ထိုတိုင်းပြည်သည် ဆန်ရေ စပါးပေါများကြွယ်ဝ သယံ ‘ဇာတများလည်း ထွက်ရှိပါ၏။ လူချွန်လူကောင်းများ လည်း နေထိုင်ပါသည်။ သို့ သော် ထိုတိုင်းပြည်သည်ဘယ်သော အခါမှ တိုး တက်မှုမရှိခဲ့။
နှစ်ပေါင်းမြောက် မြားစွာ တလည်လည်နှင့် တိုးတက်ဖွယ်ရာ ဘာမှ မရှိဖြစ်နေလေတော့ သည်။
ပညာရှင်များက တီထွင်မှုမပြု၍ မဟုတ်။ တီထွင်ကြ၏။ထိုတီထွင် သမျှကိုလည်း ရေမြေ့ သနင်းနှင့် အဖွဲ့ဝင်များ က ‘ပြည်သူ့ဘဏ္ဍာ’ အဖြစ်သိမ်းပိုက်၏။ ထိုအခါ ပြည့် ရှင်နှင့် အပေါင်းပါ ဝန်မင်းများ မှာ ပြည်သူများဖြစ်ကြ၏။
ထို့ကြောင့် ပြည်သူ့ဘဏ္ဍာမှာ ပြည် သူဖြစ်သော မင်းနှင့်တပည့်ကျော် များပိုင်ကြ၏။ ရှိရှိသမျှသယံဇာတ များ သိမ်းသောအခါ မင်းနှင့် အပေါင်းပါများမှာ အာဏာရှင်များ ဖြစ် ပြီး သူတို့ပင် ပိုင်ကြသည်။
သို့သော် ရေမြေ့သနင်းနှင့် မှူးမတ်များသည် တိုင်းပြည်တစ်ပြည် လုံး ပိုင်နေရုံနှင့် အားမရ။ နောက် ထပ် ဘာထပ်ပိုင်ရမလဲဟူ၍ အမြဲ စနည်းနာနေလေ့ရှိသည်။ တစ်ခုခု ထူးဆန်း သည်ပေါ်လာတိုင်း ထို နေရာသို့ အရောက်သွားပြီး ပြည်သူ့ ဘဏ္ဍာဖြစ်အပိုင်သိမ်းလေ့ရှိကြ သည်။
ယခုလည်း တိုင်းပြည်၌ ထူး ဆန်းသော ပစ္စည်းတစ်မျိုး ခေတ်စား နေလေသည်။ ထိုပစ္စည်းမှာ တိုင်းသူ ပြည်သားလူကြီးများ သုံးသော ပစ္စည်းမဟုတ်သော်ငြား ကလေးသူ ငယ်များကြား အလွန်တရာ ရေပန်း စားနေလေသည်။ ထိုထူးဆန်းသော ပစ္စည်းမှာတစ်ဖက်နှင့်တစ်ဖက် လူ မမြင်ရဘဲ ဆက်သွယ်၍ ရသော စကား ပြောခွက်ပင်။
“အေးကွ လူမမြင်ရဘဲ စကား ပြောလို့ရတယ်ဆိုတော့ အထူးအ ဆန်းပဲ”
ပြည့်ရှင်မင်းစကားကို ဝန်ကြီး များက..
“ဟုတ်ပါ့ မင်းကြီးရာ ထူးဆန်း လွန်းလို့ ကျွန်တော်မျိုးတောင် ပြေး ကြည့်ချင်နေပါပြီ”
“ထူးဆန်းကြောင်း သတင်း ထုတ်ပြန်ပေးပါ့မယ် မင်းကြီး”
“ဒီပစ္စည်းသာရှိရင် အရှင်မင်း ကြီးအနေနဲ့ ကျွန်တော်မျိုးတို့ကို အလိုရှိရင် ခေါ်ဖို့ လွယ်ကူတာပေါ့ မင်းကြီး”
ဘုရင်ကြီးက ပို၍ စိတ်ဝင်စား သွားသည်။
“အေး ဟုတ်တယ်ကွ ကလေး ပစ္စည်းဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပြည်သူ မှာရှိရင် ငါတို့မှာလည်း ရှိသင့်တာပဲ မဟုတ်လား”
“ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သင့်လျော်ကြောင်းပါ မင်းကြီး”
“ကဲ ဒါဖြင့်”
“အချိန်မနှောင်းခင် ထုံးစံ အတိုင်း လူစုပြီး ဒိုးလိုက်ရအောင်”
ဤသို့ဖြင့် ရေမြေ့သနင်းနှင့် ဝန်ကြီးအပေါင်းထူးဆန်းသော စကားပြောခွက်ခေတ်စားရာ မြို့ လယ်သို့ လူစု၍ ချီတက်လိုက်ကြ သည်။ မြို့လယ်တွင်ကား..
“ဟာ”
ကလေးငယ်များတစ်ယောက် နှင့်တစ်ယောက် ကွယ်ရင်း နို့ဆီ ခွက်တွင် အပ်ချည်ကြိုးနှင့် သွယ်ပြီး တစ်ဖက်နှင့်တစ်ဖက် စကားပြောနေ ကြသည်ကို တွေ့ရ၏။ ဘုရင်နှင့် ဝန် ကြီးများ ထိုနို့ဆီခွက်ကို ကလေးများ ဆီမှ ယဉ်ယဉ်ကျေးကျေး လုယူပြီး
“ဟင် ဒါလား လူမမြင်ရဘဲ ပြောလို့ရတဲ့ စကားပြောခွက်”
“အေးလေ ဒါက ဘယ်လို စကားပြောခွက်မျိုးလဲ”
အားလုံးက ဇဝေဇဝါဖြစ်ကုန်၏။
“ဟုတ်ကော ဟုတ်ရဲ့လား”
နို့ဆီခွက်ကို အပေါက်ဖောက်ပြီး ထည့်ထားသော အပ်ချည်ကြိုးကို ကိုင်ကြည့်သည်။ အထဲမှာ တုတ်က လေးနှင့် ကလန့်ထား၍ ကြိုးပြုတ် မကျ။
နို့ဆီခွက်ကို အသေချာကြည့်ပြီး
“ကဲ စမ်းကြည့်တာ ပို သေချာမယ်။ ဟေ့ကောင် အမြဲပြန်ကြားချင်နေတဲ့ ကောင် မင်းဟိုဘက်ခွက်ကိုင်စမ်း”
“ဟုတ်ကဲ့ပါ မင်းကြီး”
ဝန်ကြီးက တခြားဘက်ပြေးသွား ပြီး နို့ဆီခွက်ကို ကိုင်သည်။
“ဟယ်လို ဟယ်လို ကြားလား”
“ဟာ ကြားတယ်..ကြားတယ် အရှင်မင်းကြီး အသံကို ရှင်းနေတာ”
နို့ဆီခွက်ကအသံက အပ်ချည် ကြိုးပေါ် တုန်ခါပြီး သွားကြားနေရ ခြင်းပင်။
“ဟင် မင်းအသံလည်း ငါ ကြား နေရတယ်”
“ဟုတ်လား ဒါဆို ဒါကြီးက သိပ္ပံပစ္စည်းကြီးပေါ့။ မှန်း ငါလည်း စမ်းမယ်”
ဆိုကာ ဝန်ကြီးများအားလုံး စမ်းကြည့်ပြီး
“အာ အဟုတ်ဟ ကြားရတယ်။ ကြားရတယ်”
“ဟုတ်တယ် ဒီပစ္စည်းအထင် သေးလို့ မရဘူး”
အားလုံးထိုနို့ဆီခွက်ကို သဘော ကျကုန်၏။ နောက်မှ ဘုရင်ကြီးက
“အေးကွ ဒါက အသုံးတော့ ကျတယ်။ ဒါပေမဲ့ နို့ဆီနှစ်ခွက်မှ တစ်ယောက်ပြောလို့ရမှာဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး”
အားလုံးတွေဝေသွားကုန်၏။ နောက်မှ ဥာဏ်ကောင်းသော ဝန်ကြီးတစ်ပါးက
“ဒါက ဘာခက်လို့လဲ ဘုရား။ ဝန်ကြီးတစ်ပါးကို နို့ဆီခွက်တစ်လုံး စီချိတ်လိုက်ပေါ့။ ဝန်ကြီးက အပါး တစ်ရာကျော်ဆိုတော့ ဘုရင်ကြီး လည်း နို့ဆီခွက်တစ်ရာလောက်ေ လး ခါးချိတ်ရမှာ”
ဘုရင်ကြီး ဝမ်းသာသွားသည်။
“အေး ဟုတ်တယ်ကွ၊ နို့ဆီခွက် တစ်ရာလောက် ခါးချိတ်လိုက်ရင် ပို ခန့်သွားမယ်။ ဒါပေမဲ့ လိုင်းမမိရင် ကော”
“ဒါလည်း ကလေးတွေက ပြော တယ်။ ခေါင်းပေါ်မှာ ယပ်တောင် ချည်လိုက်ရင် လိုင်းပိုကောင်းတယ် တဲ့ ဘုရား”
“ဟုတ်လား ဒါဆို လာချည်စမ်း၊ ဟယ်လို ဟယ်လို ဟာ ဟုတ်ပါ့ အသံ ကို ကြည်တောက်နေတာ”
ဤသို့ဖြင့် မိတ်ဆွေများ အလည်တစ်ခါက် ထိုတိုင်းပြည် ရောက်ခဲ့သော် ခေါင်းပေါ်ယပ်တောင် စိုက်၍ ခါးတွင် နို့ဆီခွက်ရာကျော်ဆွဲ ထားသည် တွေ့သော် အရူးဟု မထင် ပါနှင့်…။
သူ့အထာနှင့် သူရှိကြသူများ သာ။
အကြည်တော်
popularmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။