Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Sunday, October 18, 2015
Eric Clapton နဲ့ ဂီတမိတ်ဆွေ များ စုပေါင်းပါဝင် ဂုဏ်ပြု ပေးခဲ့ကြတဲ့ တေးရေး အဆိုတော် ကြီး J.J Cale သို့ ဦးညွှတ်ခြင်း (သို့) The Breeze: An Appreciation of J.J.Cale
Eric Clapton နဲ့ ဂီတမိတ်ဆွေ များ စုပေါင်းပါဝင် ဂုဏ်ပြု ပေးခဲ့ကြတဲ့ တေးရေး အဆိုတော် ကြီး J.J Cale သို့ ဦးညွှတ်ခြင်း (သို့)
The Breeze: An Appreciation of J.J.Cale
…………………………………………………………………………
ရောခ့် ဂီတရဲ့ ဂန္တဝင် တွေထဲမှာတော့ အဲရစ်ကလက်ပတန် ဆိုတာ ထိပ်ဆုံးနေရာက ရှိနေခဲ့သူပဲဖြစ်သလို အထူးသဖြစ် သူကျင်လည် ဖြတ်သန်းလာခဲ့တဲ့ ဂီတ သက်တမ်း နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ဂန္တဝင် သီချင်းပေါင်းများစွာ, ဂစ်တာ ဆိုလို ပေါင်းများစွာကို ဖန်တီး ပေးထားခဲ့သူပဲဖြစ်ပြီး အထင်ကရ ဂီတပညာရှင် ပေါင်းများစွာနဲ့ လက်တွဲဖန်တီးလာခဲ့တဲ့ သီချင်း တွေ, အယ်ဘမ် တွေဟာလည်း အများကြီး ရှိခဲ့ပါတယ်။
ကလက်ပတန် ဟာ သူရဲ့ နံမည် Eric Clapton (1970) ကစပြီး တစ်ကိုယ်တော် အယ်ဘမ် တွေ ဖန်တီး လာခဲ့ရာမှာတော့ ဘလူးစ် ရောခ့်, ဘလူးစ် တွေ ဘက်ကို ပြောင်းလဲလာခဲ့တာပဲ ဖြစ်ပြီး အခုလို သူလေးစား ခဲ့ရတဲ့ ဂီတ ပညာရှင် တွေရဲ့ သီချင်းတွေကို အမှတ်တရ ပြန်ဆို ဂုဏ်ပြု ပေးခဲ့တာကတော့ အယ်ဘမ် နှစ်ချပ်ပဲ ပဲရှိပါသေး တယ်။ တစ်ယောက်ကတော့ Delta ဘလူးစ် ရဲ့ ဖခင်ကြီး ဖြစ်တဲ့ ဂန္တဝင် ဘလူးစ် ဂီတပညာရှင်ကြီး Robert Johnson ရဲ့ သီချင်း တွေကို Me and Mr. Johnson (၂၀၀၄) နဲ့ နောက်တစ်ယောက်ကတော့ Tulsa Sound ရဲ့ ဦးဆောင် သူတွေထဲက တစ်ယောက်ဖြစ်တဲ့ J.J. Cale အတွက် အခု ပြောပေးထားတဲ့ အယ်ဘမ် ပဲဖြစ်ပါတယ်။ J.J. Cale ကိုတော့ ကျွန်တော် တို့ဆီမှာ ကိုညီထွဋ် ကမိတ်ဆက်ပေးထားခဲ့ ဖူးပြီး Cale ရဲ့ Cherry ကို (ချယ်ရီ) နဲ့ Cocaine ကိုလည်း (ကိုကင်း) အဖြစ် ကလက်ပတန် ပုံစံ နဲ့ ဆိုပေးထားခဲ့ပါတယ်။
J.J. Cale ဟာ သူရဲ့ မိတ်ဆွေ အရင်းကြီး ဆိုလည်း ဟုတ်ခဲ့သလို သူ့လေးစားခဲ့ရတဲ့ ဂီတ နောင်တော် ကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ J.J Cale အပေါ် သူပြောကြား ထားခဲ့တာကလည်း J.J. ဟာ သူလေးစားတန်ဖိုး ထားတဲ့ သူ့အတွက် ထာဝရ အကောင်းဆုံး ဂီတ ပညာရှင်နဲ့ သူရဲ့ ဟီးရိုး တစ်ယောက်ဖြစ်ကြောင်း အင်တာဗျူးတွေတိုင်းမှာ ဖြေကြားပေးတတ် ပါတယ်။ အသက် ၇၄ နှစ် အရွယ် ၂၀၁၃ ရဲ့ ဇူလိုင် လထဲမှာ J.J. Cale ကွယ်လွန်သွား ခဲ့တော့ Clapton ဟာသူရဲ့ အရင်းနှီးဆုံး မိတ်ဆွေကြီး J.J. ရဲ့ သီချင်းတွေ ကို ပြန်လည် သီဆိုဂုဏ်ပြု ပေးဖို့ သူ ကိုယ်တိုင်ဦးဆောင်ပြီး Cale ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ ဂီတပညာရှင်အဆိုတော် တွေ, Cale နဲ့ လက်တွဲခဲ့ဖူးတဲ့ ဂီတပညာရှင် အတီးသမားတွေ ကို စုစည်းထားခဲ့ပြီး စတူဒီယို ထဲမှာ သူကိုယ်တိုင် ဦးဆောင် ဖန်တီးခဲ့သလို ပရိုဂျူ ဆာ အဖြစ်နဲ့ပါ ပါဝင်ပေးခဲ့ပါတယ်။
ပါဝင်ခဲ့ကြသူတွေကတော့ Eric Clapton, Tom Petty, Mark Knopfler (Dire Straits), Derek Trucks (Allman Brothers), John Mayer, ကန်းထရီး အဆိုတော်ကြီးများဖြစ်တဲ့ Wille Nelson, Don White, Sharon White, တူရိယာပညာရှင်များကတော့ J.J. Cale ရဲ့ အနားမှာ ဆုံးတဲ့ အထိ နေထိုင်ပြု စုပေးခဲ့တဲ့ သူ့ရဲ့ ဇနီးနဲ့ J.J. Cale ရဲ့ တီးဝိုင်းမှာ ဂစ်တာ တီးတဲ့ Christine Lakeland, ဂစ်တာပညာရှင် တွေဖြစ်တဲ့ Reggie Young, Mike Cambell,Albert Lee, နံမည်ကျော် ဟာမိုနီးကား ပညာရှင် Mickey Raphael, Pedal Steel ဂစ်တာ, lap steel ဂစ်တာ, dobro နဲ့ မက်ဒိုလင် ဂီတ ပညာရှင် Greg Leisz တို့ပဲဖြစ်သလို တစ်ခြားလူတွေလည်း ပါဝင်ခဲ့ကြပါသေးတယ်။
တေးရေး အဆိုတော်ကြီး J.J.Cale ဟာ အရမ်းအောင်မြင်ကျော်ကြား လူသိများလှ တဲ့ လူကြီးတော့ မဟုတ်ခဲ့ပါဘူး။ ၁၉၅၀ ကုန်ပိုင်းတွေလောက်ထဲက နေ ဂီတလောကထဲ မှာ ကျင်လည်နေခဲ့တာပဲ ဖြစ်ပြီး Tulsa Sound (ဘလူစ်း, ရောခ့်အင်ရိုး, ကန်းထရီး, rockabilly နဲ့ jazz တွေပေါင်းစပ်ထား) မြူးစစ် စတိုင်တစ်ခု ကို ၁၉၆၀ ဝန်းကျင် လောက်ထဲက စတင်လာခဲ့သူတွေထဲကပဲဖြစ်ပြီး ရောခ့်ဂီတ သမိုင်းမှာ ချန်ထားလို့မရ တဲ့ လူပြောသိပ်မများ တဲ့ ဂီတပညာရှင်ပဲ ဖြစ်ပါတယ်။ သူရဲ့ သက်တမ်းတစ်လျှောက် J.J. Cale ဟာ သူတန်ဖိုးထား မြတ်နိုးလာခဲ့တဲ့ တူရိယာတွေ နဲ့ သူဖန်တီးချင်တဲ့ အနုပညာပုံစံ တစ်ခုကို လှပစွာ ဖန်တီး ပေးသွားခဲ့သူပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တာကတော့ သူနဲ့ ကလက်ပတန် တွဲဖက် သီဆို ဖန်တီးခဲ့တဲ့ The Road to Escondido (၂၀၀၆) ပဲဖြစ်ပြီး J.J. အတွက် ပထမဦးဆုံး ဂီတ ဂရမ်မီ ဆုပဲဖြစ်ခဲ့ ပါတယ်။
သူ့ရေးသားသီဆို သွားခဲ့တဲ့ သီချင်းတွေ ဟာ တစ်ခြားနံမည် ကျော် ဂီတပညာရှင်များစွာ ပြန်ဆိုထားခဲ့ကြသလို Eric Clapton ဟာ သူရဲ့ After Midnight နဲ့ Cocain ကိုတော့ သူအပြင် Jerry Garcia, Nazareth တို့ပါ ပြန်ဆိုပေးထားခဲ့ပြီး Call Me the Breeze ကို Lynyrd Skynyrd ကပြန်ဆို ပေးထားခဲ့တာပါ။ J.J. ရဲ့ ဂီတ ပုံစံ ဟာ ရောခ့်ဂီတမှာ ဘယ်လောက်အရေးပါခဲ့ လည်း ဆိုတာ သူနဲ့ ခေတ်ပြိုင် လို့ပြောရမယ့် အဆိုတော် ကြီးတွေ, မျိုးဆက်သစ် တွေပါ သူရဲ့သီချင်းတွေ သူ့ရဲ့ ဂီတ ပုံစံအငွေ့အသက်တွေကို ယူသုံးထား ခဲ့ကြ ပြီး Clapton အပါအဝင် Neil Young, Mark Knopfler, Tom Petty, Johnny Cash, Freddie Young တို့လိုဂီတပညာရှင်တွေ နဲ့မျိုးဆက်သစ် တွေဖြစ်တဲ့ Beck, John Mayer တို့ဟာ သူရဲ့ သီချင်းတွေကို ပြန်ဆိုထားခဲ့ကြသလို သူရဲ့ သြဇာ နဲ့ မကင်းခဲ့ကြပါဘူး။
အခု ဒီအယ်ဘမ် မှာတော့ J.J. Cale ရဲ့ ၇၂, ၇၃, ၇၄ ဝန်းကျင် ကသီချင်းတွေကို ပြန်လည်သီဆို ဂုဏ်ပြု ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ဗျား တို့ ဂီတတူရိယာ ပညာရှင် တွေရဲ့ လက်စွမ်းတွေ နဲ့ ညိမ့်ညောင်း လှပ ယစ်မှုးဖွယ်ကောင်း တဲ့ blues တွေရဲ့ ဂစ်တာ အလုံးတွေ ဂစ်တာ ဆိုလိုတွေ, ကန်ထရီးနဲ့ folk ရောခ့် ပေါင်းစပ်မှုတွေရဲ့  ငြိမ့်ညောင်းမှုတွေကို တစ်ပြိုင် ထဲ ခံစားရမှာ ဖြစ်တဲ့အပြင် ရောခ့်ဂီတ ရဲ ထူးခြားတဲ့ ပုံစံ ဖြစ်တဲ့ လတ်ဆတ်မှုများကို ပါ နားဆင်လိုက်ရမှာပါ။
ဒီအယ်ဘမ်ဟာ billboard ၂၀၀ chart မှာ နံပတ် ၂ အထိချိတ်ထားနိုင်ခဲ့ပြီး ဥရောပ နိုင်ငံအားလုံးရဲ့ ဂီတ chart တွေမှာ ထပ်ဆုံးနေရာထိ နေရာ ယူထားနိုင်ခဲ့သလို billboard ရဲ့ ရောခ့်နဲ့ ပက်သက်တဲ့ chart တွေတိုင်းမှာ တစ်နှစ်ပတ်လုံး နေရာ ယူထားနိုင်ခဲ့တဲ့ အယ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။
ကျွန်တော် တို့ စကော်ပီယံများက ဒီအယ်ဘမ် နဲ့အတူ J.J. Cale ရဲ့ ၁၉၇၆ ခုနှစ် ကထွက်ရှိခဲ့တဲ့ Troubadour (1976) အယ်ဘမ် လေးကို ဒေါင်းဖို့လင့်လေး ပေးထားပါတယ်။ J.J. ရဲ့ အယ်ဘမ် ထဲမှာ ကိုညီထွဋ်ပြန်ဆိုပေးထားတဲ့ Cherry (ချယ်ရီ) နဲ့ မူရင်း ဖြစ်တဲ့ Cocaine (ကိုးကင်း) သီချင်းတွေ ပါဝင်ပါတယ်။
…\m/ထွဋ်\m/…
ခင်သောမင်သော စကော်ပီယံများ
DL : http://www.mediafire.com/download/m8lrvf5raz2g6er/JJC76.rar
DL : http://www.mediafire.com/download/9kxvz6ev7nxqx90/ELC14.rar
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။