ကိုမျိုးကြီး ပြောပြခဲ့ဖူးသော………
•••••••••••••••
မျိုးကြီးခရေဇီအများစုမသိသေးတဲ့ / သိချင်နေတဲ့
ကိုမျိုးကြီး ရဲ့  ငယ်ဘဝဇာတ်ကြောင်းကို
ပြန်လည်ရှာဖွေပြီးတော့ တင်ပေးလိုက်ပါသည်။
{အင်တာဗျူးမေးခွန်းတွေကို
မေးမြန်းခဲ့သူကတော့ သရဖူမဂ္ဂဇင်းက
(ကို)ဇောရိုး ဖြစ်ပါတယ်}
.
.
.
Q - ကိုမျိုးကြီး မိဘနာမည်တွေ သိပါရစေ??
MG - ဦးတင်ဦးဌေး၊ ဒေါ်တင်တင်ထွေး။ နှစ်ယောက်စလုံး ဝန်ထမ်းတွေပါ။
Q - ညီအစ်ကိုမောင်နှမ ....??
MG - နှစ်ယောက်၊ ကျွန်တော့်အောက်မှာ ညီတစ်ယောက်ရှိတယ်။
Q - ကိုမျိုးကြီး နာမည်အရင်းက ....??
MG - ကျွန်တော် မျိုးမင်းဌေး၊ ညီနာမည်က စည်သူဌေး။
Q - 'မျိုးကြီး'ဆိုတာ သီချင်းဆိုဖို့ ရွေးတဲ့နာမည်လား??
MG - ငယ်နာမည်ပါ။
Q - ဇာတိက ....??
MG - ရန်ကုန်ပဲဗျ။
Q - ကိုမျိုးကြီး Date of Birth ပြောလို့ရမလား??
MG - မွေးနေ့က မတ်လ ၂၂ရက်၊
၁၉၇၆ ခုနှစ်။
Q - ဘယ်ကျောင်းမှာတက်ခဲ့လဲ??
MG - ကျွန်တော် ဆယ်တန်းအောင်တာတော့ လှိုင် (၂)က အောင်တာ။ တက္ကသိုလ်ကတော့ Third Year အထိ R.C-2ပေါ့။ ဘွဲ့ရတာကတော့
ဒဂုံတက္ကသိုလ်က ရတာ။
Q - ဘာမေဂျာလဲ??
MG - Zoo ဗျ။
Q - ဂီတလောကကို ဘယ်လို ဝင်ရောက်လာတယ်ဆိုတာ ပြောပြပါဦး??
MG - ကျွန်တော်က ၉၃ မှာ ဆယ်တန်းအောင်တော့ ဒီလောကထဲ ဝင်ဖို့ ကြိုးစားတယ်။ ပထမဆုံး ကျွန်တော့်ဆရာကတော့ ကိုချစ်စမ်းမောင်ပေါ့နော်။ သူ့ဆီမှာ ဂစ်တာပညာ လေ့လာတယ်။ ကျွန်တော်က ဂစ်တာသမားဖြစ်ချင်တာကိုး။ နောက် တကယ်တမ်း တီးဖြစ်တဲ့အခါကျတော့ ၉၃ ထဲမှာပဲ ထင်တယ်။ မျိုးမျိုးတို့နဲ့ Ghost Rider မှာ ၉၅ လောက်အထိ တီးဖြစ်တယ်။ အဲဒါပြီးတော့ မတီးဖြစ်ဘဲနဲ့ နှစ်နှစ်လောက် အခွေသွင်းဖို့ ကြိုးစားခဲ့တယ်။ ၉၇ ကျမှ ကျွန်တော့်အခွေထွက်တာ။ အဲဒီအချိန်က စပြီး အနုပညာသက်တမ်းအရ ပြောမယ်ဆိုရင် အဆိုတော်ဖြစ်တာ ရှစ်နှစ်ရှိပြီလို့ ပြောရင် ရပါတယ်။
Q - အဆိုတော်မဖြစ်ခင် ကျောင်းသားဘဝတုန်းက ဆိုတာ၊ တီးတာ ရှိခဲ့မှာပေါ့??
MG - ကျောင်းမှာတော့ မရှိဘူး။ ရပ်ကွက်မှာ ရှိတယ်။ သင်္ကြန်ပွဲပေါ့ဗျာ။ အဲဒီတုန်းက ဘယ်လိုင်းမှ မရောက်သေးဘူး။ ကိုချစ်စမ်းမောင်ဆီမှာလည်း ဂစ်တာမသင်ခင်ပေါ့နော်။ လှိုင်မှာ သင်္ကြန်ဆိုရင် ရပ်ကွက်ပေါင်းစုံက ရပ်ကွက်တစ်ခုကို တီးဝိုင်းတစ်ဝိုင်း ထွက်ရတယ်လေ။ ကျွန်တော်တို့ အဲဒီတုန်းက တီးခဲ့ဖူးတယ်။ တစ်ခါ။
Q - အဲဒီတုန်းက ဆိုတာလား၊ တီးတာလား??
MG - တီးတာ။ မဆိုသေးဘူး။ ဝါသနာအရ ပြောမယ်ဆိုရင် ကျွန်တော်က တီးတာကို ပိုပြီး ဝါသနာပါတာကိုး။
Q - ဘာတီးတာလဲ။
MG - လိ(ဒ်) ဂစ်တာ တီးတာ။
Q - အတီးကို ပိုအားသန်တဲ့လူက ဘယ်လိုလုပ်ပြီး ဆိုဖြစ်သွားတာလဲ??
MG - ဂစ်တာ စတီးပြီး သင်တဲ့လူတွေကတော့ တော်တော်များများ အဆိုနဲ့ တွဲတွဲပြီး ကျင့်ကြတာ များပါတယ်။ ဆိုမှပဲ တီးရတာ အဆင်ပြေတာကိုး။ ဆိုလိုက် တီးလိုက်။ ဆိုလိုက် တီးလိုက်နဲ့။ ဒါပေမဲ့ ဘယ်လိုခေါ်မလဲ။ ကျွန်တော်က အတီးကို ထွန်းထွန်းပေါက်ပေါက် မဖြစ်ဘူးဗျ။ ကိုယ်ညံ့တယ်လို့ပဲ ပြောရမှာပေါ့။ အဆိုကတော့ အဆင်ပြေသွားတယ်။ ကိုယ်ဖြစ်ချင်တဲ့ အတီးသမားကတော့ မဖြစ်ဘူး။
Q - သီချင်းဆိုတော့မယ်လို့ ဘယ်လိုကြောင့် ဆုံးဖြတ်ချက် ချဖြစ်သွားတာလဲ??
MG - အဲ ... အများဆုံးကတော့ ဘော်ဒါတွေရဲ့  တိုက်တွန်းမှုကြောင့် ပါတယ်ဗျ။
Q - ကိုချစ်စမ်းမောင်ဆီမှာ ဂစ်တာသွားသင်တဲ့အချိန်က သူတို့ Iron Cross ဖြစ်နေပြီလား??
MG - IC ဖြစ်ပြီ။ အိုင်စီက ကျွန်တော် သူတို့နဲ့ မတွေ့ခင် နှစ်နှစ်လောက်ကတည်းက ဖွဲ့ဖြစ်တာ ထင်တယ်။ ကျွန်တော် သူတို့နဲ့ တွေ့ဖြစ်တာ ၉၃ လောက်မှာ။
Q - ဂီတလောကကို ဝင်ရောက် ခြေချနိုင်ဖို့ စပြီး ကြိုးစားရတဲ့အချိန်ဟာ အပင်ပန်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်??
MG - အင်း ... ဟုတ်ပါတယ်။
Q - အဲဒီတုန်းက ကြိုးစားအားထုတ်ခဲ့ရတဲ့ အပိုင်းတွေ ပြောပြပါဦး??
MG - ကျွန်တော့် အထင်အရတော့ အဲဒီတုန်းက ကျွန်တော့်စိတ်မှာ ဒါကို ကြိုးစားနေတယ်လို့ ကျွန်တော် မထင်ဘူး။ ဝါသနာအရ ဖြစ်ချင်လို့ ကိုယ့်ဟာကိုယ် လိုက်လုပ်နေတယ်လို့ပဲ ထင်တယ်။ ဒါကြီးကို စာကျက်ပြီးတော့ ငါ စာကျက်တယ်။ ပြီးရင် စာမေးပွဲ ဖြေရမယ်။ အဲလိုကြီး စိတ်ထဲမှာ မရှိဘူး။ ကိုယ် စာကျက်နေတာကို ကျက်နေတယ်လို့ ကိုယ်မထင်ဘူး။ သဘောပေါက်မလား မသိဘူး။ ကိုယ်က ဒါကို ဝါသနာပါလို့ လိုက်လုပ်နေတယ်။ အဲဒီလိုပဲ ထင်တာ။ နောက်ပိုင်းမှသာ သြော် ... ငါ လုပ်ခဲ့တာတွေက ကိုယ့်အတွက် ပြန်အကျိုးရှိပါလားပေါ့နော် ။ နောက်ပိုင်းမှ သဘောပေါက်တာ။ အဲဒီတုန်းက သဘောမပေါက်ဘူး။
Q - အတီးမှာ ကိုချစ်စမ်းမောင်က ဆရာပေါ့။ အဆိုမှာကော ဘယ်သူက ဆရာလဲ??
MG - ဆိုတဲ့အပိုင်းမှာတော့ ကျွန်တော့် ဆရာ မရှိပါဘူး။ ဒါပေမဲ့ များသောအားဖြင့် နောက်ပိုင်းအခွေတွေမှာတော့ Vocal Guide လုပ်ပေးတာ ကိုလေးဖြူပါ။ ကျွန်တော့်ရဲ့  ပရိုဂျူဆာလို့လည်း ပြောလို့ရတယ်။ ကျွန်တော့်ကို Guide လုပ်ပေးတဲ့ ဆရာလို့လည်း ပြောလို့ရပါတယ်။
Q - ကိုလေးဖြူနဲ့ ဆုံကြပုံလေး ပြောပါဦး??
MG - ၉၃ မှာပဲ။ ကိုချစ်စမ်းမောင်ဆီမှာ ဂစ်တာသင်တော့ LYNN စတူဒီယိုမှာပဲ အိုင်စီအဖွဲ့က အကုန်လုံး စုနေကြတာကိုး။ ကျွန်တော်က LYNN ကို နေ့တိုင်း သွားလိုက် ပြန်လိုက်နဲ့။ ကိုလေးဖြူတို့ကလည်း LYNN မှာပဲ စုနေနေကြတာဆိုတော့ တစ်ဖွဲ့လုံးနဲ့ ရင်းနှီးသွားတယ်။ ဒါပါပဲ။
Q - စောစောက ပြောတဲ့ထဲမှာ ကိုလေးဖြူက ကိုမျိုးကြီးရဲ့  ပရိုဂျူဆာလို့ ပြောတယ်။ ဘယ်လိုကြောင့် လုပ်ဖြစ်သွားတာလဲ??
MG - အင်း ... ကျွန်တော့်အခွေကြမ်းဗျ။ ကျွန်တော်ထုတ်မယ့် သီချင်းတွေကို အစမ်းဆိုကြည့်ထားတဲ့ အခွေကြမ်းကို သူနားထောင်ပြီး လုပ်ဖြစ်သွားတာပဲ။
Q - ဘယ်သူရေးတဲ့ သီချင်းတွေလဲ??
MG - ကေအေတီ၊ ဖိုးဇော်၊ ကိုမိုး၊ ကောင်းဆက်။
Q - စီးရီး Title က ...??
MG - ကျောက်စာများပေါ့။ ပထမဦးဆုံး အခွေပဲ။
Q - ၉၇ မှာ ထွက်တာနော်??
MG - ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော် အဲဒီစီးရီးသွင်းတာ ၉၄ လောက်ကတည်းက သွင်းတာ။ သုံးနှစ်လောက် ကြာသွားတယ်။
Q - ဘာဖြစ်လို့လဲ??
MG - ပထမဆုံး အခွေကတော့ ထုံးစံအတိုင်း အဆိုတော်သစ် တော်တော်များများလည်း ကြံဖူးကြမှာပါ။ အဓိက ငွေရေးကြေးရေး အခက်အခဲပေါ့။
Q - 'ကျောက်စာ' ပြီးတော့ ...??
MG - 'ကျောက်စာ' ပြီးတော့ 'လေပြေ'
အဲဒီအခွေနဲ့ လူသိများသွားတယ်။
'လေပြေ' ပြီးတော့ 'အခမ်းနားဆုံး'
ပြီးတော့ 'အပြန်လမ်း'
အဲဒီကြားထဲမှာ ကျွန်တော်ရယ်
ကိုလေးဖြူရယ် ကိုအငဲရယ်
သုံးယောက် 'ရာစုသစ်'
နောက်ဆုံး ထွက်ထားတာက
'ဆန့်ကျင်ဘက်'ပေါ့။
•••••••••••••••••••••••
ကိုမျိုးကြီးနဲ့ သူ့ရဲ့  ချစ်ဇနီးဖြစ်သောမဇင်မာလွင် (မလုံးလုံး)နဲ့ ပတ်သက်တဲ့ချစ်သူရည်းစားဘဝ အကြောင်းများ၊အိမ်ထောင်သည်ဘ ဝ အကြောင်းများ။
************************** *******
.
.
.
Q - ကိုမျိုးကြီး အိမ်ထောင်ကျတာ ဘယ်နှခုနှစ်လဲ??
MG - ၂၀၀၀ ပြည့်နှစ်။
Q - အမျိုးသမီးနာမည်က...??
MG - မဇင်မာလွင်။
Q - ဘယ်အချိန်တုန်းက ဘယ်မှာ ဆုံခဲ့ကြတာလဲ??
MG - သူနဲ့က ၉၃ မှာ တွေ့တာ။ ကျွန်တော် ဂစ်တာတီးတဲ့ပွဲမှာ တွေ့တာ။ သူက ပရိသတ်ပေါ့။ ကျွန်တော်နဲ့က အသက်အတူတူပဲ။ နှစ်ယောက်စလုံး ဆယ်တန်းအောင်တဲ့အချိန်ပေါ့။
Q - ၉၃ မှာ စတွေ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ယူဖြစ်ကြတယ်ဆိုတော့...??
MG - ၉၃ မှာ စတွေ့ပေမယ့် ၉၆ မှ ရည်းစားဖြစ်တာ။
Q - ကြားထဲမှာ...??
MG - သူငယ်ချင်းတွေပေါ့ အစ်ကိုရ။
Q - သူငယ်ချင်းဘဝကနေ နီးစပ်သွားတာလား??
MG - ပရိသတ်တစ်ယောက်အနေနဲ့ အားပေးရင်း နီးစပ်သွားတာ။
Q - ဂီတကို ဝါသနာပါတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ဘယ်လို ဝေဖန်သုံးသပ်မှုတွေ ပေးခဲ့ဖူးလဲ??
MG - သူက များသောအားဖြင့် ကျွန်တော်လုပ်တာ အဆိုး တစ်ခါမှ မပြောဖူးဘူး။ အကုန်လုံး အကောင်းပဲ။ သီချင်းနဲ့ပတ်သက်ပြီး ဟာ ... ဒီသီချင်းကြီး မကောင်းဘူးပြောတာ တစ်ခါမှ မရှိဖူးဘူး။ ကျွန်တော် လုပ်လာတဲ့၊ ဆိုလာတဲ့ သီချင်းတွေ အကုန်လုံး သူက ကောင်း ... ကောင်းပဲ။
Q - အဲဒီထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးဆိုတာမျိုး ပြောဖူးတာ ရှိလား??
MG - အဲဒါတော့ သူ့ကို မေးကြည့် အစ်ကိုရ။ အနောက်မှာ ရှိတယ်။ (ပြောပြီး ရယ်သည်) ဒါပေမဲ့ ဒါက ကျွန်တော် နောက်ပိုင်း သီချင်းဆိုမှ ပြောတာပေါ့နော်။ စ, ကျွန်တော်တို့ သိခါစက ကျွန်တော် အဆိုတော်တစ်ယောက် မဟုတ်ဘူး။ ဂစ်တာသမားဖြစ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပဲ ရှိသေးတာကိုး။ အဆိုတော်တစ်ယောက်မို့လို့ ကြိုက်ခဲ့တာမျိုး မဟုတ်ဘူး။ ကျွန်တော် သီချင်းဆိုမှန်းလည်း သူ မသိဘူး။ သူနဲ့ ရည်းစားဖြစ်တာ ၉၆။ ကျွန်တော်က ၉၇ မှ အခွေ စ,ထွက်တာ။
Q - အခွေ စ,ထွက်တော့ သူ့ သဘောထားက ဘယ်လို ရှိခဲ့လဲ??
MG - သူက အားပေးပါတယ်။ ကျွန်တော့်အခွေ အကြမ်း ဆိုထားတာ ဖွင့်ပြတော့လည်း ကောင်းတယ်ပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းတယ်ပဲ။ ဘယ်လို အော်အော် နားညည်းအောင် အော်လည်း ကောင်းတယ်ပဲ။
Q - ပထမဆုံး ထွက်လာတဲ့ အခွေထဲမှာ သူ့ကိုရည်ရွယ်ပြီး ဆိုထားတဲ့ သီချင်းမျိုးပါလား??
MG - အဲဒီလိုမျိုးတော့ မရှိဘူး။
Q - နောက်ပိုင်းမှာရော...??
MG - မရှိပါဘူး။ တစ်ပုဒ်မှတော့ အဲဒီလိုမျိုး မရှိဘူး။ ကျွန်တော်တို့က တေးရေးဆရာ အပ်လိုက်တယ်။ သူတို့ ရေးလာတယ်။ သူတို့ ရေးပေးတဲ့ အကြောင်းအရာလေးတွေ ဆိုလိုက်တာပဲ။ 'ဒီသီချင်းလေးကတော့ ကိုယ်နဲ့ပတ်သက်တယ်' ဆိုတဲ့ အဲဒါမျိုးကတော့ တစ်ပုဒ်မှ မရှိသေးဘူး။
Q - သူ့ကို Propose လုပ်တုန်းက နှုတ်နဲ့လား၊ စာနဲ့လား??
MG - နှုတ်နဲ့ပါ။ ကျွန်တော်က ရည်းစားစာ တစ်ခါမှ မရေးဖူးဘူး။ အဲဒါကြောင့် နောက်ပိုင်းကျတော့ ကိုယ့်ဘက်က ဘာဖြစ်လဲဆိုတော့ ကဗျာတွေ ဘာတွေ ကိုယ်က ဝါသနာ မပါခဲ့တော့ ရှင်းရှင်းပြောရရင် ခပ်ကြမ်းကြမ်းပဲ ကိုယ်က ကြိုက်တယ်။ အနုကို မကြိုက်ဘူး။ Music ရွေးတာတောင်မှ ကြမ်းတဲ့ Music ကို ကိုယ်က ရွေးတယ်။ အဲလိုမျိုးဆိုတော့ အရေးအသားကို လုံးဝ ဝါသနာ မပါဘူး။ ဒါပေမဲ့ အခုချိန်ကျတော့ ကိုယ့်ကို ဘာလာထိလဲဆိုတော့ သီချင်းရေးချင်ပေမယ့် ကိုယ်က Melody ပိုင်းလောက်ပဲ နိုင်တော့တယ်။ စာသားမှာကျတော့ အရမ်း အားနည်းတာပေါ့နော်။ အဲလို ဖြစ်လာတယ်။ အမှန်မှာ ရည်းစားစာ ရေးတတ်တာက စ,ရမှာ အစ်ကိုရ။ ကျွန်တော်က အဲလိုကို မ,စခဲ့တာ။
Q - ဒါဆို နှုတ်နဲ့ရော ပြောတာရော ပျော့ပျော့ပျောင်းပျောင်း ရှိရဲ့ လား??
MG - မာရောကျောရောတော့ မဟုတ်ပေမယ့် ခပ်ကြမ်းကြမ်းပေါ့။ (ရယ်လျက်)
Q - သူက ဘယ်လို တုံ့ပြန့်လဲ??
MG - ချက်ချင်း အဖြေပေးပါတယ်။ နဂိုကတည်းကလည်း သူငယ်ချင်းပေမယ့် သူငယ်ချင်းထက် ပိုနေကြတဲ့ သူတွေဆိုတော့ အဆင်ပြေပါတယ်။
Q - ၉၆ ချစ်သူဘဝကနေ ၂၀၀၀ ပြည့်နှစ် မင်္ဂလာမဆောင်ခင်အထိ ဘယ်လို အခက်အခဲမျိုးတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရလဲ??
MG - အခက်အခဲတော့ သိပ်မရှိပါဘူး။ ကျွန်တော်တို့က အေးအေးဆေးဆေး များပါတယ်။ အဆိုတော်ဖြစ်ပြီး နောက်ပိုင်းကလည်း အေးအေးဆေးဆေးပါပဲ။ ဘာအခက်အခဲမှတော့ သိပ်မရှိပါဘူး။
Q - အဆိုတော် မဖြစ်ခင် ချစ်သူဖြစ်ကြတာဆိုတော့ အဆိုတော်ဖြစ်ပြီး အောင်မြင်လာတဲ့အခါကျတော့ မိန်းကလေးတို့ရဲ့  သဘာဝ စိတ်မချတာတို့၊ သဝန်တိုတာတို့တော့ ရှိမှာပေါ့??
MG - ရှိပါတယ်။ (ရယ်ပြီး) အနည်းအကျဉ်းတော့ ရှိပါတယ်။
Q - ပွဲတွေဘာတွေ လိုက်လေ့လိုက်ထ ရှိလား??
MG - ရှိပါတယ်။ သူက ဝါသနာ အဓိက ဝါသနာပါတာလည်း ပါတယ်။ သီချင်း နားထောင်ချင်တာလည်း ပါတယ်။ သူလည်း သီချင်းကြိုက်တယ်ဆိုတော့ ထိုင်နားထောင်တာ များတယ်။ လိုက်ကြည့်တာပေါ့ဗျာ။ စတိတ်ရှိုး ကြည့်တာပေါ့။
Q - သီချင်းကြိုက်တဲ့ လူဆိုတော့ တခြား ဘယ်အဆိုတော်တွေကိုလည်း ကြိုက်တယ်ဆိုတာမျိုး ပြောတာ ကြားဖူးလဲ??
MG - အင်း ... သူက အခုနောက်ပိုင်းမှာတော့ ပြောတာ မကြားဖူးဘူး။ ကျွန်တော်တို့ ရည်းစာဘဝမှာတုန်းကတော့ ကိုရင်ဂိုတို့၊ ဘိုဘိုတို့၊ တင်ဇာမော်တို့ သူကြိုက်ခဲ့တဲ့ အဆိုတော်တွေပေါ့။
Q - နှစ်ယောက် လက်တွဲကြတဲ့ အချိန်တုန်းက အဆင်ပြေပြေပဲလား။ ခိုးပြေးရသေးလား??
MG - မိဘ သဘောတူလို့ပါ။ တောက်လျှောက်ကတော့ အေးဆေးပဲ။ အဆင်ပြေပါတယ်။
Q - မင်္ဂဆောင်တဲ့နေ့ မှတ်မိလား??
MG - မှတ်မိတယ်။ မေလ ၂၀ ရက်၊ ၂၀၀၀ ပြည့်နှစ်။ စထရင်း ဟိုတယ်မှာ။
Q - ယူပြီးတော့ ဘယ်မှာနေကြလဲ??
MG - ကျွန်တော်တို့ တစ်နှစ်ကျော်ကျော်လောက်တော့
ကျွန်တော့်မိဘတွေ အိမ်မှာ နေတယ်။ နောက်ပိုင်းကျတော့ ဒီကို
ပြောင်းဖြစ်တာပေါ့နော်။ ပထမတော့ ကျွန်တော်က တစ်သက်လုံး အဖေ၊အမေနဲ့
နေလာလို့လား မသိဘူး။ ဒီတိုက်ခန်း ဝယ်ထားတာကြာပြီဗျ။ အဖေ အမေနဲ့ ခွဲရမှာ
လန့်ပြီးတော့ မပြောင်းဖြစ်ဘဲနဲ့ ပစ်ထားတာ အကြာကြီးပဲ။ သေသေချာချာ
စဉ်းစားကြည့်ရင် အဲဒီဟာကြီးက နည်းနည်း excited ဖြစ်တယ်။ မိဘ အရိပ်အောက်ကနေ
ခွဲပြီးတော့ ကိုယ့်မိသားစု ဘဝတစ်ခုကို ကိုယ်ဦးဆောင်ရတော့မယ်လေ။
အဲဒါကြီးကို နည်းနည်းတော့ လန့်တယ်။ ကျွတ်ပြီးတော့ မပြောင်းဖြစ်တာလည်း
ပါတာပေါ့။ နောက်ပြီးတော့ ကျွန်တော့်အမေက သူ့ မြေးကို တော်တော်ချစ်တာလည်း
ပါတာပေါ့။ သူ့ မြေးကို မခွဲနိုင်တော့ အိမ်မခွဲစေချင်တာလည်း ပါတာပေါ့။
Q - သားသမီးရတာ ဘယ်နှခုနှစ်လဲ??
MG - ၂၀၀၁။
Q - သားလား၊ သမီးလား??
MG - သား၊ သား တစ်ယောက်တည်း။
Q - သားလေးမွေးတာ ...??
MG - ဇန်နဝါရီ ၃၁ ရက်၊ ၂၀၀၁ ခုနှစ်။ လေးနှစ်ရှိပြီပေါ့။
Q - သားလေးမွေးတဲ့အချိန်က ဖီလင်လေးကို ပြောပြပါဦး??
MG - ရုပ်ရှင်ထဲကလိုပေါ့။ မွေးခန်းရှေ့ ထိုင်စောင့်နေတုန်း အထဲကနေ ထွက်လာပြီး 'ဒီမှာ'ဆိုပြီးတော့ နာ့(စ်)မ တစ်ယောက်က ချီလာပြတယ်။ အဲဒီမှာ တစ်မျိုးကြီးပဲဗျ သိလား။ ဒါလေးဟာ ငါ့သားလေးပါလား။ ငါ့မှာ သားတစ်ယောက် ရှိလာပါလား။ အဲဒီလိုမျိုးကြီး ဖြစ်လာတယ်။ တအံ့တသြ ထူးထူးဆန်းဆန်းကြီးပေါ့နော် ။ ဘယ်လိုကြီးလဲ မသိဘူး။ တစ်မျိုးပဲ။ အံ့သြပြီး သူ့ကို ကြည့်နေမိတာ အကြာကြီး။
Q - သားလေးရဲ့  အနာဂတ်အတွက် ဘယ်လိုများ ကြိုတင်စဉ်းစားထားတာ ရှိလဲ??
MG - အင်း... အဓိကကတော့ ပိုက်ဆံစုပေါ့။ ဒါပဲ ရှိတာပဲ။ ကျန်တာတော့ ပညာရေး ကောင်းမွန်အောင် လုပ်ပေးမယ်။ သူ လုပ်ချင်တာလေးတွေ လုပ်ပေးမယ်။ လုပ်ချင်တာလေးတွေဆိုတာ သူ့အတွက် တိုးတက်ရာ တိုးတက်ကြောင်းပေါ့။ ဥပမာ - ကွန်ပျူတာဆိုလည်း ကွန်ပျူတာပေါ့။ မြူးဇစ် သင်ချင်တယ်ဆိုလည်း မြူးဇစ်ပေါ့။ အဲလိုမျိုးလေးတွေ။
Q - မဇင်မာလွင်က အိမ်ထောင်မကျခင် ဘာလုပ်လဲ??
MG - သူ အိုးအိမ်ရုံးမှာ လုပ်ဖူးတယ်။ ခဏပါ။ နောက် KMD ကွန်ပျူတာမှာ ဆရာမ လုပ်ဖူးတယ်။ အိမ်ထောင်ကျပြီးတော့ ဘာမှ မလုပ်ဖြစ်တော့ဘူး။ အိမ်ရှင်မပေါ့။
Q - အိမ်ထောင်ကျပြီး မိဘအိမ်မှာ တစ်နှစ်ကျော်လောက် နေခဲ့တဲ့ အချိန်တုန်းကတော့ သိပ်သိသာမှာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ခွဲနေကြတဲ့အခါမှာတော့ ဘယ်လို အခက်အခဲမျိုးတွေ ကြုံခဲ့ရလဲ??
MG - အင်း ... အစပိုင်းကတော့ ကပေါက်တိ ကပေါက်ချာ နည်းနည်း ဆန်မှာပေါ့နော်။ ကိုယ်က တစ်ခါမှလည်း ဒါမျိုး မလုပ်ဖူးဘူးကိုး။ အဖေ အမေချက်တဲ့ ထမင်းပဲ ထိုင်စားလာတာဆိုတော့ ကိုယ့်ဟာကိုယ်ကျတော့ ဒီအိမ် စ,ပြောင်းတဲ့ အတွေ့အကြုံကို စ,ပြောရမယ်ဆိုရင် ဒီအိမ်ရောက်ပြီဆိုကတည်းက စာရေးသောက်ရေးကိစ္စ စ,တွေ့တာပေါ့ အစ်ကိုရာ။ ကိုယ့်ဟာကိုယ် ချက်ဖို့ အဆင်မပြေသေးတော့ မချက်ဖြစ်သေးဘူး။ သုံးလေးလလောက်အထိ ဝယ်စားနေရတာ။ ဝယ်စားမယ်၊ ဝယ်စားမယ်ချည်းပဲ ဖြစ်နေတာ။ မလွယ်ဘူးလေ။ အပြင်ထွက်ရ၊ ဝယ်ရ၊ ပြန်လာ အဲလိုချည်းပဲ ဖြစ်နေတာ။ တစ်ခါတစ်လေကျတော့လည်း ချိုင့်ဆွဲစား။ အဲဒီလိုမျိုးပေါ့။ အခုမှသာ အသားကျသွားတာ။ သုံးနှစ်လောက် ရှိပြီပေါ့။ ကျွန်တော်တို့သား တစ်နှစ်လောက်အထိ အသား သိပ်မကျဘူး။
Q - မဇင်မာလွင်က အိမ်မှုကိစ္စမှာ ဘယ်လိုနေလဲ??
MG - ချက်တာပြုတ်တာတော့ သူက ကောင်းတယ်။ ကျွန်တော်လည်း ချက်တတ်တယ်။ သူလည်း ချက်တတ်တယ်။ ကျွန်တော်က ချက်တာပြုတ်တာကို ငယ်ငယ်ကတည်းက ဝါသနာကို ပါတာ။ ရှင်းရှင်းပြောရရင် ကျွန်တော်က အစားကြိုက်တယ်ဗျ။ အကောင်းကြိုက်သမားဆိုတော့ ကိုယ်ကိုယ်တိုင်လည်း အဲလို အထူးအဆန်းလေးတွေ လျှောက်လုပ်စား၊ အဲလိုမျိုးလေးတွေ ဝါသနာပါတယ်။
Q - 'အစား'ကြိုက်တယ်ဆိုတော့ 'အသောက်'ကော...??
MG - အရင်တုန်းကတော့ သောက်တယ် အစ်ကိုရ။ အခု မသောက်ဖြစ်တာ နှစ်နှစ်ပြည့်တော့မယ်။ ကျွန်တော့်သား နှစ်နှစ်ကျော်ကတည်းက ဖြတ်လိုက်တာပေါ့နော်။ ဘာမှ မသောက်ဖြစ်တော့ဘူး။ အရင်တုန်းကတော့ တော်တော် သောက်တယ်။ အခုကတော့ ဘီယာက အစ မသောက်တော့ဘူး။
Q - မဇင်မာလွင်က သူငယ်ချင်းဘဝ၊ ချစ်သူဘဝကတည်းက ကိုမျိုးကြီးရဲ့  အနုပညာကို အားပေးခဲ့တဲ့သူဆိုတော့ အိမ်ထောင်ကျပြီးတဲ့အခါမှာရော ကိုမျိုးကြီးကို ဘယ်လိုများ ပံ့ပိုးပေးနိုင်ခဲ့လဲ??
MG - အင်း ... များသောအားဖြင့် အဓိကကတော့ ကျွန်တော်က ဘာလုပ်ချင်တယ်ဆိုရင် အကုန်လုံးပေါ့နော်။ ဥပမာ - ခရီးသွားမယ်ဟေ့ဆိုရင် အိတ်ပြင်ပြီးသားပဲ။ သိတယ် မဟုတ်လား။ ထမင်းစားမယ်ဟေ့ဆိုလည်း ပြင်ပြီးသား။ အဲလိုမျိုးပေါ့။ သူ့ဘက်ကတော့ အကုန်လုံး ဘာမှ လိုလေသေး မရှိပေါ့။ ထောင့်စေ့ပါတယ်။
Q - မဇင်မာလွင်ကို ကိုမျိုးကြီးအနေနဲ့ တစ်ခုခု တင်စားပြီး ပြောပါဆိုရင် ဘယ်လိုပြောမလဲ??
MG - သူက ဘယ်လိုခေါ်မလဲ။ ဘာမှ လိုလေသေးမရှိ သူ့ဘက်က မယားဝတ္တရား ကျေပွန်အောင်တော့ သူ ကြိုးစားပါတယ်။ ကျွန်တော့်အတွက် လုံးဝ ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ပါပဲ။
Q - သူ့မှာ ဘယ်လို ထူးခြားချက်မျိုး ရှိလဲ??
MG - ရှိပါတယ်။ သူ့ရဲ့  ထူးခြားချက်က စည်းကမ်း အရမ်းကြီးတယ်။ စည်းစနစ် အရမ်းကျတယ်။ အစ်ကို မြင်တဲ့အတိုင်းပဲ စာအုပ်လေးတွေဆိုလည်း အကုန်လုံး စီပြီးတော့ အိမ်ကကြည့်လိုက်ရင် အကုန်လုံး ရှင်းနေတယ်။ တကယ် တော်တဲ့ အမျိုးသမီးပါ။
Q - ဒီအင်တာဗျူးလေးကို သက်သေထားပြီး သူ့အတွက် စကားတစ်ခုခုပြောပါဆိုရင် ...??
MG - ကျေးဇူးတင်ပါတယ်။
(ရယ်ပြီး) ကျွန်တော်က သိပ်မပြောတတ်ဘူးဗျ။
Q - ဟုတ်ပါပြီ။ ကိုမျိုးကြီးကိုလည်း သရဖူမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ရဲ့  ကိုယ်စား ကျေးဇူး အထူးတင်ပါတယ်လို့ ပြောပါရစေ...။
MG - ဟုတ်ကဲ့ပါ။
-----------။-------------
၂၀၀၅ ခုနှစ်၊ ဧပြီလထုတ်၊
သရဖူမဂ္ဂဇင်း။
Credit - Welcome to Rock 'n' Roll
•••••••••••••••
မျိုးကြီးခရေဇီအများစုမသိသေ
ကိုမျိုးကြီး ရဲ့  ငယ်ဘဝဇာတ်ကြောင်းကို
ပြန်လည်ရှာဖွေပြီးတော့ တင်ပေးလိုက်ပါသည်။
{အင်တာဗျူးမေးခွန်းတွေကို
မေးမြန်းခဲ့သူကတော့ သရဖူမဂ္ဂဇင်းက
(ကို)ဇောရိုး ဖြစ်ပါတယ်}
.
.
.
Q - ကိုမျိုးကြီး မိဘနာမည်တွေ သိပါရစေ??
MG - ဦးတင်ဦးဌေး၊ ဒေါ်တင်တင်ထွေး။ နှစ်ယောက်စလုံး ဝန်ထမ်းတွေပါ။
Q - ညီအစ်ကိုမောင်နှမ ....??
MG - နှစ်ယောက်၊ ကျွန်တော့်အောက်မှာ ညီတစ်ယောက်ရှိတယ်။
Q - ကိုမျိုးကြီး နာမည်အရင်းက ....??
MG - ကျွန်တော် မျိုးမင်းဌေး၊ ညီနာမည်က စည်သူဌေး။
Q - 'မျိုးကြီး'ဆိုတာ သီချင်းဆိုဖို့ ရွေးတဲ့နာမည်လား??
MG - ငယ်နာမည်ပါ။
Q - ဇာတိက ....??
MG - ရန်ကုန်ပဲဗျ။
Q - ကိုမျိုးကြီး Date of Birth ပြောလို့ရမလား??
MG - မွေးနေ့က မတ်လ ၂၂ရက်၊
၁၉၇၆ ခုနှစ်။
Q - ဘယ်ကျောင်းမှာတက်ခဲ့လဲ??
MG - ကျွန်တော် ဆယ်တန်းအောင်တာတော့ လှိုင် (၂)က အောင်တာ။ တက္ကသိုလ်ကတော့ Third Year အထိ R.C-2ပေါ့။ ဘွဲ့ရတာကတော့
ဒဂုံတက္ကသိုလ်က ရတာ။
Q - ဘာမေဂျာလဲ??
MG - Zoo ဗျ။
Q - ဂီတလောကကို ဘယ်လို ဝင်ရောက်လာတယ်ဆိုတာ ပြောပြပါဦး??
MG - ကျွန်တော်က ၉၃ မှာ ဆယ်တန်းအောင်တော့ ဒီလောကထဲ ဝင်ဖို့ ကြိုးစားတယ်။ ပထမဆုံး ကျွန်တော့်ဆရာကတော့ ကိုချစ်စမ်းမောင်ပေါ့နော်။ သူ့ဆီမှာ ဂစ်တာပညာ လေ့လာတယ်။ ကျွန်တော်က ဂစ်တာသမားဖြစ်ချင်တာကိုး။ နောက် တကယ်တမ်း တီးဖြစ်တဲ့အခါကျတော့ ၉၃ ထဲမှာပဲ ထင်တယ်။ မျိုးမျိုးတို့နဲ့ Ghost Rider မှာ ၉၅ လောက်အထိ တီးဖြစ်တယ်။ အဲဒါပြီးတော့ မတီးဖြစ်ဘဲနဲ့ နှစ်နှစ်လောက် အခွေသွင်းဖို့ ကြိုးစားခဲ့တယ်။ ၉၇ ကျမှ ကျွန်တော့်အခွေထွက်တာ။ အဲဒီအချိန်က စပြီး အနုပညာသက်တမ်းအရ ပြောမယ်ဆိုရင် အဆိုတော်ဖြစ်တာ ရှစ်နှစ်ရှိပြီလို့ ပြောရင် ရပါတယ်။
Q - အဆိုတော်မဖြစ်ခင် ကျောင်းသားဘဝတုန်းက ဆိုတာ၊ တီးတာ ရှိခဲ့မှာပေါ့??
MG - ကျောင်းမှာတော့ မရှိဘူး။ ရပ်ကွက်မှာ ရှိတယ်။ သင်္ကြန်ပွဲပေါ့ဗျာ။ အဲဒီတုန်းက ဘယ်လိုင်းမှ မရောက်သေးဘူး။ ကိုချစ်စမ်းမောင်ဆီမှာလည်း ဂစ်တာမသင်ခင်ပေါ့နော်။ လှိုင်မှာ သင်္ကြန်ဆိုရင် ရပ်ကွက်ပေါင်းစုံက ရပ်ကွက်တစ်ခုကို တီးဝိုင်းတစ်ဝိုင်း ထွက်ရတယ်လေ။ ကျွန်တော်တို့ အဲဒီတုန်းက တီးခဲ့ဖူးတယ်။ တစ်ခါ။
Q - အဲဒီတုန်းက ဆိုတာလား၊ တီးတာလား??
MG - တီးတာ။ မဆိုသေးဘူး။ ဝါသနာအရ ပြောမယ်ဆိုရင် ကျွန်တော်က တီးတာကို ပိုပြီး ဝါသနာပါတာကိုး။
Q - ဘာတီးတာလဲ။
MG - လိ(ဒ်) ဂစ်တာ တီးတာ။
Q - အတီးကို ပိုအားသန်တဲ့လူက ဘယ်လိုလုပ်ပြီး ဆိုဖြစ်သွားတာလဲ??
MG - ဂစ်တာ စတီးပြီး သင်တဲ့လူတွေကတော့ တော်တော်များများ အဆိုနဲ့ တွဲတွဲပြီး ကျင့်ကြတာ များပါတယ်။ ဆိုမှပဲ တီးရတာ အဆင်ပြေတာကိုး။ ဆိုလိုက် တီးလိုက်။ ဆိုလိုက် တီးလိုက်နဲ့။ ဒါပေမဲ့ ဘယ်လိုခေါ်မလဲ။ ကျွန်တော်က အတီးကို ထွန်းထွန်းပေါက်ပေါက် မဖြစ်ဘူးဗျ။ ကိုယ်ညံ့တယ်လို့ပဲ ပြောရမှာပေါ့။ အဆိုကတော့ အဆင်ပြေသွားတယ်။ ကိုယ်ဖြစ်ချင်တဲ့ အတီးသမားကတော့ မဖြစ်ဘူး။
Q - သီချင်းဆိုတော့မယ်လို့ ဘယ်လိုကြောင့် ဆုံးဖြတ်ချက် ချဖြစ်သွားတာလဲ??
MG - အဲ ... အများဆုံးကတော့ ဘော်ဒါတွေရဲ့  တိုက်တွန်းမှုကြောင့် ပါတယ်ဗျ။
Q - ကိုချစ်စမ်းမောင်ဆီမှာ ဂစ်တာသွားသင်တဲ့အချိန်က သူတို့ Iron Cross ဖြစ်နေပြီလား??
MG - IC ဖြစ်ပြီ။ အိုင်စီက ကျွန်တော် သူတို့နဲ့ မတွေ့ခင် နှစ်နှစ်လောက်ကတည်းက ဖွဲ့ဖြစ်တာ ထင်တယ်။ ကျွန်တော် သူတို့နဲ့ တွေ့ဖြစ်တာ ၉၃ လောက်မှာ။
Q - ဂီတလောကကို ဝင်ရောက် ခြေချနိုင်ဖို့ စပြီး ကြိုးစားရတဲ့အချိန်ဟာ အပင်ပန်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်??
MG - အင်း ... ဟုတ်ပါတယ်။
Q - အဲဒီတုန်းက ကြိုးစားအားထုတ်ခဲ့ရတဲ့ အပိုင်းတွေ ပြောပြပါဦး??
MG - ကျွန်တော့် အထင်အရတော့ အဲဒီတုန်းက ကျွန်တော့်စိတ်မှာ ဒါကို ကြိုးစားနေတယ်လို့ ကျွန်တော် မထင်ဘူး။ ဝါသနာအရ ဖြစ်ချင်လို့ ကိုယ့်ဟာကိုယ် လိုက်လုပ်နေတယ်လို့ပဲ ထင်တယ်။ ဒါကြီးကို စာကျက်ပြီးတော့ ငါ စာကျက်တယ်။ ပြီးရင် စာမေးပွဲ ဖြေရမယ်။ အဲလိုကြီး စိတ်ထဲမှာ မရှိဘူး။ ကိုယ် စာကျက်နေတာကို ကျက်နေတယ်လို့ ကိုယ်မထင်ဘူး။ သဘောပေါက်မလား မသိဘူး။ ကိုယ်က ဒါကို ဝါသနာပါလို့ လိုက်လုပ်နေတယ်။ အဲဒီလိုပဲ ထင်တာ။ နောက်ပိုင်းမှသာ သြော် ... ငါ လုပ်ခဲ့တာတွေက ကိုယ့်အတွက် ပြန်အကျိုးရှိပါလားပေါ့နော်
Q - အတီးမှာ ကိုချစ်စမ်းမောင်က ဆရာပေါ့။ အဆိုမှာကော ဘယ်သူက ဆရာလဲ??
MG - ဆိုတဲ့အပိုင်းမှာတော့ ကျွန်တော့် ဆရာ မရှိပါဘူး။ ဒါပေမဲ့ များသောအားဖြင့် နောက်ပိုင်းအခွေတွေမှာတော့ Vocal Guide လုပ်ပေးတာ ကိုလေးဖြူပါ။ ကျွန်တော့်ရဲ့  ပရိုဂျူဆာလို့လည်း ပြောလို့ရတယ်။ ကျွန်တော့်ကို Guide လုပ်ပေးတဲ့ ဆရာလို့လည်း ပြောလို့ရပါတယ်။
Q - ကိုလေးဖြူနဲ့ ဆုံကြပုံလေး ပြောပါဦး??
MG - ၉၃ မှာပဲ။ ကိုချစ်စမ်းမောင်ဆီမှာ ဂစ်တာသင်တော့ LYNN စတူဒီယိုမှာပဲ အိုင်စီအဖွဲ့က အကုန်လုံး စုနေကြတာကိုး။ ကျွန်တော်က LYNN ကို နေ့တိုင်း သွားလိုက် ပြန်လိုက်နဲ့။ ကိုလေးဖြူတို့ကလည်း LYNN မှာပဲ စုနေနေကြတာဆိုတော့ တစ်ဖွဲ့လုံးနဲ့ ရင်းနှီးသွားတယ်။ ဒါပါပဲ။
Q - စောစောက ပြောတဲ့ထဲမှာ ကိုလေးဖြူက ကိုမျိုးကြီးရဲ့  ပရိုဂျူဆာလို့ ပြောတယ်။ ဘယ်လိုကြောင့် လုပ်ဖြစ်သွားတာလဲ??
MG - အင်း ... ကျွန်တော့်အခွေကြမ်းဗျ။ ကျွန်တော်ထုတ်မယ့် သီချင်းတွေကို အစမ်းဆိုကြည့်ထားတဲ့ အခွေကြမ်းကို သူနားထောင်ပြီး လုပ်ဖြစ်သွားတာပဲ။
Q - ဘယ်သူရေးတဲ့ သီချင်းတွေလဲ??
MG - ကေအေတီ၊ ဖိုးဇော်၊ ကိုမိုး၊ ကောင်းဆက်။
Q - စီးရီး Title က ...??
MG - ကျောက်စာများပေါ့။ ပထမဦးဆုံး အခွေပဲ။
Q - ၉၇ မှာ ထွက်တာနော်??
MG - ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော် အဲဒီစီးရီးသွင်းတာ ၉၄ လောက်ကတည်းက သွင်းတာ။ သုံးနှစ်လောက် ကြာသွားတယ်။
Q - ဘာဖြစ်လို့လဲ??
MG - ပထမဆုံး အခွေကတော့ ထုံးစံအတိုင်း အဆိုတော်သစ် တော်တော်များများလည်း ကြံဖူးကြမှာပါ။ အဓိက ငွေရေးကြေးရေး အခက်အခဲပေါ့။
Q - 'ကျောက်စာ' ပြီးတော့ ...??
MG - 'ကျောက်စာ' ပြီးတော့ 'လေပြေ'
အဲဒီအခွေနဲ့ လူသိများသွားတယ်။
'လေပြေ' ပြီးတော့ 'အခမ်းနားဆုံး'
ပြီးတော့ 'အပြန်လမ်း'
အဲဒီကြားထဲမှာ ကျွန်တော်ရယ်
ကိုလေးဖြူရယ် ကိုအငဲရယ်
သုံးယောက် 'ရာစုသစ်'
နောက်ဆုံး ထွက်ထားတာက
'ဆန့်ကျင်ဘက်'ပေါ့။
•••••••••••••••••••••••
ကိုမျိုးကြီးနဲ့ သူ့ရဲ့  ချစ်ဇနီးဖြစ်သောမဇင်မာလွင် (မလုံးလုံး)နဲ့ ပတ်သက်တဲ့ချစ်သူရည်းစားဘဝ အကြောင်းများ၊အိမ်ထောင်သည်ဘ
**************************
.
.
.
Q - ကိုမျိုးကြီး အိမ်ထောင်ကျတာ ဘယ်နှခုနှစ်လဲ??
MG - ၂၀၀၀ ပြည့်နှစ်။
Q - အမျိုးသမီးနာမည်က...??
MG - မဇင်မာလွင်။
Q - ဘယ်အချိန်တုန်းက ဘယ်မှာ ဆုံခဲ့ကြတာလဲ??
MG - သူနဲ့က ၉၃ မှာ တွေ့တာ။ ကျွန်တော် ဂစ်တာတီးတဲ့ပွဲမှာ တွေ့တာ။ သူက ပရိသတ်ပေါ့။ ကျွန်တော်နဲ့က အသက်အတူတူပဲ။ နှစ်ယောက်စလုံး ဆယ်တန်းအောင်တဲ့အချိန်ပေါ့။
Q - ၉၃ မှာ စတွေ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ယူဖြစ်ကြတယ်ဆိုတော့...??
MG - ၉၃ မှာ စတွေ့ပေမယ့် ၉၆ မှ ရည်းစားဖြစ်တာ။
Q - ကြားထဲမှာ...??
MG - သူငယ်ချင်းတွေပေါ့ အစ်ကိုရ။
Q - သူငယ်ချင်းဘဝကနေ နီးစပ်သွားတာလား??
MG - ပရိသတ်တစ်ယောက်အနေနဲ့ အားပေးရင်း နီးစပ်သွားတာ။
Q - ဂီတကို ဝါသနာပါတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ဘယ်လို ဝေဖန်သုံးသပ်မှုတွေ ပေးခဲ့ဖူးလဲ??
MG - သူက များသောအားဖြင့် ကျွန်တော်လုပ်တာ အဆိုး တစ်ခါမှ မပြောဖူးဘူး။ အကုန်လုံး အကောင်းပဲ။ သီချင်းနဲ့ပတ်သက်ပြီး ဟာ ... ဒီသီချင်းကြီး မကောင်းဘူးပြောတာ တစ်ခါမှ မရှိဖူးဘူး။ ကျွန်တော် လုပ်လာတဲ့၊ ဆိုလာတဲ့ သီချင်းတွေ အကုန်လုံး သူက ကောင်း ... ကောင်းပဲ။
Q - အဲဒီထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးဆိုတာမျိုး ပြောဖူးတာ ရှိလား??
MG - အဲဒါတော့ သူ့ကို မေးကြည့် အစ်ကိုရ။ အနောက်မှာ ရှိတယ်။ (ပြောပြီး ရယ်သည်) ဒါပေမဲ့ ဒါက ကျွန်တော် နောက်ပိုင်း သီချင်းဆိုမှ ပြောတာပေါ့နော်။ စ, ကျွန်တော်တို့ သိခါစက ကျွန်တော် အဆိုတော်တစ်ယောက် မဟုတ်ဘူး။ ဂစ်တာသမားဖြစ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပဲ ရှိသေးတာကိုး။ အဆိုတော်တစ်ယောက်မို့လို့ ကြိုက်ခဲ့တာမျိုး မဟုတ်ဘူး။ ကျွန်တော် သီချင်းဆိုမှန်းလည်း သူ မသိဘူး။ သူနဲ့ ရည်းစားဖြစ်တာ ၉၆။ ကျွန်တော်က ၉၇ မှ အခွေ စ,ထွက်တာ။
Q - အခွေ စ,ထွက်တော့ သူ့ သဘောထားက ဘယ်လို ရှိခဲ့လဲ??
MG - သူက အားပေးပါတယ်။ ကျွန်တော့်အခွေ အကြမ်း ဆိုထားတာ ဖွင့်ပြတော့လည်း ကောင်းတယ်ပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းတယ်ပဲ။ ဘယ်လို အော်အော် နားညည်းအောင် အော်လည်း ကောင်းတယ်ပဲ။
Q - ပထမဆုံး ထွက်လာတဲ့ အခွေထဲမှာ သူ့ကိုရည်ရွယ်ပြီး ဆိုထားတဲ့ သီချင်းမျိုးပါလား??
MG - အဲဒီလိုမျိုးတော့ မရှိဘူး။
Q - နောက်ပိုင်းမှာရော...??
MG - မရှိပါဘူး။ တစ်ပုဒ်မှတော့ အဲဒီလိုမျိုး မရှိဘူး။ ကျွန်တော်တို့က တေးရေးဆရာ အပ်လိုက်တယ်။ သူတို့ ရေးလာတယ်။ သူတို့ ရေးပေးတဲ့ အကြောင်းအရာလေးတွေ ဆိုလိုက်တာပဲ။ 'ဒီသီချင်းလေးကတော့ ကိုယ်နဲ့ပတ်သက်တယ်' ဆိုတဲ့ အဲဒါမျိုးကတော့ တစ်ပုဒ်မှ မရှိသေးဘူး။
Q - သူ့ကို Propose လုပ်တုန်းက နှုတ်နဲ့လား၊ စာနဲ့လား??
MG - နှုတ်နဲ့ပါ။ ကျွန်တော်က ရည်းစားစာ တစ်ခါမှ မရေးဖူးဘူး။ အဲဒါကြောင့် နောက်ပိုင်းကျတော့ ကိုယ့်ဘက်က ဘာဖြစ်လဲဆိုတော့ ကဗျာတွေ ဘာတွေ ကိုယ်က ဝါသနာ မပါခဲ့တော့ ရှင်းရှင်းပြောရရင် ခပ်ကြမ်းကြမ်းပဲ ကိုယ်က ကြိုက်တယ်။ အနုကို မကြိုက်ဘူး။ Music ရွေးတာတောင်မှ ကြမ်းတဲ့ Music ကို ကိုယ်က ရွေးတယ်။ အဲလိုမျိုးဆိုတော့ အရေးအသားကို လုံးဝ ဝါသနာ မပါဘူး။ ဒါပေမဲ့ အခုချိန်ကျတော့ ကိုယ့်ကို ဘာလာထိလဲဆိုတော့ သီချင်းရေးချင်ပေမယ့် ကိုယ်က Melody ပိုင်းလောက်ပဲ နိုင်တော့တယ်။ စာသားမှာကျတော့ အရမ်း အားနည်းတာပေါ့နော်။ အဲလို ဖြစ်လာတယ်။ အမှန်မှာ ရည်းစားစာ ရေးတတ်တာက စ,ရမှာ အစ်ကိုရ။ ကျွန်တော်က အဲလိုကို မ,စခဲ့တာ။
Q - ဒါဆို နှုတ်နဲ့ရော ပြောတာရော ပျော့ပျော့ပျောင်းပျောင်း ရှိရဲ့ လား??
MG - မာရောကျောရောတော့ မဟုတ်ပေမယ့် ခပ်ကြမ်းကြမ်းပေါ့။ (ရယ်လျက်)
Q - သူက ဘယ်လို တုံ့ပြန့်လဲ??
MG - ချက်ချင်း အဖြေပေးပါတယ်။ နဂိုကတည်းကလည်း သူငယ်ချင်းပေမယ့် သူငယ်ချင်းထက် ပိုနေကြတဲ့ သူတွေဆိုတော့ အဆင်ပြေပါတယ်။
Q - ၉၆ ချစ်သူဘဝကနေ ၂၀၀၀ ပြည့်နှစ် မင်္ဂလာမဆောင်ခင်အထိ ဘယ်လို အခက်အခဲမျိုးတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရလဲ??
MG - အခက်အခဲတော့ သိပ်မရှိပါဘူး။ ကျွန်တော်တို့က အေးအေးဆေးဆေး များပါတယ်။ အဆိုတော်ဖြစ်ပြီး နောက်ပိုင်းကလည်း အေးအေးဆေးဆေးပါပဲ။ ဘာအခက်အခဲမှတော့ သိပ်မရှိပါဘူး။
Q - အဆိုတော် မဖြစ်ခင် ချစ်သူဖြစ်ကြတာဆိုတော့ အဆိုတော်ဖြစ်ပြီး အောင်မြင်လာတဲ့အခါကျတော့ မိန်းကလေးတို့ရဲ့  သဘာဝ စိတ်မချတာတို့၊ သဝန်တိုတာတို့တော့ ရှိမှာပေါ့??
MG - ရှိပါတယ်။ (ရယ်ပြီး) အနည်းအကျဉ်းတော့ ရှိပါတယ်။
Q - ပွဲတွေဘာတွေ လိုက်လေ့လိုက်ထ ရှိလား??
MG - ရှိပါတယ်။ သူက ဝါသနာ အဓိက ဝါသနာပါတာလည်း ပါတယ်။ သီချင်း နားထောင်ချင်တာလည်း ပါတယ်။ သူလည်း သီချင်းကြိုက်တယ်ဆိုတော့ ထိုင်နားထောင်တာ များတယ်။ လိုက်ကြည့်တာပေါ့ဗျာ။ စတိတ်ရှိုး ကြည့်တာပေါ့။
Q - သီချင်းကြိုက်တဲ့ လူဆိုတော့ တခြား ဘယ်အဆိုတော်တွေကိုလည်း ကြိုက်တယ်ဆိုတာမျိုး ပြောတာ ကြားဖူးလဲ??
MG - အင်း ... သူက အခုနောက်ပိုင်းမှာတော့ ပြောတာ မကြားဖူးဘူး။ ကျွန်တော်တို့ ရည်းစာဘဝမှာတုန်းကတော့ ကိုရင်ဂိုတို့၊ ဘိုဘိုတို့၊ တင်ဇာမော်တို့ သူကြိုက်ခဲ့တဲ့ အဆိုတော်တွေပေါ့။
Q - နှစ်ယောက် လက်တွဲကြတဲ့ အချိန်တုန်းက အဆင်ပြေပြေပဲလား။ ခိုးပြေးရသေးလား??
MG - မိဘ သဘောတူလို့ပါ။ တောက်လျှောက်ကတော့ အေးဆေးပဲ။ အဆင်ပြေပါတယ်။
Q - မင်္ဂဆောင်တဲ့နေ့ မှတ်မိလား??
MG - မှတ်မိတယ်။ မေလ ၂၀ ရက်၊ ၂၀၀၀ ပြည့်နှစ်။ စထရင်း ဟိုတယ်မှာ။
Q - ယူပြီးတော့ ဘယ်မှာနေကြလဲ??
MG - ကျွန်တော်တို့ တစ်နှစ်ကျော်ကျော်လောက်တော့
Q - သားသမီးရတာ ဘယ်နှခုနှစ်လဲ??
MG - ၂၀၀၁။
Q - သားလား၊ သမီးလား??
MG - သား၊ သား တစ်ယောက်တည်း။
Q - သားလေးမွေးတာ ...??
MG - ဇန်နဝါရီ ၃၁ ရက်၊ ၂၀၀၁ ခုနှစ်။ လေးနှစ်ရှိပြီပေါ့။
Q - သားလေးမွေးတဲ့အချိန်က ဖီလင်လေးကို ပြောပြပါဦး??
MG - ရုပ်ရှင်ထဲကလိုပေါ့။ မွေးခန်းရှေ့ ထိုင်စောင့်နေတုန်း အထဲကနေ ထွက်လာပြီး 'ဒီမှာ'ဆိုပြီးတော့ နာ့(စ်)မ တစ်ယောက်က ချီလာပြတယ်။ အဲဒီမှာ တစ်မျိုးကြီးပဲဗျ သိလား။ ဒါလေးဟာ ငါ့သားလေးပါလား။ ငါ့မှာ သားတစ်ယောက် ရှိလာပါလား။ အဲဒီလိုမျိုးကြီး ဖြစ်လာတယ်။ တအံ့တသြ ထူးထူးဆန်းဆန်းကြီးပေါ့နော်
Q - သားလေးရဲ့  အနာဂတ်အတွက် ဘယ်လိုများ ကြိုတင်စဉ်းစားထားတာ ရှိလဲ??
MG - အင်း... အဓိကကတော့ ပိုက်ဆံစုပေါ့။ ဒါပဲ ရှိတာပဲ။ ကျန်တာတော့ ပညာရေး ကောင်းမွန်အောင် လုပ်ပေးမယ်။ သူ လုပ်ချင်တာလေးတွေ လုပ်ပေးမယ်။ လုပ်ချင်တာလေးတွေဆိုတာ သူ့အတွက် တိုးတက်ရာ တိုးတက်ကြောင်းပေါ့။ ဥပမာ - ကွန်ပျူတာဆိုလည်း ကွန်ပျူတာပေါ့။ မြူးဇစ် သင်ချင်တယ်ဆိုလည်း မြူးဇစ်ပေါ့။ အဲလိုမျိုးလေးတွေ။
Q - မဇင်မာလွင်က အိမ်ထောင်မကျခင် ဘာလုပ်လဲ??
MG - သူ အိုးအိမ်ရုံးမှာ လုပ်ဖူးတယ်။ ခဏပါ။ နောက် KMD ကွန်ပျူတာမှာ ဆရာမ လုပ်ဖူးတယ်။ အိမ်ထောင်ကျပြီးတော့ ဘာမှ မလုပ်ဖြစ်တော့ဘူး။ အိမ်ရှင်မပေါ့။
Q - အိမ်ထောင်ကျပြီး မိဘအိမ်မှာ တစ်နှစ်ကျော်လောက် နေခဲ့တဲ့ အချိန်တုန်းကတော့ သိပ်သိသာမှာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ခွဲနေကြတဲ့အခါမှာတော့ ဘယ်လို အခက်အခဲမျိုးတွေ ကြုံခဲ့ရလဲ??
MG - အင်း ... အစပိုင်းကတော့ ကပေါက်တိ ကပေါက်ချာ နည်းနည်း ဆန်မှာပေါ့နော်။ ကိုယ်က တစ်ခါမှလည်း ဒါမျိုး မလုပ်ဖူးဘူးကိုး။ အဖေ အမေချက်တဲ့ ထမင်းပဲ ထိုင်စားလာတာဆိုတော့ ကိုယ့်ဟာကိုယ်ကျတော့ ဒီအိမ် စ,ပြောင်းတဲ့ အတွေ့အကြုံကို စ,ပြောရမယ်ဆိုရင် ဒီအိမ်ရောက်ပြီဆိုကတည်းက စာရေးသောက်ရေးကိစ္စ စ,တွေ့တာပေါ့ အစ်ကိုရာ။ ကိုယ့်ဟာကိုယ် ချက်ဖို့ အဆင်မပြေသေးတော့ မချက်ဖြစ်သေးဘူး။ သုံးလေးလလောက်အထိ ဝယ်စားနေရတာ။ ဝယ်စားမယ်၊ ဝယ်စားမယ်ချည်းပဲ ဖြစ်နေတာ။ မလွယ်ဘူးလေ။ အပြင်ထွက်ရ၊ ဝယ်ရ၊ ပြန်လာ အဲလိုချည်းပဲ ဖြစ်နေတာ။ တစ်ခါတစ်လေကျတော့လည်း ချိုင့်ဆွဲစား။ အဲဒီလိုမျိုးပေါ့။ အခုမှသာ အသားကျသွားတာ။ သုံးနှစ်လောက် ရှိပြီပေါ့။ ကျွန်တော်တို့သား တစ်နှစ်လောက်အထိ အသား သိပ်မကျဘူး။
Q - မဇင်မာလွင်က အိမ်မှုကိစ္စမှာ ဘယ်လိုနေလဲ??
MG - ချက်တာပြုတ်တာတော့ သူက ကောင်းတယ်။ ကျွန်တော်လည်း ချက်တတ်တယ်။ သူလည်း ချက်တတ်တယ်။ ကျွန်တော်က ချက်တာပြုတ်တာကို ငယ်ငယ်ကတည်းက ဝါသနာကို ပါတာ။ ရှင်းရှင်းပြောရရင် ကျွန်တော်က အစားကြိုက်တယ်ဗျ။ အကောင်းကြိုက်သမားဆိုတော့ ကိုယ်ကိုယ်တိုင်လည်း အဲလို အထူးအဆန်းလေးတွေ လျှောက်လုပ်စား၊ အဲလိုမျိုးလေးတွေ ဝါသနာပါတယ်။
Q - 'အစား'ကြိုက်တယ်ဆိုတော့ 'အသောက်'ကော...??
MG - အရင်တုန်းကတော့ သောက်တယ် အစ်ကိုရ။ အခု မသောက်ဖြစ်တာ နှစ်နှစ်ပြည့်တော့မယ်။ ကျွန်တော့်သား နှစ်နှစ်ကျော်ကတည်းက ဖြတ်လိုက်တာပေါ့နော်။ ဘာမှ မသောက်ဖြစ်တော့ဘူး။ အရင်တုန်းကတော့ တော်တော် သောက်တယ်။ အခုကတော့ ဘီယာက အစ မသောက်တော့ဘူး။
Q - မဇင်မာလွင်က သူငယ်ချင်းဘဝ၊ ချစ်သူဘဝကတည်းက ကိုမျိုးကြီးရဲ့  အနုပညာကို အားပေးခဲ့တဲ့သူဆိုတော့ အိမ်ထောင်ကျပြီးတဲ့အခါမှာရေ
MG - အင်း ... များသောအားဖြင့် အဓိကကတော့ ကျွန်တော်က ဘာလုပ်ချင်တယ်ဆိုရင် အကုန်လုံးပေါ့နော်။ ဥပမာ - ခရီးသွားမယ်ဟေ့ဆိုရင် အိတ်ပြင်ပြီးသားပဲ။ သိတယ် မဟုတ်လား။ ထမင်းစားမယ်ဟေ့ဆိုလည်း ပြင်ပြီးသား။ အဲလိုမျိုးပေါ့။ သူ့ဘက်ကတော့ အကုန်လုံး ဘာမှ လိုလေသေး မရှိပေါ့။ ထောင့်စေ့ပါတယ်။
Q - မဇင်မာလွင်ကို ကိုမျိုးကြီးအနေနဲ့ တစ်ခုခု တင်စားပြီး ပြောပါဆိုရင် ဘယ်လိုပြောမလဲ??
MG - သူက ဘယ်လိုခေါ်မလဲ။ ဘာမှ လိုလေသေးမရှိ သူ့ဘက်က မယားဝတ္တရား ကျေပွန်အောင်တော့ သူ ကြိုးစားပါတယ်။ ကျွန်တော့်အတွက် လုံးဝ ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ပါပဲ။
Q - သူ့မှာ ဘယ်လို ထူးခြားချက်မျိုး ရှိလဲ??
MG - ရှိပါတယ်။ သူ့ရဲ့  ထူးခြားချက်က စည်းကမ်း အရမ်းကြီးတယ်။ စည်းစနစ် အရမ်းကျတယ်။ အစ်ကို မြင်တဲ့အတိုင်းပဲ စာအုပ်လေးတွေဆိုလည်း အကုန်လုံး စီပြီးတော့ အိမ်ကကြည့်လိုက်ရင် အကုန်လုံး ရှင်းနေတယ်။ တကယ် တော်တဲ့ အမျိုးသမီးပါ။
Q - ဒီအင်တာဗျူးလေးကို သက်သေထားပြီး သူ့အတွက် စကားတစ်ခုခုပြောပါဆိုရင် ...??
MG - ကျေးဇူးတင်ပါတယ်။
(ရယ်ပြီး) ကျွန်တော်က သိပ်မပြောတတ်ဘူးဗျ။
Q - ဟုတ်ပါပြီ။ ကိုမျိုးကြီးကိုလည်း သရဖူမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ရဲ့  ကိုယ်စား ကျေးဇူး အထူးတင်ပါတယ်လို့ ပြောပါရစေ...။
MG - ဟုတ်ကဲ့ပါ။
-----------။-------------
၂၀၀၅ ခုနှစ်၊ ဧပြီလထုတ်၊
သရဖူမဂ္ဂဇင်း။
Credit - Welcome to Rock 'n' Roll

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။