Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 11, 2015

သိန်းငှက်ပျို ရဲ့ ဖြစ်တည်မှု


သိန်းငှက်ပျို ရဲ့ ဖြစ်တည်မှု

•••••••
Suffering is the origin of consciousness. Dostoevski (1821-1881)

ဖြစ်တည်မှု ပဓာန အတ္တဘဝမှန်ဝါဒ အရ လူသားရဲ့ ဖြစ်တည်မှု (Existence) ဟာ အဓိပ္ပာယ် (Essence) မတိုင်မီ တည်ရှိရတယ်။ ဖြစ်တည်မှု က သာ ပဓာန၊ ဖြစ်တည်မှု ကို အမှီသဟဲ ပြုပြီးမှသာ “ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်” က ဖြစ်ပေါ် တည်ရှိလာရတယ်။ ဖြစ်တည်မှု၊ ရည်တည်မှု၊ မူဝါဒ ခိုင်မာ၊ မှန်ကန်၊ မသွေဖည်၊ မဖောက်ပြန်ခြင်း က လူသားရဲ့ အဓိပ္ပာယ် ကို ပုံဖော်တယ်၊ ပုံပေါ်စေတယ်။

ခင်မောင်တိုး ရဲ့ ဗမာ့ဂီတ အပေါ် ပြုခဲ့တဲ့ ဂုဏ်ကျေးဇူးတွေကို စောကြောကြည့်ရင် အောင်မြင်မှု မရသေးခင် နဲ့ ရအပြီး မှာ မပြောင်းမလဲ ဖြစ်တည်မှု၊ ရပ်တည်မှု မှန်ကန်ခဲ့ခြင်း၊ စိုက်လိုက်မတ်တတ် မိမိ ယုံကြည်ရာ ဂီတပုံစံ လမ်းကြောင်းကို ပေါ်ပင်မလိုက်၊ ဈေးကွက် အကြိုက် မကြည့်ဘဲ ရေရှည် ရပ်တည်၊ ဖြစ်တည် လျှောက်လှမ်းခဲ့ခြင်း ဆိုတဲ့ ဂုဏ်ဟာ အကြီးဆုံး ဖြစ်တယ်။ အသိအမှတ် အပြုထိုက်ဆုံး ဖြစ်တယ်။
၁၉၇၁ စတီရီယိုခေတ်ဦးကတည်းက ဗမာ့ ဂီတလောက ကို ကြိုးစား ခြေချခဲ့တဲ့ ခင်မောင်တိုး ဟာ ၁၉၈၄ “မဟာဆန်သူ” တေးစု ကျ မှသာ တပြည်လုံး အတိုင်းအတာ နဲ့ စီးပွားရေး အရ၊ ဈေးကွက်အရ အောင်မြင်မှု ရယူနိုင်ခဲ့တယ်။ ဒီ့မတိုင်ခင် က ခင်မောင်တိုး နဲ့ လိစ္ဆ၀ီများ ရဲ့ ကိုယ်ပိုင်သံစဉ် တေးစုနှစ်ခုဖြစ်တဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ” (၁၉၈၀)၊ “ဝိုင်းရဲ့ဆည်းဆာ” (၁၉၈၁) နဲ့ ၁၉၇၀ ခုနှစ်များ နှစ်ဦး ရှေးဦးတေးစု တွေမှာ ဂီတ အနုပညာ တန်ဖိုး၊ ဂုဏ် ကို သာ ရရှိခဲ့တယ်။ ဒီလို ဈေးကွက် အရ အောင်မြင်မှု မရခဲ့တဲ့ ပထမ ဆယ်ငါးနှစ် မှာ ဇွဲမလျော့၊ အားမပျော့၊ ရပ်တည်ချက် မပျောက်ခဲ့ခြင်းဟာ ခင်မောင်တိုး ရဲ့ ဂုဏ်၊ အဓိပ္ပာယ် ဖြစ်တယ်။
အလားတူပဲ အောင်မြင်ပြီးနောက် ဆက်လက် ဖြတ်သန်းခဲ့တဲ့ ကျန်ဂီတဘဝ ဆယ်စုနှစ်များမှာ အောင်မြင်မှု ကို အလွဲသုံးစားမလုပ်၊ ငွေကြေး အဓိက မရှာဘဲ အနုပညာ ဂုဏ်ကိုသာ ပဓာန ထား အားပြု မယိုင်မလဲ ဖြစ်တည်မှု မှန်ကန်ခဲ့ခြင်းဟာလည်း ခင်မောင်တိုး ရဲ့ ဂုဏ်၊ အဓိပ္ပာယ် ဖြစ်တယ်။
ဒီနေရာမှာ ဒီလို ခင်မောင်တိုး ရဲ့ ဖြစ်တည်မှု မှန်ကန်ခဲ့ခြင်း ဟာ ခင်မောင်တိုး ရဲ့ ရောင်းရင်း မဇ္ဇျိမလှိုင်း အုပ်စု နဲ့ ခင်မောင်တိုး ရဲ့ မိသားစု တို့ရဲ့ ရပ်တည်မှု၊ ပံ့ပိုးမှု ဟာ အရေးပါ ပါတယ်။ ဒါကိုလည်း ထည့်သွင်း အသိအမှတ်ပြုရပါမယ်။

Life begins on the other side of despair. Sartre (1905-1980)

ခင်မောင်တိုး ရဲ့ ဂီတ ဘဝ ကို ခုနှစ် သက္ကရာဇ် ဆယ်စုနှစ်တွေ အရ မကြည့်ဘဲ အောင်မြင်မှု အထွတ်အထိပ် ရခဲ့တဲ့ နှစ်ကာလ အပိုင်းအခြား အရ ခွဲခြား လေ့လာကြည့်မယ် ဆိုရင် “မဟာဆန်သူ” တေးစု ထွက် ပြီးနောက်ပိုင်း ဆယ်စုနှစ် (၁၉၈၅-၁၉၉၅) ဟာ ခင်မောင်တိုး ရဲ့ “ရွှေရောင်နှစ်များ ဆယ်စုနှစ်” လို့ သတ်မှတ်နိုင်မယ် ထင်ပါတယ်။

ဒီ ဆယ်စုနှစ် မှာ ခင်မောင်တိုး ဟာ သူ့ ဘဝ မှတ်တိုင် တေးစု တွေ အများအပြား ထွက်ရှိနိုင်ခဲ့သလို အောင်မြင်တဲ့ ရုပ်ရှင် ဇာတ်ဝင်သီချင်းတွေလည်း အများအပြား သီဆိုခဲ့တယ်။ ဒီ ဆယ်စုနှစ် ရဲ့ နှောင်းပိုင်း ကာလ အောင်မြင်မှု အမြင့်ဆုံးအချိန် ၁၉၉၃ မှာ ခင်မောင်တိုး ဟာ “သိန်းငှက်ပျိုတို့ရဲ့ သဘာဝ” ပါဝင်ခဲ့တဲ့ ပန်တော်ဦး တေးစု၊ မြစ်တစ်စင်း ဖြစ်တည်မှု တကိုယ်တော် တေးစု နှစ်ခု တနှစ်တည်း ဆက်တိုက် ထွက်နိုင်ခဲ့တဲ့ အပြင် တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ (၂၇-နိုဝင်ဘာ-၁၉၉၃) ကိုလည်း အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်။

ဒါဟာ ဇွဲရှိရှိ၊ တစိုက်မတ်မတ် ဖြတ်သန်းလာခဲ့တဲ့ ခင်မောင်တိုး ရဲ့ ဂီတ ဘဝ ခရီးကြမ်းရှည်ကြီးရဲ့ ဖြစ်တည်ခဲ့မှု၊ ရပ်တည်ခဲ့မှု (Existence) မှန်ကန်ခဲ့ခြင်းရဲ့ အသီးအပွင့် အောင်မြင်မှု ကို ထိုက်ထိုက်တန်တန် ခံစားရခြင်း ဖြစ်တယ်။

ခင်မောင်တိုး ဖြတ်သန်းလာခဲ့တဲ့ “ဖြစ်တည်မှု အဓိပ္ပာယ်” ကို “သိန်းငှက်ပျိုတို့ရဲ့ သဘာဝ” သီချင်း နဲ့ အတူ ဆက်စပ် အသားပေး ဆွေးနွေးလိုခြင်းက ရပ်တည်မှု မှန်ကန်ခဲ့တဲ့ ခင်မောင်တိုး ရဲ့ ရုပ်လုံးကို ကို သီချင်းရဲ့ ဒဿန နဲ့ ဆက်စပ် မြင်စေချင်လို့ပါ။
သီချင်းရဲ့ မူလ က ပန်းချီမောင်ဒီ ရဲ့ ကဗျာ ပါ။ ကဗျာ ကို စကားလုံး တလုံး တပါဒ မတည်း၊ မဖြတ်ဘဲ ခင်မောင်တိုး ရဲ့ ရဲဘော်ကြီး ကိုရဲလွင် က သံစဉ်သွင်း တေးဖွဲ့ခဲ့တယ်။
အနုပညာ ပစ္စည်းတခုခု ဟာ ဖန်တီးသူတွေ က အနုပညာဂုဏ်မြောက်အောင် ဖန်တီးပြီး နောက်မှာ အဓိပ္ပာယ် ကို ဖွင့်ဆိုခြင်း၊ သဘာဝ ယုတ္တိကို ဆင်ခြင်ခြင်း၊ ဒဿန ကို ဖော်ထုတ်ခြင်း ဆိုတဲ့ အပိုင်းတွေဟာ ခံစားသူ ရဲ့ အသိ၊ အမြင်နဲ့ ဖွင့်ဆိုမှု ကသာ အဓိက ပိုကျတယ်။
“တကယ့် အနုပညာ” ဂုဏ်မြောက်တဲ့ အနုပညာပစ္စည်း တခု ဟာ ခံစားသူ တဦးချင်း ရဲ့ အသိ၊ အမြင်၊ အတွေးအခေါ် ရေချိန် အပေါ် မူတည်ပြီး အနိမ့်ဆုံး ရည်မှန်းချက် ဖြစ်တဲ့ ဖျော်ဖြေရေး ဆိုတဲ့ အဆင့် ကနေ ဒဿနိက အတွေးအခေါ် တခုခု ပေးခြင်း၊ ဖွင့်ဆိုခြင်း ဆိုတဲ့ အမြင့်ဆုံး ရည်မှန်းချက် အထိ ဂုဏ်ရည် အမျိုးမျိုး တည်ရှိတယ်။
ပန်းချီ မောင်ဒီ ရဲ့ စကားလုံး ဖြင့် အတွေးအခေါ် တန်ဆာတင်မှု၊ ကိုရဲလွင် ရဲ့ ဂီတဖွဲ့စည်း ပုံဖော်မှု၊ ခင်မောင်တိုး နဲ့ မဇ္ဇျိမလှိုင်း ရဲ့ ဖန်တီး သီဆိုမှု ရဲ့ ရလဒ် “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” အနုပညာပစ္စည်း ကိုလည်း အဓိပ္ပာယ် အမျိုးမျိုး၊ ရှုထောင့် အဖုံဖုံ က နေ ရှုမြင်ခံစား၊ သုံးသပ် နားလည် နိုင်ကြပါမယ်။
(၂၀) ရာစု ရဲ့ ထိပ်တန်း အတွေးအခေါ် ပညာရှင်တဦး ဖြစ်တဲ့ ဖြစ်တည်မှု ပဓာန အတ္တဘဝမှန်ဝါဒီ Sartre က “လူသား ဟာ ဘဝ ရဲ့ ဖြစ်တည်မှု ပြဿနာများ၊ ဝေဒနာများ၊ ဒုက္ခများ ကို သုံးသပ်ရာမှာ အကျိုး၊ အကြောင်း ဆင်ခြင်တုံတရားနဲ့ မိမိ ဘာသာ မိမိ ရှာဖွေ ဖော်ထုတ် ဆင်ခြင်နိုင်ရမယ်။ မိမိရဲ့ ကံကြမ္မာ၊ မိမိရဲ့ အနာဂတ် ကို မိမိ ဘာသာ ဖန်တီးနိုင်စွမ်း ရှိရမယ်” လို့ ဆိုခဲ့တယ်။
စာရေးသူ ရဲ့ သဘော အရ “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” က ပေးတဲ့ ကျိုးကြောင်းသင့် ဆင်ခြင်တုံ တရား ဉာဏ် အသိ နဲ့ ခံစားမြော်မြင်မှု ဈာန် အသိ ဟာ လူသားရဲ့ ဖြစ်တည်မှု ပြဿနာ နဲ့ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ ဖန်တီးခြင်း မေးခွန်းတွေ ကို ဖြေဆိုနိုင်ဖို့ လမ်း ပွင့်စေတယ်၊ လမ်းဖွင့်ပေးတယ်၊ ဒီ လမ်းစ ကို သိန်းငှက်ပျို ရဲ့ သဘာဝ ကို သင်္ကေတ ပြု ပုံဖော်မှုက တဆင့် ချပြခဲ့တယ်လို့ ယူဆတယ်။
ဒီလို တွေးစရာ ပါတဲ့၊ ယူစရာ ရှိတဲ့၊ ခံစားသူ အတွက် ‘ကျန်’ ခဲ့တဲ့၊ လေးနက်တဲ့ အတွေးအခေါ် တခုခု၊ မြော်မြင်မှု တခုခု ကို ပေးတဲ့၊ ‘ယူ’ ရင် ‘ရ’ နိုင်တဲ့ အနုပညာဂုဏ်မြောက် ပစ္စည်း အမြောက်အမြား ကို ဂီတ ဆိုတဲ့ အနုပညာ ရသ ပုံစံ တမျိုး နဲ့ လူသာမန် လူအများစု ပါ သောတ အာရုံ တွယ်ငြိ ခံစား နားဆင်၊ နားဝင်လွယ်အောင် စွမ်းဆောင် ကျေးဇူးပြုပေးသွားခဲ့တဲ့ ဂီတပညာရှင် ခင်မောင်တိုး ရဲ့ ဂုဏ်ကျေးဇူး ကို အောက်မေ့ ဂုဏ်ပြုလျက်…။

ဆရာ မောင်ဒီ ရဲ့ အနုပညာ များ အဓွန့်ရှည်စေ..။

ကိုရဲလွင် (မဇ္ဈိမလှိုင်း) ရဲ့ အနုပညာ များ ရှင်သန်စေ..

ခင်မောင်တိုး သီချင်းများ ထင်ကျန်စေ..။

ဗမာ့ ကိုယ်ပိုင်သံစဉ် ဂီတလောက တိုးတက် စည်ပင် စေ..။

♬ ♪ ♩ ♭ ♫ ∮ ♫ u♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

သိန်းငှက်ပျိုတို့ရဲ့ သဘာဝ
ငှက်တို့ရဲ့ သဘာဝ
(ကဗျာ/သီချင်း စာသား)

♫ ♪ ♫ ♪…

သိန်းငှက်ပျိုတို့ရဲ့.. ဘဝ.. အစ.. ဆိုတာ..
ဟို.. … ….
သစ်ပင်အိုကြီးများရဲ့.. ထိပ်ဖျားလောက်ကနေ..
အောက်ကို.. ခုန်ချလိုက်တာပဲ..

အဲဒီ.. အခါမှာ..
ငှက်ငယ်ဟာ.. ကြောက်လန့်တကြား.. နဲ့..
တအား.. အော်.. ဟစ်.. ရင်း..
အတောင်များကို.. ဖြန့်ကားလိုက်ရာ..

အာကာသ.. ထဲမှာ..
သူ့.. ရဲ့.. အသည်းနှလုံး.. ဟာ..
ဖြုန်း.. ဆို.. ပြောင်းသွားခဲ့တယ်လို့..

ဒို့.. အဘိုး.. က..
ကွမ်း.. တရိုး.. ဝါးရင်းနဲ့..
ပြောပြခဲ့ဖူးတယ်..
♫ ♪ ♫ ♪…

YouTube Music Video URL: http://youtu.be/TSK3Dq38WHw

moemakha.com မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။