Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 16, 2015

"ဘဝနဲ့ရင်းလိုက်ရတဲ့ အမှားတစ်ခု"


"ဘဝနဲ့ရင်းလိုက်ရတဲ့ အမှားတစ်ခု"
------------------------------------

အင်ကြင်းက နယ်ကနေ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် လာတက်နေတဲ့ကောင်မလေး တစ်ယောက်ပါ၊ရန်ကုန်မှာ ဆွေးမျိုးမိဘက မရှိလေတော့ အဆောင်နေပြီ ကျောင်းတက်ရတယ်ပဲဆိုပါတော့။
အခုဆို နောက်ဆုံးနှစ် ရောက်နေပါပြီ။

အသက် (၁၉) နှစ်ရှိပြီတဲ့၊ အီကို (Eco) ကျောင်းမှာတော့ သူက princess ရထားတာဆိုပဲ၊ ပညာတွေလဲ စုံခါနီးပြီပေါ့၊ မြို့ပြရဲ့ ပြောင်းလဲမှု လူနေမှုစရိုက်တွေလည်း သူအခု အားလုံးနီးပါးကို ကျွမ်းဝင်နေပြီလေ၊ တိုးတက်နေတဲ့ ခေတ်မှာ ပညာရှာနေတဲ့ လူငယ်ပီပီ အင်တာနက်ဆိုတဲ့ အရာနဲ့လည်း သူကျွမ်းဝင်ခဲ့တယ်လေ။

အိမ်က ထွက်ခဲ့တုန်း ကတော့ စီးပွားရေးပညာရပ်မှာ ထူးချွန်တဲ့ဘွဲ့ရတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်က အခိုင်အမာ ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ တစ်ခါမှ မရောက်ဖူးတဲ့ဒီရန်ကုန်မြို့ကြီးကိုတစ်ယောက်တည်း အရဲစွန့်ပြီးလာခဲ့ပါတယ်၊

ခေတ်ရဲ့တောင်းဆိုမှုနဲ့အညီအလုပ်ကိုင်ကောင်းလေး ရအောင်လို့ အင်္ဂလိပ် စာ သင်တန်းတွေလည်း ကျောင်းအားရက်တွေမှာတက်ခဲ့ရတယ်လေ….ကွန်ပျူတာ ဆိုတာကလည်းမတတ်ရင် လူရာမဝင်လေတော့ ရွာက မိဘတွေကို မရမက နားချပြီး တက်ခွင့်တောင်းခဲ့ရသေး…။

ရွာမှာက အင်္ဂလိပ်စာသင်တန်းလို့ ပြောရင်လူကြီးတွေက နားလည်လွယ်ပေမယ့် ကွန်ပျူတာလို့ ပြောရင် ရှင်းပြရတော့ ခက်သား… အဘိဓာန်မှာလဲ ကွန်ပျူတာဆိုတာက တောသူတောင်သား နားလည်လွယ်တဲ့ စကားလုံးဝေါဟာရက မရှိလေတော့ ပိုခက်တယ်လေ။ အင်တာနက်ဆို ပိုဝေးစွ။

ဒါပေမယ့်လည်း အလုပ်အတွက် အသုံးကျပါတယ်လို့ ပြောတော့ မိဘတွေမှာလည်း မသိပေမယ့် မရှိ ရှိတာလေး ပေါင်နှံရောင်းချပြီး သင်တန်းကြေး အတွက် ဖန်တီးပေးရတာပေါ့လေ…။

ဒီလိုနဲ့ အင်ကြင်း ကွန်ပျူတာကို အခြေခံ တက်မြောက်ခဲ့ပါတယ်… သူများတွေက အွန်လိုင်း၊ အွန်လိုင်း ဆိုတဲ့ ခေတ်မှာ အင်ကြင်းလည်း လိုင်းချင်တယ်လေ၊
သူငယ်ချင်းတွေ အင်တာနက်ကဖေး သွားမယ် ဆိုရင် လက်ဖက်ရည်ဆိုင် သွားကြတယ်လို့ ထင်ခဲ့တာလေ။

ဒါနဲ့ သူများတွေလို ငါလည်း တတ်ရမယ် ဆိုတဲ့
စိတ်နဲ့ အင်တာနက် အခြေခံသင်တန်းကို တက်မိခဲ့ပါတယ်။
အင်း.. အခုတော့ အင်တာနက် ဆိုတာ… ၀က်ဘ်ဆိုက်ဆိုတာ… ဟုမ်းပေ့ခ်ျ ဆိုတာတွေနဲ့ အင်ကြင်း ရင်းနှီးခဲ့ရပြီလေ။

ဒီလိုနဲ့ အင်တာနက် သုံးတတ်တာ တစ်လလောက် ရှိလာတော့ အင်ကြင်းလည်း အင်တာနက် ရောဂါစွဲ ပါတော့တယ်။
အချိန်တိုင်း လိုင်းပေါ်တက်ချင်တယ်…၊ ချက်ချင်တယ်…၊ ဖေ့စ်ဘွတ်ဆိုတာကြီးထဲ လည်း လျှောက်လည်ချင်တယ်…။

တစ်နေ့တော့လိုင်းပေါ်က တစ်ယောက်က အင်ကြင်းကို စကားတွေ ဖောင်ဖွဲ့လေရဲ့၊ သူက အင်းကြင်း ကို သတိထားမိတာ ကြာပြီတဲ့…။ ဖေ့စ်ဘွတ်မှာလည်း မြင်ဖူးတယ်တဲ့…။
ထူးဆန်းလိုက်တာ သူက အင်ကြင်းရဲ့ မွေးနေ့တွေ၊ဝါသနာတွေကိုပါ
သိနေတယ်လေ….။
အင်ကြင်းကြိုက်တဲ့ မင်းသား၊ မင်းသမီး နာမည်တွေကိုပါ သိနေတယ်လေ…။ အင်ကြင်းကြိုက်တဲ့ သီချင်းတွေကိုပါ သူက သိနေလေရဲ့…။
သူက အင်ကြင်းကို တော်တော် စိတ်ဝင်စားပုံ ရတယ်ထင်တယ်….။
ဟိဟိ သူကလည်း လူချောပဲကိုး….။အင်းကြင်း ဖေ့စ်ဘွတ်သုံးတိုင်း သူ့ ပရိုဖိုင်းကိုဝင်ကြည့် နေမိပါတယ်….။
သူ့အပေါ်ကို စိတ်များဝင်စား နေပြီလား….

တစ်နေ့မှာတော့သူက ဗွီဇက်အိုချက်မယ်လို့ ပြောလာတယ်လေ…။
အို… ဝမ်းသာလိုက်တာ သူ့ကို မြင်ရတော့မယ်ပေါ့လေ…။
အင်ကြင်းလည်း မလုပ်တတ် မကိုင်တတ်ဆိုတော့အင်တာနက်ဆိုင်က အစ်ကိုကြီးတွေကို အကူအညီ တောင်းပြီး၊ သူနဲ့ ဗွီဇက်အို ချက်ဖို့ ကြိုးစားရတာပေါ့လေ။

အင်း.. တွေ့ပြီ တွေ့ပြီ။

အခုမှပဲ သူ့မျက်နှာလေးကို မြင်ခွင့်ရပြီလေ…။
ရင်တွေခုံလိုက်တာ တဒိန်းဒိန်းပဲ..။
သူနဲ့ပြောတော့ စကားလုံးတွေက အစီအငေါ်မတည့်ဘူးလေ…။

အခုဆို အင်တာနက်ဆိုင်က အစ်ကိုကြီးတွေနဲ့လည်း မျက်နှာချင်း ရင်းနေပြီလေ..။ အင်ကြင်းက ပုံမှန်ဖောက်သည်ကြီး ဖြစ်နေတာကိုး…။ မန်ဘာကတ်လည်း ဝယ်ထား တယ်လေ…။
သူနဲ့ အကြာကြီးချက်လို့ ရအောင်လို့လေ…။

ဒါနဲ့ သူ့အကြောင်း ပြောရဦးမယ်..။ သူက အင်ကြင်းထက် ၂ နှစ်ကြီးတယ်..။ ရန်ကုန် ဆေးတက္ကသိုလ် က နောက်ဆုံးနှစ် ကျောင်းသားလေ။
သူကလည်း နယ်ကပဲတဲ့။ သူကတော့ မိဘတွေက ချမ်းသာ တော့ ကိုယ်ပိုင်တိုက်ခန်းရှိတယ် ပြောတယ်လေ။ သူက လူရည်မွန်လေးပါ။
အရပ်မြင့်တယ် ဗလ ကောင်းကောင်း ဒါပေမယ့်
အသားကတော့ နည်းနည်းညိုတယ်။ သူ့အသံလေး ကြားရတာတော့ အင်ကြင်း အတွက် နားဝင်အချိုဆုံးပါ။
သူနဲ့တွေ့ပြီး တစ်လလောက်ကြာတော့
သူက အင်ကြင်းကို ချစ်ရေးဆိုလာတယ်လေ….။

အင်ကြင်း ပျော်လိုက်တာ..။
သူ့ကို အင်ကြင်းက စချစ်ခဲ့တာကိုး…။ သူက အခုမှ ချစ်တယ်လို့ ပြောလာတယ် လေ..။ နောက်တောင် ကျနေသေးလို့ တိုးတိုးလေး ပြောလိုက်ချင်သေး….။

သူ့ကို အဲဒီညက ဗွီဇက်အိုကနေ အဖြေပေးလိုက် ရမလားလို့ တွေးမိပါသေးတယ်…။

ဒါပေမယ့် လူချင်းတွေ့မှ ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်လေ…။

ဒီလိုနဲ့ သူနဲ့ အပြင်မှာတွေ့ဖို့
ချိန်းဖြစ်ပါတယ်…။
အများနည်းတူ အင်လျားကန်ဘေးက မွန်းမှာပေါ့။
အဲဒီနေ့လေးကို အမှတ်ရနေပါတယ်..။ နေကလည်းသာ ရာသီဥတုကလည်း သာသာယာယာနဲ့ အင်လျားကန် ရေပြင်ကြီးဟာ အလွန်ကို လှနေပါတယ်…။ သူနဲ့ မွန်းမှာ ကော်ဖီအတူတူ သောက်ပါတယ်..။ ပြီးတော့
သူက ကန်ဘောင်ပေါ် လမ်းလျှောက်ဖို့ ပြောတယ်လေ…။
ကန်ဘောင် ပေါ်က ထိုင်ခုံလေးမှာ အင်ကြင်းတို့ ထိုင်ဖြစ်ခဲ့ပါတယ်…။ သူ ယူလာတဲ့ နှင်းဆီပန်းနဲ့ အသည်းပုံ ကတ်လေးတစ်ကတ်ကို ပေးတယ်လေ။

ရေးထားတာက
I will love you until my lastbreath တဲ့။
သြော်… သူ အင်ကြင်းကို တကယ်ချစ်ပါလားလို့ သိလိုက်တယ်လေ…။
အဲဒီနေ့မှာပဲ အင်ကြင်း သူ့ကို အဖြေပေးခဲ့ပါတယ်။ သူလည်းအတော်ပျော်သွားပုံရတယ်။

အင်ကြင်းအတွက်တော့သူက အချစ်ဦး ပါ….။
သူ့မှာ ဘယ်လို နောက်ကြောင်းတွေ ရှိလည်းဆိုတာတော့ အင်ကြင်း မသိချင်သေးပါဘူး..။ နောက်မှ အေးအေးဆေးဆေး မေးမယ်ပေါ့..။

ဇွန်လ ၂၈ ရက် နေ့ပါ။ ဟုတ်ပါတယ် အဲဒီနေ့စွဲလေးက အင်ကြင်းအတွက် အမှတ်တရပါပဲ..။ သူပေးခဲ့တဲ့ ပထမဆုံး အနမ်းလေးတွေက အမြဲအမှတ်ရစေတာလေ….။
အမှတ်တရဓာတ်ပုံတွေ လည်း ရိုက်ခဲ့ပါသေးတယ်။

အဲဒီနေ့က ကျောင်းမှာ အချိန်တော်တော် ကြာပါတယ်…။
ကျောင်းက အပြန် ဖယ်ရီကြပ်တော့သူက တက္ကဆီနဲ့ ပြန်မယ်ဆိုတာနဲ့ သူနဲ့အတူ မြို့ထဲ ပြန်ခဲ့တယ်လေ….။ ကားပေါ်မှာလည်း သူက တစ်လမ်းလုံး အင်ကြင်းကို ဖတ်ထားတယ်လေ…။ နွေးတွေးတဲ့ သူ့ရဲ့ရင်ခွင် ကိုအင်ကြင်း မသိမသာ မှေးစက်နေမိပါတယ်…..။

သူက သူ့အခန်းကို လိုက်ဖို့ ပြောတယ်လေ…။
အင်ကြင်းလည်းမငြင်းသာတော့လိုက်ခဲ့ရတယ်လေ…။
သူ့အခန်းကို ရောက်တော့
အခန်းက တော်တော် ရှုပ်နေပါတယ်..။
သူ့အပြောအရတော့ သူ့သူငယ်ချင်းတွေ လာအိပ်သွားတယ်လို့ ဆိုတာ ပဲ…။
သူကတော့ ပင်ပန်းလို့ ရေချိုးမယ်ပြောပြီး၊ ရေချိုးခန်း ဝင်လေရဲ့။
အင်ကြင်းက မနေတတ် လေတော့အခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ ပြင်လိုက်ပါတယ်…။

ပြန့်ကျဲနေတဲ့စာအုပ်တွေ..၊ တောင် တစ်ခု မြောက်တစ်ခု ရောက်နေတဲ့ ခေါင်းအုံးတွေကို နေရာတကျ ပြန်ထားပေးလိုက်ပါတယ်…။
ညစ်ပေနေတဲ့ဖန်ခွက်တွေကိုလည်း ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဖန်ခွက်ကို ကောက်ယူတုန်း ရုတ်တရက် လက်ထဲက လွတ်ကျပါလေရော…။ သူက စိုးရိမ်တကြီးနဲ့ ရေချိုးခန်းထဲက ထွက်လာပြီး ဖန်ခွက်ကွဲရှထားတဲ့အင်ကြင်း လက်ချောင်းလေးကိုပါးစပ်ထဲငုံပြီး စိတ်ပူတဲ့
မျက်လုံးတစ်စုံနဲ့ စိမ်းစိမ်းကြီးကြည့်နေပါတော့တယ်….။

!@#$%^&*()_+%-=8:%==;%&/'-=/:'-=/:$3*;*

ဒီလိုနဲ့သူ့ကို အင်ကြင်းတစ်ဘဝလုံး ပုံပေးခဲ့မိပါတယ်။
သူကဆေးကျောင်းသားဆိုတော့အကာအကွယ်သုံးဖို့လည်း မလိုဘူးလို့ ထင်တယ် လေ….။ သူ့ကိုယုံခဲ့ပါတယ်….။

နောက်နေ့မှာတော့သူအင်ကြင်းနဲ့ချိန်းတဲ့ နေရာကို ရောက်မလာခဲ့ပါဘူး။ အကြောင်းတစ်ခုခုကြောင့် သာ သူမလာနိုင်တာပဲလို့ ထင်ပြီး သူ့ကိုခွင့်လွတ်ခဲ့ပါတယ်…။

အွန်လိုင်းမှာတော့ မက်ဆေ့ ရေးထားခဲ့တယ်လေ….။ မွန်းမှာ တွေ့မယ်ပေါ့။တစ်ရက်က နှစ်ရက်… ဒီလိုနဲ့ တစ်ပတ်လောက် သူပေါ်မလာပါဘူး….။

နောက်တော့မှသိလိုက်ရတာက သူ အင်ကြင်းရဲ့
အကောင့်တွေကို ဘလော့ လိုက်တယ် ဆိုတာကိုပါပဲ…။
အင်ကြင်းကတော့သူအွန်လိုင်း မလာဘူးလို့ ထင်နေတာလေ….။

သူက အင်ကြင်းကို လုံးဝ အဆက်သွယ်ဖြတ်ခဲ့တာလေ…..။
သူလိုချင်တာ သူဖြစ်ချင်တာတွေ ရသွားတော့သူအင်ကြင်းကို ထားခဲ့ပြီလေ…။
သူ့မှာကဆက်သွယ်စရာ ဖုန်းနံပါတ်လဲ မရှိဘူးလေ…။ သူ့တိုက်ခန်း ဆိုတာကိုလည်းသွားပါသေးတယ်…။ တကယ်တော့အဲဒါ သူ့ကိုယ်ပိုင်အခန်းလည်း မဟုတ်ပါဘူး…။

ဒါတွေလည်း နောက်မှ သိလိုက်ရတာတွေပါ…။ သူများအခန်းမှာ ကပ်နေတာတဲ့..။
အဲဒီအခန်းက ဖဲဝိုင်းလုပ်တဲ့အခန်းတဲ့..။ ကဲကောင်းလိုက်လေရော….။
အင်တဲ့..။ ကဲကောင်းလိုက်လေရော….။

အင်ကြင်းကတော့စေတနာနဲ့ သန့်ရှင်းရေး လုပ်ပေးခဲ့မိတာ သူတို့တွေ မဟုတ်တာလုပ်နေတဲ့
နေရာကြီးလေ…။ ကိုယ့်ဘဝပါ အဲဒီမှာ ပျက်ခဲ့ရတယ်လေ…။

ပိုဆိုးတာက သူက ဆေးကျောင်းသားလည်း မဟုတ်ဘူးတဲ့…။
သေပါလေရော…။ အင်ကြင်းကတော့
သူ့ကို ယုံမှတ်ပြီး ပုံအပ်ခဲ့တယ်လေ….။ သူကတော့
ပိပိရိရိကို လိမ်ဇာတ်တွေ ဆင်ခဲ့တာကိုး….။

အင်းလေ… ရှိပါစေတော့ဆိုပြီးအင်ကြင်း ကိုယ့်စိတ်နဲ့ကိုယ် ဖြေပါတယ်..။ ငါညံ့ခဲ့လို့ ငါခံရတယ်ပေါ့လေ…..။သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ရှိမှာ ကြောက်လို့ဆီးလည်း စစ်ခဲ့ရပါသေးတယ်….။ အပျိုတန်မယ့်
ဆေးဆိုင်မှာ ဆီးစစ်တဲ့ပစ္စည်းသွားဝယ်ရတာ ဘဝမှာ
မျက်နှာအပူဆုံးပါပဲ…။ ဒါပေမယ့် လည်း ရှေ့မျက်နှာနောက်ထားပြီး အရဲစွန့်ကာ ဝယ်ခဲ့ရတယ်လေ…။

ဘုရား ဘုရား မျက်စိ စုံမှိတ်ပြီး ဆီးစစ်တဲ့အဖြေကို မဝံ့မရဲကြည့်မိပါတယ်….။ အောင်မလေး… ကိုယ်ဝန်မရှိဘူးလေ…။ အင်း တော်သေးတာပေါ့…။

ဒီလိုနဲ့ အင်ကြင်း အွန်လိုင်းဆိုတာကြီးကို မုန်းသွားပါတယ်….။

တစ်နေ့တော့ အင်ကြင်းတို့ အီကိုက ကျောင်းကား အက်ဆီးဒန့် ဖြစ်လို့ အင်ကြင်း သူငယ်ချင်း တစ်ယောက် ဆေးရုံတင်လိုက်ရပါတယ်….။
အရေးပေါ်သွေး လိုတယ်ဆိုတော့ သူတို့က ဘီ (B) သွေး ရှာနေကြတယ်လေ..။ အင်ကြင်းလည်း ဘီသွေးဆိုတော့
သူ့ကို လှူပေးမယ်ပေါ့။

ဒါနဲ့ အင်ကြင်း သွေးလှူဖို့ ဆုံးဖြတ်ပြီး သွေးစစ်ခဲ့ပါတယ်…အင်ကြင်း သွေးအဖြေက HIV positive တဲ့။အင်ကြင်းက positive ဆိုတာကို သေသေချာချာ မသိလေတော့ ကြောက်ရကောင်းမှန်းလဲမသိခဲ့ ပါဘူး။

နောက်တော့ ဆရာဝန်က သေသေချာချာ ရှင်းပြတော့မှ ငါ့အဖြစ် ရှုံးလိုက်လေခြင်းဆိုပြီး ငိုမိပါတယ်…။
ဘာကိုမှ လည်း မတွေးချင်တော့ပါဘူး…။
သေမထူး နေမထူးတဲ့ဘဝပါ….။
အင်ကြင်းမှာ လာမယ့်နှစ် ဘွဲ့ယူတဲ့အထိရော အသက်ရှင်နိုင်ပါဦးမလား…။
ဘွဲ့ဝတ်စုံကို အခန့်သားဝတ်လို့ သစ်ပုတ်ပင်ကြီး နောက်ခံ ထားပြီးမိဘတွေနဲ့အတူ ဓာတ်ပုံရိုက်ခွင့်ရောရပါတော့မလား….။

ကျောင်းက သူငယ်ချင်းတွေကိုရော ဘယ်လို မျက်နှာပြရမလဲ…။ အင်ကြင်းဘဝမှာ တစ်ခါမှားမိခဲ့ပါတယ်…။ အဲဒီအမှားက သေရာပါ အမှား ဖြစ်ခဲ့လေတယ်လေ…။

အလွန် တုံးလွန်းတဲ့ အင်ကြင်းကိုယ် အင်ကြင်း လုံးဝခွင့်မလွတ်နိုင်ဘူးလေ…
ငါ့အပြစ်နဲ့သာ ငါပဲလို့ တွေးမိ ပါတယ်….။
အခုမှတော့ မှားပါတယ်လို့ နောင်တ မရချင်တော့ပါဘူး …..။ အင်ကြင်း ဘဝနဲ့
အင်ကြင်သာ ရှိပါစေတော့လေ….။

ဒီHIV ပိုးရှိနေလို့ အင်ကြင်းသေရမှာ မကြောက်ပါဘူး…။ ဒီပိုးရှိလို့ လူအထင်သေးခံရမှာကိုလည်း မမှုတော့ပါဘူး။ ဒါပေမယ့် အင်ကြင်းတို့က မြန်မာမိန်းကလေးတွေလေ…။ ဒီလိုမျိုး ညီမငယ်လေးတွေ ဘဝ မဆုံးရှုံးပါစေနဲ့လို့သာ ဆုတောင်းပါတယ်..။

အချစ်ကို ကိုးကွယ်တန်ဖိုးထားတဲ့
မြန်မာ မိန်းကလေးတွေ အင်ကြင်းလို အချစ်ကို ယုံပြီး
ဘဝကို ပုံမအပ်မိစေဖို့နဲ့ဒီလို လူလိမ်လူညာတွေကို ဆန့်ကျင်ဖို့ အင်ကြင်းအနေနဲ့ ကျန်ရှိနေသေးတဲ့အချိန်တိုလေးအတွင်းမှာ အတတ်နိုင်ဆုံးလုပ်ဆောင်သွားဖို့သာ ဆန္ဒရှိပါတော့တယ်...

လမင်းကို

စာအကျဉ်းချုံ့ခြင်းနှင့် ခေါင်းစဉ် ပြောင်းခြင်းအား ye htet geology တောင်းပန်ပါသည်။

ပန်းချီ- ဇော်ဇော်အောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။