#Babi_Mild_Health_Articles
ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ (၂)
ဒေါက်တာ အိအိခင် (ကလေး)
ဝမ်းချုပ်ရတဲ့ အကြောင်းရင်းတွေကို သိပါရစေ။
ပြောရရင်တော့
(က) မိဘမျိုးရိုးအလိုက် ၀မ်းချုပ်တတ်ခြင်း
(ခ) စားသောအစာတွင် အမျှင်ပါဝင်မှု နည်းခြင်း
လူတစ်ယောက် တစ်နေ့ စားတဲ့ အစာထဲမှာ အမျှင်အနည်းဆုံး ၂၀ ဂရမ် ပါရပါမယ်။ အမျှင်များတဲ့ အစားအစာဆိုတာက အသီးအရွက် (ကဇွန်းရွက်၊ မုန်လာဥနီ၊ Broccoli၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီ) အာလူးမပါ၊ လတ်ဆတ်တဲ့ အသီးတွေမှာတော့၊ (လိမ္မော်သီး၊ ပန်းသီး၊ သင်္ဘောသီး) ငှက်ပျောသီးမပါ၊ အသီးခြောက် (စွန်ပလွန် သီးခြောက်၊ ခရမ်းချဉ်သီးခြောက်၊ စပျစ်သီးခြောက်) ပဲ အမျိုးမျိုးတို့ပါပဲ။
ဝမ်းချုပ်သူတွေ မစားသင့်တဲ့ အစားတွေကတော့ ရေခဲမုန့် (Ice Cream)၊ ချိစ် (Cheese)၊ အသားများများ၊ ပီဇာ (Pizza) ၊ အာလူးချောင်းကြော် (Chips) ၊ အသင့်အေးခဲထားတဲ့အစာနဲ့ အာလူးထောင်းတို့ကို မစားသင့်ပါဘူး။
ရေလုံလောက်စွာ မသောက်ခြင်း
ရေနဲ့ အချိုရည်များများသောက်တာဟာ အူမကြီးကိုဖြတ်သွားတဲ့ အစာအကြွင်း အကျန်များမှာ ရေပါဝင်မှုများပြီး ၀မ်းဟာ ပျော့လာလို့ ၀မ်းသွားရာမှာ လွယ်ကူစေနိုင်ပါတယ်။ ၀မ်းပျော့ပျော့ပုံမှန် သွားဖို့ လူကြီးတစ်ယောက်အတွက် တစ်နေ့လိုအပ်တဲ့ ရေပမာဏဟာ ၆၄ အောင်စ (၁၈၀၀ - ၂၀၀၀ စီစီ ရေသန့်ဘူးကြီး နှစ်ဘူးခန့်) ဖြစ်ပါတယ်။ ဒါပေမဲ့ အရက်နဲ့ ကဖိန်းပါတဲ့ အရည်များကို မသောက်ရပါဘူး။
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ခြင်းက အစာအိမ်ရဲ့ လှုပ်ရှားမှုမှန်ကန်ပြီး ၀မ်းမှန်စေပါတယ်။ အားကစားသမားကြီး ဖြစ်ဖို့မလိုပါ။ တစ်နေ့ကို အနည်းဆုံး ၂၀ - ၃၀ မိနစ်လမ်းလျှောက်ပေးပါက ၀မ်းမချုပ်အောင် ကာကွယ်နိုင်မှာပါ။
ဆေးများကြောင့် ၀မ်းချုပ်ခြင်း
တချို့ဆေးများကြောင့် လူတွေ ၀မ်းချုပ်နိုင်ပါတယ်။ ၀မ်းချုပ်စေတဲ့ ဆေးတွေကတော့ အကိုယ်အခဲပျောက်ဆေး (ကိုဒင်းပါသောဆေး)၊ လေနာပျောက်ဆေး (Antacid)၊ အတက်ကျဆေး (Anticonvulsant) ၊ သံဓါတ်ပါသော အားဆေး၊ ကယ်လ်ဆီယမ်ဆေးနဲ့ တချို့သော ဗိုက်အောင့်ပျောက်ဆေး (Antispasmodic)၊ ဆီးဆေး (Diuratic) တို့ဟာ ၀မ်းချုပ်စေတတ်ပါတယ်။
လူရဲ့ခန္ဓာကိုယ်အနေအထား ပြောင်းလဲခြင်း
လူရဲ့ ခန္ဓာကိုယ်အနေအထားပြောင်းလဲမှု (life style) ကြောင့်လည်း ၀မ်းချုပ်တတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်ခြင်း၊ အသက်အရွယ်အိုမင်းလာခြင်းနဲ့ ခရီး ရှည်သွားခြင်းတို့ကြောင့် ၀မ်းချုပ်နိုင်ပါတယ်။
ဝမ်းနှုတ်ဆေးသုံးစွဲမှု မမှန်ခြင်း
ဝမ်းချုပ်ချိန်မှာ ၀မ်းနှုတ်ဆေး သောက်သုံး ပေးတာက ၀မ်းကိုပျော့စေပြီး ၀မ်းသွားရလွယ်ကူစေပါတယ်။ ဒါပေမဲ့ မကြာခဏ၀မ်းနှုတ်ဆေးကို သောက်ပါက အူမကြီးလမ်းကြောင်းထဲက နပ်ကြောတွေ ပျက်စီးတတ်ပြီး အူမကြီးရဲ့ ညှစ်အားကို ပျက်စီးစေတာကြောင့် ၀မ်းချုပ်နိုင်ပါတယ်။ ၀မ်းနှုတ်ဆေး မကြာခဏသောက်ခြင်းဟာ ၀မ်းပိုချုပ်သွားဖို့ အကျင့်ပါသွားလို့ ၀မ်းနှုတ်ဆေးမသောက်က ၀မ်းမသွားနိုင်ဖြစ်တတ်ပါတယ် ။ ၀မ်းနှုတ်ဆေး ပမာဏလည်း တိုးသောက်ရတာမျိုး ဖြစ်နိုင်ပါတယ်။
ဝမ်းသွားခြင်းကို ဂရုမစိုက်ခြင်း
နေ့စဉ် ၀မ်းသွားရန် မေ့လျော့နေတတ်တာ အလုပ်မအားလို့ ၀မ်းသွားချင်ပေမဲ့ အောင့်ထားတာက ၀မ်းသွားလိုစိတ်ပျောက်သွာြး ပီး ၀မ်းချုပ်လာတတ်ပါတယ်။
ဝမ်းချုပ်ရတဲ့ အခြားအကြောင်းများ
ဝမ်းချုပ်ရတဲ့ တခြားသော အကြောင်းတွေလည်း ရှိပါတယ်။ ပါကင်ဆိုနဇင် (Parkinson’s Disease) ရောဂါ၊ လေထိခြင်း (Stroke) ၊ ကျောရိုးထိခိုက်မိခြင်း (Spinal Cord Injury) ၊ ဆီးချိုရောဂါ၊ အူလမ်းကြောင်းပိတ်ခြင်း (Intestinal Obstruction)၊ အူလမ်းကြောင်းကင်ဆာ (Colorectal Cancer )၊ စိတ်ဓါတ်ကျခြင်း (Depression) တို့ကြောင့်လည်း ၀မ်းချုပ် တတ်ပါတယ်။
ကလေးများမှာ ကလေးကို ၀စေချင်လို့ နို့မှုန့်ပျစ်ပျစ်တိုက်ခြင်း၊
အူလမ်းကြောင်း နပ်ကြောမပါလို့ ၀မ်းချုပ်ခြင်း (Hischsprung’s Disease) ၊
စအိုဝကျဉ်းခြင်း (Anal Stricture)၊ စအိုပိတ်ခြင်း (Imperforate Anus) ၊
အူလမ်းကြောင်း ပိတ်ခြင်း (Instestinal Obstruction) နဲ့ သိုင်းရွိုက်ဂလင်း
အလုပ်လုပ်မှု လျော့နည်းခြင်း (Hypothyroidism) သို့မဟုတ် (cretin)
ရောဂါတွေကြောင့် ၀မ်းချုပ်တတ်ပါတယ်။
ဝမ်းချုပ်တဲ့အလေ့အထကြောင့် ဘယ်လိုရောဂါမျိုးတွေ ဖြစ်တတ်ပါသလဲ။
ဝမ်းချုပ်ခြင်းကြောင့် ၀မ်းဟာ မာကျစ်နေတဲ့အတွက် ၀မ်းသွားရင် အားစိုက်ရလို့ စအိုကွဲခြင်း (Anal Fissure) ၊ စအိုဝကွဲပြီး သွေးထွက်ခြင်း၊ လိပ်ခေါင်းရောဂါ (Piles) ဖြစ်ခြင်း၊ ၀မ်းချုပ်လို့ ဗိုက်မကြာမဏအောင့်ခြင်း၊ ဗိုက်ကို စမ်းကြည့်တဲ့အခါ စမြင်းတုံးများ စမ်းမိတာတွေ ဖြစ်တတ်ပါတယ်။ စမြင်းတုံးပိတ်ဆို့ခြင်း (fecal impaction) စအိုအိမ် ကျွံခြင်း (rectal prolapsed) နဲ့ အူနံရံ ကျွံထွက်ခြင်း (divertcultum) တို့ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်း ကင်ဆာဟာ ၀မ်းချုပ်ရာမှ မဖြစ်နိုင်သလို ကင်ဆာကြောင့်လည်း ၀မ်းချုပ်စေနိုင်ပါတယ်။
ဒေါက်တာ အိအိခင် (ကလေး)
(ဆက်လက်ဖော်ပြပေးပါမည်။)
#Babi_Mild_Myanmar မှ တင်ဆက်သည်။
ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ (၂)
ဒေါက်တာ အိအိခင် (ကလေး)
ဝမ်းချုပ်ရတဲ့ အကြောင်းရင်းတွေကို သိပါရစေ။
ပြောရရင်တော့
(က) မိဘမျိုးရိုးအလိုက် ၀မ်းချုပ်တတ်ခြင်း
(ခ) စားသောအစာတွင် အမျှင်ပါဝင်မှု နည်းခြင်း
လူတစ်ယောက် တစ်နေ့ စားတဲ့ အစာထဲမှာ အမျှင်အနည်းဆုံး ၂၀ ဂရမ် ပါရပါမယ်။ အမျှင်များတဲ့ အစားအစာဆိုတာက အသီးအရွက် (ကဇွန်းရွက်၊ မုန်လာဥနီ၊ Broccoli၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီ) အာလူးမပါ၊ လတ်ဆတ်တဲ့ အသီးတွေမှာတော့၊ (လိမ္မော်သီး၊ ပန်းသီး၊ သင်္ဘောသီး) ငှက်ပျောသီးမပါ၊ အသီးခြောက် (စွန်ပလွန် သီးခြောက်၊ ခရမ်းချဉ်သီးခြောက်၊ စပျစ်သီးခြောက်) ပဲ အမျိုးမျိုးတို့ပါပဲ။
ဝမ်းချုပ်သူတွေ မစားသင့်တဲ့ အစားတွေကတော့ ရေခဲမုန့် (Ice Cream)၊ ချိစ် (Cheese)၊ အသားများများ၊ ပီဇာ (Pizza) ၊ အာလူးချောင်းကြော် (Chips) ၊ အသင့်အေးခဲထားတဲ့အစာနဲ့ အာလူးထောင်းတို့ကို မစားသင့်ပါဘူး။
ရေလုံလောက်စွာ မသောက်ခြင်း
ရေနဲ့ အချိုရည်များများသောက်တာဟာ အူမကြီးကိုဖြတ်သွားတဲ့ အစာအကြွင်း အကျန်များမှာ ရေပါဝင်မှုများပြီး ၀မ်းဟာ ပျော့လာလို့ ၀မ်းသွားရာမှာ လွယ်ကူစေနိုင်ပါတယ်။ ၀မ်းပျော့ပျော့ပုံမှန် သွားဖို့ လူကြီးတစ်ယောက်အတွက် တစ်နေ့လိုအပ်တဲ့ ရေပမာဏဟာ ၆၄ အောင်စ (၁၈၀၀ - ၂၀၀၀ စီစီ ရေသန့်ဘူးကြီး နှစ်ဘူးခန့်) ဖြစ်ပါတယ်။ ဒါပေမဲ့ အရက်နဲ့ ကဖိန်းပါတဲ့ အရည်များကို မသောက်ရပါဘူး။
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ခြင်းက အစာအိမ်ရဲ့ လှုပ်ရှားမှုမှန်ကန်ပြီး ၀မ်းမှန်စေပါတယ်။ အားကစားသမားကြီး ဖြစ်ဖို့မလိုပါ။ တစ်နေ့ကို အနည်းဆုံး ၂၀ - ၃၀ မိနစ်လမ်းလျှောက်ပေးပါက ၀မ်းမချုပ်အောင် ကာကွယ်နိုင်မှာပါ။
ဆေးများကြောင့် ၀မ်းချုပ်ခြင်း
တချို့ဆေးများကြောင့် လူတွေ ၀မ်းချုပ်နိုင်ပါတယ်။ ၀မ်းချုပ်စေတဲ့ ဆေးတွေကတော့ အကိုယ်အခဲပျောက်ဆေး (ကိုဒင်းပါသောဆေး)၊ လေနာပျောက်ဆေး (Antacid)၊ အတက်ကျဆေး (Anticonvulsant) ၊ သံဓါတ်ပါသော အားဆေး၊ ကယ်လ်ဆီယမ်ဆေးနဲ့ တချို့သော ဗိုက်အောင့်ပျောက်ဆေး (Antispasmodic)၊ ဆီးဆေး (Diuratic) တို့ဟာ ၀မ်းချုပ်စေတတ်ပါတယ်။
လူရဲ့ခန္ဓာကိုယ်အနေအထား ပြောင်းလဲခြင်း
လူရဲ့ ခန္ဓာကိုယ်အနေအထားပြောင်းလဲမ
ဝမ်းနှုတ်ဆေးသုံးစွဲမှု မမှန်ခြင်း
ဝမ်းချုပ်ချိန်မှာ ၀မ်းနှုတ်ဆေး သောက်သုံး ပေးတာက ၀မ်းကိုပျော့စေပြီး ၀မ်းသွားရလွယ်ကူစေပါတယ်။ ဒါပေမဲ့ မကြာခဏ၀မ်းနှုတ်ဆေးကို သောက်ပါက အူမကြီးလမ်းကြောင်းထဲက နပ်ကြောတွေ ပျက်စီးတတ်ပြီး အူမကြီးရဲ့ ညှစ်အားကို ပျက်စီးစေတာကြောင့် ၀မ်းချုပ်နိုင်ပါတယ်။ ၀မ်းနှုတ်ဆေး မကြာခဏသောက်ခြင်းဟာ ၀မ်းပိုချုပ်သွားဖို့ အကျင့်ပါသွားလို့ ၀မ်းနှုတ်ဆေးမသောက်က ၀မ်းမသွားနိုင်ဖြစ်တတ်ပါတယ်
ဝမ်းသွားခြင်းကို ဂရုမစိုက်ခြင်း
နေ့စဉ် ၀မ်းသွားရန် မေ့လျော့နေတတ်တာ အလုပ်မအားလို့ ၀မ်းသွားချင်ပေမဲ့ အောင့်ထားတာက ၀မ်းသွားလိုစိတ်ပျောက်သွာြး
ဝမ်းချုပ်ရတဲ့ အခြားအကြောင်းများ
ဝမ်းချုပ်ရတဲ့ တခြားသော အကြောင်းတွေလည်း ရှိပါတယ်။ ပါကင်ဆိုနဇင် (Parkinson’s Disease) ရောဂါ၊ လေထိခြင်း (Stroke) ၊ ကျောရိုးထိခိုက်မိခြင်း (Spinal Cord Injury) ၊ ဆီးချိုရောဂါ၊ အူလမ်းကြောင်းပိတ်ခြင်း (Intestinal Obstruction)၊ အူလမ်းကြောင်းကင်ဆာ (Colorectal Cancer )၊ စိတ်ဓါတ်ကျခြင်း (Depression) တို့ကြောင့်လည်း ၀မ်းချုပ် တတ်ပါတယ်။
ကလေးများမှာ ကလေးကို ၀စေချင်လို့ နို့မှုန့်ပျစ်ပျစ်တိုက်ခြင်
ဝမ်းချုပ်တဲ့အလေ့အထကြောင့် ဘယ်လိုရောဂါမျိုးတွေ ဖြစ်တတ်ပါသလဲ။
ဝမ်းချုပ်ခြင်းကြောင့် ၀မ်းဟာ မာကျစ်နေတဲ့အတွက် ၀မ်းသွားရင် အားစိုက်ရလို့ စအိုကွဲခြင်း (Anal Fissure) ၊ စအိုဝကွဲပြီး သွေးထွက်ခြင်း၊ လိပ်ခေါင်းရောဂါ (Piles) ဖြစ်ခြင်း၊ ၀မ်းချုပ်လို့ ဗိုက်မကြာမဏအောင့်ခြင်း၊ ဗိုက်ကို စမ်းကြည့်တဲ့အခါ စမြင်းတုံးများ စမ်းမိတာတွေ ဖြစ်တတ်ပါတယ်။ စမြင်းတုံးပိတ်ဆို့ခြင်း (fecal impaction) စအိုအိမ် ကျွံခြင်း (rectal prolapsed) နဲ့ အူနံရံ ကျွံထွက်ခြင်း (divertcultum) တို့ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်း ကင်ဆာဟာ ၀မ်းချုပ်ရာမှ မဖြစ်နိုင်သလို ကင်ဆာကြောင့်လည်း ၀မ်းချုပ်စေနိုင်ပါတယ်။
ဒေါက်တာ အိအိခင် (ကလေး)
(ဆက်လက်ဖော်ပြပေးပါမည်။)
#Babi_Mild_Myanmar မှ တင်ဆက်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။