ရင်းနှီးမှုလေးကို တန်ဖိုးထားပေးပါ
************************** *************
ဘယ်သူပဲဖြစ်ဖြစ်...
ဘယ်အခါပဲဖြစ်ဖြစ်...
ဘယ်အခြေအနေပဲဖြစ်ဖြစ်...
ကိုယ်ပိုင်ဆိုင်ရရှိထားတဲ့ ရင်းနှီးကျွမ်းဝင်မှုလေးတစ်ခုကို
တန်ဖိုးထားတတ်ဖို့လိုပါတယ်။
လူ့ဘဝဆိုတာ တကယ့်တိုတိုလေး...
လူသန်းပေါင်းများစွာထဲကမှ ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင်လေး ဆုံကြုံခွင့်ရခဲ့တာမို့...
သာမာန် ရင်းနှီးကျွမ်းဝင်မှုလေးဖြစ် သည့်တိုင်အောင်
တန်ဖိုးထားတတ်ဖို့လိုပါတယ်။
ကိုယ့်ရဲ့ အလေးအနက်မထားတဲ့ စကားတစ်ခွန်းက တစ်ဘက်လူကို ပြင်းစွာထိရှစေတတ်သလို၊
ကိုယ်ရဲ့ အလေးအနက်မထားတဲ့ အာရုံတစ်ခုကလည်း
တစ်ဘက်လူကို နာကျည်းစေတတ်ပါတယ်။
ဘာလုပ်လုပ် ကိုယ်ချင်းစာစိတ်လေးထားပြီး အတ္တကို နည်းနိုင်သမျှ နည်းစေခြင်းဖြင့်...
ရင်းနှီးကျွမ်းဝင်မှုလေးရဲ့ တန်ဖိုးကို တက်စေတာ အကောင်းဆုံးပါ။
တန်ဖိုးမထားတာကို ခံစားရဖန်များလာတဲ့ တစ်ဘက်လူကလည်း တူညီတဲ့ တုံ့ပြန်မှုတွေ ရှိလာခဲ့မှလည်း အပိုစကားတွေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့တော့။ စိတ်ပျက်ခြင်းဟာ ဘယ်လိုနည်းနဲ့မှ ပြန်ဖြေဖျက်ဖို့ မလွယ်တဲ့ ကိစ္စမို့ပါ။
ခဏတာကြုံဆုံလာရတဲ့ ဘဝမှာ အပျော်လေးတွေနဲ့ပဲ ဆုံကြုံစေဖို့ ရင်းနှီးကျွမ်းဝင်မှုတိုင်းကို တန်ဖိုးထားလိုက်ရအောင်ပါ။
သီဟလုလင်
**************************
ဘယ်သူပဲဖြစ်ဖြစ်...
ဘယ်အခါပဲဖြစ်ဖြစ်...
ဘယ်အခြေအနေပဲဖြစ်ဖြစ်...
ကိုယ်ပိုင်ဆိုင်ရရှိထားတဲ့ ရင်းနှီးကျွမ်းဝင်မှုလေးတစ်ခ
တန်ဖိုးထားတတ်ဖို့လိုပါတယ်။
လူ့ဘဝဆိုတာ တကယ့်တိုတိုလေး...
လူသန်းပေါင်းများစွာထဲကမှ ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင်လေး ဆုံကြုံခွင့်ရခဲ့တာမို့...
သာမာန် ရင်းနှီးကျွမ်းဝင်မှုလေးဖြစ်
တန်ဖိုးထားတတ်ဖို့လိုပါတယ်။
ကိုယ့်ရဲ့ အလေးအနက်မထားတဲ့ စကားတစ်ခွန်းက တစ်ဘက်လူကို ပြင်းစွာထိရှစေတတ်သလို၊
ကိုယ်ရဲ့ အလေးအနက်မထားတဲ့ အာရုံတစ်ခုကလည်း
တစ်ဘက်လူကို နာကျည်းစေတတ်ပါတယ်။
ဘာလုပ်လုပ် ကိုယ်ချင်းစာစိတ်လေးထားပြီး
ရင်းနှီးကျွမ်းဝင်မှုလေးရဲ့ တန်ဖိုးကို တက်စေတာ အကောင်းဆုံးပါ။
တန်ဖိုးမထားတာကို ခံစားရဖန်များလာတဲ့ တစ်ဘက်လူကလည်း တူညီတဲ့ တုံ့ပြန်မှုတွေ ရှိလာခဲ့မှလည်း အပိုစကားတွေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့တော့။ စိတ်ပျက်ခြင်းဟာ ဘယ်လိုနည်းနဲ့မှ ပြန်ဖြေဖျက်ဖို့ မလွယ်တဲ့ ကိစ္စမို့ပါ။
ခဏတာကြုံဆုံလာရတဲ့ ဘဝမှာ အပျော်လေးတွေနဲ့ပဲ ဆုံကြုံစေဖို့ ရင်းနှီးကျွမ်းဝင်မှုတိုင်းက
သီဟလုလင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။