လွမ်းရဲတယ် – မောင်စိန်ဝင်း(ပုတီးကုန်း)
************************** *******
သူမေ့ပြီလား …
လူတွေ့ရန်မဆိုထားနဲ့၊
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ
သြော် … မုန်းရက်ပြီလို့ထင်...။
ကြားယောင်ကာ၊
နားထောင်ရတော့မလားရယ်နဲ့၊
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့ ၊
(သူပြောလျှင်) …
ပုံပြင်ပင် တကယ်မှတ်ပြန်တော့၊
မလည်ပတ်သူလို့ သူငြို ငြင်...။
မလွမ်းတတ်လို့လား၊
လွမ်းတတ်သူ မပူရှိနိုင်ပါ့၊
သူသိအောင်ဘယ်လိုပြောရမလဲ၊
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်၊
ခင်မို့လို့ သူစိမ်းပြင်ပြင်၊
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်...။
ခင်ခင်စိမ်းပေမယ့်၊
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့၊
အပူဇာတ်ကို အခန်းဆက်နေတဲ့၊
ပန်းသက်သေ ဝေဒနာပွင့်တွေက၊
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့၊
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ၊
ပူရဲတယ် သည်ရင်ကျွမ်းအောင်၊
လွမ်းတော့ဆယ်သက်....။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
**************************
သူမေ့ပြီလား …
လူတွေ့ရန်မဆိုထားနဲ့၊
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ
သြော် … မုန်းရက်ပြီလို့ထင်...။
ကြားယောင်ကာ၊
နားထောင်ရတော့မလားရယ်နဲ့၊
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) …
ပုံပြင်ပင် တကယ်မှတ်ပြန်တော့၊
မလည်ပတ်သူလို့ သူငြို ငြင်...။
မလွမ်းတတ်လို့လား၊
လွမ်းတတ်သူ မပူရှိနိုင်ပါ့၊
သူသိအောင်ဘယ်လိုပြောရမလဲ၊
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်၊
ခင်မို့လို့ သူစိမ်းပြင်ပြင်၊
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်...။
ခင်ခင်စိမ်းပေမယ့်၊
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့၊
အပူဇာတ်ကို အခန်းဆက်နေတဲ့၊
ပန်းသက်သေ ဝေဒနာပွင့်တွေက၊
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့၊
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ၊
ပူရဲတယ် သည်ရင်ကျွမ်းအောင်၊
လွမ်းတော့ဆယ်သက်....။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။