မိမိစိတ်ကြိုက်အဆင့်မြင့်တင်တည်ဆောက်နိုင်မည့် ဂူဂဲယ်၏ DIY Handset\
========================== ========================
Project Araဟုအမည်ပေးထားသောအသုံးပြု သူစိတ်ကြိုက် အဆင့်မြင့်တင်မှုများ ပြုလုပ်နိုင်မည့် စမတ်ဖုန်းတစ်လုံးကိုဆန်ဖရန် စစ္စကိုတွင် ပြုလုပ်ခဲ့သောဂူဂဲလ်၏ I/O Developer ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြသခဲ့ပါသည်။ ဂူဂဲလ်အနေဖြင့် ပထမဦးဆုံးအနေဖြင့် Modular အသုံးပြုနိုင်မည့် စမတ်ဖုန်းအားတီထွင်လျက် ရှိပြီး ၂၀၁၅ ခုနှစ်အစောပိုင်းကာလများတွင် ရောင်းချရန် မျှော်မှန်းထားကြောင်းသိရှိ ရပါသည်။
Araခေါင်းဆောင် Paul Eremenko က “ ဖုန်းနမူနာပုံစံကိုတီထွင်ထု တ်လုပ်ပြီးဖြစ်သော်လည်းအသင်းအနေဖြင့် ဖုန်း၏ အချို့သောအစိတ်အပိုင်းများနှင့် ပတ်သက်၍ တပ်ဆင်ဖြုတ်လဲ၍ စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ” ပြောကြားခဲ့ပါသည်။ ထို့အပြင် ၄င်းက ဆက်လက်၍ အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ၀ယ်ယူ အသုံးပြုမည့်သူများစိတ်ကြို က်ပုံစံဖြစ်ရန်လည်းအရေးကြီး သည်ဟုဆိုပါသည်။ ဂူဂဲလ်အနေဖြင့် Handset အတွက် ပုံစံအသစ်များဖြင့် ပြုလုပ်ရန်လုပ်ဆောင်လျက်ရှိ ပေသည်။
စမတ်ဖုန်းအနေဖြင့် မီးခိုရောင်ဖြစ်ပြီး ၄င်းတွင် သာမန်ကိုယ်ထည်၊ မျက်နှာပြင်၊ ၀ိုင်ဖိုင်ဆက်သွယ်မှုစနစ် နှင့် ပရောဆက်ဆာ တို့ပါဝင်ပြီးအခြားသောအစိတ် အပိုင်းများကိုမူမိမိစိတ်ကြိုက် တပ်ဆင်ဖြုတ်လဲနိုင်မည်ဟုဆို ပါသည်။ ဖုန်း၏ ဘက်ထရီစနစ်အနေဖြင့် စွမ်းအင်ကုန်ဆုံးသွားပါကအခြားသောတစ်လုံးဖြင့် အလွယ်တကူချက်ချင်းအစားထိုး ဖြုတ်လဲတပ်ဆင်နိုင်မည် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် စမတ်ဖုန်းတွင် တပ်ဆင်နိုင်မည့်ပစ္စည်းများအား 3D ဖြင့် ပရင့်ထုတ်ထားသောအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောကြော င့် ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသူအနေဖြင့် မိမိတို့လိုအပ်သောအစိတ်အပို င်းများကိုရွေးချယ်တပ်ဆင်နိုင်မည် ဖြစ်ပါသည်။
စမတ်ဖုန်းအနေဖြင့် အရွယ်အစား ၃ မျိုးဖြင့်ထွက်ပေါ်လာမည်ဖြစ် ပြီးဘက်ထရီ၊ Wi-Fi နှင့် Bluetooth Chips၊ ကင်မရာ၊ စပီကာများကိုအစားထိုးတပ်ဆင် နိုင်မည်ဖြစ်ပြီး ၄င်းတို့အား အခြားသောကုမ္ပဏီများမှ ထုတ်လုပ်သွားမည်ဖြစ်သည်ဟုသိ ရပါသည်။
Ref:DM
WorldWide(BMSTU)
==========================
Project Araဟုအမည်ပေးထားသောအသုံးပြု
Araခေါင်းဆောင် Paul Eremenko က “ ဖုန်းနမူနာပုံစံကိုတီထွင်ထု
စမတ်ဖုန်းအနေဖြင့် မီးခိုရောင်ဖြစ်ပြီး ၄င်းတွင် သာမန်ကိုယ်ထည်၊ မျက်နှာပြင်၊ ၀ိုင်ဖိုင်ဆက်သွယ်မှုစနစ် နှင့် ပရောဆက်ဆာ တို့ပါဝင်ပြီးအခြားသောအစိတ်
စမတ်ဖုန်းအနေဖြင့် အရွယ်အစား ၃ မျိုးဖြင့်ထွက်ပေါ်လာမည်ဖြစ်
Ref:DM
WorldWide(BMSTU)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။