ဆရာတော် ဦးဗုဒ်
*ပြတိုက်
ဆရာတော်ဦးဗုဓ် ဖွားမြင်သန့်စင်ခဲ့ ရာ မြေနေရာတွင် ''ဆရာတော် ဦးဗုဓ်ပြတိုက်'' ကို ဖွင့်လှစ် ထားသည်။ ညောင်ကန်ရွာအတွင်း ရွာလမ်းမပေါ်တွင် ရှိသည့် ပြတိုက် အဆောက်အအုံအတွင်း၌် ဘုရားရှင်ရုပ်ပွား တော် တစ်ဆူသာ တွေ့ရသည်။
ဆရာတော် ဦးဗုဓ် ပြတိုက်သည် ဆရာတော်ရှိစဉ်က အဆောက်အအုံ မဟုတ်ဘဲ ဆရာတော်ဖွားမြင်ခဲ့သည့် နေရာအား အစဉ်အဆက် ထိန်းသိမ်းခဲ့ကာ အထိမ်းအမှတ် အဆောက်အအုံတစ်ခုကို ဆောက်လုပ်ထားခြင်းဖြစ် ကြောင်း၊ သာခေါင်ရပ်ဟု ခေါ်ဆိုကြောင်း သိရှိခဲ့ရသည်။ဆရာတော်၏ အသုံးအဆောင်များသည် ဆရာတော် ငယ်စဉ်က သီတင်းသုံးခဲ့သောကျောင်းတွင် အနည်း အပါးကျန်ရှိကြောင်း သိရသည်။
ညောင်ကန်ကျေးရွာသည် ရှေးအခါက ဗဒုံကျေးလက် တွင် တည်ရှိခဲ့သောရွာကြီးတစ်ရြွာ ဖစ်ကာ
ညောင်ကန်ရွာ ဇာတိ ဆရာတော်ဦးဗုဓ်က မိမိကိုယ်တိုင်ပြုစုခဲ့သော ပါဠိသဒ္ဒါ
ပဒရူပသိဒ္ဓိ နိဿယကျမ်းစာနိဂုံးတွင် ပါဠိ ဘာသာဖြင့် မွေးရပ်မြေ
ညောင်ကန်ရွာအကြောင်း ရေးသားခဲ့သည်။ မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်သည်။
''ဖားသည် မြွေကို၊ ကြွက်သည် ကြောင်ကို၊ သမင်သည် ကျားကို အောင်မြင်ရာဖြစ်၍၊ ကပိလရှင်ရသေ့၏ ကျောင်းသင်္ခမ်းရာမြေနှင့်တူေ သာ၊
ရန်သူတို့သည် မအောင်အပ်သော ဤမြေအရပ်၌ ညောင်ဗုဒ္ဓဟေပင် ပေါက်ရောက်ပြီ။
ဗောဓိအနီး မုစလိန္ဒအိုင်နှင့်တူ၍ ရေများစွာရှိသော ကန်ကြီးသည် ဖြစ်လတ်လေပြီ။
ထို ဗောဓိညောင်နှင့်ရေကန်တို့ကိုအမှီပြု၍
ခပ်သိမ်းသော ပြည်ကြီးအင်္ဂါနှင့် ပြည့်စုံသော ပြည်ကြီးသည် ရှေးက
ဖြစ်ခဲ့ဖူးပြီ။ ထိုပြည်ကြီးသူတို့၏ ကောင်းမှုကုန်ခြင်းကြောင့်
ပျက်စီးလတ်သော် ထိုညောင်ကန် ဟူသော အမည်ဖြင့် ထင်ရှားလှသော
ရတနာမျိုးစုံနှင့်ပြည့်စုံေ သာ နိဂုံး (ညောင်ကန်ရွာကြီး)သည် ဖြစ်လတ်လေပြီ'' ဟူ၍ ဖြစ်သည်။
*ထေရုပ္ပတ္တိ အကျဉ်း
ဆရာတော် ဦးဗုဓ်လောင်းလျာ သားငယ်ကို အဘ ဦးအိုနှင့်အမိ ဒေါ်မွှေးတို့က မြန်မာသက္ကရာဇ် ၁၁၄၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ အင်္ဂါနေ့တွင် ရှေးအခါက ဗဒုံဟုခေါ်ခဲ့သည့် မြန်မာပြည်အထက်ပိုင်း၊ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ သာခေါင်ရပ်၌ မွေးဖွားသန့်စင်ခဲ့သည်။မွေး ဖွားချိန်တွင်
လမင်းကို ရာဟု ငပုပ် ဖမ်းချိန်ဖြစ်နေသောကြောင့် မိဘများက မောင်ပုပ်ဟု
အမည်ပေးခဲ့သည်။ မောင်ပုပ် အသက်ရှစ်နှစ် အရွယ်တွင် ညောင်ကန်ရွာ
အနောက်တိုက်ခေါ် ရတနာမဉ္ဇူတိုက် ဘုန်းတော်ကြီး ဦးပြေထံတွင်
စတင်ပညာသင်ယူခဲ့သည်။မောင်ပု ပ်သည်
ကလေးသူငယ် ကျောင်းသားအရွယ် ကပင် ဉာဏ်အလွန်ထက်မြက်ခဲ့သည်။ စာတစ်ပုဒ်၊
အကြောင်းအရာ တစ်ခုကို သုံးကြိမ်ကြားရလျှင် အကုန် မှတ်မိသည်ဟု ဆိုသည်။
ကျောင်းမှ အိမ်သို့ ပြန်လာတိုင်း သင်အံထားသော စာတစ်ပုဒ်ကို
ရွတ်အံသွားမြဲဖြစ်ကာ အိမ်ရှေ့ရောက်၍ စာကမပြီးဆုံးသေးလျှင် တံခါးတိုင်ကို
မှီလျက် စာဆုံးအောင်ရွတ်ဆိုပြီးမှ အိမ်အတွင်းသို့ ဝင်လေ့ ရှိသည်။
မောင်ပုပ်သည် အသက် ၁၃ နှစ် အရွယ်အထိ ဆရာတော်ဦးပြေထံတွင်
ပညာသင်ယူခဲ့ပြီးနောက် ဆရာတော်ဦးပြေက ကျောင်းနီးချင်းရဟန်း ဦးသာပုံထံ
အပ်နှံပေးခဲ့သည်။ ဆရာတော် ဦးသာပုံက ဥာဏ်ပညာ အလွန်ထက်မြက်သည့် မောင်ပုပ်သည်
တစ်ချိန်ချိန်တွင် လျှမ်းလျှမ်းတောက် ထင်ရှားလာမည့် ပုဂ္ဂိုလ်တစ်ဦး
ဖြစ်လာမည်ကို ကြိုတင်တွက်ဆမိသည့်အတွက် မောင်ပုပ် ကို မောင်ဗုဓ်ဟု
အမည်ပြောင်းပေးခဲ့သည်။ ဆရာတော် ဦးသာပုံကျောင်းမှာပင် မောင်ဗုဓ်သည်
ရှင်သာမဏေ အဖြစ်သို့ရောက်ရှိခဲ့ပြီး ဆရာတော် ဦးသာပုံက တပည့် ဖြစ်သူအား
ဇမ္ဗူတစ်လွှား၊ တံခွန် အလား ထင်ရှားပေါ်လွင် မည့် နိမိတ်ကိုယူလျက် ''ရှင်
ဇမ္ဗူ့ဓဇ'' ဟူသော ဘွဲ့အမည် ကို ပေးခဲ့သည်။
ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် စာပေ လိုက်စားမှုကို အထူးဝါသနာ ထုံခဲ့ရာ အိပ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊ ကုဋီဝင်ချိန်များမှလွဲ၍ စာနှင့်မျက်နှာခွာ သည်မရှိဟု ဆိုကြသည်။ စာဖတ်လျှင် ဖတ်၊ မဖတ်လျှင် စာရေးနေလေ့ရှိသည်။ ရှင်ဇမ္ဗူ့ဓဇသည် ၁၁၆၉ ခုနှစ်တွင် ရဟန်းအဖြစ်ခံယူခဲ့ပြီး ၁၁၈၂ ခုနှစ်တွင် ညောင်ကန် ဂိုဏ်းအုပ်ဖြစ်လာခဲ့ကာ ညောင်ကန်ရွာ ရတနာမဉ္ဇူတိုက် တွင် စာသင်သား ၁ဝဝ ကျော်တို့ကို စာပေကျမ်းဂန် အဖြာဖြာကို ပို့ချခဲ့သည်။
၁၁၉၂ ခုနှစ်တွင် အင်းဝမဟာအောင်မြေဘုံစံ အုတ်ကျောင်း ပထမဆရာတော် ဦးပိုး ပျံလွန်ခဲ့ပြီး ဘကြီး တော်(စစ်ကိုင်းမင်း) နှင့် မိဖုရား နန်းမတော်မယ်နုတို့က နေပြည်တော် အင်းဝရှိ မဟာအောင်မြေဘုံစံ အုတ်ကျောင်း တော်ကြီးအား ကပ်လှူခဲ့သဖြင့် ဆရာတော် ဦးဗုဓ်သည် ဒုတိယ အုတ်ကျောင်းဆရာတော်အဖြစ် အင်းဝသို့ ပြောင်းရွှေ့ကာ နန်းမတော်မယ်နုအုတ်ကျောင်းတွင်
သီတင်းသုံးခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် စကား၌ လည်းကောင်း၊ တရား၌လည်းကောင်း
အပြောအဟော နည်းပါးပြီး စာပေပရိယတ္တိကို မပြတ်မလပ် ကြည့်ရှု ခြင်း၊
ပို့ချခြင်း၊ ကျမ်းပြုခြင်းဖြင့်သာ အချိန်ကုန်လွန် လေ့ရှိသည်။ ပေတစ်ချပ်ကို
သုံးကြိမ်ကြည့်လျှင် အာဂုံရ သည်ဟု ဆိုကြသည်။ ရဟန်း နှစ်ဝါအရတွင် ဝိနည်း
ငါးကျမ်းကို အာဂုံရခဲ့သည်။ သက်တော် ၅၅ နှစ်တွင် သာယာဝတီမင်းနှင့်
နန်းမတော်မိဖုရားခေါင်တို့ ဆက်ကပ်လှူဒါန်းခဲ့သည့် အမရပူရမြို့၊
မင်္ဂလာဘုံကျော် ကျောင်းတွင် ပျံလွန်ခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် ရဟန်း ဝါ ၃၅
ဝါအတွင်း ပါဠိ မြန်မာကျမ်းပေါင်း ၅၄ ကျမ်း ရေးသားစီရင်ခဲ့သဖြင့်
သာသနာတော်နှင့်လောကအား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူးဖြစ်သည်ဟု မြန်မာ့
စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်၌
ဗုဓ်အစ (ဗုဒ္ဓ ဘုရားရှင်) ၊ ဗုဓ်အလယ် (ရှင်မဟာ ဗုဒ္ဓဃောသ) နှင့် ဗုဓ် အဆုံး
(ဦးဗုဓ်) ဟု ဆိုရိုး ရှိခဲ့သည်။ဆရာတော် ဦးဗုဓ်က နန်းမတော်မယ်နုအား သူမ၏
ဘဝနောက်ဆုံးအချိန်တွင် ပြောကြားဆုံးမခဲ့သည့် စကားတစ်ခွန်းသည်
မြန်မာ့သမိုင်းတွင် အလွန်ထင်ရှား ခဲ့သည်။
၁၂ဝ၂ ခုနှစ်(၁၈၄ဝပြည့်နှစ် မေလ)တွင် နန်းမတော် မယ်နုကို ဘုရင့်နန်းကို ပုန်ကန်ရန် ကြံစည်မှုဖြင့် သာယာဝတီမင်းက ရေချစီရင်ရန် အမိန့်ချခဲ့သည်။ မယ်နုအား စီရင်မည့်နေ့တွင် နန်းမတော်မယ်နုသည် မြို့ဝန်နှင့် ပါးကွက်သားများထံ သူမသေမီ ဆရာတော် ဦးဗုဓ်အား နောက်ဆုံးဖူးမြော်ခွင့်ပေးရ န်
တောင်းခံခဲ့ သည်။ ဆရာတော် ဦးဗုဓ်ကျောင်းသို့ ရောက်သောအခါ ဆရာတော်က
စာကြည့်နေခိုက်ဖြစ်သည်။ မယ်နုက ဆရာတော်ကို ဦးချကာ '' သူ၏ အာဏာစက်ဖြင့်
အဆုံးစီရင်ခြင်းခံရပါတော့မည်၊ ဤနေ့ကား ဆရာတော် ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ခြင်း ဖြစ်ပါ ကြောင်း'' ဟု လျှောက်တင်ခဲ့သည်။
ဆရာတော်က စာကြည့်နေရာမှ နန်းမတော်မယ်နု ရှိရာသို့ မျက်နှာမူလိုက်ပြီး ''မိနု၊ သူ့ြေ<ွကးရှိလျှင်ဆပ်ရ လိမ့်မည်'' ဟု အမိန့်ရှိပြီးသည်နှင့် ကျောင်းအမ မယ်နုသည် ဆရာတော်ဦးဗုဓ်ကို ရှိခိုးဦးချကာ ကျောင်း ပေါ်မှ ဆင်းခဲ့ပြီး ပါးကွက်သားများ ခေါ်ဆောင်ရာ နောက်သို့ ရဲရဲကြီးလိုက်ပါသွားခဲ့တော့ သည်ဟု စာရေး ဆရာ ညိုမြကသူ၏ ကုန်းဘောင်ရှာပုံတော်ဝယ် သံဝေဂ ရဖွယ် ရေးသားထားပေသည်။
ref.မောင်သာ(ရှေးဟောင်း သုတေသန)
#ငြိမ်းလဲ့။
*ပြတိုက်
ဆရာတော်ဦးဗုဓ် ဖွားမြင်သန့်စင်ခဲ့ ရာ မြေနေရာတွင် ''ဆရာတော် ဦးဗုဓ်ပြတိုက်'' ကို ဖွင့်လှစ် ထားသည်။ ညောင်ကန်ရွာအတွင်း ရွာလမ်းမပေါ်တွင် ရှိသည့် ပြတိုက် အဆောက်အအုံအတွင်း၌် ဘုရားရှင်ရုပ်ပွား တော် တစ်ဆူသာ တွေ့ရသည်။
ဆရာတော် ဦးဗုဓ် ပြတိုက်သည် ဆရာတော်ရှိစဉ်က အဆောက်အအုံ မဟုတ်ဘဲ ဆရာတော်ဖွားမြင်ခဲ့သည့် နေရာအား အစဉ်အဆက် ထိန်းသိမ်းခဲ့ကာ အထိမ်းအမှတ် အဆောက်အအုံတစ်ခုကို ဆောက်လုပ်ထားခြင်းဖြစ် ကြောင်း၊ သာခေါင်ရပ်ဟု ခေါ်ဆိုကြောင်း သိရှိခဲ့ရသည်။ဆရာတော်၏ အသုံးအဆောင်များသည် ဆရာတော် ငယ်စဉ်က သီတင်းသုံးခဲ့သောကျောင်းတွင
ညောင်ကန်ကျေးရွာသည် ရှေးအခါက ဗဒုံကျေးလက် တွင် တည်ရှိခဲ့သောရွာကြီးတစ်ရြွာ
''ဖားသည် မြွေကို၊ ကြွက်သည် ကြောင်ကို၊ သမင်သည် ကျားကို အောင်မြင်ရာဖြစ်၍၊ ကပိလရှင်ရသေ့၏ ကျောင်းသင်္ခမ်းရာမြေနှင့်တူေ
*ထေရုပ္ပတ္တိ အကျဉ်း
ဆရာတော် ဦးဗုဓ်လောင်းလျာ သားငယ်ကို အဘ ဦးအိုနှင့်အမိ ဒေါ်မွှေးတို့က မြန်မာသက္ကရာဇ် ၁၁၄၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ အင်္ဂါနေ့တွင် ရှေးအခါက ဗဒုံဟုခေါ်ခဲ့သည့် မြန်မာပြည်အထက်ပိုင်း၊ဘုတလင
ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် စာပေ လိုက်စားမှုကို အထူးဝါသနာ ထုံခဲ့ရာ အိပ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊ ကုဋီဝင်ချိန်များမှလွဲ၍ စာနှင့်မျက်နှာခွာ သည်မရှိဟု ဆိုကြသည်။ စာဖတ်လျှင် ဖတ်၊ မဖတ်လျှင် စာရေးနေလေ့ရှိသည်။ ရှင်ဇမ္ဗူ့ဓဇသည် ၁၁၆၉ ခုနှစ်တွင် ရဟန်းအဖြစ်ခံယူခဲ့ပြီး ၁၁၈၂ ခုနှစ်တွင် ညောင်ကန် ဂိုဏ်းအုပ်ဖြစ်လာခဲ့ကာ ညောင်ကန်ရွာ ရတနာမဉ္ဇူတိုက် တွင် စာသင်သား ၁ဝဝ ကျော်တို့ကို စာပေကျမ်းဂန် အဖြာဖြာကို ပို့ချခဲ့သည်။
၁၁၉၂ ခုနှစ်တွင် အင်းဝမဟာအောင်မြေဘုံစံ အုတ်ကျောင်း ပထမဆရာတော် ဦးပိုး ပျံလွန်ခဲ့ပြီး ဘကြီး တော်(စစ်ကိုင်းမင်း) နှင့် မိဖုရား နန်းမတော်မယ်နုတို့က နေပြည်တော် အင်းဝရှိ မဟာအောင်မြေဘုံစံ အုတ်ကျောင်း တော်ကြီးအား ကပ်လှူခဲ့သဖြင့် ဆရာတော် ဦးဗုဓ်သည် ဒုတိယ အုတ်ကျောင်းဆရာတော်အဖြစ် အင်းဝသို့ ပြောင်းရွှေ့ကာ နန်းမတော်မယ်နုအုတ်ကျောင်းတ
၁၂ဝ၂ ခုနှစ်(၁၈၄ဝပြည့်နှစ် မေလ)တွင် နန်းမတော် မယ်နုကို ဘုရင့်နန်းကို ပုန်ကန်ရန် ကြံစည်မှုဖြင့် သာယာဝတီမင်းက ရေချစီရင်ရန် အမိန့်ချခဲ့သည်။ မယ်နုအား စီရင်မည့်နေ့တွင် နန်းမတော်မယ်နုသည် မြို့ဝန်နှင့် ပါးကွက်သားများထံ သူမသေမီ ဆရာတော် ဦးဗုဓ်အား နောက်ဆုံးဖူးမြော်ခွင့်ပေးရ
ဆရာတော်က စာကြည့်နေရာမှ နန်းမတော်မယ်နု ရှိရာသို့ မျက်နှာမူလိုက်ပြီး ''မိနု၊ သူ့ြေ<ွကးရှိလျှင်ဆပ်ရ လိမ့်မည်'' ဟု အမိန့်ရှိပြီးသည်နှင့် ကျောင်းအမ မယ်နုသည် ဆရာတော်ဦးဗုဓ်ကို ရှိခိုးဦးချကာ ကျောင်း ပေါ်မှ ဆင်းခဲ့ပြီး ပါးကွက်သားများ ခေါ်ဆောင်ရာ နောက်သို့ ရဲရဲကြီးလိုက်ပါသွားခဲ့တော့
ref.မောင်သာ(ရှေးဟောင်း သုတေသန)
#ငြိမ်းလဲ့။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။