Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 14, 2014

"Say Something" ဆိုတဲ့ သီချင်းလေးကို နားထောင်ဖူးကြမှာပါ။

The Great Big World နဲ့ Christina Aguilera တို့ စုံတွဲသီဆိုထားတဲ့ "Say Something" ဆိုတဲ့ သီချင်းလေးကို နားထောင်ဖူးကြမှာပါ။ Indie Pop အမျိုးအစားဖြစ်ပြီး Band အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Ian Axel ရဲ့ 2011 ခုနှစ်က ထွက်ခဲ့တဲ့ This Is the New Year ဆိုတဲ့ solo album ထဲမှာ ပါခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီသီချင်းကို band ရဲ့ Single အနေနဲ့ September, 2013 မှာ ထုတ်ဝေခဲ့ပါတယ်။ November, 2013 မှာ Christina Aguilera နဲ့တွဲဖက် ပြန်လည်သီဆိုပြီးတဲ့အခါမှာတော့ Billboard မှာ နံပါတ် (၄) ချိတ်တဲ့အထိ အောင်မြင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ 

ဒီသီချင်းအပေါ်မှာ သက်ဝင်ခံစားမိတာနဲ့ ပတ်သက်ပြီး ပြောပြချင်တာက ..
ချစ်ခြင်းမေတ္တာဆိုတာ အတိမ်အနက် ချိန်ဆဖို့ ခက်တဲ့အရာတစ်ခုပါ
ချစ်တဲ့သူတစ်ယောက်ကို စွန့်လွှတ်လိုက်ရတော့မယ့် အခြေအနေ ...
ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ အရာလေးတစ်ခု ယိမ်းယိုင်ပြိုလဲတော့မယ့် အခြေအနေ ....
ကိုယ်တန်ဖိုးထားချစ်ခဲ့ရသမျှ ဘာတစ်ခုလေးမှ အသိအမှတ်ပြု မခံရတဲ့ အခြေအနေ ...
အဲလိုအခြေအနေတိုင်းဟာ နာကျင်စရာ စက္ကန့်တွေချည်းပါပဲ။
ဒီသီချင်းကို နားထောင်ကြည့်ရင်လဲ စကားလုံးတိုင်းဟာ ကြေကွဲဝမ်းနည်းစရာ ကောင်းနေပါတယ်။ လူတစ်ယောက်ကို သူက အချစ်ကြီးချစ်ခဲ့ပြီး တဖက်က တုံ့ပြန်မှုတွေက သူ့အတွက် လိုအပ်သလောက် ဖြေသိမ့်မှု မပေးနိုင်တဲ့အခါ၊ သူ့မြတ်နိုးစွဲလန်းမှုတွေကိုလဲ သူကိုယ်တိုင် ထိန်းချုပ်ကန့်သတ်ဖို့ မတတ်နိုင်တော့တဲ့အခါ၊ သူဟာ သူ သိမ်ငယ်စိတ်တွေ ၀င်လာတဲ့ခါ၊ ချစ်တဲ့သူကို ရင်နာနာနဲ့ပဲ စွန့်လွှတ်အရှုံးပေးဖို့ စဉ်းစားရင်း သူ့အတွက် နှစ်သိမ့်မှုပေးနိုင်မယ့် နောက်ဆုံး စကားလေးတစ်ခွန်း ပြောခဲ့ဖို့ တောင်းဆိုနေတဲ့ လူတစ်ယောက် အကြောင်းကို အကောင်းဆုံး ရေးဖွဲ့သီဆိုထားတယ်လို့ ခံစားမိပါတယ်။
ဒီသီချင်းလေးကို နားထောင်ရင်းပဲ ခေါင်းထဲမှာ မိကောက်ရဲ့ ဘီလျံနာ ဆိုတဲ့ ကဗျာလေးထဲက ကဗျာတစ်ပိုဒ် ကို သွားသတိရမိတယ်
" အဲဒီချစ်ခြင်းတွေပေါ့
ပေးခွင့်မရတော့တဲ့အခါ
အထီးကျန်ခြင်း စည်းစိမ်တွေနဲ့
မိုးတိမ်လို ဘ၀ဇာတ်လမ်းမှာ
ကျိကျိတက် ချမ်းသာလာတယ် " တဲ့ ... ။
နားထောင်ကြည့်ပါဦး။ ရင်ဘတ်ကြီးနဲ့ ခံစားလို့ကောင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါပဲ။

Peace!
ငကင်း
(( Special thanks to Ko Wi @ my best dictionary, for your kind support. )) 
========================
Say something, I'm giving up on you
I'll be the one, if you want me to
Anywhere, I would've followed you
Say something, I'm giving up on you

င့ါကိုတခုခုတော့ ပြောပါဦး
ငါမှာ မင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ ကုန်ဆုံးနေပါပြီ
နေရာတိုင်းငါ မင်းနောက်က အရိပ်လိုလိုက်နေခဲ့တယ်
မင်းလိုအပ်တိုင်း ငါ အမြဲတမ်း ရှိနေပေးခဲ့တယ်
င့ါကိုတခုခုတော့ ပြောပါဦး
ငါမှာ မျှော်လင့်ချက်တွေ ကုန်ဆုံးနေပါပြီ

And I am feeling so small
It was over my head
I know nothing at all
And I will stumble and fall
I'm still learning to love
Just starting to crawl

ခုမှလေးဘက်တွားမယ့် ကလေးတစ်ယောက်လို
ငါဟာ အချစ်အကြောင်းကို သင်ယူနေရဆဲပဲ
ငါ အခါခါ နာကျင်ပြိုလဲနိုင်ပါတယ်
သိမ်ငယ်စိတ်တွေက ငါ့စိတ်ကို သိမ်းပိုက်စိုးမိုးပြီး
ငါ ဘာကိုမှ နားမလည်နိုင်အောင်ပဲ ...

Say something, I'm giving up on you
I'm sorry that I couldn't get to you
Anywhere, I would've followed you
Say something, I'm giving up on you

င့ါကိုတခုခုတော့ ပြောပါဦး
ငါမှာ မင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ ကုန်ဆုံးနေပါပြီ
နေရာတိုင်းငါ မင်းနောက်က အရိပ်လိုလိုက်နေခဲ့တယ်
ခုတော့ မင်းဆီအရောက်မလာနိုင်တော့တာ ငါ ၀မ်းနည်းမိတယ်

And I will swallow my pride
You're the one that I love
And I'm saying goodbye

င့ါအတ္တမာနတွေ မျိုသိပ်လိုက်တော့မယ်
မင်းဟာ ငါချစ်ရတဲ့သူတစ်ယောက်ပါ
ခုတော့ ငါ မင်းကို နှုတ်ဆက်ခဲ့ပါပြီ

Say something, I'm giving up on you
And I'm sorry that I couldn't get to you
And anywhere, I would have followed you
Oh-oh-oh-oh say something, I'm giving up on you

င့ါကိုတခုခုတော့ ပြောပါဦး
ငါမှာ မင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ ကုန်ဆုံးနေပါပြီ
နေရာတိုင်းငါ မင်းနောက်က အရိပ်လိုလိုက်နေခဲ့တယ်
ခုတော့ မင်းဆီအရောက်မလာနိုင်တော့တာ ငါ ၀မ်းနည်းမိတယ်

Say something, I'm giving up on you
Say something

MP3 Download Link : https://www.mediafire.com/?u28oy28fnujf8le
YouTube Link : http://www.youtube.com/watch?v=-2U0Ivkn2Ds
 — with Sun NySunshine Mawi,Doreme Cho and 25 others.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။