ကိုမင်းကိုနိုင်ရဲ့ပြောစကား ..
ကိုမင်းကိုနိုင်စကားတွေကြို ကည့်ရင် သဘာဝကျတယ်..အသိဥာဏ်တိုးစေတယ်..
တိုင်းပြည်အပေါ်ထားတဲ့ သူ့ရဲ့စေတနာဟာ ဖြူစင်တယ်..ရိုးသားဖြောင့်မ တ်မှုဟာ
ပေါ်လွင်နေတယ်..သူ့မှာ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်ချင်းတွေ
ရှိနေတယ်ဆိုတာ သူပြောတဲ့စကားတိုင်းမှာ ထင်ထင်ရှားရှားမြင်ရတယ်..
ကျနော်သူ့ကို နှစ်နှစ်ခြိုက်ခြိုက် သဘောကျတယ်..
.
" သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့ကို တွေ့ဆုံဖို့ လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုတယ်။ အကြောင်းပြန်ချက်တွေကို ကြည့်ရသလောက် အခြေအနေတွေက ကောင်းမနေဘူးလား။ ဘယ်လိုသုံးသပ်မိလဲ။
“ကျနော်တို့ပြည်သူတွေလည်း အသည်းတထိတ်ထိတ်နဲ့ တကယ့်စွန့်စားခန်းကို ကြည့်နေရသလိုပဲ။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေက ပရိသတ်မဟုတ်ဘူးဗျ၊ တကယ်ကျတော့။ ဒီရဲ့ဖြစ်လာမယ့် ကောင်းကျိုးဆိုးမွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေက ခံစားကြရမှာ။ ဆိုတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်တွေ ဘယ်လိုပုံစံတွေ့မယ်ဆိုတာတော့ 
ပြည်သူတွေက မသိဘူး။ ဆိုလိုတာက လေးပွင့်ဆိုင်တွေ့မှာလား၊
တယောက်ချင်းတွေ့မှာလား ဆိုတာကိုရော။ ပြည်သူတွေ လိုချင်တာက ရလဒ်ကိုဗျာ။
အဲဒီရလဒ်က နံပါတ် ၁ လုံလောက်တဲ့ အချိန်အတွင်းမှာ ထွက်ရမယ်၊ မဟုတ်လို့ရှိရင်
အချိန်နှောင်းသွားတာမျိုး လုံးဝမရဘူးနော်။ နောက်ပြီးတော့ ထွက်လာတဲ့ရလဒ်၊
သဘောတူညီချက်ပေါ့နော် အဲဒါကလည်း ပြည်သူအားလုံး ၀မ်းမြောက်ဝမ်းသာရှိပြီးတော့ 
ဒါဆိုရင်တော့ ငါတို့ ညီညီညွတ်ညွတ်နဲ့ နောက်ထပ်ရုန်းကန်ကြမယ်၊
လိုက်ပါကြမယ်ဆိုတာမျိုး ဖြစ်လာရမယ်။ အဲဒီတော့ ပြည်သူတွေ
စိတ်ပျက်သွားလောက်တဲ့ အချိန်ဆွဲမှုမျိုး မဖြစ်ရဘူး။ ပြည်သူတွေ
လက်မခံနိုင်လောက်တဲ့ ရလဒ်ပျက်ပြယ်တာမျိုးလည်း မဖြစ်ရဘူး။ ဒါ
အရေးကြီးဆုံးပဲဗျ။”
အခု ဒေါ်အောင်ဆန်းစုကြည် ခေါ်ထားတဲ့ ဆွေးနွေးပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ထားတဲ့ ပုဒ်မပြင်ဆင်ရေးကိစ္စတွေ ဆောင်ရွက်လို့ မရနိုင်ဘူးလား။
“ကျနော်ပြောချင်တာက သမ္မတဟာ ဘယ်သူဖြစ်ရမယ်ဆိုတာက တပိုင်းဗျ။ သမ္မတ တယောက်ရဲ့လုပ်ပိုင်ခွင့်၊ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အာဏာ အပြည့်ရှိရဲ့လားဆိုတာကို ကျနော်က နံပါတ် ၁ အရင်ပြောချင်တာ။ ဒီဖွဲ့စည်းပုံက ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ခုနမေးထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦး အဲဒါက သမ္မတထက် တကယ်အမြင့်မှာ ရှိနေတာနော်။ ကျန်တဲ့ကိစ္စတွေက ဖြစ်လာမယ်လို့ ပြောကြတာပဲ ရှိသေးတယ်။ အခုဟာက စာထဲမှာ ချည်ပြီးတုပ်ပြီး ရေးထားတယ်။ သမ္မတအထက်မှာရှိနေတယ် ဒီ ၁၁ ဦး။ ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကနေ ခန့်တဲ့လူ။ ဟော ဆိုတဲ့အခါကျတော့ အဲဒီမှာတင်ကိုက သမ္မတဟာ တစုံတရာရဲ့အောက်မှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ပေါ်တယ်။ နောက်တခုဗျာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအ တွက်
သမ္မတကနေပြီးတော့ မတိုက်ပါနဲ့၊ ရပ်ထားပါလို့ ပြောတဲ့အချိန်မှာ စစ်တပ်က
သွားတိုက်နေတယ်ဗျာ။ ဆိုတော့ အဲဒီလိုမျိုး နာခံမှုမရှိတဲ့ စစ်တပ်နဲ့
အပေါ်မှာရှိနေရမယ့် သမ္မတကိုတော့ အရင်ပြင်သင့်တယ်။ ဆိုတော့ သမ္မတရဲ့
လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ရှိတဲ့ စနစ်ရောက်မှ ဘယ်သူဖြစ်သင့်တယ်ဆိုတာကို
ကျနော်က ပိုပြီးတော့ စိတ်ဝင်စားတယ်။”
၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲတုန်းကလ ည်း
အန်အယ်လ်ဒီ နိုင်ခဲ့တယ်။ အာဏာမရဘဲ ပါတီခေါင်းဆောင်တွေ ဖမ်းခံရပြီး ပါတီကို
ချည့်နဲ့အောင် လုပ်ခံရတယ်။ အခုလည်း နိုင်တာကရော စိတ်ချရပါ့မလားလို့
အများပြည်သူ စိုးရိမ်မှုတွေအပေါ် ဘယ်လိုပြောချင်ပါသလဲ။
“ဒါတွေအားလုံးက ဒီတိုင်းပြည်မှာ အရေးပါတဲ့ အပြောင်းအလဲအပေါ်မှာ သြဇာညောင်းနေကြတဲ့၊ အင်အားကိုယ်စီ ရှိနေကြတဲ့ ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အတိတ်ကဟာက အင်မတန်ခါးသီးပြီးတော့ ရုပ်ဆိုးအကျည်းတန်လှပါတယ်။ အဲဒီလူတွေက ဒီနေ့မှာ သမိုင်းမှာ ၀န်ခံသည်ဖြစ်စေ၊ မ၀န်ခံသည်ဖြစ်စေဗျ အဆိုးရွားဆုံး တရားခံတွေထဲမှာ ပါတယ်ဗျ။ အဲဒီလို ပြုမူခဲ့တဲ့လူတွေအားလုံး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ပို့ရမယ့်အစား ထောင်ထဲပို့တယ်ဆိုတာက အင်မတန် ရိုင်းစိုင်းကြမ်းတမ်းပါတယ် ။ အခု ကျနော်တို့ဖြစ်ရမှာက လူမှန်နေရာမှန် ဖြစ်ရမယ့်ခေတ်ကို ရောက်ပါပြီ။”
မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ
လပိုင်းအတွင်း သူ့အစီအစဉ်အတိုင်း ကျင်းပတော့မယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊
ပါတီက ပုဂ္ဂိုလ်တွေ၊ ပြည်သူလူထုတွေ၊ ဒီဖြစ်စဉ်က နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး ပေါ်တာပေါ့နော်၊ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာပြောစရာရှိမလဲ။ ဘာတွေဆောင်ရွက်ဖို့ရှိမလဲ။
“ခင်ဗျားမေးခွန်းထဲမှာ မပါတဲ့ဟာကိုပဲ ကျနော်က ထောက်ပြရမယ်။ ရွေးကောက်ပွဲရလဒ်။ ရွေးကောက်ပွဲရလဒ်ကို ချန်လှပ်ပြီးတော့ စဉ်းစားတာမျိုးက ဘယ်အရေးကြီးတဲ့ အစ်ရှူးမှာမှ မဖြစ်သင့်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ချင်သလား၊ ရွေးကောက်ပွဲရလဒ်နဲ့ ချိတ်ဆက်ပါ။ ဘာဖြစ်လို့လဲ။ သူက နောင်အခါမှာ အာဏာသုံးရပ်ကို ပါရတော့မယ်လေ။ အဲဒီလူတွေနဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ လက်တွေ့ကျမလဲ။ ကျနော်ပြောတာ အဲဒါပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်တာ မကောင်းဘူးလားမေးရင် ကောင်းတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်၊ ပါသင့်ပါထိုက်တဲ့ တရားတွေတော့ ပါရလိမ့်မယ်။ ဒါမှလည်း အရှည်ကောင်းမှာပေါ့ဗျာ။ အခုလတ်တလော ငါရှိတုန်းမှာ ငါက တပိုင်းထားမယ်၊ ကျန်တာ ငါမသိဘူးဆိုလို့ မရဘူး။ ဒါကြောင့်မို့လို့ အခုလာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ အချိန်မီအတွင်းမှာ ဖြစ်လည်းဖြစ်ရမယ်။ ပြီးလို့ရှိရင် အရေးကြီးတဲ့ အချက်တွေအတွက် သဘောတူညီချက်တွေတော့ ထွက်လာရမယ်။ ကျနော်ပြောတဲ့ဟာက ပြီးပြည့်စုံတဲ့ဟာ မဖြစ်သေးရင်နေပါ။ သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။ ပြီးတော့မှ ယုံကြည်စိတ်နဲ့ နောက်ထပ်လိုက်ပါဖို့ ပြည်သူလူထုက စောင့်နေကြပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးဟာ ပြည်သူလူထုအပေါ်မှာ အမြော်အမြင်တရား ထားပြီးတော့ အမြန်ဦးဆောင်ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့ ဖြေရှင်းကြဖို့ ကျနော် အားလုံးကိုယ်စား တိုက်တွန်းချင်တယ်။”
ဦးမင်းကိုနိုင်
ကိုမင်းကိုနိုင်စကားတွေကြို
တိုင်းပြည်အပေါ်ထားတဲ့ သူ့ရဲ့စေတနာဟာ ဖြူစင်တယ်..ရိုးသားဖြောင့်မ
ပေါ်လွင်နေတယ်..သူ့မှာ နိုင်ငံရေးခေါင်းဆောင်ကောင်
ရှိနေတယ်ဆိုတာ သူပြောတဲ့စကားတိုင်းမှာ ထင်ထင်ရှားရှားမြင်ရတယ်..
ကျနော်သူ့ကို နှစ်နှစ်ခြိုက်ခြိုက် သဘောကျတယ်..
.
" သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့ကို တွေ့ဆုံဖို့ လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုတယ်။ အကြောင်းပြန်ချက်တွေကို ကြည့်ရသလောက် အခြေအနေတွေက ကောင်းမနေဘူးလား။ ဘယ်လိုသုံးသပ်မိလဲ။
“ကျနော်တို့ပြည်သူတွေလည်း အသည်းတထိတ်ထိတ်နဲ့ တကယ့်စွန့်စားခန်းကို ကြည့်နေရသလိုပဲ။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေက ပရိသတ်မဟုတ်ဘူးဗျ၊ တကယ်ကျတော့။ ဒီရဲ့ဖြစ်လာမယ့် ကောင်းကျိုးဆိုးမွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေက ခံစားကြရမှာ။ ဆိုတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်တွေ ဘယ်လိုပုံစံတွေ့မယ်ဆိုတာတော
အခု ဒေါ်အောင်ဆန်းစုကြည် ခေါ်ထားတဲ့ ဆွေးနွေးပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ထားတဲ့ ပုဒ်မပြင်ဆင်ရေးကိစ္စတွေ ဆောင်ရွက်လို့ မရနိုင်ဘူးလား။
“ကျနော်ပြောချင်တာက သမ္မတဟာ ဘယ်သူဖြစ်ရမယ်ဆိုတာက တပိုင်းဗျ။ သမ္မတ တယောက်ရဲ့လုပ်ပိုင်ခွင့်၊ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အာဏာ အပြည့်ရှိရဲ့လားဆိုတာကို ကျနော်က နံပါတ် ၁ အရင်ပြောချင်တာ။ ဒီဖွဲ့စည်းပုံက ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ခုနမေးထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦး အဲဒါက သမ္မတထက် တကယ်အမြင့်မှာ ရှိနေတာနော်။ ကျန်တဲ့ကိစ္စတွေက ဖြစ်လာမယ်လို့ ပြောကြတာပဲ ရှိသေးတယ်။ အခုဟာက စာထဲမှာ ချည်ပြီးတုပ်ပြီး ရေးထားတယ်။ သမ္မတအထက်မှာရှိနေတယ် ဒီ ၁၁ ဦး။ ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကနေ ခန့်တဲ့လူ။ ဟော ဆိုတဲ့အခါကျတော့ အဲဒီမှာတင်ကိုက သမ္မတဟာ တစုံတရာရဲ့အောက်မှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ပေါ်တယ်။ နောက်တခုဗျာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအ
၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲတုန်းကလ
“ဒါတွေအားလုံးက ဒီတိုင်းပြည်မှာ အရေးပါတဲ့ အပြောင်းအလဲအပေါ်မှာ သြဇာညောင်းနေကြတဲ့၊ အင်အားကိုယ်စီ ရှိနေကြတဲ့ ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အတိတ်ကဟာက အင်မတန်ခါးသီးပြီးတော့ ရုပ်ဆိုးအကျည်းတန်လှပါတယ်။ အဲဒီလူတွေက ဒီနေ့မှာ သမိုင်းမှာ ၀န်ခံသည်ဖြစ်စေ၊ မ၀န်ခံသည်ဖြစ်စေဗျ အဆိုးရွားဆုံး တရားခံတွေထဲမှာ ပါတယ်ဗျ။ အဲဒီလို ပြုမူခဲ့တဲ့လူတွေအားလုံး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ပို့ရမယ့်အစား ထောင်ထဲပို့တယ်ဆိုတာက အင်မတန် ရိုင်းစိုင်းကြမ်းတမ်းပါတယ်
မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ
“ခင်ဗျားမေးခွန်းထဲမှာ မပါတဲ့ဟာကိုပဲ ကျနော်က ထောက်ပြရမယ်။ ရွေးကောက်ပွဲရလဒ်။ ရွေးကောက်ပွဲရလဒ်ကို ချန်လှပ်ပြီးတော့ စဉ်းစားတာမျိုးက ဘယ်အရေးကြီးတဲ့ အစ်ရှူးမှာမှ မဖြစ်သင့်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ချင်သလား၊ ရွေးကောက်ပွဲရလဒ်နဲ့ ချိတ်ဆက်ပါ။ ဘာဖြစ်လို့လဲ။ သူက နောင်အခါမှာ အာဏာသုံးရပ်ကို ပါရတော့မယ်လေ။ အဲဒီလူတွေနဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ လက်တွေ့ကျမလဲ။ ကျနော်ပြောတာ အဲဒါပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်တာ မကောင်းဘူးလားမေးရင် ကောင်းတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်၊ ပါသင့်ပါထိုက်တဲ့ တရားတွေတော့ ပါရလိမ့်မယ်။ ဒါမှလည်း အရှည်ကောင်းမှာပေါ့ဗျာ။ အခုလတ်တလော ငါရှိတုန်းမှာ ငါက တပိုင်းထားမယ်၊ ကျန်တာ ငါမသိဘူးဆိုလို့ မရဘူး။ ဒါကြောင့်မို့လို့ အခုလာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ အချိန်မီအတွင်းမှာ ဖြစ်လည်းဖြစ်ရမယ်။ ပြီးလို့ရှိရင် အရေးကြီးတဲ့ အချက်တွေအတွက် သဘောတူညီချက်တွေတော့ ထွက်လာရမယ်။ ကျနော်ပြောတဲ့ဟာက ပြီးပြည့်စုံတဲ့ဟာ မဖြစ်သေးရင်နေပါ။ သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။ ပြီးတော့မှ ယုံကြည်စိတ်နဲ့ နောက်ထပ်လိုက်ပါဖို့ ပြည်သူလူထုက စောင့်နေကြပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးဟာ ပြည်သူလူထုအပေါ်မှာ အမြော်အမြင်တရား ထားပြီးတော့ အမြန်ဦးဆောင်ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့ ဖြေရှင်းကြဖို့ ကျနော် အားလုံးကိုယ်စား တိုက်တွန်းချင်တယ်။”
ဦးမင်းကိုနိုင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။