Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 8, 2015

ကိုပါကြီး၏ဇနီး အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာ


ကိုပါကြီး၏ဇနီး
အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာ

၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်အတွက် ဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့က စပြီး တရားဝင် မဲဆွယ်ခွင့် ပြုလိုက်ပါပြီ။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး လှုပ် ရှားရာမှာ အခက်အခဲတွေ ဘယ်လို ရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန္တာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် မိုးမြင့်က ဆက်သွယ်မေးမြန်းထားသည်။ ဒေါ်သန္တာသည် မနှစ်က စစ်တပ်က ဒီကေဘီအေ ကရင်လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားရာတွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီး၏ ဇနီးဖြစ်သည်။

မေး ။ ။ ရွေးကောက်ပွဲ ၀င်ဖို့အတွက် ကိုယ်စားလှယ်လောင်း လျှောက်ထားတော့ အပယ်ချခံရတဲ့ အထဲပါတယ်လို့ ကြားမိလို့ပါ။ အဲဒါ ဟုတ်ပါသလား။

ဖြေ ။ ။ အပယ်ချခံရတဲ့အထဲမှာ မပါပါဘူး။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်တဲ့ ကိစ္စမှာလည်း မငြိပါဘူး။ အယူခံတင်ရတာမျိုးလည်း မရှိပါဘူး။

မေး ။ ။ဘယ်မဲဆန္ဒနယ်ကနေ ၀င်ပြိုင်မှာပါလဲ။

ဖြေ ။ ။ ဧရာဝတီတိုင်း၊ အိမ်မဲကနေ ၀င်ပြိုင်မယ်မှာပါ။ NLD ပါတီကနေ ၀င်ပြိုင်မှာပါ။

မေး ။ ။ အိမ်မဲမှာ ၀င်ပြိုင်မယ့် နိုင်ငံရေးပါတီ ဘယ်နှခုလောက် ရှိပါသလဲ။

ဖြေ ။ ။ အိမ်မဲမှာ ၀င်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ခု ရှိပါတယ်။ NLD၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ကရင် အမျိုးသား ပါတီ၊ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။

မေး ။ ။ ၀င်ပြိုင်မယ့် လွှတ်တော်က အမျိုးသား လွှတ်တော်လား။ ပြည်သူ့ လွှတ်တော်လား။

ဖြေ ။ ။ ကျမ ၀င်ပြိုင်မယ့်နေရာက ပြည်သူ့ လွှတ်တော်အတွက် ဖြစ်ပါတယ်။ စပြီး မဲဆွယ် စည်းရုံးရေး ဆင်းဖို့အတွက် လုပ်နေပါပြီ။ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတာ တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီနေရာက ကျမရဲ့ ဇာတိမြေ ဖြစ်တယ်။ အိမ်မဲ NLD မှာ ၂၀၁၂ က တည်းက သတင်းပြန်ကြားရေး တာဝန်ခံ လုပ်လာတာပါ။ နောက်ပြီး ဒီမှာရှိတဲ့ ရွာပေါင်း ၅၀၅ ရွာ ဆိုတာကလည်း ကျမနဲ့ အားလုံးရင်းနှီးနေပြီးသား။ မရောက်ဖူးတဲ့ ရွာနည်းနည်းပဲ ရှိတယ်။ ကိုယ့်လူတွေလို့ ပြောလို့ရပါတယ်။

မေး ။ ။ အိမ်မဲဘက်မှာ မဲဆွယ်စည်းရုံးရေး ဆင်းရာမှာ ဘာတွေ အခက်အခဲရှိ နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အိမ်မဲဘက်ရယ်လို့ မဲဆွယ်စည်းရုံးရေး ကဏ္ဍမှာ အခက်အခဲ ရှိနိုင်တယ်လို့ မသိရသေးပါဘူး။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားတွေ့ဖို့တော့ ရှိတယ်။ ဘာတွေရှိမယ်ဆိုတာ မသိ သေးဘူး။ တကယ်တော့ ဗဟို ရွေးကောက်ပွဲ ဆိုင်ရာကနေ မဲဆွယ်စည်းရုံးတာကို လွှတ်တော် ကိုယ်ားလှယ်လောင်းအဖြစ် ၀င်မယ့် စာရင်းတင်ပြီး ၁၅ ရက်အတွင်း ၂ လတာ အတွက် Plan အကုန် ဆွဲ ပြီး တင်ထားပေးမယ်။ အဲဒါတွေကို သူတို့ ခွင့်ပြုတာ မပြုတာ စသဖြင့် အကြောင်း ပြန်မယ်။ တကယ် လို့ မပြုတဲ့ နေရာတွေ ပါလာရင် အဲဒါကို ပြန်တင်ဖို့က နောက်ထပ် ၁၅ ရက်အတွင်းဆိုတော့ အဆင် မပြေဘူး။ အဲဒီလို ကန့်သတ်ချက်တွေက အဆင်မပြေဘူး။

မေး ။ ။ ကိုပါကြီး သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဆောင်ရွက်နေတာကို ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။ ။ ကျမ အမျိုးသားကိစ္စကို ကျိုက်မရောမြို့နယ်မှူးက လူသတ်မှုနဲ့ဆိုပြီး တရားလိုပြု တိုင်တန်း ထားတာ ရှိတယ်။ လောလောဆယ် အဲဒီကို သွားပြီး မေးမြန်းတာမျိုး မလုပ်နိုင်တော့ဘူး။ အရင်တုန်း ကဆို ကျိုက်မရောကို သွားခဲ့တာ ၁၅ ကြိမ်လောက် ရှိတယ်။ မသွားနိုင်တော့ အဲဒီကိစ္စ နည်းနည်း အေးနေမယ်ဆိုတာကို သဘောပေါက်တယ်။ မိသားစုရယ်လို့လည်းမရှိ ကျမ တယောက်တည်း ဆို တော့ အဲဒီကိစ္စကို တွန်းအားပေးဖို့ကလည်း ကျမ တယောက်တည်းပဲ ရှိတယ်။ ဒါပေမယ့် လောလော ဆယ်မှာ တနိုင်ငံလုံး အရေအတွက် ဦးစားပေးနေပါတယ်။ ကျမရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကို နည်းနည်း နောက်ဆုတ်ထားတဲ့ သဘောပါပဲ။ ဒါဟာ လုံးဝမလုပ်တော့ဘူးလို့ ပြောတာ မဟုတ်ပါဘူး။

အားတဲ့အချိန် ရှိရင် ရှိရင်သလို လုပ်သွားမှာပါ။ နောက်တခု ရှိတာက ကျမ ရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ရင်တောင် ကျမရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို လွှတ်တော် ကိုယ်စားလှယ်ကဏ္ဍနဲ့ လုံးဝ ရောထွေးမှု မရှိစေရပါဘူး။ ကျမရဲ့ အမျိုးသား ကိစ္စနဲ့ ပတ်သတ်ပြီးတော့ လည်း ကျမဆီကို အစိုးရဘက်က ဘာမှ တုန့်ပြန်တာမျိုး မရှိဘူး။ ရဲဘက်က အမှုဖွင့် ဆောင်ရွက် တယ် ဆိုတာကလည်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြတော့မှ ကျမသိရတာပါ။ တကယ်ဆိုရင် ကျမတို့ မိသားစုကို သူတို့ အကြောင်းကြားသင့်ပါတယ်။

The irrawady

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။