မြောက်ဖျားဆီက ခြောက်ကပ်ကပ် နှင်းဖုံးမြို့ ‘ပန်ဝါ’
မရန်
တစ်ချိန်က လူစည်ကားလွန်းသည့်အတွက် လမ်းလျှောက်သွားလာဖို့ ခက်ခဲခဲ့ပြီး ဥရောပဆန်သော ရာသီဥတုကို ပိုင်ဆိုင်ထားသည့် ကချင်ပြည်နယ် နယ်စပ်မြို့ ပန်ဝါသည် ယခုအခါ မှာတော့ မြို့ပျက်သဖွယ်ခြောက် ကပ်၍နေပေသည်။
တစ်ခေတ်တစ်ခါက ပျော်ပါးလိုသူများအတွက် လိုသမျှအကုန်ရသဖြင့် စည်ကားလှ၍ တည်းခိုစရာ အခန်းများပင် မလောက်သည့်ဟိုတယ်၊ တည်းခိုခန်းများသည် ယခုအခါ တည်းခိုမည့်သူ နည်းပါးသွားသည့်အတွက် အထီးကျန်ဆန်သည့် အိမ်အိုဟောင်းများသဖွယ်ဖြစ်နေလေသည်။
ယခင်က သစ်ကုန်သည်များ၏ လောကဘုံတစ်ခုဖြစ်ခဲ့သည့် ပန်ဝါတွင် မူးယစ်ဆေးဝါး၊အရက်သေစာများလွတ်လပ်စွာ သုံးစွဲနိုင်သလို ငွေဖြုန်းလို့ကောင်းသည့် လောင်းကစားဝိုင်းများလည်း လက်ညှိုးထိုးမလွဲရှိခဲ့သည်။ ယခုတော့ ထိုနေရာတွင် ည ၈နာရီထိုးသည်နှင့် လမ်းများပေါ်၌ လူသူကင်းမဲ့ကာ တိတ်ဆိတ်နေတတ် ပြီ။
‘‘အရင်ကဒီနေရာတွေမှာဆို လူများလွန်းတော့ လမ်းလျှောက်သွားဖို့တောင် အရမ်းခက်တဲ့နေရာ တွေပဲ’’ဟု ပန်ဝါမြို့တွင် ဆယ်စုနှစ်တစ်ခုကြာ အခြေချနေထိုင်ခဲ့ဖူးသော အသက် (၄၅) နှစ်ရှိ ဒေသခံတစ်ဦး က အကင်မျိုးစုံဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်သာရှိပြီး လူသူမရှိသည့် ပန်ဝါမြို့လယ်လမ်းတွင် ညအချိန်လမ်း လျှောက်ရင်းအနီးတစ်ဝိုက်သို့ လက်ညှိုးညွှန်ကာ ပြောပြသည်။
ဒေသခံများမြင်တွေ့ရင်းနှီး ခဲ့ရသည့် ပတ်ဝန်းကျင်ရှိ သစ်တောများ၊ တောတောင်များမှာလည်းယခုဆိုလျှင် တောင်ခေါင်းတုံးများအဖြစ်သို့ ပြောင်းလဲသွားပေပြီ။
မြန်မာနိုင်ငံအတွင်း ရင်းနှီးခဲ့ရသည့် ပတ်ဝန်းကျင်ရှိ သစ်တောများ၊ တောတောင်များမှာလည်း ယခုဆို လျှင် တောင်ခေါင်းတုံးများအဖြစ်သို့ ပြောင်းလဲသွားပေပြီ။
မြန်မာနိုင်ငံတွင်းရှိ လက်ချိုးရေတွက်၍ရသော နှင်းဖုံးသည့် မြို့ရွာများတွင် ပန်ဝါသည်လည်းအပါအ၀င်ဖြစ်သည်။ ဒီဇင်ဘာ၊ ဇန်န၀ါရီလများကဲ့သို့ ဆောင်းတွင်းကာလများတွင် ဖြူလွှလွှနှင်းများဖြင့် ပတ်ဝန်း ကျင်၌ ပြည့်နေတတ်သည်။
ပန်ဝါမြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် ဦးဇခုန်တိန်းယိမ်းဦးဆောင်သည့် လက်နက် ကိုင်တပ်ဖွဲ့ (New Democratic army Kachin) ဖြစ်လာပြီးနောက် ၁၉၉၃ မှ ၂၀၀၇အထိ ကာလအပိုင်းအခြားများတွင် သစ်ခုတ် ရောင်းစားသည့်စီးပွားရေးဖြင့် အလွန်ပင်စည်ကားခဲ့သည့်မြို့လည်းဖြစ်ခဲ့သည်။ အချိန်ကြာလာ သည်နှင့်အမျှ သစ်တောများပျက်သုန်းလာပြီး နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်လာခဲ့ပြီးနောက် ပန်ဝါ၏ အခြေ အနေသည် ပြောင်းလဲသွားခဲ့သည်။
ပန်ဝါသည် တိတ်ဆိတ် ခြောက်ကပ်စွာဖြင့် တည်ရှိနေ တော့သည်။
ပန်ဝါမြို့သည် မြန်မာပြည် မြောက်ဖျားစွန်း ကချင်ပြည်နယ် အရှေ့မြောက် ချီဖွေချောင်းဖျား နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုပ်ခရိုင် တိန့်ထန်းနယ်စပ် မြို့လေးနှင့် ထိစပ်လျက်ရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ် မြောက် ဘက်မှတ်တိုင်အမှတ် (၄)ကျောက်
တိုင်ရှိသည့် တောင်ကြား မြို့လည်းဖြစ်သည်။
ပန်ဝါမြို့သည် ဘေဝေါ်ဆို သည့် ၀ါးတစ်မျိုးပေါ်ပေါက်သည့် အတွက် လော်ဝေါ်လို ဘေဝေါ် ကူး၊ လာချိဒ်လို ဘမ်ဝေါ့ကော့ဟု ခေါ်ဆိုခဲ့ကြရာ တရုတ်လို ပန်ဝါ ရာခူဆိုပြီး ခေါ်ဆို သမုတ်ခဲ့ရာမှ ပန်ဝါဟူ၍ ဖြစ်လာခြင်းဖြစ် ကြောင်း ပန်ဝါမြို့အကြောင်းရေး ထားသည့် သမိုင်းစာအုပ်တွင် တွေ့ရသည်။
မြစ်ကြီးနား − ချီဖွေ−ပန်ဝါလမ်း အတိုင်းသွားပါက ၁၂၇ မိုင်ခန့်ရှိသည့် ခရီးသာ ဖြစ်သော်လည်း လမ်းခရီးမကောင်းသည့်အတွက် ထိုလမ်းကို အသုံးပြုသူနည်းပါးသည်။ မြစ်ကြီးနားမှ ကန်ပိုက်တီ။ ထိုမှတစ်ဆင့် တရုတ်နိုင်ငံဘက်မှ တစ်ဆင့်သာ ပန်ဝါသို့ သွားလာသူက များသည်။
မြစ်ကြီးနားမြို့မှသည် ပန်ဝါ သို့ ဆိုင်ကယ်ဖြင့် မြန်မာပြည်တွင်း လမ်းကို သုံး၍ သွားမည်ဆိုလျှင် အနည်းဆုံး ၁၀ နာရီတော့ ကြာ မြင့်ပေလိမ့်မည်။ တရုတ်နိုင်ငံ တွင်းမှ တစ်ဆင့်သွားမည်ဆိုလျှင် တော့အချိန် ခြောက်နာရီခန့်သာ ပေးရသည်။
ပန်ဝါမြို့သည်ဗမာပြည်ကွန်မြူ နစ်ပါတီခေတ်က စစ်သားများ အခြေချနေထိုင်ရာမှ လူနေများ လာပြီး ယခုကဲ့သို့ မြို့ဖြစ်လာခြင်း ဖြစ်ကြောင်း ဒေသခံဘာသာရေး ဆရာဦးဒိုက်ခေါင်းက ဆိုသည်။
ထို့နောက် ၁၉၉၀ ဒီဇင်ဘာ ၅ ရက်တွင် န၀တအစိုးရနှင့် ငြိမ်း ချမ်းရေးရယူကာ ယခုအမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ယခင် NDAK ဥက္ကဋ္ဌဟောင်းက NDAK ကို ပြန်လည် ဖွဲ့စည်းကာ နေထိုင်ခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။
ငြိမ်းချမ်းရေးရယူပြီး ၁၉၉၃ ခန့်မှစကာ ပန်ဝါတွင် အပြောင်း အလဲများစွာ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
‘‘ဒီနေရာတွေမှာဆိုရင် အ ရင်က သစ်ပင်တွေများတော့ မိုး ပေါ်ကြည့်ရင်တောင် အလင်း ရောင်မမြင်ရတဲ့ နေရာတွေပါ။ အခုတော့ တောင်ခေါင်းတုံးဖြစ် ကုန်ပြီ’’ ဟု ဦးဇခုန်တိန်းယိမ်း၏ လက်နက်ကိုင်အဖွဲ့ အုပ်ချုပ်ပြီး နောက် မျက်စိရှေ့မှာတင်ပြောင်း လဲသွားသည့် အရာတစ်ခုကိုပန်ဝါဒေသခံတစ်ဦးက ဆိုသည်။
ချီးဖွေ၊ပန်ဝါ၊ ဆော်လော့်နှင့် ချန်းမော်ဒေသတစ်လျှောက်တွင်၁၉၉၃မှ ယခုအချိန်ထိ သစ်ပင် များသာမက အမြစ်များပါမကျန် တရုတ်နိုင်ငံသို့ ရောင်းစားနေ သော်လည်း ဒေသခံများအတွက် ခံစားမှုရပိုင်ခွင့်သိသာသည့်အရာ မရှိခဲ့ဟုဆိုကြသည်။
ယခုအခါတွင် သစ်များ လည်းခုတ်၍ ကုန်လာပြီဖြစ်သည့် အတွက် သတ္တုတူးဖော်ရေးဘက် သို့လှည့်လာကြ၍ ရေအရင်းအ မြစ်များကိုပါ ထိခိုက်စပြုလာပြီ ဖြစ်ကြောင်း ဒေသခံများက ဆို သည်။
‘‘အခုဆိုရင် ရေလည်းရှား လာပြီ။ ပြီးတော့ ရေလည်းမသန့် တော့ဘူး။ သစ်တွေလည်း မရှိ တော့ဘူး’’ဟု အသက် (၁၉)နှစ်အ ရွယ်ရှိ ပန်ဝါဒေသခံ လူငယ် မအ၀င်းက ဆိုသည်။
ထိုကဲ့သို့ သစ်၊ သတ္တုများ ကုန်လာပြီဖြစ်သော်လည်း တိုး တက် ပြောင်းလဲလာသည်ကို မ တွေ့ရဘဲ အဆောက်အအုံ အ နည်းငယ်သာ တိုးတက်ပြောင်းလဲ လာကြောင်း မအ၀င်းက သူ၏ အမြင်ကို ပြောပြသည်။
ယခုကဲ့သို့ ဒေသတိုးတက်မှု မရှိသည်မှာ ပညာတတ်သည့် လူ များ နည်းပါးသည့်အတွက်ဟု ယူဆထားပြီး ကျောင်းပညာရေး ကို ကောင်းမွန်လာအောင် အစိုးရ ထံ တောင်းဆိုချင်ကြောင်း မအ ၀င်းက ပြောသည်။
ပန်ဝါဒေသသည် ယခုအ ချိန်တွင် ပြည်သူ့စစ်၊ နယ်ခြား စောင့်တပ်၊ အစိုးရတပ်မတော်နှင့် ကေအိုင်အေ စသည့် အဖွဲ့လေးဖွဲ့ရှိရာမြို့လည်း ဖြစ်သည်။
ထိုသို့ လက်နက်ကိုင်အဖွဲ့ များအခြေစိုက်မှုများလာ၍ မြို့တွင်းသွားလာရာတွင် စစ်ဆေးမေးမြန်းမှုများ မရှိသော်လည်း တောတောင်များသို့ထင်းကောက်သွားရန်ပင် လွတ်လပ်မ မရှိကြောင်း ဒေသခံများက ဆိုသည်။
ပန်ဝါမြို့မှ ဘေးပတ်ပတ် လည် တောင်များကို ကြည့်မည် ဆိုလျှင် တောင်စောင်းများတွင် ကွေ့ဝိုက်ဖောက်လုပ်ထားသည့် လမ်းများကို တွေ့မြင်နိုင်မည်ဖြစ် သည်။ သို့သော် အဆိုပါလမ်းပိုင်း များသည် ဒေသခံများအတွက်မ ဟုတ်ဘဲ သစ်နှင့် သတ္တုတူးဖော် ရေးအတွက်သာဖြစ်သည်ဟု ဒေ သခံများက ပြောဆိုကြသည်။
‘‘တချို့လမ်းတွေဆို ဘယ် ကို သွားတဲ့လမ်းလဲတောင် မသိ ဘူး။ အရင်က သစ်ရောင်းတယ်။ အခုက သတ္တုရောင်းတယ်။ နောက်တော့ မြေကြီးပြန်ရောင်း စားကြမယ်ထင်တယ်’’ဟု ဒေသခံ ဘာသာရေး ဆရာတစ်ဦးက တောင်စောင်းများကို တွေ့ရသည့် လမ်းများကို လက်ညှိုးထိုးပြီး ဆိုသည်။
ပန်ဝါ အနီးတစ်ဝိုက်တွင် အာဏာရှိသည့်သူများ၊ လုပ်ငန်း ရှင်များက သစ်၊ သတ္တုများ လုပ် ကိုင်ကာ ငွေများ ရှာဖွေနိုင်ကြ သော်လည်း ဒေသခံများအနေဖြင့် အခက်အခဲများစွာ ရှိနေဆဲဖြစ် သည်။
ပန်ဝါတွင် ရာသီဥတုအေး လွန်းသည့်အတွက် စပါးစိုက်၍ မရပေ။ ထို့ကြောင့် ချဉ်စော်ကား သီးနှင့် သစ်တော်သီးများကိုသာ အဓိက စိုက်ပျိုးပြီး စားဝတ်နေရေး အတွက် ဖြေရှင်းနေကြရသည်။
သဘာဝ သယံဇာတများ လည်း တဖြည်းဖြည်းကုန်ခန်းလာ ပြီဖြစ်၍ ဒေသခံများအတွက် စား ၀တ်နေရေးရေရှည် အဆင်ပြေနိုင် ရန်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဒေသထွက် အသီးများ စိုက်ပျိုးရန်လုပ်ငန်းကို အဓိက လုပ်ဆောင်မှသာ အဆင် ပြေနိုင်မည်ဖြစ်ကြောင်း ဒေသခံ ဘာသာရေးဆရာတစ်ဦးက သုံး သပ်သည်။
တစ်ချိန်က ကြက်ပျံမကျ စည်ကားပြီး မကောင်းမှုမှန်သမျှ စုဝေးရာ ပန်ဝါမြို့သည် ယခုအခါ တွင် မြို့၏ ပျိုမျစ်မှုများ ကြက် ပျောက်ငှက်ပျောက် ပျောက်သွား သလို ပတ်ဝန်းကျင်မှ သဘာဝသယံဇာတများမှာလည်း မရှိတော့ပေ။
မပြောင်းလဲဘဲ ကျန်ရစ်နေခဲ့သည်ကတော့ ခက်ခဲမြဲဖြစ်သည့် ဒေသခံများ၏ ဘ၀များပင်။ ဖွံ့ဖြိုးမှုကို ငံ့လင့်နေသည့် ဒေသခံများနှင့် ခက်ခဲကြမ်းတမ်းသည့် လမ်း များကို လျှောက်နေရဆဲ ပန်ဝါဒေသခံများကတော့ ပန်ဝါတွင် ဆက်လက်ရှိနေကြဆဲ။
‘‘အရင်က ဒီပန်ဝါမှာက ဘုရားသခင်တောင် သတိမရ တော့သလိုပဲ’’ ဟု အသက်(၄၀) ကျော် အရွယ်ဒေသခံ တစ်ဦးက တစ်ချိန်က အပျော်အပါးမက် လွန်းလှသည့် ပန်ဝါ၏ အတိတ်ပုံရိပ်များကို တင်စားကာ ပြန်ပြောပြရင်း ကျန်ရစ်ခဲ့လေတော့သည်။
မရန်
တစ်ချိန်က လူစည်ကားလွန်းသည့်အတွက် လမ်းလျှောက်သွားလာဖို့ ခက်ခဲခဲ့ပြီး ဥရောပဆန်သော ရာသီဥတုကို ပိုင်ဆိုင်ထားသည့် ကချင်ပြည်နယ် နယ်စပ်မြို့ ပန်ဝါသည် ယခုအခါ မှာတော့ မြို့ပျက်သဖွယ်ခြောက် ကပ်၍နေပေသည်။
တစ်ခေတ်တစ်ခါက ပျော်ပါးလိုသူများအတွက် လိုသမျှအကုန်ရသဖြင့် စည်ကားလှ၍ တည်းခိုစရာ အခန်းများပင် မလောက်သည့်ဟိုတယ်၊ တည်းခိုခန်းများသည် ယခုအခါ တည်းခိုမည့်သူ နည်းပါးသွားသည့်အတွက် အထီးကျန်ဆန်သည့် အိမ်အိုဟောင်းများသဖွယ်ဖြစ်
ယခင်က သစ်ကုန်သည်များ၏ လောကဘုံတစ်ခုဖြစ်ခဲ့သည့် ပန်ဝါတွင် မူးယစ်ဆေးဝါး၊အရက်သေစာများလ
‘‘အရင်ကဒီနေရာတွေမှာဆို လူများလွန်းတော့ လမ်းလျှောက်သွားဖို့တောင် အရမ်းခက်တဲ့နေရာ တွေပဲ’’ဟု ပန်ဝါမြို့တွင် ဆယ်စုနှစ်တစ်ခုကြာ အခြေချနေထိုင်ခဲ့ဖူးသော အသက် (၄၅) နှစ်ရှိ ဒေသခံတစ်ဦး က အကင်မျိုးစုံဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်သာရှိပြီး လူသူမရှိသည့် ပန်ဝါမြို့လယ်လမ်းတွင် ညအချိန်လမ်း လျှောက်ရင်းအနီးတစ်ဝိုက်သို
ဒေသခံများမြင်တွေ့ရင်းနှီး ခဲ့ရသည့် ပတ်ဝန်းကျင်ရှိ သစ်တောများ၊ တောတောင်များမှာလည်းယခုဆိုလ
မြန်မာနိုင်ငံအတွင်း ရင်းနှီးခဲ့ရသည့် ပတ်ဝန်းကျင်ရှိ သစ်တောများ၊ တောတောင်များမှာလည်း ယခုဆို လျှင် တောင်ခေါင်းတုံးများအဖြစ်သု
မြန်မာနိုင်ငံတွင်းရှိ လက်ချိုးရေတွက်၍ရသော နှင်းဖုံးသည့် မြို့ရွာများတွင် ပန်ဝါသည်လည်းအပါအ၀င်ဖြစ်သည်
ပန်ဝါမြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် ဦးဇခုန်တိန်းယိမ်းဦးဆောင်
ပန်ဝါသည် တိတ်ဆိတ် ခြောက်ကပ်စွာဖြင့် တည်ရှိနေ တော့သည်။
ပန်ဝါမြို့သည် မြန်မာပြည် မြောက်ဖျားစွန်း ကချင်ပြည်နယ် အရှေ့မြောက် ချီဖွေချောင်းဖျား နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုပ်ခရိုင် တိန့်ထန်းနယ်စပ် မြို့လေးနှင့် ထိစပ်လျက်ရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ် မြောက် ဘက်မှတ်တိုင်အမှတ် (၄)ကျောက်
တိုင်ရှိသည့် တောင်ကြား မြို့လည်းဖြစ်သည်။
ပန်ဝါမြို့သည် ဘေဝေါ်ဆို သည့် ၀ါးတစ်မျိုးပေါ်ပေါက်သည့် အတွက် လော်ဝေါ်လို ဘေဝေါ် ကူး၊ လာချိဒ်လို ဘမ်ဝေါ့ကော့ဟု ခေါ်ဆိုခဲ့ကြရာ တရုတ်လို ပန်ဝါ ရာခူဆိုပြီး ခေါ်ဆို သမုတ်ခဲ့ရာမှ ပန်ဝါဟူ၍ ဖြစ်လာခြင်းဖြစ် ကြောင်း ပန်ဝါမြို့အကြောင်းရေး ထားသည့် သမိုင်းစာအုပ်တွင် တွေ့ရသည်။
မြစ်ကြီးနား − ချီဖွေ−ပန်ဝါလမ်း အတိုင်းသွားပါက ၁၂၇ မိုင်ခန့်ရှိသည့် ခရီးသာ ဖြစ်သော်လည်း လမ်းခရီးမကောင်းသည့်အတွက် ထိုလမ်းကို အသုံးပြုသူနည်းပါးသည်။ မြစ်ကြီးနားမှ ကန်ပိုက်တီ။ ထိုမှတစ်ဆင့် တရုတ်နိုင်ငံဘက်မှ တစ်ဆင့်သာ ပန်ဝါသို့ သွားလာသူက များသည်။
မြစ်ကြီးနားမြို့မှသည် ပန်ဝါ သို့ ဆိုင်ကယ်ဖြင့် မြန်မာပြည်တွင်း လမ်းကို သုံး၍ သွားမည်ဆိုလျှင် အနည်းဆုံး ၁၀ နာရီတော့ ကြာ မြင့်ပေလိမ့်မည်။ တရုတ်နိုင်ငံ တွင်းမှ တစ်ဆင့်သွားမည်ဆိုလျှင် တော့အချိန် ခြောက်နာရီခန့်သာ ပေးရသည်။
ပန်ဝါမြို့သည်ဗမာပြည်ကွန်မြ
ထို့နောက် ၁၉၉၀ ဒီဇင်ဘာ ၅ ရက်တွင် န၀တအစိုးရနှင့် ငြိမ်း ချမ်းရေးရယူကာ ယခုအမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ယခင် NDAK ဥက္ကဋ္ဌဟောင်းက NDAK ကို ပြန်လည် ဖွဲ့စည်းကာ နေထိုင်ခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။
ငြိမ်းချမ်းရေးရယူပြီး ၁၉၉၃ ခန့်မှစကာ ပန်ဝါတွင် အပြောင်း အလဲများစွာ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
‘‘ဒီနေရာတွေမှာဆိုရင် အ ရင်က သစ်ပင်တွေများတော့ မိုး ပေါ်ကြည့်ရင်တောင် အလင်း ရောင်မမြင်ရတဲ့ နေရာတွေပါ။ အခုတော့ တောင်ခေါင်းတုံးဖြစ် ကုန်ပြီ’’ ဟု ဦးဇခုန်တိန်းယိမ်း၏ လက်နက်ကိုင်အဖွဲ့ အုပ်ချုပ်ပြီး နောက် မျက်စိရှေ့မှာတင်ပြောင်း လဲသွားသည့် အရာတစ်ခုကိုပန်ဝါဒေသခံတစ်ဦ
ချီးဖွေ၊ပန်ဝါ၊ ဆော်လော့်နှင့် ချန်းမော်ဒေသတစ်လျှောက်တွင်
ယခုအခါတွင် သစ်များ လည်းခုတ်၍ ကုန်လာပြီဖြစ်သည့် အတွက် သတ္တုတူးဖော်ရေးဘက် သို့လှည့်လာကြ၍ ရေအရင်းအ မြစ်များကိုပါ ထိခိုက်စပြုလာပြီ ဖြစ်ကြောင်း ဒေသခံများက ဆို သည်။
‘‘အခုဆိုရင် ရေလည်းရှား လာပြီ။ ပြီးတော့ ရေလည်းမသန့် တော့ဘူး။ သစ်တွေလည်း မရှိ တော့ဘူး’’ဟု အသက် (၁၉)နှစ်အ ရွယ်ရှိ ပန်ဝါဒေသခံ လူငယ် မအ၀င်းက ဆိုသည်။
ထိုကဲ့သို့ သစ်၊ သတ္တုများ ကုန်လာပြီဖြစ်သော်လည်း တိုး တက် ပြောင်းလဲလာသည်ကို မ တွေ့ရဘဲ အဆောက်အအုံ အ နည်းငယ်သာ တိုးတက်ပြောင်းလဲ လာကြောင်း မအ၀င်းက သူ၏ အမြင်ကို ပြောပြသည်။
ယခုကဲ့သို့ ဒေသတိုးတက်မှု မရှိသည်မှာ ပညာတတ်သည့် လူ များ နည်းပါးသည့်အတွက်ဟု ယူဆထားပြီး ကျောင်းပညာရေး ကို ကောင်းမွန်လာအောင် အစိုးရ ထံ တောင်းဆိုချင်ကြောင်း မအ ၀င်းက ပြောသည်။
ပန်ဝါဒေသသည် ယခုအ ချိန်တွင် ပြည်သူ့စစ်၊ နယ်ခြား စောင့်တပ်၊ အစိုးရတပ်မတော်နှင့် ကေအိုင်အေ စသည့် အဖွဲ့လေးဖွဲ့ရှိရာမြို့လည်း
ထိုသို့ လက်နက်ကိုင်အဖွဲ့ များအခြေစိုက်မှုများလာ၍ မြို့တွင်းသွားလာရာတွင် စစ်ဆေးမေးမြန်းမှုများ မရှိသော်လည်း တောတောင်များသို့ထင်းကောက်သ
ပန်ဝါမြို့မှ ဘေးပတ်ပတ် လည် တောင်များကို ကြည့်မည် ဆိုလျှင် တောင်စောင်းများတွင် ကွေ့ဝိုက်ဖောက်လုပ်ထားသည့် လမ်းများကို တွေ့မြင်နိုင်မည်ဖြစ် သည်။ သို့သော် အဆိုပါလမ်းပိုင်း များသည် ဒေသခံများအတွက်မ ဟုတ်ဘဲ သစ်နှင့် သတ္တုတူးဖော် ရေးအတွက်သာဖြစ်သည်ဟု ဒေ သခံများက ပြောဆိုကြသည်။
‘‘တချို့လမ်းတွေဆို ဘယ် ကို သွားတဲ့လမ်းလဲတောင် မသိ ဘူး။ အရင်က သစ်ရောင်းတယ်။ အခုက သတ္တုရောင်းတယ်။ နောက်တော့ မြေကြီးပြန်ရောင်း စားကြမယ်ထင်တယ်’’ဟု ဒေသခံ ဘာသာရေး ဆရာတစ်ဦးက တောင်စောင်းများကို တွေ့ရသည့် လမ်းများကို လက်ညှိုးထိုးပြီး ဆိုသည်။
ပန်ဝါ အနီးတစ်ဝိုက်တွင် အာဏာရှိသည့်သူများ၊ လုပ်ငန်း ရှင်များက သစ်၊ သတ္တုများ လုပ် ကိုင်ကာ ငွေများ ရှာဖွေနိုင်ကြ သော်လည်း ဒေသခံများအနေဖြင့် အခက်အခဲများစွာ ရှိနေဆဲဖြစ် သည်။
ပန်ဝါတွင် ရာသီဥတုအေး လွန်းသည့်အတွက် စပါးစိုက်၍ မရပေ။ ထို့ကြောင့် ချဉ်စော်ကား သီးနှင့် သစ်တော်သီးများကိုသာ အဓိက စိုက်ပျိုးပြီး စားဝတ်နေရေး အတွက် ဖြေရှင်းနေကြရသည်။
သဘာဝ သယံဇာတများ လည်း တဖြည်းဖြည်းကုန်ခန်းလာ ပြီဖြစ်၍ ဒေသခံများအတွက် စား ၀တ်နေရေးရေရှည် အဆင်ပြေနိုင် ရန်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဒေသထွက် အသီးများ စိုက်ပျိုးရန်လုပ်ငန်းကို အဓိက လုပ်ဆောင်မှသာ အဆင် ပြေနိုင်မည်ဖြစ်ကြောင်း ဒေသခံ ဘာသာရေးဆရာတစ်ဦးက သုံး သပ်သည်။
တစ်ချိန်က ကြက်ပျံမကျ စည်ကားပြီး မကောင်းမှုမှန်သမျှ စုဝေးရာ ပန်ဝါမြို့သည် ယခုအခါ တွင် မြို့၏ ပျိုမျစ်မှုများ ကြက် ပျောက်ငှက်ပျောက် ပျောက်သွား သလို ပတ်ဝန်းကျင်မှ သဘာဝသယံဇာတများမှာလည်း မရှိတော့ပေ။
မပြောင်းလဲဘဲ ကျန်ရစ်နေခဲ့သည်ကတော့ ခက်ခဲမြဲဖြစ်သည့် ဒေသခံများ၏ ဘ၀များပင်။ ဖွံ့ဖြိုးမှုကို ငံ့လင့်နေသည့် ဒေသခံများနှင့် ခက်ခဲကြမ်းတမ်းသည့် လမ်း များကို လျှောက်နေရဆဲ ပန်ဝါဒေသခံများကတော့ ပန်ဝါတွင် ဆက်လက်ရှိနေကြဆဲ။
‘‘အရင်က ဒီပန်ဝါမှာက ဘုရားသခင်တောင် သတိမရ တော့သလိုပဲ’’ ဟု အသက်(၄၀) ကျော် အရွယ်ဒေသခံ တစ်ဦးက တစ်ချိန်က အပျော်အပါးမက် လွန်းလှသည့် ပန်ဝါ၏ အတိတ်ပုံရိပ်များကို တင်စားကာ ပြန်ပြောပြရင်း ကျန်ရစ်ခဲ့လေတော့သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။