ရဟန်းနှင့်သံဃာကွဲပြားပုံ
ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်းဟုခေါ်၍ လေးပါးနှင့်လေးပါးမှအထက်ကိုသံဃာဟုခေါ်ပါသည် ။သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟုမှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် ၊အရှင်မဟာကဿပ မှစ၍ သာသနာတစ်လျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှား ရှိသောရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည် ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတစ်ပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿဒေမဟုဆို၍လှူရင်သံဃာတော်အားလုံးကို လှူရာရောက်ပါသည် ။ထို့သို့သံဃာတော် အားလုံးကိုအာရုံပြု၍ လှူရာ၌ ဒုဿီလ ၊ အလဇ္ဇီဟူ၍မရှိတော့ပါ ။ထို့ကြောင့်ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တက်ရန်နှင့် ရဟန်းနှင့်သံဃာကိုကွဲပြားရန် အထူးပင် အရေးကြီးပေသည်။
Moe Ma Ma
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။