Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 16, 2015

လူသိနည်းလွန်းလှတဲ့... မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်

လူသိနည်းလွန်းလှတဲ့...
မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်
******************************************
သူသူထက်လွင်

''ဘယ်ပါတီ ဘယ်အစိုးရပဲတက် တက် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိထိရောက်ရောက်မကာကွယ်နိုင် ရင် လူမျိုးပြုတ်ဖို့သာ ပြင်ထားတော့။ မူးယစ် ဆေးဝါးက တစ်မျိုးသားလုံးရဲ့ရန်သူပဲ''လို့ မူး ယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြ တိုက်မှူး ရဲမှူး ညီညီလင်းက ပြောပါတယ်။

အခုတလော နိုင်ငံပိုင်သတင်းစာတွေ ထဲမှာ မူးယစ်ဆေးဝါး(ဘိန်း၊ စိတ်ြ<ွကဆေးတွေ) ဖမ်းဆီးရရှိမှုသတင်းတွေ ပလူပျံပါလာသလို မြန်မာနိုင်ငံမှာ စိတ်ကြွဆေးပြားဖမ်းဆီးရရှိမှု ကမ္ဘာ့စံချိန်တင်သွားတဲ့အမှုတွေလည်း ဆက် တိုက်ပေါ်ပေါက်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေရဲ့အန္တရာယ်တွေကို သိရှိနားလည်အောင်၂ဝဝ၁ ခုနှစ်က ''မူးယစ် ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်'' ကို ကျပ်သန်းပေါင်း ၁ဝ၅၃ ကုန်ကျခံပြီး နိုင်ငံ တော်က ဖွင့်လှစ်ပေးခဲ့ပါတယ်။
အခုချိန်မှာတော့ ပြတိုက်ကိုသိရှိသူရော၊ သွားရောက်လေ့လာသူတွေ အလွန်နည်းပါး နေပါတယ်။
''ပြတိုက်ကိုသိတဲ့သူနည်းသလို လာတဲ့ သူလဲ တအားနည်းနေပါတယ်။ ကျွန်မတို့ ပြ တိုက်မှာ ဓာတ်ပုံရိုက်ခွင့်လဲရှိတယ်။ ဒါတောင် လာတဲ့သူ နည်းလွန်းနေပါသေးတယ်''ဟု ပြ တိုက်မှရဲအရာခံ ခင်အေးမော်ကပြောတယ်။
လူသိနည်းနေတဲ့ 'မူးယစ်ဆေးဝါးပပျောက် ရေးအထိမ်းအမှတ်ပြတိုက်'ကို ရန်ကုန်မြို့ ကမာ ရွတ်မြို့နယ် ဟံသာဝတီအဝိုင်းအနီး ဟံသာ ဝတီလမ်းနှင့်ကျွန်းတောလမ်းထောင့်တွင် ဖွင့် လှစ်ထားပါတယ်။
မြင့်မားခန့်ထည်လှတဲ့ အဆောက်အအုံ ထဲမှာပြတိုက်အတွင်း မြေညီထပ်ပြခန်းမှာ ပြ ကွက်ပေါင်း ၂၂ခု၊ ပထမထပ်ပြခန်းမှာ ပြကွက် ပေါင်း ၂ဝ၊ ဒုတိယထပ်ပြခန်းမှာ ပြကွက် ၁ဝခု ပြသထားပါတယ်။
မြေညီထပ်ပြကွက်တွေမှာ ထူးခြားတဲ့ပြ ကွက်တွေကတော့ မြန်မာနိုင်ငံအတွင်း ဘိန်း စဝင်လာပုံနဲ့ 'မြန်မာဘုရင်များလက်ထက် မူး ယစ်ဆေးဝါးထိန်းချုပ်မှုပြခန်း'ဖြစ်ပါတယ်။
မူးယစ်ထုံထိုင်းစေတဲ့ဘိန်းဟာ မြန်မာ နိုင်ငံကို လွန်ခဲ့သောနှစ်ပေါင်း၄၃၅နှစ် (၁၅၈ဝ ခုနှစ်)ကစတင်ဝင်ရောက်လာပြီး အီတလီနိုင်ငံ သား ဗင်းနစ်မြို့သားစီဇာဖရက်ဒရစ်ဆိုသူက ပဲခူးမြို့တွင် ဘိန်းအရောင်းအဝယ်လုပ်ခဲ့တယ် လို့ သိရပါတယ်။
''အရင်က မြန်မာနိုင်ငံမှာ ဘိန်းဆိုတာ မရှိဘူး။ ပြည်ပကနေဝင်ရောက်လာတာဖြစ် တယ်''လို့ ပြတိုက်တာဝန်ရှိသူတစ်ဦးက ပြော ပြပါတယ်။
မြန်မာဘုရင် ဘိုးတော်ဘုရား ဗဒုံမင်း (၁၇၈၂- ၁၈၂၉) မှာ ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာကစလို့ ယစ်မျိုးနဲ့စပ်ဆိုင်သမျှကို လုံးဝ မရောင်းမဝယ်ရန် ပြင်းပြင်းထန်ထန်တားမြစ် တဲ့အမိန့်တော် ထုတ်ပြန်ခဲ့ပါတယ်။
''ဘိန်းစား၊ ဘိန်းသောက်၊ ဘိန်းရှူအမှု သည် မြန်မာတိုင်းပြည်တွင် ဓလေ့ထုံးစံမရှိ သည်ဖြစ်သည်။ ဖမ်းဆီးရမည်မှာ လူမျိုးခြား ကု လား၊ တရုတ်တို့သာ မဖမ်းမဆီးစေနှင့်။ မြန်မာ ဘိန်းစား၊ ဘိန်းသောက်သူတို့ကိုတွေ့မိအောင် မြို့ဝန်ကဖမ်းဆီး၍ အကျဉ်းလုံအောင်ထားစေ။ ဘိန်းရောင်းသူလဲမရှိစေနှင့်။ ဘိန်းရှိသမျှသိမ်း ၍ တိုက်တော်သို့သွင်းစေ။ တရုတ်တို့မှာရှိသည့် ဘိန်းကိုလဲ ရွှေတိုက်ဝန်ကသိမ်း၍ ရွှေတိုက် တော်သို့သွင်းစေ''လို့ ဘိုးတော်ဘုရားက နန်းစံ ၃၅ နှစ်ကာလတွင်ထုတ်ပြန်ချက်ကို ပြတိုက် မှာပြသထားပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝ ကျော် ဘိုး တော်ဘုရား(ဗဒုံမင်း)လက်ထက်ကတည်းက မူးယစ်ဆေးဝါးအန္တရာယ်ကိုသိသောကြောင့် ဘိန်းတင်သွင်းလာတဲ့တိုင်းတစ်ပါးသားများ ကို ဖမ်းဆီးပြစ်ဒဏ်ပေးခြင်းအပြင် ဘိန်းသုံးစွဲ တဲ့မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်ချမှတ် တား မြစ်ခဲ့တယ်။
အဲဒီလို ဘိုးတော်ဘုရား၊ ပုဂံမင်းနဲ့ကုန်း ဘောင်ခေတ်နောက်ဆုံးဘုရင်များက တား မြစ်ခဲ့သော်လည်း မြန်မာနိုင်ငံ ကိုလိုနီလက် အောက်ကိုကျရောက်သွားတဲ့အချိန်မှာတော့ ဘိန်းလိုင်စင်များချပေးပြီး ရောင်းဝယ်ဖောက် ကားတဲ့အဆင့်ထိ ဆိုးရွားသွားပါတယ်။
''ကိုလိုနီခေတ် ဘိန်းလိုင်စင်များပြကွက် မှာ ဘိန်းလိုင်စင်တွေကို ပြသထားတယ်''လို့ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက်ကို သွားရောက်လေ့လာသူတစ်ဦးက ပြောပြတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဟူးကောင်း တောင်ကြားမှာ ဘိန်းစိုက်ပျိုးမှုတွေစတင်ခဲ့တဲ့ အကြောင်းတွေကို ပြတိုက်မှာပြသထားပါတယ်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ် မှုတွေရှိလာတဲ့အတွက် လွတ်လပ်ရေးရပြီးနောက် တပ်မတော်မှ မိုးဟိန်းစစ်ဆင်ရေး(၁)မှ(၁၂)၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး တွေ ဆောင်ရွက်ခဲ့ပါတယ်။
တောင်ရန်ရှင်းစစ်ဆင်ရေးတွင် တပ်မ တော်(လေ)မှ ဆေးဖျန်းလေယာဉ်သုံးကာ ဘိန်း စိုက်ခင်းများကိုဖျက်ဆီးခဲ့ပြီး ပြတိုက်တွင် 'မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးလေယာဉ်'ကိုလည်း ပြတိုက်မှာပြသထားပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲရင် ဆိုးကျိုးများစွာ ခံစားရပြီး ''မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ ပေးသင်ခန်းစာ''ကို ရုပ်ပုံကားချပ်တွေနဲ့ ပညာ ပေးပြသထားတာလည်း စိတ်ဝင်စားဖို့ကောင်း ပါတယ်။
ယနေ့ ၂၁ရာစုမှာတော့ မူးယစ်ဆေးဝါး ဆိုလျှင် ဘိန်းထက် စိတ်ြ<ွကဆေးပြားများ ပိုမို ခေတ်စားနေပါတယ်။
''မြန်မာနိုင်ငံမှာ အခုတလော စိတ်ကြွ ဆေးပြားတွေ အများကြီးမိတယ်။ လူတွေက ဘိန်းထက် စိတ်ကြွဆေးပြားကိုပိုသုံးလာတယ်။ ဈေးနှုန်းကလဲ တစ်ပြားကို ၅ဝဝဝ လောက်ဆို တော့ ဝယ်ယူနိုင်တဲ့အနေအထားဖြစ်တယ်။ နောက်တစ်ချက်က ဘိန်းလိုမျိုး ယင်းမထဘူး။ စိတ်ကြွဆေးသုံးတာများရင်တော့ ဦးနှောက် ပျက်တတ်တယ်။ ကင်ဆာတွေဖြစ်တတ်တယ်'' လို့ မူးယစ်ဆေးဝါးပ ပျောက်ရေးအထိမ်းအ မှတ်ပြတိုက်မှူး ရဲမှူး ညီ ညီလင်းက ပြောတယ်။
ကမ္ဘာ့စံချိန်တင် လောက်အောင် ဖမ်းဆီး ရမိတဲ့စိတ်ကြွဆေးတွေ ကို ပြည်ထဲရေးဝန်ကြီး ဌာနက ထိန်းသိမ်းဖျက်ဆီးသွားမယ်လို့သိရ ပါတယ်။
အရောင်စုံပြီး လိပ်ပြာ၊ ယုန်စတဲ့ရုပ်ပုံပါ တဲ့ စိတ်ကြွဆေးတွေ၊ WY စာတမ်းပါ စိတ်ြ<ွကဆေးဝါးတွေရဲ့ဆိုးကျိုးတွေကို လူငယ်များ၊ ကျောင်းသား ကျောင်းသူများမသိသလို ဈေး နှုန်းမှာလည်းအလွန်ပေါသောကြောင့် မြန်မာ ပြည်အနှံ့မှာ ပျံ့နှံ့သုံးစွဲနေကြပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက ပညာ ပေးပြခန်းတွေပြသကာ သတိပေးထားပါတယ်။
စိတ်ကြွဆေးတွေကို မြန်မာအမျိုးသမီး လေးများဝိတ်ကျစေဖို့ အဆီကျဆေးအဖြစ် ရောင်းဝယ်သုံးစွဲနေတာတွေလည်း ရှိတယ် လို့ သိရတယ်။ ''စိတ်ကြွ ဆေးသောက်ရင် စားချင် စိတ်မရှိတော့ဘူး။ အိပ်ချင် စိတ်လဲမရှိ အလုပ်ပိုလုပ် နိုင်တယ်လို့ ထင်ကြတယ်။ အမျိုးသမီးအချို့ကတော့ ပိန်ဆေးဆိုပြီးသောက်ကြ တယ်။ စိတ်ကြွဆေးသုံးလို့ ပိန်ပေမယ့် နောက် ၁ဝ နှစ်ကြာတဲ့အခါ ရုပ်ကအ လွန်ကျတာ ကင်ဆာဖြစ် တာနဲ့ သေဆုံးနိုင်ပါတယ်'' လို့ ရဲအရာရှိကြီးတစ်ဦးက ဆိုပါတယ်။
''မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်း အမှတ်ပြတိုက်''ကို တနင်္လာနေ့နဲ့ အစိုးရရုံးပိတ် ရက်တွေမှအပ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖွင့်လှစ်ထားပြီး ဝင်ကြေး ပြည် တွင်း၁ဝဝ၊ နိုင်ငံခြားသားသုံးဒေါ်လာ၊ ကင် မရာ ပြည်တွင်း ၂ဝဝ၊ နိုင်ငံခြားသားငါးဒေါ် လာ သတ်မှတ်ထားပါတယ်။
ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့ အမျှ မူးယစ်ဆေးဝါးဟာ အသွင်မျိုးစုံပြောင်း လဲလာပြီး လူသားတွေကိုအသက်သေဆုံးတဲ့ အထိ ဒုက္ခပေးနေတဲ့အကြောင်း ပါတီအသီး သီးမှ ပြည်သူကိုအလုပ်အကျွေးပြုမယ့် ပြည် သူ့ကိုယ်စားလှယ်တွေ၊ မျိုးဆက်သစ်လူငယ် တွေ သိရှိဖို့ လိုအပ်တဲ့အတွက် ''မူးယစ်ဆေး ဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်''ကို သွားရောက်လေ့လာကြည့်ရှုဖို့ တိုက်တွန်း ရေးသားလိုက်ပါတယ်။
‪#‎YangonMediaGroup‬ ‪#‎YangonTimesJournal‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။