုံး) ကို ပြေး မ လိမ့်မယ်။ သူတို့ကတော့ စိတ်မချရဘူး၊ ဒံပေါက်တစ်ထုပ်အတွက်လည်း ဘယ်သူ့ဘောဖြစ်ဖြစ် (ပင်ပေါင်ဖြစ်စေ၊ တင်းနစ် ဖြစ်စေ၊ သူ့ထက်ကြီးတဲ့ ဘတ်စကက်ဘော ဖြစ်စေ) မ မှာပဲ။ ဘောကြီးလေ ကြိုက်လေပေါ့။
ကျပ်ခိုးမှိုင်းဗလပွနဲ့ ခေါင်းထဲမှာ ချေးတွေ ပြည့်နေသူများကတော့ မှိုင်းတွေကို ဆေးကြော သန့်စင်ပေးလို့ နားမျက်စိ ပွင့်သွားရင် ခေါင်းထဲက ချေးတွေ ထွက်ကျသွားလိမ့်မယ်။ ချေးစင်သွားတဲ့ ကိုယ့်ဦးနှောက်ကို ပြန်သုံးမယ်ဆိုရင် ကြံ့ဖွတ်ကို မဲပေးတော့မှာ မဟုတ်တော့ဘူး။
ကျနော်တော့ အဲဒီလိုပဲ သုံးသပ်မိတယ်။ အဲဒီ သုံးမျိုးသုံးစားထဲမှာ ပထမနဲ့ ဒုတိယက လူနည်းစုပါ။ သူတို့က စားလို့ ဝါးလို့ရတဲ့ အခွင့်အရေးကို ကြည့်ပြီး ကြံ့ဖွတ်ကို မဲပေးတာ။ တတိယအမျိုးအစား ခေါင်းထဲ ချေးဝင်နေလို့ ကြံ့ဖွတ်ကို မဲပေးသူတွေကသာ လူများစုမို့ သူတို့မဲတွေနဲ့ ကြံ့ဖွတ်နိုင်တာပေါ့။ သူတို့လည်း ဘာအခွင့်ထူးမှ မရတဲ့ ကျနော်တို့လို သာမန်ပြည်သူလူထုပါပဲ။ သူတို့ခမျာ မ.ဘ.သ. မှိုင်းမိလို့သာ အယူတိမ်းပြီး နတ်စိမ်း ဖြစ်ရရှာတာ။
သေသေချာချာ စဉ်းစားကြည့်ရင် ပါးစပ်ကလည်း ဘာမှ မစားရ၊ ဗိုက်ကလည်း ဟောင်းလောင်းနဲ့ ခေါင်းထဲ ချေးဝင်လို့ ကြံ့ဖွတ်ကို မဲပေးကြသူတွေရဲ့ ဘဝက သနားစရာတောင် ကောင်းပါတယ်။
ဒါကြောင့်မို့၊ သူတို့ကို ဆဲရေးရှုတ်ချတာထက် ကြံ့ဖွတ်အနိုင်ရတဲ့ နယ်မြေတွေမှာ အသိပညာ ပွင့်လင်းလာအောင် နားမျက်စိပွင့်စေတဲ့ စည်းရုံးရေးတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့
လိုအပ်ပါလိမ့်မယ်။ ကြံ့ဖွတ်နိုင်တဲ့ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ ဒေသမှာ
NLD ကို မဲပေးသူတွေလည်း မနည်းပါဘူး။ ကိုယ့်နယ်သူနယ်သားအချင်းချင်း နားမျက်စိ ဖွင့်ပေးတာ အထိရောက်ဆုံးပါ။
နောင်လာမယ့် ငါးနှစ်မှာ ပြည်သူတင်မြှောက်တဲ့ အစိုးရ အုပ်ချုပ်တာကို လက်တွေ့ ကြုံပြီးတာတောင် ခေါင်းထဲက ချေးမစင်ဘဲ ကြံ့ဖွတ်ကို မဲပေးချင်သေးတယ်ဆိုရင်ဖြင့် ချေးကြိုက်လို့သာ မှတ်ပါလေ။.
(ဆရာစိုးမင်းရဲ့ ပို့စ်အတိုလေး တစ်ခုကို ဖတ်မိလို့ ဆရာ့ရဲ့ ဥပမာကို မှီငြမ်းပြီး ဖြည့်စွက်ရေးလိုက်ပါတယ်။)
**************************
သမိုင်းဝင် ရွေးကောက်ပွဲဆိုတဲ့အတိုင်း ပြည်သူလူထု တစ်ခဲနက် မဲပေးရွေးချယ်လိုက်တဲ့ ရလဒ်ဟာ အရေခြုံ စစ်အစိုးရ ခေါင်းဆောင်ပိုင်းတောင် မယုံနိုင်အောင် အံ့အားသင့် လန့်ဖျပ်သွားရတယ်လို့ ဝေါလ်စထရိ ဂျာနယ်၊ နယူးယောက်တိုင်းမ် သတင်းစာတို့လို ဩဇာရှိတဲ့ သတင်းဌာနကြီးတွေက ဖော်ပြကြတယ်။ အလို၊ ဘာဖြစ်လို့ မယုံနိုင်တာပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွတ်ပဲ နိုင်မယ်လို့ သူတို့က ကျိန်းသေတွက်ထားတာပါတဲ့ဗျား
သူတို့ရဲ့ Plan A အရ သူတို့ကြံ့ဖွတ် ရာနှုန်းပြည့် နိုင်ပြီး နောက် ၅ နှစ် ဆက်အုပ်ချုပ်မယ်၊ Plan B အရ ကြံ့ဖွတ် ၂၆% နိုင်ရင် အစိတ်သား စစ်တပ်အမတ်တွေနဲ့ ပေါင်းပြီး အစိုးရဖွဲ့မယ်၊ Plan C အရ ကြံ့ဖွတ် ၁၆% နဲ့ မ.ဘ.သ. ပါတီသစ်ဖြစ်တဲ့ အမျိုးသားတိုးတက်ရေး ၁၀% ပြီးတော့ အစိတ်သားနဲ့ ပေါင်းပြီး အစိုးရဖွဲ့မယ် ဆိုတဲ့ စီမံကိန်းတွေ အသင့်ရေးဆွဲထားပြီးသား ရှိတယ်လို့ ဝေါလ်စထရိ ဂျာနယ်က ရေးပါတယ်။
ပုလင်းတူ ဗူးဆို့ တ.စ.ည. ၊ NDF နဲ့ တစ်သီးပုဂ္ဂလတွေပါ ပေါင်းပြီး ကစားဖို့ တစ်ခြား Plan D, E, F, G….တွေလည်း ရှိပေမယ့် NLD အစိုးရဖွဲ့နိုင်တဲ့အထိ သောင်ပြိုကမ်းပြို နိုင်လိမ့်မယ်ဆိုတာကတော့ Plan Z မဖြစ်နိုင်လွန်းလှသော နောက်ဆုံး အခြေအနေပဲလို့ သူတို့ ထင်ကြတာတဲ့။ မစားရ ဝခမန်း ကတိတွေ ဖောဖောသီသီပေး၊ ဒံပေါက်ကျွေးပြီး တီရှပ်ဝေရင် လူတွေက ကြံ့ဖွတ်ကို မဲတွေ စုပြုံထည့်ကြမယ်။ ဪ...ပြည်သူတွေကို အဲဒီလောက်အထိ အထင်သေးပြီး ကိုယ့်ဖာသာ ဘဝင်လေဟပ်နေတဲ့ စစ်ဗိုလ်ဟောင်းကြီးတွေပါလား
သူတို့ရဲ့ အဓိက လက်နက်ကြီးတစ်ခု ဖြစ်တဲ့ မ.ဘ.သ.ကို အသုံးချပြီး ဘာသာရေး၊ လူမျိုးရေး မှိုင်းအဝတိုက်ထားလိုက်ရင် ကြံ့ဖွတ် နိုင်ပြီလို့ ကျိန်းသေ တွက်ထားကြတာပါ။ ပျော်ဘွယ်၊ ရမည်းသင်း၊ သာစည်၊ မိတ္ထီလာနဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အတန်အသင့် အောင်မြင်ပေမယ့် ဆင်ခြင်ဉာဏ်နဲ့ ပညာသတိရှိတဲ့ တစ်ခြားနယ်မြေအားလုံးမှာ ကြံ့ဖွတ် ခွက်ခွက်လန် ရှုံးခဲ့ရပါတယ်။
ကြံ့ဖွတ်တို့ မျှော်မှန်းသလောက် မဲမရလို့ မရှုမလှ ရှုံးခဲ့ရထက် ပိုပြီး အံ့ဩစရာ ကောင်းတာကတော့ ကြံ့ဖွတ်ကို မဲထည့်သူတွေ ရှိသေးတာပါပဲဗျာ။ တိုင်းပြည်ကို ဂျိုနဲ့ သားရေပဲ ကျန်တဲ့အထိ နှစ် ၅၀ ကျော် ရက်ရက်စက်စက် ဝါးစားပြီး (သွေးချောင်းစီး) ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အရေခြုံအာဏာရှင်ပါတီကို ဘယ်လိုလူတွေကများ မဲပေးကြပါလိမ့်လို့ ဆန်းစစ်ကြည့်တဲ့အခါ သုံးမျိုးသုံးစားပဲ တွေ့ရပါတယ်။
၁။ ချွေး၊ သွေး၊ မျက်ရည်တွေနဲ့ ကျိန်စာသင့် အပင်းအဆိပ်တွေ ဗိုက်ထဲမှာ ဖောင်းကားနေသူ အာဏာရှင်ကြီးများနဲ့ လက်ဝေခံ ခရိုနီများ
၂။ လက်ထဲမှာ ဘောနှစ်လုံး (ပင်ပေါင်ဘောလုံး) ကိုင်ထားပြီး ပါးစပ်မှာ အရိုးတစ်ချောင်းကိုက်ထားတဲ့
၃။ မှိုင်းကျပ်ခိုးတွေ ဗလပွနဲ့ နားမျက်စိပိတ်နေပြီး ခေါင်းထဲမှာ သူများယိုတဲ့ ချေးတွေနဲ့ ပြည့်နှက်နေသူများ — ဆိုပြီး သုံးမျိုးရှိပါတယ်။
အဲဒီ သုံးမျိုးဟာ နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီပုံစံအတိုင်းပဲ ကြံ့ဖွတ်ကို မဲပေးကြဦးမှာလားလို့ တွေးကြည့်မိတယ်။
ဗိုက်ထဲမှာ အပင်းအဆိပ်ပြည့်နေသူ အာဏာရှင်ကြီးများနဲ့ ခရိုနီများကတော့ လူသားစားကျားတွေလို အဆီကိုစား အသားကိုမျိုရတဲ့ အရသာကောင်းကောင်းတွေ့နေပြီမ
လက်ထဲမှာ ဘောနှစ်လုံး (ပင်ပေါင်ဘောလုံး) ကို မဟာတာဝန်ကြီးတစ်ခုလို မ နေကြတဲ့ လက်ကိုင်တုတ်တွေကတော့ ပါးစပ်မှာ ကိုက်ထားတဲ့ အရိုးအစား အသားတစ်ဖတ်ကျွေးမယ့်သူ ရှိရင် လက်ထဲက ဘောနှစ်လုံး (ပင်ပေါင်ဘောလုံး) ကို လွှတ်ချပြီး နောက်လူရဲ့ ဘောနှစ်လုံး (တင်းနစ်ဘောလုံး) ကို ပြေး မ လိမ့်မယ်။ သူတို့ကတော့ စိတ်မချရဘူး၊ ဒံပေါက်တစ်ထုပ်အတွက်လည်း ဘယ်သူ့ဘောဖြစ်ဖြစ် (ပင်ပေါင်ဖြစ်စေ၊ တင်းနစ် ဖြစ်စေ၊ သူ့ထက်ကြီးတဲ့ ဘတ်စကက်ဘော ဖြစ်စေ) မ မှာပဲ။ ဘောကြီးလေ ကြိုက်လေပေါ့။
ကျပ်ခိုးမှိုင်းဗလပွနဲ့ ခေါင်းထဲမှာ ချေးတွေ ပြည့်နေသူများကတော့ မှိုင်းတွေကို ဆေးကြော သန့်စင်ပေးလို့ နားမျက်စိ ပွင့်သွားရင် ခေါင်းထဲက ချေးတွေ ထွက်ကျသွားလိမ့်မယ်။ ချေးစင်သွားတဲ့ ကိုယ့်ဦးနှောက်ကို ပြန်သုံးမယ်ဆိုရင် ကြံ့ဖွတ်ကို မဲပေးတော့မှာ မဟုတ်တော့ဘူး။
ကျနော်တော့ အဲဒီလိုပဲ သုံးသပ်မိတယ်။ အဲဒီ သုံးမျိုးသုံးစားထဲမှာ ပထမနဲ့ ဒုတိယက လူနည်းစုပါ။ သူတို့က စားလို့ ဝါးလို့ရတဲ့ အခွင့်အရေးကို ကြည့်ပြီး ကြံ့ဖွတ်ကို မဲပေးတာ။ တတိယအမျိုးအစား ခေါင်းထဲ ချေးဝင်နေလို့ ကြံ့ဖွတ်ကို မဲပေးသူတွေကသာ လူများစုမို့ သူတို့မဲတွေနဲ့ ကြံ့ဖွတ်နိုင်တာပေါ့။ သူတို့လည်း ဘာအခွင့်ထူးမှ မရတဲ့ ကျနော်တို့လို သာမန်ပြည်သူလူထုပါပဲ။ သူတို့ခမျာ မ.ဘ.သ. မှိုင်းမိလို့သာ အယူတိမ်းပြီး နတ်စိမ်း ဖြစ်ရရှာတာ။
သေသေချာချာ စဉ်းစားကြည့်ရင် ပါးစပ်ကလည်း ဘာမှ မစားရ၊ ဗိုက်ကလည်း ဟောင်းလောင်းနဲ့ ခေါင်းထဲ ချေးဝင်လို့ ကြံ့ဖွတ်ကို မဲပေးကြသူတွေရဲ့ ဘဝက သနားစရာတောင် ကောင်းပါတယ်။
ဒါကြောင့်မို့၊ သူတို့ကို ဆဲရေးရှုတ်ချတာထက် ကြံ့ဖွတ်အနိုင်ရတဲ့ နယ်မြေတွေမှာ အသိပညာ ပွင့်လင်းလာအောင် နားမျက်စိပွင့်စေတဲ့ စည်းရုံးရေးတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့
နောင်လာမယ့် ငါးနှစ်မှာ ပြည်သူတင်မြှောက်တဲ့ အစိုးရ အုပ်ချုပ်တာကို လက်တွေ့ ကြုံပြီးတာတောင် ခေါင်းထဲက ချေးမစင်ဘဲ ကြံ့ဖွတ်ကို မဲပေးချင်သေးတယ်ဆိုရင်ဖြင့်
(ဆရာစိုးမင်းရဲ့ ပို့စ်အတိုလေး တစ်ခုကို ဖတ်မိလို့ ဆရာ့ရဲ့ ဥပမာကို မှီငြမ်းပြီး ဖြည့်စွက်ရေးလိုက်ပါတယ်။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။