(အာဇာနည်နေ့ အတွက် တရားဝင် ဥသြသံ တမ်းခြင်း )
ပြီးခဲ့တဲ့ နှစ်ကလဲ ဒီလို အချိန်ခါဆို ပြည်သူ စိတ်ကသိကအောက် ဖြစ်စရာလေးတွေ အစိုးရဘက်က တက်လာတယ်...။ ဒီနှစ်ကျပြန်တော့လဲ ယာဉ်ထိမ်းရဲတပ်ဖွဲ့ ခွဲမှူးရုံးက အသံတွေ ထွက်လာပြန်တယ်...။ အာဇာနည်နေ့ မှာ ကားဟွန်းရှည်သံ တီးပါက ဥပဒေအရ လိုင်စင် ပိတ်မည်ဆိုပြီး အာဏာပိုင်ဘက်က ထွက်ဆိုလာပါတယ်..။
တကယ်တော့ ဒါဟာ မဖြစ်သင့်ပါဘူး..အကြောင်းကတော့ အာဇာနည်နေ့ မို့လို ပါပဲ..။ သာမာန်နေ့ တွေမှာ ကားဟွန်းသံ ရှည်ဟာ လိုင်စင် ပိတ်သိမ်းနိုင်တဲ့ ပြစ်မှု့ တစ်ခုပါ ။ အာဇာနည်နေ့ မှာတော့ ပြစ်မှု့ လို့  မဆိုနိုင်ပါဘူး...။ ရည်ရွယ်ချက် မတူပါဘူး..။
အဲတော့ အာဇာနည်နေ့ မှာ ကားဟွန်းသံ မမြည်စေချင်ရင် နံပါတ် တစ် အစိုးရ အနေနဲ့  ဥသြ ဆွဲပေးပေါ့... ပြသနာဖြေရှင်းနည်းလေး အရမ်းရိုးရှင်းပါတယ်...။ စည်းမဲ့ ကမ်းမဲ့  မဖြစ်စေချင်ရင် ပြည်သူတွေ စည်းရှိ ကမ်းရှိဖြစ်အောင် အစိုးရအနေနဲ့ ဘယ်လို ပူးပေါင်းမလဲ ၊ ဘယ်လို ပါဝင် မလဲ ၊ ဘယ်လို ထိမ်းသိမ်းမလဲ ဒါမျိုးတွေရှိစေချင်ပါတယ်..။ အစိုးရ အနေနဲ့  အာဇာနည်နေ့ မှာ ဥသြဆွဲတဲ့ အရာကို တာဝန်ယူပြီး လုပ်ပေးခဲ့မယ် ဆိုရင် ဒီလိုအရေးယူခြင်းမျိုးတွေ ပြည်သူတွေ အတွက် ရင်ဆိုင်စရာ မလိုသလောက် ဖြစ်သွားမှာပဲ ဖြစ်ပါတယ်..။
အဲဒီကနေတစ်ဆင့် အစိုးရ ကို ပြည်သူများအနေနဲ့ မှ ယုံကြည်မှု့  ပိုမို ရရှိစေနိုင်ပါတယ်..။ အခု ယာဉ်ထိမ်းရဲတပ်ဖွဲ့  လုပ်နေပုံက အစိုးရ နဲ့  ပြည်သူကြား ပြည်သူကို ဒေါသဖြစ်အောင် ဆွပေးပြီး အစိုးရနဲ့  ရန်တိုက် ပေးနေသလို ဖြစ်စေပါတယ်..။
အစိုးရ အနေနဲ့  တရားဝင် ဥသြဆွဲသံ မပြုလုပ်ပဲ ပြည်သူတွေကိုယ်တိုင် ကိုယ်နည်း ကိုယ့်ဟန်နဲ့ လုပ်မှသာလျှင် စနစ်တကျ မရှိပဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာတွေကို ဖြစ်လာစေမှာပါ..။ အဲတော့ အာဇာနည်နေ့ ကို စည်းကမ်းရှိစွာဖြင့် ပြည်သူအများ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်ကျဆုံးသွားသော နိုင်ငံခေါင်းဆောင်ကြီးများအား ဂါရ၀ ပြုနိုင်စေရန် အစိုးရအနေနဲ့  တာဝန်ယူကာ တရားဝင် ဥသြဆွဲသံ ကို ထုတ်ပြန်ပေးပါလို့ ပဲ တင်ပြလိုက်ပါရစေ..။
အဲတော့ ပြည်သူတွေကို စည်းမဲ့ ကမ်းမဲ့  ဖြစ်လာစေအောင် ကြံဆောင်ပြီး ဥပဒေ နဲ့ တမင် ဘောင်ခတ်ကာ ကြုံးသွင်းဖမ်းတာမျိုးတော့ မဖြစ်စေချင်ပါဘူး..။ အစိုးရ နဲ့ ပြည်သူ အကြား မလိုလားအပ်ပဲ အထင်လွဲစရာတွေ ပေါ်ပေါက်လာစေနိုင်လို့ ပါပဲ..။ သို့ ပါသောကြောင့် အစိုးရ လူကြီးမင်းများ အနေနဲ့  ရော အုပ်ချုပ်သူ အာဏာပိုင်များ အနေနဲ့ ပါ အာဇာနည်နေ့ ကို တရားဝင် ဥသြဆွဲပေးမယ့် ကြေငြာချက်လေးပဲ ကျေးဇူးပြုပြီး ထုတ်ပေးပါလို့ ပဲ လေးစားစွာဖြင့် တောင်းဆိုပါရစေ....ခင်ဗျာ။
ဥသြဆွဲသံလေး အာဇာနည်နေ့ မှာ ကျေးဇူးပြုပြီး တရားဝင် ကြားပါရစေ ခင်ဗျား....။
အားလုံးကို လေးစားချစ်ခင်လျက်
ဘစည်(စင်ကာပူ)
15.7.2014 —
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။