အစိုးရ၏အထွေထွေ လစ်လျှူရှုမှုအား ရှုတ်ချခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~
၁။မိချောင်းကန် ဘိုးဘွားပိုင်မြေပြန်လည်ရရှိ ရေးသပိတ်စခန်းအား ၂ကြိမ်တိုင်တိုင်ဥပဒေမဲ့ အကြမ်းဖက်အင်အားသုံး ဖြိုခွင်းခြင်း။
၂။တာမွေမြို့နယ်ရှိ မြန်မာ့ဂုဏ်ရောင်သိမ်း ဆည်းမြေပြန်လည်ရရှိရေး သပိတ်စခန်းအား အင်အားသုံးဖြိုခွင်းခြင်း။
၃။ မဟာသန္တိသုခကျောင်းအား ညအချိန်မတော် တွင် အကြမ်းဖက်ဝင်ရောက်ပြီး ဆရာတော် ၅ပါးအား စစ်ဆေးမေးမြန်းချက်မရှိလူဝတ်လဲ ထောင်ချခဲ့ရာ ပြန်လွှတ်ခဲ့၍ ယခုတွေ ပြန်လည် စစ်ဆေးနေခြင်း။
၎။စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်၍ အကောင်အထည်ဖော်နေခြင်း။
၅။ စား၊ဝတ်၊နေရေးကဲ့သို့သော အရေးကြီးသည့် ပြည်သူ့အခြေခံလိုအပ်ချက် ၃ရပ်ကို ပြည့်မှီအောင်မဖြည့်ဆည်း နိုင်သည့် အပြင် ပုဂ္ဂလိကဝန်ထမ်းများ၏ အနိမ့်ဆုံးလစာ နှင့်ခံစားခွင့် စသည့်ပြည်သူတွေ အကျိုးဖြစ် စေမည့် အချက်များ တရားဝင်သတ်မှတ်နိုင်မှု မရှိခြင်း။
၆။မည်သည့်နိုင်ငံတွင်မှ မရှိသည့် လက်ဆောင် ယူလာဘ်စားခွင့် ပမာဏကို တရားဝင် ၃သိန်း အထိသတ်မှတ်ပေးခြင်း။
၇။တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို တောင်း ဆိုနေသော်ငြားလည်း လက်ရှိအစိုးရ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် ပြည်သူထောက်ခံမှု ၉၂%ကျော် ရှိသည်ဟု အကြောက်အကန် ငြင်းဆန်နေခြင်း။
၈။တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လိုအပ်နေသော လျှပ်စစ် ဓာတ်အားကို မဖြည့် ဆည်းပေးနိုင်သည့်အပြင် လျှပ်စစ်မိတာခများ ကို ထပ်မံတိုးမြှင့် ကောက်ခံနေခြင်း။
၉။စစ်တပ်မှမတရားသိမ်းယူထားသော လယ်ယာမြေအချို့ တွင် မည်သည့်စီမံကိန်း တစုံတရာမှ ဆောင်ရွက်မှုမရှိဘဲ အကြောင်းမဲ့ လက်ဝါးကြီးအုပ် သိမ်းပိုက်ထားခြင်း။
၁၀။အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးမှ သည် ဖယ်ဒရယ်စနစ်ဆီသို့ ခေါင်းစဉ်တပ် ကာ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဟန်ပြဆွေးနွေးနေခြင်း။
၁၁။မြန်မာအမျိုးသမီးများကို အဆင့်အတန်းရှိ အလုပ်အကိုင်များ ရှာဖွေပေးခြင်း မရှိပါပဲ မျိုးစောင့်ဥပဒေဟု ရေးဆွဲနေခြင်။
၁၂။ မိတ္ထီလာဖြစ်ခဲ့သည့် လူမျိုးရေး ပဋိပက္ခကို အချိန်မှီ ထိမ်းသိမ်းခြင်းမရှိ ၊ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ် ၊ စည်းစိမ်များကိုလဲ ကာကွယ် မပေးနိုင်းခဲ့ခြင်း။
၁၃။မိတ္ထီလာ မှာဖြစ်ခဲ့တဲ့ အသွန်ဆောင်သော လူမျိုးရေး ပဋိပက္ခဟာ မန္တလေးမှာပါ ပုံစံတူနေ ခြင်းဟာ ဆူပူလှုံ့ဆော်မှုကြောင့် ဟု ယူဆထား ကြရာ အဖြေမှန်ကို ဖော်ထုတ်ဆောင်ရွက်မှု မရှိခြင်း။
၁၄။ပြည်သူတွေ မျော်လင့်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ နှောက်နှေးစေ မည့် လူမျိုးရေး
ပဋိပက္ခ များကို ဂွင်ဆင်ကာ အကွက်ချနေဟု ယူဆနေကြခြင်း။
ပဋိပက္ခ များကို ဂွင်ဆင်ကာ အကွက်ချနေဟု ယူဆနေကြခြင်း။
မျိုးကျော်ကျော် —
Myo Kyaw Kyaw
============
============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။