Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 12, 2015

''ခြင်္သေ့ကြီးအတွက် ပြည်သူ့ကလဲ့စား''

''ခြင်္သေ့ကြီးအတွက် ပြည်သူ့ကလဲ့စား''
၂၀၁၅ ခုနှစ်ရဲ့ ''အင်တာနက်လောကမှာ လူမုန်းအများဆုံး ပုဂ္ဂိုလ်'' ဘွဲ့ထူးကို အမေရိကန် သွားဆရာဝန် ဒေါက်တာပါးလမားက ဆွတ်ခူးသွားခဲ့ပါပြီ။
နာမည်ဆိုးနဲ့ ကျော်စောလှတဲ့ အီရန်သမ္မတ အမာဒီနာဂျက်၊ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးနဲ့ ရုရှားသမ္မတ ပူတင်တို့ကိုတောင် ဖြတ်ကျော်ပြီး ဒီနေရာကို ဒေါက်တာပါးလမား ထိုက်ထိုက်တန်တန် သိမ်းပိုက်သွားနိုင်ခဲ့တာကတော့ စက်စီလ် ဆိုတဲ့ အာဖရိက ခြင်္သေ့ကြီးတစ်ကောင်ကြောင့် ဖြစ်ပါတယ်။

ခြင်္သေ့ကြီးက ခေသူမဟုတ်ဘူး။ သူက ဇင်ဘာတွေနိုင်ငံရဲ့ ထင်ရှားကျော်ကြား စယ်လီဘရစ်တီကြီး။ သူ နေထိုင်ရာ ဇင်ဘာတွေ သဘာဝတောရိုင်းဥယျာဉ်ကို လာတဲ့ တိုးရစ်တွေရဲ့ အချစ်တော်။ တခြားခြင်္သေ့တွေကြားမှာ တစ်မူထုးခြားတဲ့ အမည်းရောင် လည်ဆံမွှေးဖားဖားတွေကြောင့် သူ့ကို တစ်ခါမြင်လိုက်ရင် အမြဲမှတ်မိနေရအောင် ဥပဓိဖြောင့်ပြီး လူချစ်လူခင်ပေါတဲ့ ခြင်္သေ့။ သူ့ဘော်ဒါ ခြင်္သေ့ကြီး ဂျယ်ရီကိုနဲ့အတူ ခြင်္သေ့အုပ်ကို ပူးတွဲဦးစီးတယ်။
လူထုအချစ်တော် ခြင်္သေ့ကြီးဟာ သူလဲလေ လောကီသားပေမို့ လောကဓံဘေးက မလွတ်ခဲ့ပါဘူး။ သူအရင် ကျင်လည်ခဲ့ရာ ခြသေ့င်္အုပ်မှာ လွန်ခဲ့တဲ့ သုံးနှစ်က အုပ်စုတိုက်ပွဲဖြစ်ပြီး သူ့အစ်ကို ခြင်္သေ့ သေဆုံးခဲ့တယ်။ သူနဲ့ အုပ်စုခေါင်းဆောင် ခြင်္သေ့ကြီးကတော့ ဒဏ်ရာအကြီးအကျယ် ရသွားတယ်။ သူဟာ အုပ်စုကနေ ရှုံးနိမ့်ထွက်ခွာပြီး တစ်ကောင်တည်း အထီးကျန် ကျင်လည်ခဲ့ရတယ်။ နောက်မှ ခြင်္သေ့ကြီး ဂျယ်ရီကိုနဲ့တွေ့ပြီး နှစ်ကောင်သား အုပ်စုသစ်ကို ထူထောင်တာ။ သူတို့အုပ်မှာ ခြသေံမ ခြောက်ကောင်နဲ့ ခြင်္သေ့သားငယ်လေးတွေ ပါဝင်ပါတယ်။
၁၃ နှစ်သား ခြင်္သေ့ကြီးဆီကို ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ ၅၅ နှစ်အရွယ် ဒေါက်တာ ပါးလမားဟာ ခြသေ့်ပစ်ဖို့ ဒေသခံ မုဆိုးတစ်ယောက်နဲ့ မြေရှင်တစ်ယောက်ကို အမေရိကန်ဒေါ်လာ ငါးသောင်း (မြန်မာငွေ သိန်းခြောက်ရာ)တောင် ပေးခဲ့ပါတယ်။ သူက ရီနိုဆိုတဲ့ ချိုတစ်ချောင်းကြံ့ကြီးတွေ၊ ကျားသစ် ခြင်္သေ့ ဆင်နဲ့ ဦးချိုရှည် သမင်ကြီးတွေ စတဲ့ ရှားပါး တောရိုင်းတိရိစ္ဆာန်တွေကို ပစ်ခတ်သတ်ဖြတ်ရတာ ၀ါသနာထုံတဲ့ သားသတ်သမား။ သူ သတ်ဖြတ်ခဲ့တဲ့ သားကောင်ကြီးတွေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်မှာ တင်တတ်တယ်။
ဇူလိုင်လ ၁ ရက်နေ့မှာ ခြင်္သေ့ကြီး စက်စီလ်ဟာ သူကျက်စားရာ ဘေးမဲ့ဥယျာဉ်ကနေ အစာနဲ့မျှားပြီး အပြင်ဘက်ကို သွေးဆောင်ခံလိုက်ရတယ်။ အပြင်ရောက်လာတဲ့ ခြင်္သေ့င်္ကြီးကို ဒေါက်တာပါးလမားက မြားနဲ့ ပစ်ချလိုက်တယ်။ သူက သားကောင်တွေကို ရိုင်ဖယ်နဲ့ ပစ်မသတ်ခင် လေးမြားသုံးပြီး ဒဏ်ရာရအောင် ပစ်ရတာ ၀ါသနာထုံတဲ့သူ။
သွေးစက်လက်နဲ့ တိမ်းရှောင်သွားတဲ့ ခြင်္သေ့ကြီးနောက်ကို ဒေါက်တာပါးလမားတို့အဖွဲ့ ခြေရာခံ လိုက်ကြတယ်။ သူတို့ ကံဆိုးစွာ သတိမရမိတာက နာမည်ကျော် ခြင်္သေ့ကြီးကို အောက်စဖို့တက္ကသိုလ် တောရိုင်းတိရစ္ဆာန် သုတေသန အဖွဲ့က ဂျီပီအက်စ် ကော်လာ တပ်ပေးထားတယ် ဆိုတာကိုပဲ။ ဒီကော်လာက ခြင်္သေ့ကြီး စက်စီလ် ဘယ်ရောက်နေတယ်ဆိုတာ သိနိုင်တယ်။
ဒဏ်ရာရ ခြင်္သေ့ကြီးကို နောက်ယောင်ခံလိုက်ပြီး နာရီ ၄၀ အကြာမှာ ဒေါက်တာပါးလမားတို့ ရှာတွေ့သွားပြီး ပါးလမားက သူ့ရိုင်ဖယ်နဲ့ ပစ်ချလိုက်တယ်။ အရေခွံ ဆုတ်ယူ၊ ဦးခေါင်းကိုပါ ထုံးစံအတိုင်း အောင်မြင်မှု အမှတ်တရအဖြစ် ဖြတ်ယူလိုက်တယ်။
ခြင်္သေ့ကြီးရဲ့ ဂျီပီအက်စ် ကော်လာကို ပါးလမားတို့ ဖျက်ဆီးပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒီတော့ ဒီကော်လာကို ခြင်္သေ့သေနဲ့အတူ မထားရစ်ခဲ့ဘဲ သူတို့ ယူသွားကြတယ်။ ဒါပေမယ့် ဒီအချိန်မှာ ဂျီပီအက်စ် ကော်လာက ပြနေတဲ့ြ့ခင်္သေ့ကြီး ရှိရာ လမ်းကြောင်းကို ဘေးမဲ့ဥယျာဉ်က ခြေရာခံလိုက်နေပြီ။
ဘေးမဲ့ဥယျာဉ်က ၀န်ထမ်းတွေဟာ ဂျီပီအက်စ် ကော်လာက ပြနေတဲ့ လမ်းကြောင်းအတိုင်း စက်စီလ်ကို တောနင်းပြီး လိုက်ရှာကြတာ အရေဆုတ် ခေါင်းဖြတ်ခံထားရတဲ့ အသေကောင်ကိုပဲ စိတ်မကောင်းစွာ တွေ့ရတော့တယ်။
ဒေါက်တာပါးလမားက ဇင်ဘာဘွေကနေ အချိန်မီ တိမ်းရှောင်သွားနိုင်ပေမယ့် သူ့လမ်းပြမုဆိုးနဲ့ မြေရှင်ကို ဇင်ဘာဘွေရဲက ဖမ်းလိုက်တယ်။ ပါးလမားဟာ ဒီတစ်ခါတော့ သူဖြတ်ယူသွားတဲ့ စက်စီလ်ရဲ့ ဦးခေါင်းနဲ့ အရေခွံကို အမေရိကားက သူ့အိမ်နံရံမှာ ဂုဏ်ယူစွာ ချိတ်ဆွဲထားခွင့် မရတော့ပါဘူး။ သူ့ရှေ့နေက ပြ၁သနာတက်နေတဲ့ ခြင်္သေ့ခေါင်းနဲ့ အရေခွံကို ဇင်ဘာဘွေ အာဏာပိုင်တွေဆီ အမြန်ပြန်အပ်ဖို့ တိုက်တွန်းလို့ သူကိုယ်တိုင် သွားမအပ်ရဲပေမယ့် တစ်ဆင့် လွှဲပြောင်းပေးခဲ့တယ်။
ခြင်္သေ့ကြီးစက်စီလ် အသတ်ခံလိုက်ရတဲ့ သတင်းဟာ တစ်ကမ္ဘာလုံးကို ပြန့်နှင်္ံ့ဂယက်ရိုက်သွားလိုက်တာ ဇင်ဘာဘွေရဲ့ နိုင်ငံကျော် ခြင်္သေ့ကြီးဟာ ကမ္ဘာမှာပါ ဟိုးဟိုးကျော်သွားတော့တယ်။ ဒေါက်တာပါးလမားဆီကို တစ်ကမ္ဘာလုံးကနေ ဆဲစာတွေ၊ ပစ်တင်ကြိမ်းမောင်းစကားတွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာတယ်။ သူနဲ့ သူ့ဆေးခန်းရဲ့ ဖေ့စ်ဘုတ် အကောင့်တွေလဲ တောင်လိုပုံသွားတဲ့ မေတ္တာစာတွေကြောင့် ပိတ်ပစ်လိုက်ရတယ်။ အပြစ်မဲ့ ခြင်္သေ့ကြီးကို သနားတဲ့ ကလေးလူကြီးတွေ သူ့ဆေးခန်းရှေ့ကို မကျေမချမ်း ရောက်လာလို့ ဆေးခန်းပိတ်ပြီး ထွက်ပြေးရတယ်။
လူထုက ထွက်ပြေးသွားတဲ့ ဒေါက်လာပါးလမားရဲ့ သွားဆေးခန်းရှေ့ တံခါးဝမှာ မွှေးပွ ခြင်္သေ့ရုပ်တွေ အပါအ၀င် တိရစ္ဆာန်ရုပ်လေးတွေ လာချသွားကြတယ်။ ဆေးခန်းရှေ့မှာ ဆန္ဒပြပွဲ အကြီးအကျယ် ဖြစ်တယ်။ မိဘတွေဟာ သူတို့သားသမီးတွေကို လက်ဆွဲပြီး ချီတက်လာကြတယ်။ ကလေးတစ်ချို့က ခြင်္သေ့လို ၀တ်စားပြီး ခြင်္သေ့ခေါင်းစွပ် စွပ်လို့။
''ဒေါက်တာပါးလမား.... ဘာလို့ စက်စီလ်ကို သတ်ရတာလဲ''
သူ့အမေနဲ့ လိုက်လာတဲ့ ကလေးမလေး တစ်ယောက်က ဒီမေးခွန်း ရေးထားတဲ့ ပိုစတာကို ကိုင်လာတယ်။
''အေးချမ်းစွာ အနားယူပါ စက်စီလ်''
''ငါဟာ စက်စီလ်''
''ဝေါ်လတာ ပါးလမား၊ မင်းဟာ မင်းပျော်ဖို့အတွက် သတ်ဖြတ်တဲ့ကောင်''
''သူရဲဘောနည်းတဲ့ သားသတ်မုဆိုးတွေ''
ဆန္ဒပြစာတန်းတွေ ပေါင်းစုံ။ စက်စီလ်ကို သတ်တဲ့အတွက် ဒေါက်တာပါးလမားကို အရေးယူပေးဖို့ ပိုစတာတွေလဲ တွေ့ရတယ်။ ခြင်္သေ့ဝတ်စုံနဲ့ ကလေးတစ်ယောက်ကလဲ ''ငါ့ကို အမဲမလိုက်ပါနဲ့၊ ကာကွယ်ပေးပါ'' ဆိုတဲ့ စာတန်းကို ကိုင်ထားတယ်။ ''Justice for Cecil'' စက်စီလ်အတွက် တရားမျှတမှု ဖော်ထုတ်ပေးပါ ဆိုတဲ့ စာသားတွေလဲ ပါရဲ့။ ''ငရဲကျပါစေ''ဆိုတဲ့ ဆုတောင်းကိုတော့ ဆေးခန်းတံခါးဝမှာ ကပ်သွားတယ်။ လူငယ်တွေ လူကြီးတွေ ယောက်ကျားသား မိန်းမသားတွေ အရွယ်မျိုးစုံ။ မှားမှားမှန်မှန် ငါ့လူမျိုးမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့ မျိုးချစ်စိတ်နဲ့ ဆန့်ကျင်ပြီး လူသားမျိုးနွယ်ဟာ သူတို့ရဲ့ လူသားပီသမှုကို ပြလိုက်ကြပြီ။
စက်စီလ်ရဲ့ ခြင်္သေ့အုပ်က သားငယ် ခြင်္သေ့ပေါက်လေးတွေလဲ အသက်အန္တရာယ် ရှိနေသတဲ့။ တစ်ကောင်တည်း ဗိုလ်အဖြစ် ကျန်ခဲ့တဲ့ ခြင်္သေ့ကြီး ဂျယ်ရီကိုက င်္ခြင်္သေ့တွေရဲ့ ထုံးတမ်းအတိုင်း သူတို့ကို ကိုက်သတ် အပြတ်ရှင်းပစ်မှာမို့လို့တဲ့။
ခြေလေးချောင်း တိရိစ္ဆာန်တွေအပေါ် ရိုင်ဖယ်တစ်လက်နဲ့ အောင်နိုင်သူ လုပ်ခဲ့တဲ့ ဒေါက်တာပါးလမားရဲ့ သတ္တိတွေက လူသားချင်းနဲ့ကျတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရှာပြီ။ သူ ပုန်းနေတဲ့ နေရာတောင် ဘယ်လိုမှ ခြေရာခံလို့ မရတော့ဘူး။ ပုန်းအောင်းနေရာကနေ ကြေညာချက် ထုတ်တယ်။ သူ သတ်ခဲ့တာ ဥပဒေမဲ့ အမဲလိုက်မှု ဖြစ်တယ်ဆိုတာ မသိခဲ့တဲ့အကြောင်းနဲ့ ခြင်္သေ့ ဘယ်သူဘယ်ဝါဆိုတာလဲ သေပြီးမှ သိရကြောင်း အကြောင်းပြတယ်။
ဒေါက်တာပါးလမားရဲ့ အသက်မွေးဝမ်းကျောင်းကတော့ ဆက်မတွေးရဲအောင် ကံဆိုးမိုးမှောင် ကျသွားခဲ့ပြီ။ သူ့သွားဆေးခန်းကို အောင်အောင်မြင်မြင် ပြန်ဖွင့်နိုင်ဖို့ အလားအလာဟာ သုညရာနှုန်းပဲ ရှိပါတော့တယ်။
ကမ္ဘာတစ်လွှားက ဒေါသတွေကတော့ ရပ်မသွားဘူး။ နာမည်ကျော် မင်းသားမင်းသမီးတွေ၊ နိုင်ငံရေးသမားတွေကပါ ဒေါက်တာပါးလမားကို စိတ်ဆိုးမာန်ဆိုး ပစ်တင်ရှုတ်ချကြတယ်။ အရေးယူပေးဖို့ တောင်းဆိုတယ်။ ခြင်္သေ့ကို သတ်ပစ်တဲ့ ဒေါက်တာပါးလမားကို ဇင်ဘာဘွေကို တရားခံအဖြစ်လွှဲပြောင်းပို့ဖို့ သမ္မတ အိမ်ဖြူတော်ကို အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုကြတာ ၄၈ နာရီအတွင်း လက်မှတ် တစ်သိန်းခွဲ ကျော်သွားတယ်။ ပြည်သူ တစ်သိန်းက လက်မှတ်ထိုး တောင်းဆိုရင် အိမ်ဖြူတော်က အကြောင်းပြန်ပေးရတယ်။ ခုတော့ နှစ်ရက်အတွင်းမှာပဲ တစ်သိန်းကို အများကြီး ကျော်သွားပါပြီ။
တမလွန်က ခြင်္သေ့ကြီး စက်စီလ် ကျေနပ်နိုင်ပါစေ။
Mya Kyay Mon

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။