မျိုးကြီး
◘◘◘◘◘
- မျိုးကြီးရဲ့ ရာဇဝင်အကျဉ်းလေး ပြောပြပါ။
♫ နာမည်ရင်းက မျိုးမင်းဌေးပါ။ မိဘတွေကတော့ ဦးတင်မောင်ဌေး၊ ဒေါ်တင်ထွေးပါ။
ညီအစ်ကိုနှစ်ယောက်မှာ အကြီးဆုံးပါ။ ငယ်ငယ်ကတည်းက ဂီတအနုပညာပေါ် Crazy
ဖြစ်ခဲ့ပါတယ်။ အသက် ၁၂ နှစ်မှာ ဦးလေးအရင်းဖြစ်တဲ့ ဦးရဲလွင်(မဇ္ဈိမလှိုင်း) ဆီမှာ
ဂစ်တာအတီးကို သင်ယူခဲ့ပါတယ်။ ၁၀ တန်းဖြေပြီးတဲ့နှစ်မှာ ကိုချစ်စမ်းမောင် I.C ဆီမှာ
ဂစ်တာပညာကို ထပ်လေ့လာခဲ့ပါတယ်။
- Ghost Rider မှာ ဂစ်တာသမားအနေနဲ့ ပါဝင်ခဲ့ဖူးတဲ့အကြောင်း ပြောပြပါ။
♫ Ghost Rider ဂစ်တာသမား အေးအောင် အင်္ဂလန်ထွက်သွားလို့ ၁၀ တန်း
အောင်ပြီးတဲ့နှစ်မှာ Ghost Rider ကို ဂစ်တာသမားတစ်ယောက်အဖြစ်
ရောက်ရှိခဲ့ပါတယ်။ Ghost Rider ရဲ့ Show ပွဲတွေမှာ ကူညီတီးခတ်ဖြစ်ခဲ့ပါတယ်။
- ဂစ်တာတီးနေရာကနေ သီချင်းဆိုဖို့ စိတ်ဝင်စားလာတဲ့အကြောင်း။
♫ စီးရီးထုတ်ဖြစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တွေပေါ့။ ငယ်သူငယ်ချင်းများနဲ့
ပြန်ဆုံဖြစ်ပြီးနောက်မှာ အမှတ်တရအနေနဲ့ “ကျောက်စာများ” ကို စလုပ်ဖြစ်တယ်။
အဲဒီမှာ စဆိုတာပါ။
- အခု သီချင်းဆိုတဲ့မျိုးကြီးကို Playerမျိုးကြီးက ဘာအထောက်အပံ့ပေးသလဲ။
♫ အများကြီးအထောက်အကူဖြစ်တာပေါ့ဗျာ။ တီးထားတဲ့ Music တွေကို
နားလည်ခံစားပြီးမှ ဆိုရတာ ပိုပြီးအဓိပ္ပာယ် ရှိမှာပါ။
- “ကျောက်စာများ” သီချင်းအဓိပ္ပာယ်နဲ့ ရေးသူအမည်။
♫ “ကျောက်စာများ” ကို တေးရေး “ဖိုးဇော်” ရေးခဲ့ပါတယ်။ သီချင်းရဲ့ အဓိပ္ပာယ်က
သေမင်းရဲ့ ကျောက်စာတွေထဲမှာ သူ့ရဲ့ နာမည်ရေးထိုးဖို့ ဝိညာဉ်ဆိုးတွေက
လာခေါ်တဲ့အကြောင်း သွေးပျက်ချောက်ချားစရာ အကြောင်းတွေကို ရေးထားတာပါ။
- ခင်ဗျားရဲ့  Producer လေးဖြူနဲ့ ခင်ဗျားနဲ့ အခွေထုတ်ဖြစ်တဲ့ ရာဇဝင်။
♫ အခွေစလုပ်ပြီးလို့ ခြောက်လ၊ ခုနှစ်လ အကြာမှာ အကြောင်းအမျိုးမျိုးကြောင့်
အခက်အခဲတွေ့နေရတဲ့အချိန်မှာ ကိုလေးက အခွေကို ဆက်လုပ်တယ်။ ကိုလေးက
အစစအရာရာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါတယ်။
- ခင်ဗျားရဲ့ “ကျောက်စာများ” ကို အချိန်ဘယ်လောက်ယူပြီး ဖန်တီးခဲ့ရသလဲ။
♫ “ကျောက်စာများ” ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကျော်ကျော် အချိန်ကတည်းက
စဖန်တီးခဲ့တာပါ။
- တစ်ခွေလုံးကို ခင်ဗျားစိတ်တိုင်းကျ ဖြစ်ရဲ့ လား။
♫ Player တွေကလည်း မညီးမညူ အကောင်းဆုံးတီးပေးကြပါတယ်။
- Player လုပ်ဖို့ကော အစီအစဉ် ရှိသေလား။
♫ အသက်ရှင်နေသရွေ့တော့ ဂစ်တာတီးတာကို မရပ်ချင်သေးဘူးဗျာ။
- ခင်ဗျားရဲ့ ရှေ့ခရီး ရည်မှန်းချက်က ဘာလဲ။
♫ ရည်မှန်းချက်ကတော့ Rock တေးဂီတကို ကြိုးစားဖန်တီးပြချင်တာပါပဲ ။
- တခြားပြောချင်တာရှိရင်။
♫ ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံမှာ Rock ဂီတကို အစဉ်သဖြင့်
ခိုင်မြဲစေချင်ပါတယ်။
ကိုဦး(သင်္ချာ)နှင့် အလင်္ကာအဖွဲ့ 
ဇန်နဝါရီ၊ ၁၉၉၇
# Ka Lee
# Ko Naing
ရော့ခ်နှင်ပတ်ဝန်းကျင် fb group မှ.....
◘◘◘◘◘
- မျိုးကြီးရဲ့ ရာဇဝင်အကျဉ်းလေး ပြောပြပါ။
♫ နာမည်ရင်းက မျိုးမင်းဌေးပါ။ မိဘတွေကတော့ ဦးတင်မောင်ဌေး၊ ဒေါ်တင်ထွေးပါ။
ညီအစ်ကိုနှစ်ယောက်မှာ အကြီးဆုံးပါ။ ငယ်ငယ်ကတည်းက ဂီတအနုပညာပေါ် Crazy
ဖြစ်ခဲ့ပါတယ်။ အသက် ၁၂ နှစ်မှာ ဦးလေးအရင်းဖြစ်တဲ့ ဦးရဲလွင်(မဇ္ဈိမလှိုင်း) ဆီမှာ
ဂစ်တာအတီးကို သင်ယူခဲ့ပါတယ်။ ၁၀ တန်းဖြေပြီးတဲ့နှစ်မှာ ကိုချစ်စမ်းမောင် I.C ဆီမှာ
ဂစ်တာပညာကို ထပ်လေ့လာခဲ့ပါတယ်။
- Ghost Rider မှာ ဂစ်တာသမားအနေနဲ့ ပါဝင်ခဲ့ဖူးတဲ့အကြောင်း ပြောပြပါ။
♫ Ghost Rider ဂစ်တာသမား အေးအောင် အင်္ဂလန်ထွက်သွားလို့ ၁၀ တန်း
အောင်ပြီးတဲ့နှစ်မှာ Ghost Rider ကို ဂစ်တာသမားတစ်ယောက်အဖြစ်
ရောက်ရှိခဲ့ပါတယ်။ Ghost Rider ရဲ့ Show ပွဲတွေမှာ ကူညီတီးခတ်ဖြစ်ခဲ့ပါတယ်။
- ဂစ်တာတီးနေရာကနေ သီချင်းဆိုဖို့ စိတ်ဝင်စားလာတဲ့အကြောင်း။
♫ စီးရီးထုတ်ဖြစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တွေပေါ့။ ငယ်သူငယ်ချင်းများနဲ့
ပြန်ဆုံဖြစ်ပြီးနောက်မှာ အမှတ်တရအနေနဲ့ “ကျောက်စာများ” ကို စလုပ်ဖြစ်တယ်။
အဲဒီမှာ စဆိုတာပါ။
- အခု သီချင်းဆိုတဲ့မျိုးကြီးကို Playerမျိုးကြီးက ဘာအထောက်အပံ့ပေးသလဲ။
♫ အများကြီးအထောက်အကူဖြစ်တာပေ
နားလည်ခံစားပြီးမှ ဆိုရတာ ပိုပြီးအဓိပ္ပာယ် ရှိမှာပါ။
- “ကျောက်စာများ” သီချင်းအဓိပ္ပာယ်နဲ့ ရေးသူအမည်။
♫ “ကျောက်စာများ” ကို တေးရေး “ဖိုးဇော်” ရေးခဲ့ပါတယ်။ သီချင်းရဲ့ အဓိပ္ပာယ်က
သေမင်းရဲ့ ကျောက်စာတွေထဲမှာ သူ့ရဲ့ နာမည်ရေးထိုးဖို့ ဝိညာဉ်ဆိုးတွေက
လာခေါ်တဲ့အကြောင်း သွေးပျက်ချောက်ချားစရာ အကြောင်းတွေကို ရေးထားတာပါ။
- ခင်ဗျားရဲ့  Producer လေးဖြူနဲ့ ခင်ဗျားနဲ့ အခွေထုတ်ဖြစ်တဲ့ ရာဇဝင်။
♫ အခွေစလုပ်ပြီးလို့ ခြောက်လ၊ ခုနှစ်လ အကြာမှာ အကြောင်းအမျိုးမျိုးကြောင့်
အခက်အခဲတွေ့နေရတဲ့အချိန်မှာ
အစစအရာရာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါတယ်။
- ခင်ဗျားရဲ့ “ကျောက်စာများ” ကို အချိန်ဘယ်လောက်ယူပြီး ဖန်တီးခဲ့ရသလဲ။
♫ “ကျောက်စာများ” ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကျော်ကျော် အချိန်ကတည်းက
စဖန်တီးခဲ့တာပါ။
- တစ်ခွေလုံးကို ခင်ဗျားစိတ်တိုင်းကျ ဖြစ်ရဲ့ လား။
♫ Player တွေကလည်း မညီးမညူ အကောင်းဆုံးတီးပေးကြပါတယ်။
- Player လုပ်ဖို့ကော အစီအစဉ် ရှိသေလား။
♫ အသက်ရှင်နေသရွေ့တော့ ဂစ်တာတီးတာကို မရပ်ချင်သေးဘူးဗျာ။
- ခင်ဗျားရဲ့ ရှေ့ခရီး ရည်မှန်းချက်က ဘာလဲ။
♫ ရည်မှန်းချက်ကတော့ Rock တေးဂီတကို ကြိုးစားဖန်တီးပြချင်တာပါပဲ
- တခြားပြောချင်တာရှိရင်။
♫ ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံမှာ Rock ဂီတကို အစဉ်သဖြင့်
ခိုင်မြဲစေချင်ပါတယ်။
ကိုဦး(သင်္ချာ)နှင့် အလင်္ကာအဖွဲ့ 
ဇန်နဝါရီ၊ ၁၉၉၇
# Ka Lee
# Ko Naing
ရော့ခ်နှင်ပတ်ဝန်းကျင် fb group မှ.....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။