Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 1, 2015

သားရှင်တို့အတွက် သားယောက်ျားလေးများကို ပြုစုပျိုးထောင်နည်းများ


သားရှင်တို့အတွက် သားယောက်ျားလေးများကို ပြုစုပျိုးထောင်နည်းများ
---------

လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ သားလေးတွေကိုကြည့်ပြီး
သူတို့ရဲ့ မိဘ အုပ်ထိန်းသူတွေ ဘယ်လိုများ ပြုစုပျိုး ထောင်လိုက်ပါလိမ့်ဆိုပြီး အတုယူချင်စိတ် ဖြစ်ပေါ်မိပါသလား။
ကိုယ့်သားလေးတွေ ကြီး ပြင်းအရွယ်ရောက်လာချိန်မှာ
ထူးချွန်ထက်မြက်အောင်မြင်သူတွေ ဖြစ်စေချင်ပါသလား။
ကလေးတစ်ယောက် ထူးချွန်ထက် မြက်ပြီး လိမ္မာတဲ့ လူကြီးလူကောင်း
ဖြစ်လာဖို့ မိဘအုပ်ထိန်းသူတွေပေါ်မှာလည်း မူတည် နေပါတယ်။
အထူးသဖြင့် သားယောက်ျား လေးတွေကို မွေးထားတဲ့ သားရှင်မိဘတွေ ဟာ ကိုယ့်သားလေးတွေ လမ်းမှားမရောက် စေဖို့နဲ့ လိမ္မာရေးခြားရှိပြီး
ထူးချွန်ထက်မြက် တဲ့ လူကြီးလူကောင်းတွေ ဖြစ်လာစေဖို့ ပျိုးထောင်ပေးသင့်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန် သင်ပေးခြင်း
.............................................................................
သားလေးတွေ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့
အိမ်မှာ မိဘတွေက သင်ကြားပေးခဲ့တဲ့ ကလေးတွေဟာ အရွယ်ရောက် လာတဲ့အခါ အောင်မြင်ကြကြောင်း တွေ့ရှိရ တယ်လို့ လေ့လာသိရှိရပါတယ်။ အိမ်မှာ သင့် သားလေးနဲ့ စကားပြောတဲ့အခါ ''ဘာလဲ''၊ ''အင်း'' စတဲ့ တိုတောင်းတဲ့ စကားတွေနဲ့ မပြောဘဲ သင့်သားလေး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာအောင် စိတ်ရှည်ရှည်ထားပြီး ပြောပေးဖို့ လိုပါတယ်။ သူ စကားပြောတဲ့ အခါ ဖြစ်နိုင်ရင် အချိန်ပေးပြီး နားထောင်ပေးသင့်ပါတယ်။ အဲဒီအခါ သင့်သားလေးက ကျောင်းမှာ တခြားကလေးတွေနဲ့ ညှိနှိုင်းနေထိုင်တတ်ပြီး မျှဝေတတ်သူတွေ ဖြစ်လာပါလိမ့်မယ်။

(၂) အရွယ်အလိုက် သင်ပေးခြင်း
............................................
သင့်သားလေးကို အရွယ်အလိုက် လိင်ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာတွေနဲ့ ပတ်သက်တဲ့ သိသင့်
သိထိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြ ထားဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာတွေ သုံးစွဲခြင်းရဲ့ ဆိုးကျိုး ဆိုး ပြစ်တွေကို ငယ်ငယ်ကတည်းက ပြောပြထား သင့်သလို မိဘကိုယ်တိုင်လည်း ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အုပ်ထိန်းသူ တွေဟာ သားယောက်ျားလေးတွေကို အရက်၊ ဆေးလိပ် စတာတွေကို ၀ယ်ခိုင်းတာမျိုး၊ အရက်ခွက်ငှဲ့ခိုင်းတာမျိုး လုံးဝ မလုပ်သင့်ပါ။ အရက်သောက်တတ်ရင်တောင် သားတွေ ရှေ့မှာ ဘယ်တော့မှ သောက်မပြပါနဲ့။

အများအားဖြင့် မိဘတွေက ကလေးတွေ ကို လိင်ကျန်းမာရေး ပညာပေးတဲ့အခါ စိတ် မသက်မသာ ဖြစ်လေ့ရှိသလို သားလေးက ငယ်သေးတယ်လို့ ထင်နေတတ်ကြပါတယ်။ သူ့အရွယ်အလိုက် ယောက်ျားလေးနဲ့ မိန်းက လေး ခန္ဓာဗေဒဖွဲ့စည်းပုံ မတူညီတဲ့အ ကြောင်း၊ လိင်အင်္ဂါကို ဘယ်လို သန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အကြောင်း စတာတွေက စလို့ မျိုးဆက်ပွားကျန်းမာရေးပညာပေးဖို့ မတွန့် ဆုတ်ပါနဲ့။

(၃) ရည်မှန်းချက်မြင့်မြင့် ထားပေးခြင်း
....................................................
မြန်မာလူမျိုး လူကြီးသူမတွေဟာ သမီးတွေထက် သားတွေကို
ပညာရေးမှာ ပိုထူးချွန်စေချင်ကြပါတယ်။ သားရှင်တွေဆိုရင် ပညာရေးဆုံးခန်းတိုင်ရောက်ပြီး ထူးချွန် ထက်မြက်လာစေဖို့ အစွမ်းကုန် ပံ့ပိုးပေးဖို့ ရည်မှန်းချက် ရှိကြပါတယ်။ အဲဒီလို ရည် မှန်းထားကြောင်းနဲ့ သားတွေအတွက် ပညာ ရေးစရိတ်ကို ကြိုတင်စုဆောင်းထားကြောင်း သားသမီးတွေကို ပြောပြပေးပါ။ အဲဒီအခါ သားရှင်တွေအနေနဲ့ သူတို့ကိုယ်ကိုယ်ရော မိဘတွေအပေါ်ပါ ယုံကြည်မှု ပိုရှိလာပြီး အနာဂတ်လမ်းကြောင်းကို ပုံဖော်ရင်း အောင် မြင်ရေးပန်းတိုင်ကို ငယ်စဉ်ကတည်းက ဦးတည် လျှောက်လှမ်းတတ်ကြပါတယ်။

(၄) မိခင်က အလုပ်အကိုင်ရှိခြင်း

အလုပ်လုပ်တဲ့မိခင်ဟာ သားတွေရဲ့ အရေးကိစ္စတချို့မှာ လစ်ဟင်းတာမျိုး ရှိ ကောင်းရှိပေမယ့် ကလေးတွေ ကျောင်းတက် တဲ့ အရွယ်ကစပြီး မိခင်မအားလပ်မှန်း သိတဲ့ အတွက် သားတွေဟာ သူတို့ကိုယ်သူတို့ ပိုမို ထိန်းကျောင်းတာဝန်ယူနိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။အလုပ်လုပ်တဲ့ မိခင် တွေက သားတွေကို ပိုမို ကိုင်တွယ်ထိန်း ကျောင်းတတ်သလို သားတွေကလည်း အ များအားဖြင့် ကိုယ့်အားကို ကိုးတတ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အကြောင်း ကတော့ မိခင်တွေက သားတွေရဲ့ ကိစ္စတွေ မှာ နေရာတကာ ၀င်မပါနိုင်တဲ့အတွက် သား တွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည် မြင့်တက်လာ ရတာ ဖြစ်တယ်လို့ သုတေသီတွေက ထောက် ပြထားပါတယ်။

(၅) မိသားစု ပျော်ရွှင်ရင်းနှီးချစ်ခင်စွာ နေထိုင်ခြင်း
....................................................................
အလုပ်မှာဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ မိသားစုမှာ ဖြစ်ဖြစ် စိတ်ဖိစီး မှုနည်းနိုင်သမျှ နည်းအောင်ထားပြီး အောင် မြင်ပျော်ရွှင်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မိဘတွေဟာ သားတွေကို မိသားစုအပေါ် ချစ် ခင်မြတ်နိုးတန်ဖိုးထားတတ်အောင် ဖန်တီး နိုင်ကြပါတယ်။ သားလေးတွေနဲ့အတူ အိမ်စာ လုပ်တာ၊ သားလေးတွေကို ပျော်ပွဲစားခရီးတို လိုက်ပို့တာ၊ ကစားကွင်း လိုက်ပို့တာတို့ လုပ် ဆောင်ပေးတဲ့အခါ သားတွေက မိသားစုကို ပိုချစ်ခင်တွယ်တာပြီး ပျော်ရွှင်ဖွယ်ကောင်း တဲ့ မိသားစုအမှတ်တရအောက်မေ့ဖွယ် ဖြစ် ရပ်တွေကိုလည်း အမြဲ သတိရကြည်နူးနေမှာပါ။

(၆) ယုံကြည်မှုရှိစေရန် တည်ဆောက်ပေးခြင်း
..............................................................
သားတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပေးမယ်ဆိုတဲ့ ယုံ ကြည်ချက်မျိုး မိဘမှာ ရှိနေသင့်ပါတယ်။ အ ထူးသဖြင့် တခြားသူတွေအပေါ် မျှဝေပေး တတ်၊ ကူညီပေးတတ်၊ ပံ့ပိုးပေးတတ်တဲ့ သူ တွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေး စားစိတ် အကောင်းဆုံး ရှိတတ်ကြပါတယ်။ ဒါကြောင့် သားလေးတွေကို တစ်ပါးသူအပေါ် မျှဝေစာနာနားလည်မှု ထားတတ်အောင် သင်ပြပေးပါ။

(၇) အမြဲတမ်း ပရိတ်သတ်အဖြစ် ရပ်တည်ပေးခြင်း
.....................................................................
သင့်သားတွေအတွက် ထာဝရ ပရိတ် သတ်ဟာ မိဘတွေဆိုတာ သူတို့ သိနားလည် နေပါစေ။ သူတို့ အောင်မြင်မှုအတွက် လက် ခုပ်တီးပြီး ၀မ်းသာပေမယ့် မိဘရှိနေရင် သား တွေအတွက် ကြိုးစားချင်စိတ် ပိုရှိတတ်ပါ တယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာ တဲ့အခါ ဖိအားများလာတတ်တဲ့အတွက် သား တွေ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင် သည်ဖြစ်စေ သူတို့အတွက် အမြဲရပ်တည် ပေးနေမယ်ဆိုတာ သိနားလည်ပါစေ။

(၈) တာဝန်ပေးအပ်ခြင်း
..............................
သားတွေကို ငယ်စဉ်ကစပြီး အရွယ်အလိုက် တာဝန်ယူတတ်အောင်၊ တာဝန်ယူချင်စိတ်ရှိအောင်နဲ့ တာဝန်ကျေပွန်စွာ ထမ်း ဆောင်တတ်အောင် လေ့ကျင့်ပေးပါ။ ကလေး တွေအတွက် ပင်ပန်းမှာစိုးလို့ ကိုယ်က အမြန် လုပ်ပေးလိုက်ပေမယ့် ကြာရင် အကျင့်ပါ သွားပြီး သင့်သားတွေ လူပေါ်ကြော့တွေ ဖြစ် သွားနိုင်ပါတယ်။ ဒါကြောင့် သားတွေကို ငယ် စဉ်ကစပြီး အရွယ်အလိုက် လုပ်နိုင်တာတွေ ကို လုပ်ခိုင်းပါ။ တာဝန်ကျေပွန်တဲ့အခါ ချီး ကျူးဂုဏ်ပြုပြီး တာဝန်မကျေတဲ့အခါ ကျေ ပွန်တဲ့အထိ လုပ်ခိုင်းပါ။

(၉) သင့်သားသူငယ်ချင်းများကို ရင်းနှီးစွာ ပေါင်းဖော်ခြင်း
..........................................................................
သားတွေကို အုပ်ထိန်းတဲ့အခါ သူ ပေါင်းသင်းနေတဲ့ သူတွေကိုလည်း သိနားလည်ပြီး ရင်းနှီးနေဖို့ လိုပါတယ်။ သားတွေရဲ့ သူငယ် ချင်းတွေ အိမ်အလည်လာတာကို ခွင့်ပြုပါ။ သားတွေရဲ့ သူငယ်ချင်း လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ စတာတွေကို သေချာမှတ် ထားပြီး ဖြစ်နိုင်ရင် သူတို့ မိဘတွေနဲ့ပါ ခင် ခင်မင်မင် ရှိနေပါစေ။ ဒါဟာ သင့်သားတွေ အကြောင်း သင် သိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်သလို သင့်သားတွေ လမ်းမှား မရောက်အောင် ထိန်းကျောင်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

(၁၀) စံပြပုဂ္ဂိုလ်ရှိခြင်း
............................
လေ့လာမှုအရ အောင်မြင်လိမ္မာတဲ့ သား ယောက်ျားလေးတွေက ငယ်စဉ်မှာ ဖခင် တွေကို စံပြပုဂ္ဂိုလ်အဖြစ် လေးစားချစ်ခင် တတ်ကြတယ်လို့ သိရပါတယ်။ ဖခင်မရှိဘဲ ကြီးပြင်းလာရတဲ့ အမေရိကန် ကောင်လေး ၄၀ ရာခိုင်နှုန်းကျော် အောင်မြင်ထူးချွန်ရတဲ့ အကြောင်းရင်းကို လေ့လာလိုက်တဲ့အခါ သူ တိုမှာ အားကျအတုယူလေးစားရတဲ့ စံပြပုဂ္ဂိုလ် ကိုယ်စီ ရှိနေတယ်လို့ သိခဲ့ရပါတယ်။ ဒါကြောင့် သားတွေကို ငယ်စဉ်ကတည်းက လေးစားအားကျဖွယ်ရာ ပုဂ္ဂိုလ်တွေအ ကြောင်း အိပ်ရာဝင်ချိန်တွေမှာ မကြာခဏ ပြောပြေပေးသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။