ငွေကြေးဖြင့်သာ တိုင်းတာသည်
ဒေါက်တာမောင်မောင်စိုး(ဘောဂ ဗေဒ)
JOB seekers Journal Vol.3, No.29
ကမ္ဘာ့ဘဏ်ရဲ့ World Development Report ၁၉၉၆ ရဲ့ အမှာစကား တစ်ခုမှာ- ““the success of other market reforms depends on the health of the financial system”” သဘောကို အတိအလင်းဖွင့်ဆိုခဲ့ပါသည်။ ဘောဂဗေဒပညာရှင် Joseph Stiglitz နိုဘယ်ဆုရှင်ကလည်း ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်တွေ တည်ငြိမ်စွာထိန်းထားနိုင်ဖို့ဆိုလျှင် မက်ခရိုစီးပွားရေးသဘောတရားကို နားလည်သောလူများနှင့် အစိုးရ၏ နိုင်ငံစီးပွားရေးတွင် မှန်ကန်သော စွက်ဖက်မှုအတိုင်းအတာနှင့် မည်မျှ အထိ အကျိုးသက်ရောက်စွာလုပ်ကိုင် ဆောင်ရွက်နိုင်သည့်အခြေအနေေ ပါ်
တွင်မူ တည်နေသည်ဆိုသည်ကိုလည်း ပြောခဲ့ပြန်သည်။
ကမ္ဘာ့ဘဏ်၏ ဖွင့်ဆိုချက်ပင်ဖြစ်စေ၊ ဘောဂဗေဒဘာသာရပ်ဆိုင်ရာ နိုဘယ်ဆုရှင် စတိဂလစ်၏ အဆိုနှင့်ပင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံတွင် ကျင့်သုံးနေသော ငွေကြေးစနစ်က အရေးကြီးသည်ဆိုသည်ကား ထင်ရှားသည်။ သို့သော်လည်း ထိုသို့သော တည်ငြိမ်သောငွေကြေးစနစ်ဖြစ် လာစေရန်အတွက်ကား အစိုးရ၏ အခန်း ကဏ္ဍသည် လွန်စွာအရေးကြီးသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မက်ခရိုငွေကြေးလုပ်ငန်းလုပ် ဆောင်နိုင်ဖို့အတွက်
ဘောဂဗေဒပညာရှင် မိုဟာမက်ယူနွတ်သည် Grameen Bank ကို ထူထောင်ဖူးသည်။
အစိုးရကိုယ်တိုင်က ဆင်းရဲသားတွေ ဘယ်လိုလုပ်ပြီး ဘဏ်ကငွေချေး
နိုင်မှာလဲဟူသောမေးခွန်းကို မေးဖူးသည်။ Grameen ဘဏ်ကိုယ်တိုင်က ငွေလိုနေသော အငယ်စားလုပ်ငန်းရှင်များကို ငွေထုတ်ချေးပြီး၊ ဈေးကွက် ထဲရောက်လာအောင် ခေါ်လာမည့် ယန္တရားကို တည်ထောင်ခြင်းဖြစ် သည်။ သို့သော်လည်း အစိုးရပါဝင်မှုအားနည်းသွားသောအခါတွင်
Microfinance integration သည် အားပျော့သွားခဲ့သည်။ ဆိုလိုသည်မှာ အစိုးရကမှ
မလုပ်နိုင်ဟု ယူဆသောအခြေအနေတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မှုအတွက် မဟာဗျူဟာများသည် အားနည်းသွားမည်သာဖြစ်သည်။
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် မက်ခရိုစီးပွားရေးပေါ်လစီကို င်တွယ်အသုံးချမှုအပေါ် များစွာမူတည်နေသည်။ တည်ငြိမ်ပြီး ခိုင်မာသောမက်ခရိုစီးပွားရေးပေါ်လစီများကို အစိုးရအနေဖြင့် လက်ခံနိုင်စွမ်း ရှိရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မက်ခရိုစီးပွားရေးသဘောတရားကို ကျေညက်စွာခံယူထားနိုင်မည့် အရည်အချင်းရှိရမည်ဖြစ်သည်။ ထို မက်ခရိုစီးပွားရေးသဘောတရားတွင်
ငွေကြေးပေါ်လစီ (Monetary policies) များသာမက၊ ဘဏ္ဍာရေးပေါ်လစီ (fiscal
policies) များအတွက် တိကျမှုဖြစ်ရန်လိုသည်။ ငွေကြေးပေါ်လစီနှင့်
ဘဏ္ဍာရေးပေါ်လစီများသည် ၀ယ်လိုအားကို စီမံခန့်ခွဲနိုင်သော ရှုထောင့် Demand
Management မှဖြစ်သောကြောင့်လည်း၊ စုစုပေါင်းဝယ်လိုအားအခြေအနေ Aggregate Demand (AD) ကို နားလည်ထားမှလည်း တိကျသောပေါ် လစီများကို ရေးဆွဲနိုင်မည်ဖြစ်သည်။
မျက်မှောက်ခေတ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများသည် တည်ငြိမ်ပြီး၊ ခိုင်မာသောမက်ခရိုစီးပွားရေးပေါ်လစီများချမှတ်မှုလမ်းကြောင်းတွင် အခက်အခဲများရှိနေခြင်းဖြစ်သ ည်။ အထူးသဖြင့် ငွေကြေးဆိုင်ရာ အရင်းအနှီးများ စီးဆင်းမှုလမ်းကြောင်းများနည်းနေခြင်းဖြစ်သည်။ တည်ရှိသောဖွံ့ဖြိုးဆဲဘဏ်များအနေဖြင့်လည်း နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများတိုး တက်ဖွံ့ဖြိုးဖို့အတွက်ထက်၊
ဘဏ်လုပ်ငန်းများ ကြီးထွားမှုအတွက်သာ ဦးတည်နေသောကြောင့်လည်း
လုပ်ငန်းများအတွက် အရင်းအနှီးရရှိမှုကို ခက်ခဲစေပါတော့သည်။ ထို့အပြင်
တိုင်းပြည်အတွက် လိုအပ်သော ROSCAs ခေါ် Rotation Savings and Credit
Associatons ဖြစ်သည့် ဘဏ်တွင် ငွေစုနိုင်မှုအင်အားနှင့်
ပြန်လည်ချေးငှားနိုင် မှုအခြေအနေကို ဖန်တီးပေးသော အဖွဲ့အစည်းများလည်း
သိပ်မရှိသေးသော အခြေအနေမျိုးလည်းရှိသည်။ များသောအားဖြင့်
ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ဘဏ္ဍာရေးပေါ်လစီနှင့် ငွေကြေးပေါ်လစီတို့
အကောင်အထည် ဖော်မှုအားနည်းနေသည်။ အဓိကအချက်က စုဆောင်းငွေ
အားနည်းနေခြင်းဖြစ်သည်။ ဘဏ်တွင် စုဆောင်းငွေများအပ်နှံမှုမရှိမဟုတ်ရှိသည်သာ ဖြစ်သည်။ သို့သော်လည်း အလယ်အလတ်အလွှာများမှ စုဆောင်းနိုင်မှု အင်အားနည်းပါးနေသည့်အခြေအနေ မျိုးဖြစ်သည်။
စားသုံးနိုင်မှုအချိုး မြင့်နေပြီး၊ စုဆောင်းနိုင်မှု အချိုးကျဆင်းနေသည်။
ယင်းသည် ကူးသန်း ရောင်းဝယ်ရေးဘဏ်များအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် အဟန့်
အတားတစ်ခုလည်းဖြစ်နေသည်။ နောက်တစ်ခုက အခွန်စနစ်နှင့် အခွန်
တည်ဆောက်သည့်စနစ်များသည် တည်ရှိနေသော ဘဏ္ဍာရေးစနစ်ကို လည်ပတ်မှုလမ်းကြောင်းကို
မှန်ကန်မှုနည်းနေသည်။ ဘဏ္ဍာရေးပေါ်လစီများအရ အခွန်စနစ်တွင်
ချို့ယွင်းမှုရှိသည့်အပြင်၊ အစိုးရသုံးစွဲမှုအပိုင်း တွင်လည်း
ပြည်သူ့စီမံခန့်ခွဲမှုအပေါ် မည်မျှထိရောက်အောင် သုံးစွဲနိုင်
သနည်းဟူသောမေးခွန်းလည်း မေးစရာဖြစ်လာသည်။
ဘဏ္ဍာရေးစနစ်အောက်တွင်ပင် ပုဂ္ဂလိကပိုင်ပြုလုပ်သည့်အြေ ခအနေများကိုလည်း ပြန်လည်ဆန်းစစ်ရန်လိုလာသည်။ ပုဂ္ဂလိကပိုင်ပြုလုပ် ခြင်းတွင် အစိုးရလုပ်ကိုင်သင့်သောလုပ် ငန်းမျိုးများမှအပ
ကျန်စီးပွားရေး လုပ်ငန်းများအားလုံးကို ပုဂ္ဂလိကပိုင်လုပ်သင့်သည်။
သို့သော်လည်း မည်သူများသည် ပုဂ္ဂလိကပိုင်အဖြစ်လုပ်ကိုင် ဆောင်ရွက်သင့်သည်ဟူသော မေးခွန်းလည်း မေးစရာဖြစ်လာပါသည်။ ထို့အပြင် တိုင်းပြည်အတွက် လိုအပ်သောစတော့ရှယ်ယာဈေးကွ က်များရှိ၊ မရှိကိုလည်း လေ့လာရာ တွင် စတော့ရှယ်ယာများမတိုင်မီ အများပိုင်ကုမ္ပဏီများပေါ်ထွန်းလာမှု အခြေအနေကိုလည်း ဆန်းစစ်ရန်လိုလာပါသည်။
တိုင်းပြည်တိုးတက်မှုအတွက် အဓိကကဏ္ဍကြီးနှစ်ခုဖြစ်သော Real Sector နှင့် Financial Sector သည် အထူးအရေးပါလာသည်။ ထုတ်လုပ် မှုများကို real sector သဘောအရ တိုင်းတာကြသော်လည်း စုစုပေါင်း အခြေအနေအတွက်ကား financial sector သည် မဖြစ်မနေပါလာရ သည်။ အကြောင်းမှာ အရာအားလုံးအတွက် မတူညီသောအတိုင်းအတာများကို တူညီစေရန်အတွက်ကား ငွေကြေးသည် Unit of account သဘောမျိုးပုံစံတူညီစေရန်အတွ က် လုပ်ဆောင်ပေးခြင်းကြောင့်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မှုအတွက် Financial sector သည် အရေးပါလာခြင်းဟုပြောခြင်းဖြ စ်သည်။
တညီတညွတ်တည်းအခြေအနေကို ခန့်မှန်းနိုင်ရန်အတွက် ငွေကြေးကဏ္ဍသည်
အရေးပါလာခြင်းဖြစ်သည်။ ဘောဂဗေဒပညာရှင် Joan Robinson စကားအရပြောမည်ဆိုပါက
““Where enterprise leads, finance follows ”” ဟူသောစကားအတိုင်းပင်ဖြစ်သည် ။ ထုတ်လုပ်သမျှသောကုန်စည်တိုင်းအတွက် မည်မျှပင်အမျိုးမတူသည်ဖြစ်ေ စ၊ ငွေကြေးတန်ဖိုးအရ တန်ဖိုးတွက်ချက်ပြီးပြီဆိုပါက အားလုံးအတွက် အရှုံးအမြတ်ကို ထုတ်ဖော်နိုင်သောကြောင့်ဖြစ်သည်။
ဒေါက်တာမောင်မောင်စိုး(ဘောဂ ဗေဒ)
ဒေါက်တာမောင်မောင်စိုး(ဘောဂ
JOB seekers Journal Vol.3, No.29
ကမ္ဘာ့ဘဏ်ရဲ့ World Development Report ၁၉၉၆ ရဲ့ အမှာစကား တစ်ခုမှာ- ““the success of other market reforms depends on the health of the financial system”” သဘောကို အတိအလင်းဖွင့်ဆိုခဲ့ပါသည်။ ဘောဂဗေဒပညာရှင် Joseph Stiglitz နိုဘယ်ဆုရှင်ကလည်း ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်တွေ တည်ငြိမ်စွာထိန်းထားနိုင်ဖိ
တွင်မူ တည်နေသည်ဆိုသည်ကိုလည်း ပြောခဲ့ပြန်သည်။
ကမ္ဘာ့ဘဏ်၏ ဖွင့်ဆိုချက်ပင်ဖြစ်စေ၊ ဘောဂဗေဒဘာသာရပ်ဆိုင်ရာ နိုဘယ်ဆုရှင် စတိဂလစ်၏ အဆိုနှင့်ပင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံတွင် ကျင့်သုံးနေသော ငွေကြေးစနစ်က အရေးကြီးသည်ဆိုသည်ကား ထင်ရှားသည်။ သို့သော်လည်း ထိုသို့သော တည်ငြိမ်သောငွေကြေးစနစ်ဖြစ်
တိုင်းပြည်စီးပွားရေးဖွံ့ဖြ
မျက်မှောက်ခေတ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအတော်မျာ
ဘဏ္ဍာရေးစနစ်အောက်တွင်ပင် ပုဂ္ဂလိကပိုင်ပြုလုပ်သည့်အြေ
တိုင်းပြည်တိုးတက်မှုအတွက် အဓိကကဏ္ဍကြီးနှစ်ခုဖြစ်သော Real Sector နှင့် Financial Sector သည် အထူးအရေးပါလာသည်။ ထုတ်လုပ် မှုများကို real sector သဘောအရ တိုင်းတာကြသော်လည်း စုစုပေါင်း အခြေအနေအတွက်ကား financial sector သည် မဖြစ်မနေပါလာရ သည်။ အကြောင်းမှာ အရာအားလုံးအတွက် မတူညီသောအတိုင်းအတာများကို တူညီစေရန်အတွက်ကား ငွေကြေးသည် Unit of account သဘောမျိုးပုံစံတူညီစေရန်အတွ
ဒေါက်တာမောင်မောင်စိုး(ဘောဂ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။