"တစ်လင်တစ်မယားစနစ်တဲ့"
ကိုဖြူ ။ ။ အခုတစ်လော အများပြောနေကြတဲ့ “တစ်လင်တစ်မယား ဥပဒေ” အကြောင်းပြောပြပါဆရာ။
ယူတီကေ ။ ။ (၁-၉-၂၀၁၅)ရက်နေ့ သတင်းစာတွေမှာ ပါလာတဲ့ ဥပဒေရဲ့အမည်က “တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ” တဲ့ဗျ။ အများနားလည်အောင် အရပ်သားပြောစကားနဲ့ ရှင်းပြပါမယ်။
ဥပဒေနဲ့ သက်ဆိုင်သူများ (အိမ်ထောင်သည်များ)
၁။ ပြည်တွင်းနေ နိုင်ငံသားအားလုံးနဲ့ ပြည်ပရောက် နိုင်ငံသားအားလုံး
၂။ နိုင်ငံသား (နိုင်ငံသား + ဧည့်နိုင်ငံသား + နိုင်ငံသားပြုခွင့်ရသူ)
၃။ နိုင်ငံသားနဲ့ ထိမ်းမြားတဲ့ ဒီနိုင်ငံမှာ (ယာယီ၊ အမြဲ) နေသူ နိုင်ငံခြားသား
၎။ လူမျိုး၊ ဘာသာမရွေး အိမ်ထောင်သည် (ကျား/မ) အားလုံးနဲ့ဆိုင်တယ်။
ဥပဒေနဲ့ မသက်ဆိုင်သူများ (လူပျို၊ လူလွတ်များ)
လူပျို၊ အပျို၊ တစ်ခုလပ်၊ မုဆိုးဖို၊ မုဆိုးမ၊ (အိမ်ထောင်မရှိသူအားလုံး)
ရည်ရွယ်ချက် ။ ။ (အိမ်ထောင်သည်)တွေ သစ္စာရှိအောင်၊ အိမ်ထောင်သာယာအောင်၊ အမျိုးသမီးတွေ တရားမ၀င်မယား မဖြစ်အောင်၊ အိမ်ထောင်ရေးပြဿနာတွေ၊ မှုခင်းတွေ တားဆီးဖို့၊ ကိုယ်ကျင့်တရားပိုမို ထိန်းသိမ်းဖို့ ရည်ရွယ်တယ်တဲ့။
တားမြစ်ချက်နဲ့ပြစ်ဒဏ်
ပုဒ်မ - ၁၀ အိမ်ထောင်သည် (ကျား/မ)တွေ အခြားသူကို ထပ်မံမထိမ်းမြားရ၊ လင်မယားကို မပေါင်းသင်းရ။ (ပုဒ်မ - ၁၃) ကျူးလွန်ရင် (၇)နှစ်အပြင် ငွေဒဏ်တဲ့။
ပုဒ်မ - ၁၁ ယခင်ထိမ်းမြားဖူးရင် လူအများကို အသိပေးကြေညာရမယ်။ ယခင်လူနဲ့ တရားဝင်ကွာရှင်းပြတ်စဲတဲ့ ခိုင်မာတဲ့ အထောက်အထားတင်ပြနိုင်မှသာ ထပ်မံထိမ်းမြား (ထပ်ယူ)နိုင်တယ်။
ပုဒ်မ - ၁၂ အိမ်ထောင်သည်ဖြစ်လျှက်၊ ထပ်မံထိမ်းမြားရင်၊ ပေါင်းသင်းရင် (ပုဒ်မ - ၁၃)အရ ထောင်ဒဏ် (၇)နှစ်အပြင် ငွေဒဏ်။ ထပ်မံထိမ်းမြားသူဟာ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူဖြစ်တယ်။ ကျန်တဲ့ (မယား/လင်)က ကွာခွင့်ရှိ တယ်။ (ပုဒ်မ - ၁၄)
ပုဒ်မ - ၁၅ ပုဒ်မ - ၁၄ အရ ကွာရင်၊ ကျူးလွန်သူဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်း ဆုံးရှုံးမယ်။
ပုဒ်မ - ၁၆ အိမ်ထောင်ရှိဆဲ ထပ်မံထိမ်းမြားရင်၊ တရားမ၀င်ဘူး။ နောက်ယူတဲ့မိန်းမ၊ ယောက်ျားအမွေမရ။ ယောက်ျား ဟာလည်း ပထမမိန်းမရော၊ နောက်မိန်းမရဲ့ အမွေမရ။
ပုဒ်မ - ၁၇ အိမ်ထောင်သည် (ကျား/မ)ဟာ ထိန်ချန်ပြီး ထပ်မံထိမ်းမြားရင် ထောင်ဒဏ် (၁၀)နှစ်အပြင် ငွေဒဏ်၊ ထိန်ချန်သူ (ကျား/မ)ကို နစ်နာသူက တရားမမှုစွဲနိုင်တယ်။ (ပုဒ်မ - ၁၈)
ပုဒ်မ - ၁၉ ဒီဥပဒေ မတည်မီက ယူပြီးသားကိစ္စတွေကို မထိခိုက်စေရ။
ပုဒ်မ -၂၀ တရားမ၀င် လက်ထပ်လို့၊ ထိန်ချန်လက်ထပ်လို့ရလာတဲ့ ကလေးတွေ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး မဆုံးရှုံးစေရ။ (ကလေးစရိတ် တစ်လ (၁၀၀)ကျပ် ရနိုင်တယ်)
ဒီဥပဒေကြောင့် ဒီနိုင်ငံမှာ ဘယ်ဘာသာဝင်၊ ဘယ်လူမျိုး၊ ဘယ်နိုင်ငံခြားသားဖြစ်ဖြစ် ၊ ဘယ်လိုနည်းနဲ့လက်ထပ် လက်ထပ် “တစ်လင်တစ်မယား” ပဲ ယူခွင့်ရှိတယ်။ တရားဝင်တယ်။ တစ်ဦးထက်ပိုယူရင်၊ ပေါင်းသင်းရင် ပြစ်မှု၊ ပြစ်ဒဏ် ခံရမယ်။
ကိုဖြူ ။ ။ ဒီဥပဒေရဲ့ အကျိုး၊ အပြစ်ကို ပြောပြပါဆရာ။
ယူတီကေ ။ ။ မသိနိုင်သေးပါဘူး ခင်ဗျာ။ ဥပဒေတစ်ရပ်ကို ရည်ရွယ်ချက် ဘယ်လောက်ကောင်းကောင်းနဲ့ ပြဌာန်းထား ပေမယ့် တစ်ခါတစ်ရံ လက်တွေ့မကျတာ၊ လက်တွေ့အကောင်အထည်ဖော်လို့ မရတာ၊ မတိကျတာ၊ ကျင့်သုံးလိုက်တိုင်း ပြဿနာပေါင်းစုံ ပေါ်လာတတ်တာတွေ ရှိတတ်ပါတယ်။ ဆေးပုလင်းပေါ်က အညွှန်းက (အားဆေး)လို့ ရေးထားပေမယ့် အတွင်းမှာပါတဲ့ ဆေးလုံးတွေက (၀မ်းနှုတ်ဆေး)တွေ ဖြစ်နေ တတ်ပါတယ်။ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျင့်သုံးမှုကို ဆက်စပ်ချိန်ထိုးကြည့်ရမှာပါ ။
ကိုဖြူ ။ ။ ဒီဥပဒေကို ဘယ်အဖွဲ့အစည်းက အရေးယူမယ်၊ စုံစမ်းမယ်၊ တိုင်တန်းမယ်၊ အပြစ်ပေးမယ်၊ ပြည်သူတွေ ဘာတွေသိထားသင့်တယ်ဆိုတာတော့ ပြောပြပါဆရာ။
ယူတီကေ ။ ။ ပုဒ်မ (၁၃/၁၇)မှာပါရှိတဲ ပြစ်ဒဏ်တွေက ထောင်ဒဏ် (၇/၁၀)နှစ်ဖြစ်တာ တွေ့ရတယ်။ ဒီဥပဒေက အထူး (ပြစ်မှု/တရားမ) ဥပဒေဖြစ်နေတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှာတော့ ဒီလိုပြဌာန်းထားတယ်။
(၁) ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်။ ရဲက ၀ရမ်းမပါဘဲ ဖမ်းနိုင်တယ်။
(၂) ကျူးလွန်သူကို မည်သူမဆို သတင်းပေး တိုင်တန်းနိုင်တယ်။
(၃) အာမခံမပေးရဘူး။
(၄) ဘယ်သူကမှ ကျေအေးချင်လို့မရဘူး။ (လင်/မယား)ဖြစ်သူက ကျေအေးလို့မရဘူး။ အမှုပိတ်လို့ မရဘူး။
(၅) သတင်းပေးသူ၊ အသွင်ယူသက်သေတွေ ရှိလာနိုင်တယ်။
(၆) (အိမ်ထောင်ရေးအခြေအနေအရ) မယားဖြစ်သူကိုယ်တိုင်က လင်ကို အခြားသူနဲ့ ယူခွင့်၊ အိပ်ခွင့် မပြုနိုင်တော့ဘူး။
ဥပမာ ။ (မယား ကျန်းမာရေးမကောင်း၊ လေဖြတ်နေ၊ မယားထောင်ကျနေ၊ ခရီးသွားနေ၊ ကိုယ်ဝန်ရှိနေ၊ သွေးဆုံးနေ၊ အိမ်ထောင်ရေးမပြေလည်၊ အသက်ကြီး၊ ငယ်၊ ကွာစသည်ကြောင့်) မယားက ကြည်ကြည်ဖြူဖြူ အပြင်မှာ တစ်ခါတစ်ရံ ပျော်ခွင့်ပေးလို့ မရဘူး။ ဖမ်းချင်တဲ့သူ ၀င်ဖမ်းလို့ ပါသွားနိုင်တယ်။
(၇) ဒီနိုင်ငံမှာရှိတဲ့ ဘယ်ဘာသာဝင်နဲ့မဆို သက်ဆိုင်တယ်။ ဘယ်လူမျိုး၊ လူမျိုးစုနဲ့မဆို သက်ဆိုင် တယ်။ လူမျိုး (၁၃၅)မျိုးရဲ့ ရိုးရာဓလေ့ထုံးတမ်းကို လွှမ်းမိုးတယ်။
ဥပမာ ။ ညီသေရင်၊ ညီမယားကို အစ်ကိုက ယူ/ စောင့်ရှောက်တာမျိုးမရတော့ဘူး။
(၈) လက်ထပ်စာချုပ်များ ချုပ်ဆိုပေးရတဲ့ တရားရုံးများက မိန်းကလေး၊ ယောက်ျားလေးကို (အပျို/ လူပျို) ဖြစ်ကြောင်း ထောက်ခံစာတွေ တောင်းခိုင်းလာတတ်တယ်။ (ဘယ်အဖွဲ့အစည်းကိုသွားပါ။ အပျိုစစ်ကြောင်း ထောက်ခံစာယူခဲ့ပါ စသည်ဖြစ်လာနိုင်တယ်။) (ကြောက်-ကြောက်)
(၉) ကွာပြီးသား ပုဂ္ဂိုလ်များကလည်း ခိုင်မာအောင် စာချုပ်စာတမ်းနဲ့မလုပ်ခဲ့ရင် အရင်လူဆီသွားပြီး တရားဝင်ကွာရှင်းစာချုပ်လေး လုပ်ပေးပါလို့ တောင်းဆိုရလိမ့်မယ်။ အပေးအယူ တောင်းဆိုချက် တွေ များလာမယ်။
(၁၀) နိုင်ငံခြားသားများလည်း သူတို့နိုင်ငံမှာ ဇနီးမရှိကြောင်း၊ လူလွတ်ဖြစ်ကြောင်း သက်ဆိုင်ရာသံရုံးက ထောက်ခံစာတွေပါမှ ဒီနိုင်ငံမှာ လက်ထပ်၊ အတူနေလို့ ရနိုင်မယ်။
(၁၁) ဒီနိုင်ငံမှာလာပြီး စီးပွားရေးလုပ်ငန်းလုပ်မဲ့၊ အလည်အပတ်လာမဲ့ နိုင်ငံခြားသားတွေကို ဒီဥပဒေ အကြောင်း အသိပေးဖို့လိုတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်း၊ လူ့အခွင့်အရေး ဥပဒေစံနှုန်း၊ အပြည်ပြည်ဆိုင်ရာ ကျင့်စဉ်များနှင့်မတူ တမူထူးခြားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အစိုးရများ ထံ ကြိုတင်အသိပေးထားသင့်ပါတယ်။
ဥပမာ ။ (မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် လုပ်ကိုင်ကြလျှင် လူလွတ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အသီးသီးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (မိုဖာ)မှ ထောက်ခံစာများ ယူပြီး လာရောက်ကြရန်)
(၁၂) နိုင်ငံခြားရောက် အိမ်ထောင်သည် မြန်မာနိုင်ငံသားတွေလည်း သားပစ်မယားပစ် အဆင်းရဲခံ ငွေရှာ နေရတယ်ဆိုပြီး၊ ပြည်ပမှာ မပျော်လိုက်ကြနဲ့။ တစ်ယောက်၊ တစ်ကြိမ်၊ တစ်မှု (၇)နှစ်နှုန်းနဲ့ မြန်မာ ပြည်ပြန်လာရင် ထောင်ဒဏ် အနှစ် (၇၀၀) ခံရလိမ့်မယ်။ သတိထားကြ။
(၁၃) တည်ဆဲပြစ်မှုဆိုင်ရာဥပဒေပုဒ် မ(၄၉၇) မယားခိုးမှုတွေမှာ နစ်နာသူဟာ ကာမပိုင် (လင်ယောက်ျား) သာဖြစ်တယ်။ လင်ကိုယ်တိုင် တရားလိုပြုလုပ်ပြီး တိုင်တန်းမှသာ မိမိမယားခိုးသူ/အိပ်သူကို အရေး ယူနိုင်တယ်။ မယားခိုးမှုမှာ ပါဝင်ပတ်သက်သူ (မယား)ဟာ အပြစ်ပေးမခံရဘူး။ ကင်းလွတ်တယ်။ အခု ဥပဒေအရဆိုရင်တော့ လင်ရှိမယားနဲ့ အခြားသူတစ်ယောက်တို့ တည်းခိုခန်းက အတူ ထွက်လာတာကို ဓာတ်ပုံရိုက်ပြီးတိုင်ရင် အိမ်ထောင်သည်မိန်းမ ထောင် (၇)နှစ်ကျမယ်။ အတူ အိပ်တဲ့ အခြားယောက်ျားကို (လူပျို)ဖြစ်ရင် အပြစ်ပေးအရေးယူလို့မရဘူး။ သီးခြားတစ်မှု လင်ဖြစ်သူက တရားစွဲရင်တော့ရမယ်။ အိမ်ထောင်သည် အချင်းချင်းအိပ်မိကြရင် (၂)ဦးစလုံး ထောင် (၇)နှစ်ကျမယ်။ ကျေအေးရုတ်သိမ်းလို့မရဘူး။ အာမခံမရနိုင်ဘူး။ ဘယ်သူတိုင်တိုင် အဖမ်း ခံရမယ်။
(၁၄) အိမ်ထောင်သည် တစ်ဦးဟာ လက်မထပ်ပဲ အခြားသူနဲ့သွားပြီး အတူအိပ်လို့မရဘူး။ အတူ ပေါင်းသင်းနေလို့မရဘူး။ ပြည့်တန်ဆာနဲ့လည်း အိပ်လို့မရဘူး။ မိမိမယား(ပစ္စည်း)မှတပါး အခြားသူ (ပစ္စည်း)ကို လုံးဝမသုံးရဘူး။ သူတော်စင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်လို နေရမယ်တဲ့။
(၁၅) မိမိအိမ်ထောင်ရေး၊ မိသားစုအရေးဟာ ယခင်တုန်းကလို မိမိတို့မိသားစု သက်သက်၊ လူမှုရေး သက်သက်သာ မဟုတ်တော့ဘူး။ ဒီဥပဒေအရ အိမ်ထောင်သည်တစ်ဦးရဲ့ မိဘပေးလိုက်တဲ့ ပစ္စည်းဟာ အုပ်ချုပ်သူ အစိုးရနဲ့လည်း ဆိုင်တယ်။ သူစိမ်းအများပြည်သူ အားလုံးနဲ့လည်း ဆိုင်တယ်။ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေနဲ့လည်း ဆိုင်တယ်။ မည်သူမဆို ဒီအိမ်ထောင်သည် အရေးကို ၀င်ရောက်စွက်ဖက် တိုင်တန်းအရေးယူလို့ ရသွားတယ်။ (ကာမပိုင်လင်/မယား) စကားရပ်ထက် ပိုမိုကျယ်ပြန့်သွားတယ်။ အများနှင့်သက်ဆိုင်သော ပစ္စည်းဖြစ်သွားတယ်။
(၁၆) ကင်မရာ၊ Video၊ CCTV နဲ့ တာလီကောင်တာ (Tally Counter) black box, IT ပညာရှင်/ ရဲအင်အား၊ အဖွဲ့အစည်းတွေ လိုလာလိမ့်မယ်။ (ဘုရား၊ ဘုရား)
(၁၇) အိမ်ထောင်သည် (ကျား/မ)ဟာ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုခု ရေးထိုးတပ်ဆင်ထားဖို့ တောင်းဆိုလာနိုင်တယ်။
(၁၈) အပျိုစစ်၊ လူပျိုစစ် ဟုတ်မဟုတ် စိစစ်တဲ့အဖွဲ့၊ အိမ်ထောင်သည်ရဲ့ (ပစ္စည်း) ကို စောင့်ကြည့်အဖွဲ့ ရှိလာမယ်။ လိုလာမယ်။
(၁၉) ခိုင်လုံတဲ့ တရားဝင်ကွာရှင်းမှု ဟုတ်/မဟုတ် စိစစ်တဲ့အဖွဲ့ လိုလာမယ်။
ကိုဖြူ ။ ။ ဒီဥပဒေအရ အရေးယူမခံရအောင် ဘယ်လိုနေရမလဲ ဆရာ။
ယူတီကေ ။ ။ (၁) အိမ်ထောင်သည်ဖြစ်မှ အရေးယူခံရမှာ ဖြစ်တယ်။
အိမ်ထောင်သည် မဖြစ်စေနဲ့။ (ဒီနိုင်ငံမှာ အမှန်တော့ကွယ် လူပျိုဆိုတာ ဂုဏ်ရှိတယ်/ အပြစ် ကင်းတယ် ဆိုတဲ့ သီချင်းလိုပေါ့)
(၂) အိမ်ထောင်ရှိပြီးသား ဖြစ်နေရင်လည်း ရှေ့နေနဲ့တိုင်ပင်ပြီး ခိုင်မာတဲ့ ကွာရှင်းစာချုပ်တစ်ခု (ဟန်ဆောင်)လုပ်ထား။ (မယားကိုတော့ လက်ခံအောင် ရှင်းပြထား)။ သွားလေရာ အိပ်ထဲမှာ ဆောင်ထား။ (အန္တရာယ်ကင်း၊ ဘေးရှင်း လက်မှတ်ပေါ့)။ ရှေ့နေတွေ အလုပ်ရလိုက်မယ့်ဖြစ်ခြင်း။ ပျော်စရာကြီးပဲ။
UTK (မဟာဝိဇ္ဇာ၊သိပ္ပံ၊ဥပဒေ)
ကိုဖြူ ။ ။ အခုတစ်လော အများပြောနေကြတဲ့ “တစ်လင်တစ်မယား ဥပဒေ” အကြောင်းပြောပြပါဆရာ။
ယူတီကေ ။ ။ (၁-၉-၂၀၁၅)ရက်နေ့ သတင်းစာတွေမှာ ပါလာတဲ့ ဥပဒေရဲ့အမည်က “တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ” တဲ့ဗျ။ အများနားလည်အောင် အရပ်သားပြောစကားနဲ့ ရှင်းပြပါမယ်။
ဥပဒေနဲ့ သက်ဆိုင်သူများ (အိမ်ထောင်သည်များ)
၁။ ပြည်တွင်းနေ နိုင်ငံသားအားလုံးနဲ့ ပြည်ပရောက် နိုင်ငံသားအားလုံး
၂။ နိုင်ငံသား (နိုင်ငံသား + ဧည့်နိုင်ငံသား + နိုင်ငံသားပြုခွင့်ရသူ)
၃။ နိုင်ငံသားနဲ့ ထိမ်းမြားတဲ့ ဒီနိုင်ငံမှာ (ယာယီ၊ အမြဲ) နေသူ နိုင်ငံခြားသား
၎။ လူမျိုး၊ ဘာသာမရွေး အိမ်ထောင်သည် (ကျား/မ) အားလုံးနဲ့ဆိုင်တယ်။
ဥပဒေနဲ့ မသက်ဆိုင်သူများ (လူပျို၊ လူလွတ်များ)
လူပျို၊ အပျို၊ တစ်ခုလပ်၊ မုဆိုးဖို၊ မုဆိုးမ၊ (အိမ်ထောင်မရှိသူအားလုံး)
ရည်ရွယ်ချက် ။ ။ (အိမ်ထောင်သည်)တွေ သစ္စာရှိအောင်၊ အိမ်ထောင်သာယာအောင်၊ အမျိုးသမီးတွေ တရားမ၀င်မယား မဖြစ်အောင်၊ အိမ်ထောင်ရေးပြဿနာတွေ၊ မှုခင်းတွေ တားဆီးဖို့၊ ကိုယ်ကျင့်တရားပိုမို ထိန်းသိမ်းဖို့ ရည်ရွယ်တယ်တဲ့။
တားမြစ်ချက်နဲ့ပြစ်ဒဏ်
ပုဒ်မ - ၁၀ အိမ်ထောင်သည် (ကျား/မ)တွေ အခြားသူကို ထပ်မံမထိမ်းမြားရ၊ လင်မယားကို မပေါင်းသင်းရ။ (ပုဒ်မ - ၁၃) ကျူးလွန်ရင် (၇)နှစ်အပြင် ငွေဒဏ်တဲ့။
ပုဒ်မ - ၁၁ ယခင်ထိမ်းမြားဖူးရင် လူအများကို အသိပေးကြေညာရမယ်။ ယခင်လူနဲ့ တရားဝင်ကွာရှင်းပြတ်စဲတဲ့ ခိုင်မာတဲ့ အထောက်အထားတင်ပြနိုင်မှသာ ထပ်မံထိမ်းမြား (ထပ်ယူ)နိုင်တယ်။
ပုဒ်မ - ၁၂ အိမ်ထောင်သည်ဖြစ်လျှက်၊ ထပ်မံထိမ်းမြားရင်၊ ပေါင်းသင်းရင် (ပုဒ်မ - ၁၃)အရ ထောင်ဒဏ် (၇)နှစ်အပြင် ငွေဒဏ်။ ထပ်မံထိမ်းမြားသူဟာ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူဖြစ်တယ်။ ကျန်တဲ့ (မယား/လင်)က ကွာခွင့်ရှိ တယ်။ (ပုဒ်မ - ၁၄)
ပုဒ်မ - ၁၅ ပုဒ်မ - ၁၄ အရ ကွာရင်၊ ကျူးလွန်သူဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်း ဆုံးရှုံးမယ်။
ပုဒ်မ - ၁၆ အိမ်ထောင်ရှိဆဲ ထပ်မံထိမ်းမြားရင်၊ တရားမ၀င်ဘူး။ နောက်ယူတဲ့မိန်းမ၊ ယောက်ျားအမွေမရ။ ယောက်ျား ဟာလည်း ပထမမိန်းမရော၊ နောက်မိန်းမရဲ့ အမွေမရ။
ပုဒ်မ - ၁၇ အိမ်ထောင်သည် (ကျား/မ)ဟာ ထိန်ချန်ပြီး ထပ်မံထိမ်းမြားရင် ထောင်ဒဏ် (၁၀)နှစ်အပြင် ငွေဒဏ်၊ ထိန်ချန်သူ (ကျား/မ)ကို နစ်နာသူက တရားမမှုစွဲနိုင်တယ်။ (ပုဒ်မ - ၁၈)
ပုဒ်မ - ၁၉ ဒီဥပဒေ မတည်မီက ယူပြီးသားကိစ္စတွေကို မထိခိုက်စေရ။
ပုဒ်မ -၂၀ တရားမ၀င် လက်ထပ်လို့၊ ထိန်ချန်လက်ထပ်လို့ရလာတဲ့ ကလေးတွေ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး မဆုံးရှုံးစေရ။ (ကလေးစရိတ် တစ်လ (၁၀၀)ကျပ် ရနိုင်တယ်)
ဒီဥပဒေကြောင့် ဒီနိုင်ငံမှာ ဘယ်ဘာသာဝင်၊ ဘယ်လူမျိုး၊ ဘယ်နိုင်ငံခြားသားဖြစ်ဖြစ်
ကိုဖြူ ။ ။ ဒီဥပဒေရဲ့ အကျိုး၊ အပြစ်ကို ပြောပြပါဆရာ။
ယူတီကေ ။ ။ မသိနိုင်သေးပါဘူး ခင်ဗျာ။ ဥပဒေတစ်ရပ်ကို ရည်ရွယ်ချက် ဘယ်လောက်ကောင်းကောင်းနဲ့ ပြဌာန်းထား ပေမယ့် တစ်ခါတစ်ရံ လက်တွေ့မကျတာ၊ လက်တွေ့အကောင်အထည်ဖော်လို့ မရတာ၊ မတိကျတာ၊ ကျင့်သုံးလိုက်တိုင်း ပြဿနာပေါင်းစုံ ပေါ်လာတတ်တာတွေ ရှိတတ်ပါတယ်။ ဆေးပုလင်းပေါ်က အညွှန်းက (အားဆေး)လို့ ရေးထားပေမယ့် အတွင်းမှာပါတဲ့ ဆေးလုံးတွေက (၀မ်းနှုတ်ဆေး)တွေ ဖြစ်နေ တတ်ပါတယ်။ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျင့်သုံးမှုကို ဆက်စပ်ချိန်ထိုးကြည့်ရမှာပါ
ကိုဖြူ ။ ။ ဒီဥပဒေကို ဘယ်အဖွဲ့အစည်းက အရေးယူမယ်၊ စုံစမ်းမယ်၊ တိုင်တန်းမယ်၊ အပြစ်ပေးမယ်၊ ပြည်သူတွေ ဘာတွေသိထားသင့်တယ်ဆိုတာတော့
ယူတီကေ ။ ။ ပုဒ်မ (၁၃/၁၇)မှာပါရှိတဲ ပြစ်ဒဏ်တွေက ထောင်ဒဏ် (၇/၁၀)နှစ်ဖြစ်တာ တွေ့ရတယ်။ ဒီဥပဒေက အထူး (ပြစ်မှု/တရားမ) ဥပဒေဖြစ်နေတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးမှာတော့ ဒီလိုပြဌာန်းထားတယ်။
(၁) ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်။ ရဲက ၀ရမ်းမပါဘဲ ဖမ်းနိုင်တယ်။
(၂) ကျူးလွန်သူကို မည်သူမဆို သတင်းပေး တိုင်တန်းနိုင်တယ်။
(၃) အာမခံမပေးရဘူး။
(၄) ဘယ်သူကမှ ကျေအေးချင်လို့မရဘူး။ (လင်/မယား)ဖြစ်သူက ကျေအေးလို့မရဘူး။ အမှုပိတ်လို့ မရဘူး။
(၅) သတင်းပေးသူ၊ အသွင်ယူသက်သေတွေ ရှိလာနိုင်တယ်။
(၆) (အိမ်ထောင်ရေးအခြေအနေအရ) မယားဖြစ်သူကိုယ်တိုင်က လင်ကို အခြားသူနဲ့ ယူခွင့်၊ အိပ်ခွင့် မပြုနိုင်တော့ဘူး။
ဥပမာ ။ (မယား ကျန်းမာရေးမကောင်း၊ လေဖြတ်နေ၊ မယားထောင်ကျနေ၊ ခရီးသွားနေ၊ ကိုယ်ဝန်ရှိနေ၊ သွေးဆုံးနေ၊ အိမ်ထောင်ရေးမပြေလည်၊ အသက်ကြီး၊ ငယ်၊ ကွာစသည်ကြောင့်) မယားက ကြည်ကြည်ဖြူဖြူ အပြင်မှာ တစ်ခါတစ်ရံ ပျော်ခွင့်ပေးလို့ မရဘူး။ ဖမ်းချင်တဲ့သူ ၀င်ဖမ်းလို့ ပါသွားနိုင်တယ်။
(၇) ဒီနိုင်ငံမှာရှိတဲ့ ဘယ်ဘာသာဝင်နဲ့မဆို သက်ဆိုင်တယ်။ ဘယ်လူမျိုး၊ လူမျိုးစုနဲ့မဆို သက်ဆိုင် တယ်။ လူမျိုး (၁၃၅)မျိုးရဲ့ ရိုးရာဓလေ့ထုံးတမ်းကို လွှမ်းမိုးတယ်။
ဥပမာ ။ ညီသေရင်၊ ညီမယားကို အစ်ကိုက ယူ/
(၈) လက်ထပ်စာချုပ်များ ချုပ်ဆိုပေးရတဲ့ တရားရုံးများက မိန်းကလေး၊ ယောက်ျားလေးကို (အပျို/ လူပျို) ဖြစ်ကြောင်း ထောက်ခံစာတွေ တောင်းခိုင်းလာတတ်တယ်။ (ဘယ်အဖွဲ့အစည်းကိုသွားပါ။ အပျိုစစ်ကြောင်း ထောက်ခံစာယူခဲ့ပါ စသည်ဖြစ်လာနိုင်တယ်။) (ကြောက်-ကြောက်)
(၉) ကွာပြီးသား ပုဂ္ဂိုလ်များကလည်း ခိုင်မာအောင် စာချုပ်စာတမ်းနဲ့မလုပ်ခဲ့ရင
(၁၀) နိုင်ငံခြားသားများလည်း သူတို့နိုင်ငံမှာ ဇနီးမရှိကြောင်း၊ လူလွတ်ဖြစ်ကြောင်း သက်ဆိုင်ရာသံရုံးက ထောက်ခံစာတွေပါမှ ဒီနိုင်ငံမှာ လက်ထပ်၊ အတူနေလို့ ရနိုင်မယ်။
(၁၁) ဒီနိုင်ငံမှာလာပြီး စီးပွားရေးလုပ်ငန်းလုပ်မဲ့၊
ဥပမာ ။ (မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် လုပ်ကိုင်ကြလျှင် လူလွတ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အသီးသီးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (မိုဖာ)မှ ထောက်ခံစာများ ယူပြီး လာရောက်ကြရန်)
(၁၂) နိုင်ငံခြားရောက် အိမ်ထောင်သည် မြန်မာနိုင်ငံသားတွေလည်း သားပစ်မယားပစ် အဆင်းရဲခံ ငွေရှာ နေရတယ်ဆိုပြီး၊ ပြည်ပမှာ မပျော်လိုက်ကြနဲ့။ တစ်ယောက်၊ တစ်ကြိမ်၊ တစ်မှု (၇)နှစ်နှုန်းနဲ့ မြန်မာ ပြည်ပြန်လာရင် ထောင်ဒဏ် အနှစ် (၇၀၀) ခံရလိမ့်မယ်။ သတိထားကြ။
(၁၃) တည်ဆဲပြစ်မှုဆိုင်ရာဥပဒေပုဒ်
(၁၄) အိမ်ထောင်သည် တစ်ဦးဟာ လက်မထပ်ပဲ အခြားသူနဲ့သွားပြီး အတူအိပ်လို့မရဘူး။ အတူ ပေါင်းသင်းနေလို့မရဘူး။ ပြည့်တန်ဆာနဲ့လည်း အိပ်လို့မရဘူး။ မိမိမယား(ပစ္စည်း)မှတပါး အခြားသူ (ပစ္စည်း)ကို လုံးဝမသုံးရဘူး။ သူတော်စင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်လို နေရမယ်တဲ့။
(၁၅) မိမိအိမ်ထောင်ရေး၊ မိသားစုအရေးဟာ ယခင်တုန်းကလို မိမိတို့မိသားစု သက်သက်၊ လူမှုရေး သက်သက်သာ မဟုတ်တော့ဘူး။ ဒီဥပဒေအရ အိမ်ထောင်သည်တစ်ဦးရဲ့ မိဘပေးလိုက်တဲ့ ပစ္စည်းဟာ အုပ်ချုပ်သူ အစိုးရနဲ့လည်း ဆိုင်တယ်။ သူစိမ်းအများပြည်သူ အားလုံးနဲ့လည်း ဆိုင်တယ်။ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေနဲ့လည်း ဆိုင်တယ်။ မည်သူမဆို ဒီအိမ်ထောင်သည် အရေးကို ၀င်ရောက်စွက်ဖက် တိုင်တန်းအရေးယူလို့ ရသွားတယ်။ (ကာမပိုင်လင်/မယား) စကားရပ်ထက် ပိုမိုကျယ်ပြန့်သွားတယ်။ အများနှင့်သက်ဆိုင်သော ပစ္စည်းဖြစ်သွားတယ်။
(၁၆) ကင်မရာ၊ Video၊ CCTV နဲ့ တာလီကောင်တာ (Tally Counter) black box, IT ပညာရှင်/ ရဲအင်အား၊ အဖွဲ့အစည်းတွေ လိုလာလိမ့်မယ်။ (ဘုရား၊ ဘုရား)
(၁၇) အိမ်ထောင်သည် (ကျား/မ)ဟာ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုခု ရေးထိုးတပ်ဆင်ထားဖို့ တောင်းဆိုလာနိုင်တယ်။
(၁၈) အပျိုစစ်၊ လူပျိုစစ် ဟုတ်မဟုတ် စိစစ်တဲ့အဖွဲ့၊ အိမ်ထောင်သည်ရဲ့ (ပစ္စည်း) ကို စောင့်ကြည့်အဖွဲ့ ရှိလာမယ်။ လိုလာမယ်။
(၁၉) ခိုင်လုံတဲ့ တရားဝင်ကွာရှင်းမှု ဟုတ်/မဟုတ် စိစစ်တဲ့အဖွဲ့ လိုလာမယ်။
ကိုဖြူ ။ ။ ဒီဥပဒေအရ အရေးယူမခံရအောင် ဘယ်လိုနေရမလဲ ဆရာ။
ယူတီကေ ။ ။ (၁) အိမ်ထောင်သည်ဖြစ်မှ အရေးယူခံရမှာ ဖြစ်တယ်။
အိမ်ထောင်သည် မဖြစ်စေနဲ့။ (ဒီနိုင်ငံမှာ အမှန်တော့ကွယ် လူပျိုဆိုတာ ဂုဏ်ရှိတယ်/ အပြစ် ကင်းတယ် ဆိုတဲ့ သီချင်းလိုပေါ့)
(၂) အိမ်ထောင်ရှိပြီးသား ဖြစ်နေရင်လည်း ရှေ့နေနဲ့တိုင်ပင်ပြီး ခိုင်မာတဲ့ ကွာရှင်းစာချုပ်တစ်ခု (ဟန်ဆောင်)လုပ်ထား။ (မယားကိုတော့ လက်ခံအောင် ရှင်းပြထား)။ သွားလေရာ အိပ်ထဲမှာ ဆောင်ထား။ (အန္တရာယ်ကင်း၊ ဘေးရှင်း လက်မှတ်ပေါ့)။ ရှေ့နေတွေ အလုပ်ရလိုက်မယ့်ဖြစ်ခြင်း။ ပျော်စရာကြီးပဲ။
UTK (မဟာဝိဇ္ဇာ၊သိပ္ပံ၊ဥပဒေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။