Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 1, 2015

“ဘူကောင်”


“ဘူကောင်”
************
ကိုးမီး ဖဲရိုက်တဲ့အခါ နံပါတ်ကြီးလေ နိုင်လေ၊ ၉ ကတော့ ထိပ်ပဲ။ ဒါပေမယ့် ၉ ထက်များလို့ ၁၀ ဖြစ်ရင် ဘူလို့ ခေါ်တယ်။ (ဘာလို့ ခေါ်မှန်းတော့ သိဘူးဗျ။) ၁၀၊ ၂၀၊ ၃၀ ဘာပဲဖြစ်ဖြစ် သုညနဲ့ ဆုံးရင် ဘူကျပြီး ရှုံးပြီ။ ဂျပန်တွေရဲ့ ဖဲမှာလည်း အဲဒီလို ရှိတယ်။

ဂျပန်နိုင်ငံမှာ လူတကာ ကြောက်ရွံ့မုန်းတီးတဲ့ ယာကူဇာဂိုဏ်းတွေအကြောင်း ကြားဖူးကြမှာပါ။ ဂျပန်ဘာသာမှာ ယာကုဇာ ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဖဲစကားနဲ့ ယ ဆိုတာ ၈ ဂဏန်း၊ ကု ဆိုတာ ၉ ဂဏန်းနဲ့ ဇ ဆိုတာ ၃ ဂဏန်း ဖြစ်ပါတယ်။ ဒါကြောင့် ဖဲသုံးချပ် ကိုးမီးရိုက်တဲ့အခါ ၈ နဲ့ ၉ တက်လာတော့ ပေါင်းရင် ၁၇ ဖြစ်တယ်။ နောက်ဆုံးဂဏန်းကိုပဲ ယူတာမို့ ၇ ဆိုတော့ နိုင်ဖို့ သိပ်မသေချာဘူး။ ဒါကြောင့် နောက်ဖဲတစ်ချပ် ထပ်ဆွဲလိုက်တဲ့အခါ ၃ တက်လာပြီး ၂၀ ဖြစ်သွားတော့ ဘူကျပါလေရော။

ဒါကြောင့် ၈+၉+၃ (ယကုဇ) ဆိုတာ ဘယ်နေရာမှ သုံးလို့မရတဲ့ ဘူကောင်၊ အလကားကောင်လို့ ဆိုလိုတာပါ။ အဲဒီလို နာမယ်ပေးထားတဲ့ ယာကူဇာတွေက ဘာမှ မယ်မယ်ရရ အလုပ်မလုပ်ဘဲ သူများတကာကို မိုက်ကြေးခွဲတဲ့ ဒုစရိုက်မှုတွေနဲ့ စီးပွားရှာကြတယ်။ တစ်ခြားဂျပန်လူမျိုးတွေနဲ့ မတူဘဲ သူတို့က အဝတ်အစား ပြူးပြဲကြောင်တောင်၊ ရွေှ့ဆွဲကြိုး၊ ရွှေနာရီကြီးတွေ ဝင်းဝင်းလက်လက်၊ နေကာမျက်မှန်ကြီးတွေနဲ့ သိသာထင်ရှားတယ်။ အသိသာဆုံးကတော့ တက်တူးဆေးမင်ကြောင်တွေ ထိုးတာပါ။ ဂျပန်လူမျိုးတွေဟာ ယာကူဇာကလွဲရင် တက်တူးထိုးတာ အရမ်းရှားတယ်။ အဲဒီလိုပုံစံမျိုး မြင်ရင် သာမန် ဂျပန်တွေ ဝေးဝေးက ရှောင်တာပဲ။

ယာကူဇာတွေဟာ လောင်းကစားဝိုင်း၊ ပြည့်တန်ဆာခန်း၊ လက်နက်အရောင်းအဝယ်၊ ကြေးစားလူသတ် စတဲ့ ဒုစရိုက်မှုတွေနဲ့ ဝင်ငွေရကြတယ်။ အဲဒီလို မတရားနည်းလမ်းတွေနဲ့ ချမ်းသာလာတဲ့အခါမှာလည်း ကောင်းရောင်းကောင်းဝယ် လုပ်မစားဘူး။ စီးပွားရေးကုမ္ပဏီတွေက အစုရှယ်ယာတွေ လိုက်ဝယ်ထားတယ်။ ဟင်…ကုမ္ပဏီအစုရှယ်ယာ ဝယ်တာ ဘာများမှားလို့လဲ ဆိုတော့၊ သူတို့က အကြံနဲ့ ဝယ်တာမို့ပါ။

အများပြည်သူ မည်သူမဆို ဝယ်နိုင်အောင် အစုရှယ်ယာ ထုတ်ရောင်းပြီး ရင်းနှီးမြှုပ်နှံစေတဲ့ ကုမ္ပဏီကို အများပိုင် ကုမ္ပဏီ၊ အစုရှယ်ယာကုမ္ပဏီလို့ ခေါ်တယ်။ ဂျပန်လိုတော့ ခဘုရှိကိခိုင်းရှ (株式会社) ၊ အတိုကောက် KK လို့လည်း ခေါ်ကြပါတယ်။ ဥပဒေအရ၊ အများပိုင်ကုမ္ပဏီတွေဟာ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ရှယ်ယာရှင်များ အစည်းအဝေးခေါ်ယူပြီး လုပ်ငန်းရဲ့ စီးပွားရေးအခြေအနေကို တင်ပြအစီရင်ခံရပါတယ်။ ဒီအစည်းအဝေးကို ရှယ်ယာရှင်တိုင်း တက်ခွင့်ရှိတယ်။ အစုရှယ်ယာ တစ်ခုတည်းပဲ ဝယ်ထားပါစေ တက်ခွင့်ပေးရတယ်။

အဲဒီတော့၊ စောစောကတည်းက အစုရှယ်ယာ တစ်ခုနှစ်ခုကို အကြံနဲ့ ဝယ်ထားတဲ့ ယာကူဇာဂိုဏ်းဝင်ဟာ ဒီအစည်းအဝေးကို တက်တယ်။ အစည်းအဝေးထဲမှာ ကုမ္ပဏီတာဝန်ရှိသူတွေ ရှင်းလင်းတင်ပြတဲ့အခါ မဆီမဆိုင် မေးခွန်းတွေ ထုတ်ပြီး နှောင့်ယှက်တယ်။ လုပ်ငန်းတိုးတက်ရေးအတွက် တစ်ခြားရှယ်ယာရှင်တွေ ဆွေးနွေးတဲ့အချိန်မှာ ဗာရာဏသီချဲ့ပြီး တောင်စဉ်ရေမရ လျှောက်ပြောရင်း အချိန်မကုန် ကုန်အောင် ဖြုံးတယ်။

ဒါ့အပြင်၊ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်မှားတွေ တင်ပြပြီး တစ်ခြားရှယ်ယာရှင်တွေ ကုမ္ပဏီအပေါ် အထင်အမြင်လွဲအောင် လုပ်တယ်။ ယာကူဇာတွေရဲ့ ရည်ရွယ်ချက်က အဲဒီလို ဝင်နှောင့်ယှက်ပြီးတော့ ကုမ္ပဏီကို ငွေညှစ်တော့တာပဲ။ နှစ်ပတ်လည် အစည်းအဝေးမှာ လုပ်ငန်းဆုံးဖြတ်ချက်တွေ ချနိုင်အောင် ယာကူဇာတွေ အနှောင့်အယှက်မပေးစေချင်ရင် သူတို့တောင်းတဲ့ ငွေကို မတတ်သာဘဲ ပေးကြရပါတယ်။ အထင်ကရ စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်တဲ့ မစ်ဆုဘိရှီ၊ တိုကျိုလျှပ်စစ်ကုမ္ပဏီ၊ ပြီးတော့ အခု မြန်မာနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက် လုပ်မယ့် ဒိုက်ဝါ အစုရှယ်ယာများကုမ္ပဏီတွေတောင် ယာကူဇာတွေ ငွေညှစ်တာ ခံခဲ့ကြရတယ်။

အဲဒီလို အစုရှယ်ယာရှင် နှစ်ပတ်လည် အစည်းအဝေးမှာ နှောင့်ယှက်ငွေညှစ်တာကို ဂျပန်ဘာသာနဲ့ ဆိုးကိုင်းယ (総会屋) လို့ ခေါ်တယ်။ ဒါဟာလည်း ယာကူဇာတွေ မျိုးမျိုးမျက်မျက် ငွေရှာတဲ့နည်းတစ်မျိုးပါပဲ။

ဒါ့အပြင်၊ ဟိုရှေးကတည်းက ယာကူဇာတွေ ပုံမှန်ဝင်ငွေ ရတဲ့နေရာကတော့ သူတို့ အပိုင်စားရတဲ့ မြို့မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဆိုင်တွေ၊ လုပ်ငန်းတွေဆီက ဆက်ကြေး ဖြစ်ပါတယ်။ ယာကူဇာဂိုဏ်းတွေလည်း သူ့နယ် ကိုယ့်နယ် ခွဲထားတော့ ကိုယ့်နယ်မြေထဲမှာရှိတဲ့ ဆိုင်တွေဆီက နေရာကြေးဆိုပြီး တောင်းတယ်။ ဂျပန်လိုတော့ ရှောဘ ဒိုက် (ショバ代) လို့ ခေါ်တယ်။ ဘရှော (နေရာ) ဆိုတာကို ရှောဘလို့ စကားလိမ်နဲ့ ခေါ်ပြီး ဒိုက်ဆိုတဲ့ အခကြေးငွေ တောင်းတာပါ။ သူတို့ ပိုင်တဲ့ ဆိုင်မဟုတ်ဖူး၊ သူတို့ဆီက ဆိုင်ခန်းငှားတာလည်း မဟုတ်ဖူး။ သူတို့ နယ်မြေထဲမှာ ကိုယ့်ဖာသာ ဖွင့်လှစ်လုပ်ကိုင်တဲ့ ဆိုင်တွေကို သူတို့က ကာကွယ် စောင့်ရှောက်ပေးရလို့ အခကြေးငွေ ပေးရမယ်ဆိုပြီး တောင်းတာတဲ့။

ဒီအကြောင်း ပြောပြတဲ့ ကျနော့ သူငယ်ချင်း တိုယိုကာဝါကို ကျနော်လည်း မရှင်းတဲ့အချက် မေးမိတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအနည်းဆုံး တိုင်းပြည်၊ ပြီးတော့ ရဲတွေလည်း ရှိတာပဲ။ ဆိုင်တွေကို ဘယ်သူက နှောင့်ယှက်ဖျက်ဆီးမှာမို့ ယာကူဇာတွေက ကာကွယ် စောင့်ရှောက်ရတာလဲလို့ မေးကြည့်တာပါ။

တိုယိုကာဝါက ကျနော့ကို တော်တော် တုံးတဲ့ကောင်ဆိုတဲ့ အကြည့်နဲ့ ဖြေတယ်။ တစ်ခြား ဘယ်သူ ဖြစ်မလဲ၊ သူတို့ပဲပေါ့ကွတဲ့။ သူတို့ကို နေရာကြေးမပေးတဲ့ဆိုင်ကို ယာကူဇာတွေပဲ အမျိုးမျိုး နှောင့်ယှက်ပြီး လုပ်ငန်းပျက်အောင် လုပ်ကြတာလေ။ ဪ…လက်စသတ်တော့ ဒီလိုကိုး။

ပြီးတော့ တိုယိုကာဝါက ကျနော့ကို ပြန်မေးလိုက်သေးတယ်။ မင်းတို့ မြန်မာပြည်မှာရော ယာကူဇာရှိသလားတဲ့။

ကျနော်လည်း တစ်ချက်စဉ်းစားပြီး "အေး၊ ရှိတာပေါ့" လို့ ဖြေလိုက်တော့ ဒီကောင် အတော် အံ့ဩသွားတယ်။

"ငါတို့တိုင်းပြည်က ယာကူဇာတွေက ယူနီဖောင်းတွေနဲ့ကွ၊ သူတို့က တစ်နိုင်ငံလုံးရဲ့ အကြီးဆုံး အစည်းအဝေးကြီးမှာတောင် ဆိုးကိုင်းယ လုပ်ပြီး ဝင်နှောင့်ယှက်နေလိုက်သေးတယ်။"

ဂျပန်လူမျိုး တိုယိုကာဝါ ဘယ်လိုမှ တွေးတတ်မှာ မဟုတ်ဖူး။ ကျနော်တို့ မြန်မာတွေကတော့ ဒက်ကနဲ ဓာတ်ပေါက်မှာပါ။ မင်းတို့ ဂျပန်မှာ ဒီလို ဘူကောင်တွေကို ဘယ်နေရာမှ မသုံးဘူး။ အေး…ငါတို့တိုင်းပြည်မှာတော့ နေရာတကာ ဌာနတိုင်းမှာ ဘူကောင်တွေချည်းပဲ။ ဂျပန်နဲ့ မြန်မာ ဒါလေးပဲ ကွာတာပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။