Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 20, 2015

ဂျိန်းဘာသာဝင် အကြောင်း သိကောင်းစရာ

ဂျိန်းဘာသာဝင် အကြောင်း သိကောင်းစရာ
@@@@@@@@@@@@@@@@@@@@@@

ဂျိန်းဘုန်းကြီး ဟု ဆိုလိုက်လျင် မြန်မာလူမျိုးအများစုသည် အ၀တ်မ၀တ် Naked ဖြစ်သော၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးဗလဗျစ် နှင့် အသားမည်းမည်း ဆာဒူးကြီးများကို မြင်ယောင်မိကြပေလိမ့်မည်။ မှန်ပါသည်၊ သို့ပါသော်လည်း အ၀တ်ဝတ်သော ဂျိန်းဘုန်းကြီး များ၊ အ၀တ်မ၀တ်သော ဂျိန်းဘုန်းကြီးများ ဟု ဂိုဏ်းနှစ်မျိုးရှိနေသည်။ စာရေးသူတို့ အိန္ဒိယနိုင်ငံအ တွင်း နေထိုင်စဉ်မှာတော့ မသိချင်လို့ မရ၊ ကင်းလို့ မရသော ဘုန်းတော်ကြီးများ ဟု ဆိုရပါမည်၊

အဘယ့်ကြောင့်ဆိုသော် သင်္ကန်းဝတ်ကို မြင်ကတည်းက ဗုဒ္ဓဘာသာဝင်များက ၀န္ဒာမိ ဘန္တေ - ( အရှင်ဘုရား ရှိခိုးပါတယ်ဘုရား) ဆိုပြီး နဖူးပေါ်လက်အုပ်ချီသွားသူများ၊ နာမ ဆကာရေး၊ နာမ ဆကေး ဆိုပြီး စာရေးသူတို့လက်ကို တို့ထိပြီး သူတို့ နဖူးကို လက်ညှိုးဖြင့် ပြန်ထိကာ ခရစ်ယာန်များ ရင်ဘတ်၊ နဖူးကို ထိကြသလို အပြုအမူများကား ရိုးအီနေပေပြီ။ ထို့ကြောင့် ဂျိန်းဘုန်းကြီးများကို မြင်ခဲ့လျင် သူတို့၏ နောက်ခံသမိုင်းကြောင်းကိုပါ စိတ်ဝင်စားလာပြန်သည်၊
သွားလေရာတွင် တကိုယ်လုံးအ၀တ်မ၀တ်ပဲ၊ လက်ထဲတွင် ယပ်တောင်ပုံစံ လက်ကိုင်ဒုတ်တခု၊ မြန်မာများ အခေါ်ဖြင့်ပြောရလျင် တဆင့်ချိုင့်၊ တလုံးချိုင့် ပုံစံမျိုး အစားအစာ၊ အရည်များ ထည့်စရာ စတီးချိုင့်တစ်ခုကို လက်က ဆွဲလျက် မြို့ရော တောပါမကျန် လှည့်လည်နေတတ်သော ဆာဒူးများ၊ ဂျိန်းဘုန်းကြီးများကို မျိုးစုံအောင် တွေ့ရတတ်၏။ အခြားသူများသည် သံယောဇဉ် တဏှာများကို မပယ်သတ် နိုင်သေးသောကြောင့်သာ အ၀တ်ဝတ်ကြသည်၊ သူတို့က ပယ်သတ်နိုင်သော ကြောင့် ၀တ်စရာမလိုဟု အယူရှိကြသည်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း ဗုဒ္ဓဂါယာ Bodhgaya ဘက်ခြမ်းတွင် များစွာ တွေ့ရတတ်ပြီး တောင်ပိုင်း Mumbai, Pune စသော မြို့ကြီးများစွာ အနည်းငယ် ကျိုးတိုးကျဲတဲသာ တွေ့ရတတ်သည်။
ဂျိန်းဘာသာသည် အမြဲတမ်း သူတပါးကို မညှင်းဆဲခြင်း မသတ်ဖြတ်ခြင်း အဟိံသာဝါဒ ကို ဟောကြားလေ့ရှိ၏။ သတ္တ၀ါတကောင်ကောင်ကို မည်သို့သောအကြောင်းကြောင့်မှ မသတ်ဖြတ်ရ၊ မညှင်းဆဲရ ဆိုသောသဘောပင်။ တမလွန်နောင် ဘ၀နှင့်ပက်သက်၍ ခံယူချက်ကား Jain doctrine teaches that Jainism has always existed and will always exist.သတ္တ၀ါမှန်သမျှသည် အမြဲတမ်း ရှင်သန်နေမည်၊ နောင်လဲ ရှင်သန်နေလိမ့်မည်၊ ခန္ဓာကိုယ်သာ ပြောင်းသွားမည်၊ ၀ိဥာဏ်တော့ မပြောင်း ဟူသော အမြဲတည်ရှိနေခြင်း သဿတ၀ါဒ ဟု ဆိုရပါမည်။
ဂျိန်းခေါင်းဆောင် မဟာဝီရ
ဂျိန်းဝါဒခေါင်းဆောင် မဟာဝီရ( Mahavira ) သည် ဘီစီ ( ၆) ရာစုတွင် ပေါ်ထွန်းပြီး သူ့နောက်ပိုင်း (၉) ရာစုလောက်အထိ အင်အားကောင်းခဲ့ဟန်တူသည်၊ ခေတ်အနေနှင့် ဆိုရလျင် ၆ ရာစုတွင်ပေါ်ထွန်းခြင်းကြောင့် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဟု ဆိုရပါမည်၊
မဟာဝီရသည် ဂျိန်းဘာသာကို စတင်တည်ထောင်သူမဟုတ်ပဲ သူ့ဆရာဖြစ်သော ပရရှ်ဝနာထ် Parshvanath ကသာ တည်ထောင် ခဲ့ခြင်း ဖြစ်၏၊
ဆရာဖြစ်သော ပရာရှ်ဝနာထ် သည် သူနှင့် သူ့တပည့်များအား အ၀တ်သင်္ကန်းကို ၀တ်ရုံကြရန် ညွန်ကြားခဲ့သည်။ သူကွယ်လွန်ပြီးနောက် မဟာဝီရခေါင်းဆောင်ဖြစ်လာသောအခါ ရှေးဟောင်း နိဂဏ္ဍ Nigantha ဂိုဏ်းကို ပြန် လည်အသက် သွင်းသောအားဖြင့် သူ့တပည့်များကို အ၀တ်သင်္ကန်း မ၀တ်ကြဖို့ ပညတ်ကာ နိဂဏ္ဍ (နိ-မရှိခြင်း Nil, ဂဏ္ဍ - နှောင်ကြိုးသံယော ဇဉ် Attachment , လောဘ Greed ဆိုတော့ နှောင်ကြိုးသံယောဇဉ်များ၊ လောဘတဏှာများ ကင်းသူ )ဟု အဓိပ္ပါယ်ဆောင်ကာ ဂိုဏ်းကို ပြန်လည်အသက်သွင်းခဲ့သည်။

သံသရာမှ လွတ်မြောက်အောင် ဒုက္ခများများ ခံရမည် ဟု ဆိုကာ အတ္တကိလမထနုယောဂအကျင့် Self Mortification ဟူသော မိမိခန္ဓာကိုယ်ကို ညှင်းဆဲသောအကျင့်များကို ဟောကြားကာ ဒုက္ခကိုအကြိမ်ပေါင်းတစ်ထောင်ကျင့်လျင် ကံဟောင်းတစ်ထောင် ကုန်လိမ့်မည် ဟု ဟောကြားပြန်သည်။ မြေကြီးပေါ် အိပ်ခြင်း၊ ဆူးများပေါ် အိပ်စက်ခြင်း စသော ပြင်းထန်သောအကျင့်များကို ထပ်ဟောသည်။
ရေသည် ပိုမွှားရှိသဖြင့် စစ်ပြီးမှသာ သောက်သုံးသင့်သည်၊ မြေကြီးပေါ်တွင်လည်း ပိုးမွှားများ ရှိသဖြင့် ဖိနပ်မစီးရ၊ ခြေဗလာဖြင့်သာ သွားရမည်၊ ထို့အတူ လေထဲတွင် ပိုးမွှားများ ပါလာသဖြင့် ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ထားရမည် ဟု ပညတ်ချက်ထုတ်သည်။
ဂျိန်းဘာသာဝင်လူများ အဓိက လိုက်နာရမည့် ကျင့်ဝတ်မှာ သတ္တ၀ါမှန်သမျှအား မညှင်းဆဲ မသတ်ဖြတ်ခြင်း အဟိံသာ တရား ဖြစ်သည်။ ဤသို့အားဖြင့် နိဂဏ္ဍဂိုဏ်းကြီးကို စည်းကမ်းက အစ ပြုပြင်လိုက်သောကြောင့် အာဇာနည် မဟာဝီရ ပုဂ္ဂိုလ် ကြီး ဖြစ်လာခဲ့သည်။ ဂျိန်းဘာသာများသည် ဒိဂမ္ဗရ ( အ၀တ်မ၀တ်သော ဂိုဏ်း ) ဆီတမ္ဗရ ( အ၀တ်ဝတ်သောဂိုဏ်း )အာြး ဖင့် နှစ်ဂိုဏ်း ကွဲပြားသည်။

ဂျိန်းခေါင်းဆောင်၏ နောက်ခံသမိုင်း
မဟာဝီရ ဂျိန Jain သည် ၀ဇ္ဇီတိုင်း ဝေသာလီမြို့အနီး ကုဏ္ဍိကရွာသားဖြစ်သော နာဋ၏ သားဖြစ်သောကြောင့် နာဋပုတ္တ ဟု အမည်တွင်ခဲ့သည်၊ နိဂဏ္ဍဂိုဏ်းကို ၀င်ရောက်သောအခါ နိဂဏ္ဍ နာဋပုတ္တ ဟု ဖြစ်လာခဲ့သည်။
သူ့မိခင်သည် တရိရှလ အမည်ရှိ၍ ဝေသာလီပြည် လိစ္ဆ၀ီမင်းသား ဆေတက ၏ နှမဖြစ်သည်၊ တဆက်ထည်းတွင် ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရား ဆေလ္လန ၏ ညီမလည်းဖြစ်သည်။ ထိုဆေလ္လန မိဖုရားသည် နောင်တချိန် အဇာတသတ် ဘုရင်က ဝေသာလီပြည်ကို ဖျက်ဆီးရန် ကြိုးစားသောအခါ ၃ ကြိမ်တိတိ မတိုက်ခိုက်ဖို့ရန် တားမြစ်ခဲ့ သေးသည်။ မဟာဝီရသည် သိဒ္ဓတ္ထမင်းသားကဲ့သို့ပင် တ၀မ်းကွဲနှမတောင်စပ်သူနှင့် လက်ထပ်ကာ သမီးတစ်ယောက် ရရှိပြီး အသက် (၃၀) အရွယ်တွင် အိမ်ထောင်ကို စွန့်ပယ်ကာ နိဂဏ္ဍဂိုဏ်းထဲ ၀င်ကာ နှစ်ပေါင်း(၁၂)နှစ်တိတိ ကျင့်ပြီး ဂျိန်းဘာသာခေါင်းဆောင် ဖြစ်လာသည်။

ဇိန - ကိလေသာအားလုံးကို အောင်မြင်ပြီးသူ၊ အဖြစ်မှ နောင်တွင် ရိုမာန်အသံထွက်ဖြင့် ဇိန မှ ဂျိန၊ ဂျိန မှ မြန်မာသံထွက်ဖြင့် ဂျိန်းဘုန်းကြီးများ၊ ဂျိန်းဘုရားဟု ဖြစ်လာခဲ့သည်။ ယနေ့အချိန်အထိ အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် အ၀တ်မ၀တ်ပဲ လှည့်လည်ေ နသော ဂျိန်းဘုန်းကြီးများကို တွေ့မြင်နိုင်ပါသေးသည်။
ဂျိန်းတို့၏ သံသရာလွတ်ကြောင်းလမ်းစဉ်
သတ္တ၀ါအားလုံးတို့သည် လွတ်မြောက်မှုကို မရသေးသမျှ ငရဘုံ၊ တိရစ္ဆာန်ဘုံ၊ လူ့ဘုံ၊ ကောင်းကင်ဘုံ ဟူသော ဘုံလေးမျိုး၌သာ ကျင်လည်အမြဲ ကျင်လည်ကြရမည်၊
လွတ်မြောက်မှု ဟူသော SIDDh-LOKA အလုံးစုံပြီးစီး ပြည့်စုံသော လောကသို့ ရောက်ရှိဖို့ရန် လမ်းကြောင်း သုံးသွယ် ရှိသည်။
၁။ Right Knowledge - အသိပညာ ဗဟုဿုတ မှန်ကန်ရမည်၊
၂။ Right Conduct - အနေအထိုင် အပြုအမူ မှန်ကန်နေရမည်။
၃။ Right Faith - ယုံကြည်မှု လဲ မှန်ကန်နေရမည်။

အထက်ပါ လမ်းသုံးသွယ်ကို လျောက်လှမ်းနေစဉ် Non- Violence ဟူသော မညှင်းဆဲခြင်း အဟိံသာတရားကို လက်ကိုင် ထားရမည်၊ သို့မှသာ ထွက်မြောက်မှုကို ရောက်ရှိနိုင်မည်။
အကျဉ်းချုပ် ဆိုရလျင် သူတို့၏ အဆုံးပန်းတိုင်သည် ကောင်းကင်ဘုံ ဟူသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံလောက်နှင့်သာ လမ်းဆုံးနေ၏၊ ဒါတောင် ဗြဟ္မာကျင့်စဉ်ကို မသိသောကြောင့် ရောက်နိုင်ဖို့ မသေချာပေ၊

ယနေ့ခေတ်အထိ အိန္ဒိယနိုင်ငံအတွင်း စာရင်းများအရ ဂျိန်းဘာသာဝင်ပေါင်း ( ၄ )သန်း ( ၂ )သိန်း ( 4.2 Million ) ရှိသည်ဟု ဆိုသည်၊ ထိုမျှမကပဲ မြောက်အမေရိကတိုက်၊ ဥရောပ အရှေ့ပိုင်း၊ အနောက်ပိုင်းများ နှင့် သြစတေးလျ Australia တို့တွင် အများအပြား ပြန့်ပွားနေသည်ဟုသိရသည်၊ ဒါကြောင့်လဲ အိန္ဒိယ တီဗီ စလောင်းလိုင်းများတွင် Incredible of India, မယုံကြည်နိုင်စရာများနှင့် အိန္ဒိယ၊ Incredible only in India ဒီလို မယုံနိုင်စရာ၊ မြင်ကွင်းများကို အိန္ဒိယတွင်သာ မြင်ခွင့်ရှိသည် ဆိုပြီး မကြာခဏ လွှင့်ပေးလေ့ရှိသည်၊ အံ့ဖွယ် အိန္ဒိယပါပေ .....
နိဂဏ္ဍ နာဋပုတ္တ Nigantha Nataputta ဂျိန Jain မဟာဝီရ Mahavira အမည်များ ရှိသော ဂျိန်းဘာသာခေါင်းဆောင် ဂျိန်းဘုရား သည် မလ္လတိုင်း ၊ ပါဝါမြို့တွင် သက္ကရာဇ်အတိအကျ မသိရပဲ ဗုဒ္ဗထက် စောစီးစွာပင် ကွယ်လွန်ဇာတ် သိမ်းခဲ့ကြောင်း သိရသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 13.Nov.2011
http://www.dhammayaungchi.com/
Ref. အင်တာနက်ပေါ်မှ အချက်အလက်များနှင့် သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ ၏ မဇ္ဈိမဒေသ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။