ဗိုလ်ချုပ်ပြောတဲ့ သူ့ရဲ့ငယ်ဘဝ
==================
``ဖေဖော်ဝါရီ ၁၃ ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရနန်းတို့ကိုဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးသော ကျနော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြချေ``
``ကျနော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲသားငါးကို အလွန်ကြိုက်သည်။ ကျနော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျနော့်ကို ချီ၍ သွားလေသည်။ တခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျနော် ကြားသိရပေသည်။ လူရိုင်းဘဝက ကျနော် လာသလားမသိ။ ယနေ့ထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူ၏။ ဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ကျနော် ကြိုက်၏။ ကျနော့်စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟု ယူဆသည်။ ကျနော် ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည်ဆိုသည့် အချက်ကို နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း မကြိုးစားချင်၊ ကျနော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး၊ အသက် ၈ နှစ်ထဲ ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်၊ အမူအယာလည်း ကြမ်း၏။ အလိုက်လည်း မသိ၊ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တခုမျှမရှိ``
``ကျနော်၏အထက် အကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ၊ ၄ နှစ်မျှ ကွာ၏။ သူနှင့် ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက် ဖြစ်၏။ သူကား လက်မြန်၏။ ကျနော်ကား အားကြီး၏။ မချိန်မဆ လက်လွှတ်စပယ် လုပ်တတ်၏။ သူကား နု၏။ မင်းသား ကျချင်၏။ ကျနော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်သည်။ အစားဆိုလည်း အစာတိုင်း မစား၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။ ကျနော်ကား မဝတ်တတ်။ မြန်မြန်ညစ်အောင် ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျင်၏။ ကျနော်ကား ထူ၏။ အေး၏။ ကျနော်ကား မြှောက်လို့ မြှောက်မှန်းမသိ၊ ချော်လို့ ချော်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တခါသော် ၁ဝ မိုင်ခန့်အကွာ ရွာတရွာသို့ ကျနော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျနော့်အား မြှောက်၍ ဗိုလ်ကြီး-ဗိုလ်ကြီးဟု ခေါ်ရာကျနော်မှာ များစွာသဘောကျကာ ထညက်ဖြူဆုတ်တွေ ခေါ်တိုင်း ပေးခဲ့ဖူးသည်``
``ကျနော်၏ ဖခင်သည် ကျနော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တနေ့နေ၍ စကားတခွန်း မပြော၊ မျက်နှာထား ဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။ ငြင်းမိလျှင် အလျှော့မပေးတတ်၊ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထိုကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျနော်တို့ မမှတ်မိ။ ကျနော်တို့အား အခြားသူတဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျနော်တို့ ဖေဖေကား ဓားမထက် တထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။ ကျနော်တို့သည် ၎င်း ခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျနော့်အကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျနော်ကား မငို။ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်၏။``
``… ကျနော်သည် ငယ်စဉ်က ချောင်တချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ် သည်။ ကလေးနှင့် မလိုက်၊ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုံစားများစွာ မလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွက်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျနော်နှင့် မဖြစ်။ အချုပ်ဆိုလျှင် ကျနော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောင်းစောင်းကဲ့သို့ အဖုအထစ်၊ အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေညီညာသော မြက်ခင်းသဖွယ် ရှုချင်သဖွယ် မဟုတ်ပေ…``
#သုတဇုန် http://www.thutazone.com/2015/08/blog-post_24.html

``ဖေဖော်ဝါရီ ၁၃ ကား
နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင်
တိုင်းပြည်တပြည်၏ အစိုးရနန်းတို့ကိုဖြိုဖျက်နိုင်စွမ်းသောသူများ
မွေးတတ်သောနေ့ဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးသော ကျနော်မှာ
သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား
မထင်ခဲ့ကြချေ``
``ကျနော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်။ အနာအဖျား ထူသည်။
အစားကြူးသည်။ အမဲသားငါးကို အလွန်ကြိုက်သည်။ ကျနော်၏ မိခင် ဈေးဝယ်သွားရာ
ရံဖန်ရံခါ ကျနော့်ကို ချီ၍ သွားလေသည်။ တခါသော် အမဲသားစိမ်းကို အတင်းလု၍
စားမည်ပြုသည်ဟု ကျနော် ကြားသိရပေသည်။ လူရိုင်းဘဝက ကျနော် လာသလားမသိ။ ယနေ့ထိ
လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ လူရိုင်းကား ကြမ်း၏။
ခက်ထန်၏။ သို့သော် ဖြူ၏။ ဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။
သန်စွမ်း၏။ ကျနော် ကြိုက်၏။ ကျနော့်စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟု
ယူဆသည်။ ကျနော် ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည်ဆိုသည့်
အချက်ကို နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း
မကြိုးစားချင်၊ ကျနော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး၊ အသက် ၈ နှစ်ထဲ
ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့်
မလျှောက်တတ်၊ အမူအယာလည်း ကြမ်း၏။ အလိုက်လည်း မသိ၊ ညစ်လည်း ညစ်ပတ်သည်။
ကိုယ့်စည်းကမ်းဟူ၍လည်း တခုမျှမရှိ``
``ကျနော်၏အထက် အကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ၊ ၄ နှစ်မျှ
ကွာ၏။ သူနှင့် ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက် ဖြစ်၏။ သူကား လက်မြန်၏။
ကျနော်ကား အားကြီး၏။ မချိန်မဆ လက်လွှတ်စပယ် လုပ်တတ်၏။ သူကား နု၏။ မင်းသား
ကျချင်၏။ ကျနော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်သည်။
အစားဆိုလည်း အစာတိုင်း မစား၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့
ကျသွားလျှင် သူသည် မစားတော့။ ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။
သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။ ကျနော်ကား မဝတ်တတ်။
မြန်မြန်ညစ်အောင် ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ
တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျင်၏။
ကျနော်ကား ထူ၏။ အေး၏။ ကျနော်ကား မြှောက်လို့ မြှောက်မှန်းမသိ၊ ချော်လို့
ချော်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တခါသော် ၁ဝ မိုင်ခန့်အကွာ ရွာတရွာသို့
ကျနော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ
ရွယ်တူလောက် ကလေးတယောက်က ကျနော့်အား မြှောက်၍ ဗိုလ်ကြီး-ဗိုလ်ကြီးဟု
ခေါ်ရာကျနော်မှာ များစွာသဘောကျကာ ထညက်ဖြူဆုတ်တွေ ခေါ်တိုင်း ပေးခဲ့ဖူးသည်``
``ကျနော်၏ ဖခင်သည် ကျနော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တနေ့နေ၍ စကားတခွန်း
မပြော၊ မျက်နှာထား ဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။
လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ
ကြမ်း၏။ ငြင်းမိလျှင် အလျှော့မပေးတတ်၊ သို့သော် စိတ်နှလုံးကား
အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထိုကြောင့် ရှေ့နေစာမေးပွဲ
ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျနော်တို့ မမှတ်မိ။ ကျနော်တို့အား
အခြားသူတဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျနော်တို့ ဖေဖေကား
ဓားမထက် တထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင်
ခေါင်းရည်နာ၏။ ကျနော်တို့သည် ၎င်း ခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။
သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျနော့်အကိုကား အမြဲငို၏။ ငိုတိုင်း
ခေါင်းပုတ်ခံရ၏။ ကျနော်ကား မငို။ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်
လွတ်၏။``
``… ကျနော်သည် ငယ်စဉ်က ချောင်တချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း
နေတတ်
သည်။ ကလေးနှင့် မလိုက်၊ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုံစားများစွာ
မလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော
ကစားမျိုးကိုမှ နှစ်သက်သည်။ တွက်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း
စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော
အလုပ်ဆိုလျှင် ကျနော်နှင့် မဖြစ်။ အချုပ်ဆိုလျှင် ကျနော်၏ ကလေးဘဝမှာ
ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောင်းစောင်းကဲ့သို့
အဖုအထစ်၊ အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေညီညာသော မြက်ခင်းသဖွယ်
ရှုချင်သဖွယ် မဟုတ်ပေ…``
ဗိုလ်ချုပ်အတ္ထုပတ္တိ မှ
Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။