“နွေးထွေး လုံခြုံသော တိုင်းပြည်” အပိုင်း (၂)
Strong ဖြစ်တဲ့အမျိုးသမီးတွေ ထွက်တဲ့ ဒီအိုဆာကာမြို့ကြီးက Strong ဖြစ်တယ်လို့ scholar အတူရတဲ့ နိုင်ငံခြားသားတွေက ထုတ်ပြောခြင်းကို ခံခဲ့ရတဲ့ကျွန်မကို ဘာကြောင့် အခုလို ထိန်းချုပ်မှုကင်းမဲ့စွာ ငိုကြွေးစေခဲ့ရတာလဲ။ ကျွန်မ မသိပါ။ မြန်မာပြည်ကြီးရဲ့ ဆင်းရဲမွဲတေမှုကို မျက်ဝါးထင်ထင် နှိုင်းယှဉ်သိမြင်လိုက်ရလို့ လား၊ ဂျပန်နိုင်ငံသားတွေလို လူနေမှုအဆင့်မြင့်မားတဲ့ ဘဝမျိုး မြန်မာပြည်ကလူတွေကို ဖြစ်စေချင်ပေမယ့် လုပ်ပေးနိုင်တဲ့ စွမ်းအင် ဘာမှမရှိတဲ့သူဖြစ်နေလို့လား ၊ အဖေသွားခဲ့တဲ့နေရာတွေကို သမီးရောက်နေပြီဆိုတာကို ပြောပြနိုင်ခွင့်မရှိတော့တဲ့ ၊ ၁၀လပဲရှိသေးတဲ့ သမီးလေးကို ရက်ရက်စက်စက်ထားခဲ့ပြီး သူများတွေ ပျော်ပျော်ရွှင်ရွှင်သင်ယူနေတဲ့ ကျောင်းတော်ကြီးမှာ အပြစ်ရှိသလိုခံစားမှုတွေတပွေ့တပိုက်နဲ့ ရုန်းကန်နေရတဲ့ ကိုယ့်ဘဝကိုယ် ဝမ်းနည်းမိလို့လား၊ ကျွန်မ မဝေခွဲတတ်ပါ။ အားလုံးပဲ ဖြစ်မယ်ထင်ပါတယ်။
ပျော်ရွှင်မှုများကို ကျောခိုင်းပြီး IUJ မှာနေခဲ့တဲ့ တလျှောက်လုံး စာတွေအသဲအသန်လုပ်နေခဲ့တဲ့ ကျွန်မကို အချို့မြန်မာများက အထူးတဆန်းနဲ့ သနားသလိုကြည့်ပြီး “လုပ်မနေပါနဲ့ ကြည်စင်ရယ် ဘယ်လောက်လုပ်လုပ် သူတို့ကို မမီတော့ပါဘူး” လို့ ပျော်ပျော်နေဖို့ ပြောခဲ့ကြပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မ သူတို့ ကို မမီပါဘူး၊ မီအောင်လုပ်နေတာလည်း မဟုတ်ရပါဘူး။ ဒါဆို ဘာကြောင့် လုပ်နေတာလဲ၊ ကျွန်မကိုယ် ကျွန်မ ပြန်မေးကြည့်တယ်၊ တိကျတဲ့ အဖြေ ကျွန်မမှာ မရှိပါဘူး။ ကျွန်မ တစ်ယောက်တည်းအတွက်မဟုတ်ဘူး လို့ဆိုရင် ကျွန်မဘဝနဲ့ ကျွန်မစိတ်ကို နားမလည်တဲ့ သူတို့ ကျွန်မကို ဟားတိုက်လှောင်ရယ်ကြမှာကတော့ အသေအချာပါပဲ။
မတ်လမှာ ခင်ပွန်းသည်နဲ့ သမီးလေးတို့ ဂျပန်ကို အလည်လာခဲ့ကြတဲ့အချိန်မှာ သမီးလေးက ကျွန်မကို မမှတ်မိတော့ပါဘူး။ တိုကျိုကနေ IUJ ဆီ သူတို့သားအဖကို ခေါ်အလာ ည ၉နာရီလောက်မှာ Urasa (IUJ ရှိရာမြို့) ရထားဘူတာကို ရောက်ရှိခဲ့ပါတယ်။ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ တက္ကစီကို ခင်ပွန်းသည်က သူသွားခေါ်လိုက်မယ်၊ သားအမိနှစ်ယောက် ဒီနားမှာ ခဏစောင့်နေဆိုပြီး ဖွဲဖွဲကျနေတဲ့ နှင်းထဲကို ပြေးအသွားမှာ “မာမား မာမား လာ လာ” ဆိုပြီး သူ့ အဖေကို လက်ကလေးနဲ့ လှမ်းခေါ်ပြီး သမီးလေး ထငိုပါတယ်။ သူ့ကို ချီထားတဲ့ အမေဖြစ်သူ ကျွန်မ ရင်ထဲမှာ နာကျင်နေခဲ့မိပါတယ်။ သြော် အဲဒါက သမီးအဖေပါ၊ မေမေက ဒီမှာပါ ကလေးရယ် လို့ နားမလည်သေးတဲ့ ကလေးလေးကို ရှင်းပြနေခဲ့မိပါတယ်။ တစ်ပတ်လောက်နေတော့ သူ ကျွန်မကို ရင်းနှီးသွားပါတယ်။ သူတို့ပြန်သွားပြီး တစ်လခွဲလောက်အချိန်အတွင်း တတိယ term ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပြန်ပါတယ်။
ပထမနှစ်အပြီးကျောင်း ၃ လ အပိတ်မှာ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။ အိပ်ရာကနိုးခါစ ဆော့နေတဲ့သမီးလေးရှေ့မှာ ကျွန်မ သွားရပ်လိုက်တော့ သူ့မျက်လုံးတောက်တောက်လေးတွေနဲ့
ကျွန်မကို မော့ကြည့်လိုက်ပြီး “မာမား” လို့ ခေါ်လိုက်ပါတယ်။ အို သူ
ကျွန်မကို မှတ်မိသွားပါပြီကောလား။ သူ့ကို ထိန်းဖို့ခေါ်ထားတဲ့သူကို
လှည့်မကြည့်တော့ဘဲ ကျွန်မ နောက်ကို တကောက်ကောက်လိုက်ပါတော့တယ်။
တစ်ချက်တစ်ချက် ကျွန်မ စကားပြောတာကို လှန်လှန်ကြည့်တဲ့ သူ့မျက်လုံးလေးတွေက
“ဒီလူကြည့်ပုံက သူများတွေနဲ့ မတူ တမျိုးပါလား” ဆိုတဲ့
အဓိပ္ပါယ်ထွက်နေတယ်လို့ ကျွန်မ ဖတ်မိခဲ့ပါတယ်။ ကျန်နေသေးတဲ့ နောက်တစ်နှစ်ကို
မေမေ ဘယ်လိုဖြတ်ကျော်ရမလဲ သမီးလေးရယ်။
အပျော်လေးတွေ တစ်ပတ်မပြည့်ခင် သမီးလေးကို ထိန်းဖို့ နဲ့ ထမင်းချက်ဖို့ အတွက် ကျွန်မ ခင်ပွန်းအလုပ်ခန့်ထားတဲ့ မွန်နဲ့ ကရင် အမျိုးသမီး ၂ ယောက်နဲ့ စကားပြောခင်မင်ခဲ့အပြီးမှာ ကျွန်မရဲ့ ရင်ဘတ်ထဲက အနာက ပြန်နာလာခဲ့ပြန်ပါတယ်။ ခင်ပွန်းသည်က ထောက်ပံ့ခြင်းမရှိတဲ့ လူမမယ်သမီးလေး ၂ ယောက်ကို မိခင်အိုနဲ့ထားခဲ့တဲ့၊ ၁၀ တန်းအထိ စာသင်ဖူးတဲ့ မခိုင် ဆိုတဲ့ ဥာဏ်ရည်အတော်မြင့်တဲ့ မွန်မလေးဟာ စားဝတ်နေရေး မပြေလည်လို့ ဘန်ကောက်ကို ရောက်လာခဲ့ပါတယ်။ တာဝန်မဲ့တဲ့ယောက်ျား နဲ့ ကလေး ၂ ယောက်ကို သတိရ လွမ်းဆွတ်တဲ့ စိတ်တွေကြောင့် တချက်တချက် စိတ်နဲ့လူမကပ်တဲ့ သူ့အပြုအမူတွေကို မြင်ရတဲ၊့ စိတ်ရောဂါကု ဆရာဝန်မဟုတ်တဲ့ ကျွန်မ၊ ဘယ်သူ့ကို စိတ်တိုရမှန်းမသိ၊ ဘာကို ဝမ်းနည်းမိမှန်း မသိတာ အကြိမ်ကြိမ်ပါပဲ။
ရေးတတ်ဖတ်တတ်ရုံပဲ စာသင်ခဲ့ရတဲ့ မအေး ဆိုတဲ့ ကရင်မလေးက ကျွန်မ ဖတ်တဲ့ စာအုပ်တွေကို လာလာကြည့်ပြီး “မအေးတို့ ငယ်ငယ်က အဖွားမှာ လယ်တွေရှိတော့ စားစရာမပူခဲ့ရပေမယ့် ရွာက မအေးချမ်းတော့ ကျောင်းနေခွင့်မရခဲ့ဘူး၊ တခါတလေ ညဖက် ဖောက်ဖောက်ဖောက် ရွှီး ဒိုင်း ဆိုတဲ့ အသံတွေကြားရင် အိမ်အောက်မြေကျင်းထဲကို ပြေးဝင်ကြရတယ်၊ ကျောင်းသွားရတယ်ဆိုတဲ့ အိပ်မက်ကို မအေး အသက် ၂၀ လောက်အထိ ခဏခဏမက်ခဲ့တယ်” လို့ သူ့ ငယ်ဘဝကို ဖွင့်ပြောပြခဲ့ပါတယ်။ ဘာမှနားမလည်သေးတဲ့သမီးလေးဟာ
မအေးပြောပြနေတဲ့ “ဖောက်ဖောက်ဖောက် ရွှီး ဒိုင်း” ဆိုတဲ့ အသံကို
မျက်လုံးလေးပြူးပြီး နားထောင်နေခဲ့ရာမှ လက်ကလေးတို့ပြီး ပြန်ပြောဖို့
တောင်းဆိုပါတယ်။ သမီးလေးကို သူထိန်းရတဲ့ အချိန်တွေမှာ
ကရင်ဒုံးယိမ်းဖွင့်ပြလိုက်၊ တီတီအေးတို့ ငယ်ငယ်တုန်းက အကြောင်းပြောပြမယ် ဆိုပြီး သူ့ရဲ့ မငြိမ်းချမ်းခဲ့တဲ့ ငယ်ဘဝကို ဇာတ်လမ်းလုပ်ပြီးပြောပြလိုက်လုပ်တတ်တဲ့
မအေး၊ တနေ့ အိမ်ထောင်ကျပြီး ကလေးရတဲ့အခါ ဒီအကြောင်းတွေက သူ့ ကလေးအတွက်
အိပ်ရာဝင်ပုံပြင်တွေ ဖြစ်လာမှာလား။ ဆင်းရဲမွဲတေမှုကြောင့်
စိတ်ဓာတ်ပျက်ပြားနေရတဲ့ကြား ထဲ
တိုင်းရင်းသားတွေထဲမှာပါ စိတ်ဝမ်းတွေ ကွဲနေကြတဲ့ ကျွန်မတို့
မြန်မာပြည်ကြီးမှာ ကျွန်မ မျှော်လင့်နေခဲ့တဲ့ အိပ်မက်တွေက ဘယ်သော ဘယ်အခါ
ဘယ်ကာလ မှ အကောင်အထည်ဖော်နိုင်ကြတော့မှာလဲ။ စာအုပ်စာပေတွေနဲ့ မသင်ခဲ့ရပေမယ့် ဘဝက သင်ပေးခဲ့လို “ပြည်သူတစ်ယောက်အတွက်နိုင်ငံရေး” ဆိုတာကို ကျွန်မ အတော်အသင့် နားလည်ခဲ့ပြီထင်ပါတယ်။
ဒုတိယအကြိမ် ဂျပန်ပြည်ကြီးကို ထွက်ခွာလာခဲ့တဲ့ အခေါက်မှာတော့ ကျွန်မ ကိုယ့်ကိုယ်ကို ငိုခွင့်ပေးခဲ့ပါတယ်။ ကျွန်မ သွားပြီးမိုးအလင်းမှာ ဘီဒိုတွေ လျှောက်ဖွင့်ကြည့် တံခါးကြားတွေ လျှောက်ချောင်းကြည့်ပြီး သမီးလေး ကျွန်မကို လိုက်ရှာနေခဲ့ပါတယ်တဲ့။ မေမေ့ကို ခွင့်လွှတ်ပါ သမီးလေးရယ်၊ သမီးလေး ကြီးလာရင် မေမေ့ကို နားလည်လာမှာပါလို့ အဝေးကနေ တစ်ယောက်တည်း အကြိမ်ကြိမ် တောင်းပန်နေခဲ့မိပါတယ်။ သမီးလေးကို မေ့နိုင်ဖို့ နဲ့ ဘာဖြစ်လာမယ် ဘာလုပ်နိုင်မယ်ဆိုတာမသိတဲ့ အနာဂတ်အတွက်မျှော်မှန်းပြီး ဒုတိယနှစ်မှာ ပထမနှစ်ကထက် မထင်မှတ်နိုင်လောက်အောင် အလုပ်တွေအများကြီးလုပ်နိုင် ခဲ့ပါတယ်။
ထိုင်းနိုင်ငံက အသိအမှတ်မပြုလို့ မပေးခဲ့တဲ့ နိုင်ငံတကာပညာရေးကို KMMF
ရဲ့ကျေးဇူးကြောင့် IUJ မှာ ရသခိုက်လေး ကျွန်မ နိုင်သလောက်
အစွမ်းကုန်ယူသွားမယ် ဆိုတဲ့ စိတ်က ကျွန်မကို ခရီးအဆုံးထိရောက်အောင်သွားဖို့ တွန်းပို့ခဲ့ပါတယ်။
ဂျပန်က ကျောင်းအပြီးမှာ ထိုင်းနိုင်ငံ Assumption University မှာပဲ အလုပ်လျှောက်ဖို့ ခင်ပွန်းသည်က ပြောလာခဲ့ပါတယ်။ ဟင့်အင်း မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ချင်တယ် လို့ ဖြေပြီး ကျွန်မ သူ့ကို ဂျီတိုက်ခဲ့ပါတယ်။ အလုပ်လျှောက်လွှာကို တော်တော်နဲ့ မတင်သေးဘဲ မြန်မာပြည်ကို သမီးလေးနဲ့ ခဏပြန်ခဲ့ပြီး အမေ့ဆီမှာ အမောသွားဖြေခဲ့ပါသေးတယ်။ လူတွေကြားထဲသွားတိုင်း မေမေ သူတို့ ဗမာစကားတွေပြောနေကြတယ်လို့ သမီးလေး တအံ့တသြ ဆိုခဲ့လို့ ကျွန်မမှာ ငိုရမလို ရယ်ရမလို ဖြစ်ခဲ့ရပါသေးတယ်။ အဖွား အဒေါ် နဲ့ နွေးထွေးလှတဲ့ အိမ်နီးနားချင်း တွေရဲ့ ဂရုစိုက်မှုတွေကြားမှာ ပျော်ရွှင်နေခဲ့တဲ့ သမီးလေးက မေမေ ဘန်ကောက်ပြန်ရင် နှင်းနှင်းနေခဲ့မယ်လို့ ဆိုပါတယ်။ သြော် သမီးလေးတောင် နွေးထွေးမှုရှိတဲ့ မြန်မာနိုင်ငံကြီးက မပြန်ချင်တာ အသက် ၂၈ နှစ်အထိ နေထိုင်ကြီးပြင်းခဲ့တဲ့ မေမေဆို ပိုမပြန်ချင်တာပေါ့ သမီးလေးရယ်။ ဒါပေမယ့် မေမေတို့မှာ ကျန်းမာရေးအရ ပညာရေးအရ အလုပ်အကိုင်အရ လုံခြုံမှုပြည့်ဝတဲ့နေစရာ မြန်မာပြည်မှာ မရှိသေးပါဘူး၊ သမီးလေး နောက်တော့ သိလာပါလိမ့်မယ်ကွယ်။
နွေးထွေးမှုရှိပေမယ့် လုံခြုံမှုအားနည်းတဲ့ မြန်မာပြည်မှ လုံခြုံမှုပိုရှိပေမယ့် နွေးထွေးမှုနည်းပါးလှတဲ့ ဘန်ကောက်မြို့ကြီးကို အပြန်မနက် လေယာဉ်ပေါ်မှာ နွေးထွေးလုံခြုံမှုအပြည့်ရှိတဲ့
မြန်မာပြည်ကြီးမှာ နေထိုင်ဖို့ အမြဲစိတ်ကူးယဉ်နေခဲ့တဲ့၊
စိတ်ကူးယဉ်နေဆဲဖြစ်တဲ့ ကျွန်မ၊ အိပ်ပျော်နေတဲ့ သမီးလေးကို ဖက်ထားရင်းမှ
ရှေ့ဆက်ရမယ့် မြန်မာလူမျိုးတစ်ယောက်ရဲ့ ဘဝခရီးကို စဉ်းစားရင်း
ရင်မောနေခဲ့မိပါတော့တယ်ရှင် ။
June 19, 2014
Strong ဖြစ်တဲ့အမျိုးသမီးတွေ ထွက်တဲ့ ဒီအိုဆာကာမြို့ကြီးက Strong ဖြစ်တယ်လို့ scholar အတူရတဲ့ နိုင်ငံခြားသားတွေက ထုတ်ပြောခြင်းကို ခံခဲ့ရတဲ့ကျွန်မကို ဘာကြောင့် အခုလို ထိန်းချုပ်မှုကင်းမဲ့စွာ ငိုကြွေးစေခဲ့ရတာလဲ။ ကျွန်မ မသိပါ။ မြန်မာပြည်ကြီးရဲ့ ဆင်းရဲမွဲတေမှုကို မျက်ဝါးထင်ထင် နှိုင်းယှဉ်သိမြင်လိုက်ရလို
ပျော်ရွှင်မှုများကို ကျောခိုင်းပြီး IUJ မှာနေခဲ့တဲ့ တလျှောက်လုံး စာတွေအသဲအသန်လုပ်နေခဲ့တဲ့ ကျွန်မကို အချို့မြန်မာများက အထူးတဆန်းနဲ့ သနားသလိုကြည့်ပြီး “လုပ်မနေပါနဲ့ ကြည်စင်ရယ် ဘယ်လောက်လုပ်လုပ် သူတို့ကို မမီတော့ပါဘူး” လို့ ပျော်ပျော်နေဖို့ ပြောခဲ့ကြပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မ သူတို့ ကို မမီပါဘူး၊ မီအောင်လုပ်နေတာလည်း မဟုတ်ရပါဘူး။ ဒါဆို ဘာကြောင့် လုပ်နေတာလဲ၊ ကျွန်မကိုယ် ကျွန်မ ပြန်မေးကြည့်တယ်၊ တိကျတဲ့ အဖြေ ကျွန်မမှာ မရှိပါဘူး။ ကျွန်မ တစ်ယောက်တည်းအတွက်မဟုတ်ဘူး လို့ဆိုရင် ကျွန်မဘဝနဲ့ ကျွန်မစိတ်ကို နားမလည်တဲ့ သူတို့ ကျွန်မကို ဟားတိုက်လှောင်ရယ်ကြမှာကတေ
မတ်လမှာ ခင်ပွန်းသည်နဲ့ သမီးလေးတို့ ဂျပန်ကို အလည်လာခဲ့ကြတဲ့အချိန်မှာ သမီးလေးက ကျွန်မကို မမှတ်မိတော့ပါဘူး။ တိုကျိုကနေ IUJ ဆီ သူတို့သားအဖကို ခေါ်အလာ ည ၉နာရီလောက်မှာ Urasa (IUJ ရှိရာမြို့) ရထားဘူတာကို ရောက်ရှိခဲ့ပါတယ်။ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ တက္ကစီကို ခင်ပွန်းသည်က သူသွားခေါ်လိုက်မယ်၊ သားအမိနှစ်ယောက် ဒီနားမှာ ခဏစောင့်နေဆိုပြီး ဖွဲဖွဲကျနေတဲ့ နှင်းထဲကို ပြေးအသွားမှာ “မာမား မာမား လာ လာ” ဆိုပြီး သူ့ အဖေကို လက်ကလေးနဲ့ လှမ်းခေါ်ပြီး သမီးလေး ထငိုပါတယ်။ သူ့ကို ချီထားတဲ့ အမေဖြစ်သူ ကျွန်မ ရင်ထဲမှာ နာကျင်နေခဲ့မိပါတယ်။ သြော် အဲဒါက သမီးအဖေပါ၊ မေမေက ဒီမှာပါ ကလေးရယ် လို့ နားမလည်သေးတဲ့ ကလေးလေးကို ရှင်းပြနေခဲ့မိပါတယ်။ တစ်ပတ်လောက်နေတော့ သူ ကျွန်မကို ရင်းနှီးသွားပါတယ်။ သူတို့ပြန်သွားပြီး တစ်လခွဲလောက်အချိန်အတွင်း တတိယ term ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပြန်ပါတယ်။
ပထမနှစ်အပြီးကျောင်း ၃ လ အပိတ်မှာ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။ အိပ်ရာကနိုးခါစ ဆော့နေတဲ့သမီးလေးရှေ့မှာ ကျွန်မ သွားရပ်လိုက်တော့ သူ့မျက်လုံးတောက်တောက်လေးတေ
အပျော်လေးတွေ တစ်ပတ်မပြည့်ခင် သမီးလေးကို ထိန်းဖို့ နဲ့ ထမင်းချက်ဖို့ အတွက် ကျွန်မ ခင်ပွန်းအလုပ်ခန့်ထားတဲ့ မွန်နဲ့ ကရင် အမျိုးသမီး ၂ ယောက်နဲ့ စကားပြောခင်မင်ခဲ့အပြီးမှာ ကျွန်မရဲ့ ရင်ဘတ်ထဲက အနာက ပြန်နာလာခဲ့ပြန်ပါတယ်။ ခင်ပွန်းသည်က ထောက်ပံ့ခြင်းမရှိတဲ့ လူမမယ်သမီးလေး ၂ ယောက်ကို မိခင်အိုနဲ့ထားခဲ့တဲ့၊ ၁၀ တန်းအထိ စာသင်ဖူးတဲ့ မခိုင် ဆိုတဲ့ ဥာဏ်ရည်အတော်မြင့်တဲ့ မွန်မလေးဟာ စားဝတ်နေရေး မပြေလည်လို့ ဘန်ကောက်ကို ရောက်လာခဲ့ပါတယ်။ တာဝန်မဲ့တဲ့ယောက်ျား နဲ့ ကလေး ၂ ယောက်ကို သတိရ လွမ်းဆွတ်တဲ့ စိတ်တွေကြောင့် တချက်တချက် စိတ်နဲ့လူမကပ်တဲ့ သူ့အပြုအမူတွေကို မြင်ရတဲ၊့ စိတ်ရောဂါကု ဆရာဝန်မဟုတ်တဲ့ ကျွန်မ၊ ဘယ်သူ့ကို စိတ်တိုရမှန်းမသိ၊ ဘာကို ဝမ်းနည်းမိမှန်း မသိတာ အကြိမ်ကြိမ်ပါပဲ။
ရေးတတ်ဖတ်တတ်ရုံပဲ စာသင်ခဲ့ရတဲ့ မအေး ဆိုတဲ့ ကရင်မလေးက ကျွန်မ ဖတ်တဲ့ စာအုပ်တွေကို လာလာကြည့်ပြီး “မအေးတို့ ငယ်ငယ်က အဖွားမှာ လယ်တွေရှိတော့ စားစရာမပူခဲ့ရပေမယ့် ရွာက မအေးချမ်းတော့ ကျောင်းနေခွင့်မရခဲ့ဘူး၊ တခါတလေ ညဖက် ဖောက်ဖောက်ဖောက် ရွှီး ဒိုင်း ဆိုတဲ့ အသံတွေကြားရင် အိမ်အောက်မြေကျင်းထဲကို ပြေးဝင်ကြရတယ်၊ ကျောင်းသွားရတယ်ဆိုတဲ့ အိပ်မက်ကို မအေး အသက် ၂၀ လောက်အထိ ခဏခဏမက်ခဲ့တယ်” လို့ သူ့ ငယ်ဘဝကို ဖွင့်ပြောပြခဲ့ပါတယ်။ ဘာမှနားမလည်သေးတဲ့သမီးလေးဟာ
ဒုတိယအကြိမ် ဂျပန်ပြည်ကြီးကို ထွက်ခွာလာခဲ့တဲ့ အခေါက်မှာတော့ ကျွန်မ ကိုယ့်ကိုယ်ကို ငိုခွင့်ပေးခဲ့ပါတယ်။ ကျွန်မ သွားပြီးမိုးအလင်းမှာ ဘီဒိုတွေ လျှောက်ဖွင့်ကြည့် တံခါးကြားတွေ လျှောက်ချောင်းကြည့်ပြီး သမီးလေး ကျွန်မကို လိုက်ရှာနေခဲ့ပါတယ်တဲ့။ မေမေ့ကို ခွင့်လွှတ်ပါ သမီးလေးရယ်၊ သမီးလေး ကြီးလာရင် မေမေ့ကို နားလည်လာမှာပါလို့ အဝေးကနေ တစ်ယောက်တည်း အကြိမ်ကြိမ် တောင်းပန်နေခဲ့မိပါတယ်။ သမီးလေးကို မေ့နိုင်ဖို့ နဲ့ ဘာဖြစ်လာမယ် ဘာလုပ်နိုင်မယ်ဆိုတာမသိတဲ့ အနာဂတ်အတွက်မျှော်မှန်းပြီး
ဂျပန်က ကျောင်းအပြီးမှာ ထိုင်းနိုင်ငံ Assumption University မှာပဲ အလုပ်လျှောက်ဖို့ ခင်ပွန်းသည်က ပြောလာခဲ့ပါတယ်။ ဟင့်အင်း မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ချင်တယ် လို့ ဖြေပြီး ကျွန်မ သူ့ကို ဂျီတိုက်ခဲ့ပါတယ်။ အလုပ်လျှောက်လွှာကို တော်တော်နဲ့ မတင်သေးဘဲ မြန်မာပြည်ကို သမီးလေးနဲ့ ခဏပြန်ခဲ့ပြီး အမေ့ဆီမှာ အမောသွားဖြေခဲ့ပါသေးတယ်။ လူတွေကြားထဲသွားတိုင်း မေမေ သူတို့ ဗမာစကားတွေပြောနေကြတယ်လို့ သမီးလေး တအံ့တသြ ဆိုခဲ့လို့ ကျွန်မမှာ ငိုရမလို ရယ်ရမလို ဖြစ်ခဲ့ရပါသေးတယ်။ အဖွား အဒေါ် နဲ့ နွေးထွေးလှတဲ့ အိမ်နီးနားချင်း တွေရဲ့ ဂရုစိုက်မှုတွေကြားမှာ ပျော်ရွှင်နေခဲ့တဲ့ သမီးလေးက မေမေ ဘန်ကောက်ပြန်ရင် နှင်းနှင်းနေခဲ့မယ်လို့ ဆိုပါတယ်။ သြော် သမီးလေးတောင် နွေးထွေးမှုရှိတဲ့ မြန်မာနိုင်ငံကြီးက မပြန်ချင်တာ အသက် ၂၈ နှစ်အထိ နေထိုင်ကြီးပြင်းခဲ့တဲ့ မေမေဆို ပိုမပြန်ချင်တာပေါ့ သမီးလေးရယ်။ ဒါပေမယ့် မေမေတို့မှာ ကျန်းမာရေးအရ ပညာရေးအရ အလုပ်အကိုင်အရ လုံခြုံမှုပြည့်ဝတဲ့နေစရာ မြန်မာပြည်မှာ မရှိသေးပါဘူး၊ သမီးလေး နောက်တော့ သိလာပါလိမ့်မယ်ကွယ်။
နွေးထွေးမှုရှိပေမယ့် လုံခြုံမှုအားနည်းတဲ့ မြန်မာပြည်မှ လုံခြုံမှုပိုရှိပေမယ့် နွေးထွေးမှုနည်းပါးလှတဲ့ ဘန်ကောက်မြို့ကြီးကို အပြန်မနက် လေယာဉ်ပေါ်မှာ နွေးထွေးလုံခြုံမှုအပြည့်ရှ
June 19, 2014

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။