အရေးကြီးတာ လေ့ကျင့်ဖို့ ....
ကျွန်တော်စာတွေစရေးတော့ ကွန်ပျူတာနဲ့ မြန်မာလို မရိုက်တတ်ဘူးဗျ .. အဲဒါကြောင့် လက်နဲ့ ချရေးရတယ် ... ။ ဂျာနယ်တိုက်ကိုပို့တော့ မေး(လ်) နဲ့ပို့တာမို့လို့ ကွန်ပျူတာဆိုင်ကိုသွားအပ်ရတ ယ် ... ကွန်ပျူတာဆိုင် အများစုကလည်း Win နဲ့ ရိုက်တဲ့အတွက် အွန်လိုင်းမှာ ပြန်တင်ဖို့ကျတော့ အဆင်မပြေ ပြန်ဘူး၊ အနီးအနားမှာ ရှိတဲ့ ကွန်ပျူတာဆိုင်တိုင်းကလည်း Zawgyi နဲ့ရိုက်တာ သိပ်အဆင်မပြေကြဘူး ...
အဲဒီတော့ လိုအပ်တာထက်ပိုပြီး အချိန်တွေ တော်တော်ပေးရပါတယ် ....
အဲဒီလို အချိန်တွေ မပေးချင်တဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက ကိုယ်ကိုယ်တိုင် ရိုက်မှ ဖြစ်မှာပါပဲ ... ဒါကြောင့် Zawgyi လက်ကွက်ကို ကွန်ပျူတာ ရှေ့မှာကပ်ထားပြီး လေ့ကျင့်ခဲ့ရတယ် ... ။
စရိုက်ခါစမှာတော့ ဘယ်အဆင်ပြေပါ့မလဲ ... ဒါပေမယ့် မရပ်မနား လေ့ကျင့်လာလိုက်တာ ... အခုဆိုရင် တော်တော်မြန်တယ်လို့ ပြောလို့ရနေပါပြီ ...
အင်္ဂလိပ်လို ရိုက်တာလည်း ဒီအတိုင်းပါပဲ အလေ့အကျင့်ပါပဲ ... ကွန်ပျူတာ သင်တန်းတိုင်းက သင်ပေးလိုက်တာ A S D F J K L ; က စတာပါပဲ .... ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် Typing Skill တွေ မတူကြပါဘူး ....
ဒါကြောင့် ဘာပဲလုပ်လုပ် အရေးကြီးတာ လေ့ကျင့်ဖို့ပါ ... ၊ ကျောင်းက သင်ပေးလိုက်ရုံနဲ့ ရပ်မထားပါနဲ့ ....
ဒီနေရာမှာ အင်္ဂလိပ်စကားလုံးကို သုံးရင် ပိုထိရောက်မယ်ထင်လို့ အင်္ဂလိပ်လို သုံးချင်ပါတယ် ... Practice နဲ့ Repeat ကို ကွဲပြားပါစေ ... Practice ဆိုတာက ကျွမ်းကျင်မှု ရအောင် တစ်ကြိမ်ထက် တစ်ကြိမ်ပိုကောင်းအောင် အမှားနည်းအောင် လုပ်တာပါ ... Repeat ဆိုတာက ဒါကိုပဲ ထပ်ခါထပ်ခါ လုပ်နေတာပါ ... တစ်ခါတစ်လေ ကိုယ်က Practice လုပ်နေတယ် ထင်ပေမယ့် Repeat ဖြစ်နေရင် အမှားတွေ စွဲသွားတတ်ပါတယ် .... Repeat တွေများလာရင် Habit တွေဖြစ်လာတတ်ပါတယ် ... Habit က ကြာလာတဲ့အခါ Character ဖြစ်သွားတတ်ပါတယ် ... Character အဆင့်ရောက်သွားရင် ပြင်ဖို့ မလွယ်တော့ပါဘူး ... ရတော့ရနိုင်ပါတယ် ... အချိန်တော်တော်ယူရပါလိမ့်မယ် ... ။ ဒါကြောင့် နည်းလမ်းမှန်မှန် လေ့ကျင့်ပါ ... ။
ထပ်ပြောချင်ပါတယ် ... ဘယ်ပညာရပ်မဆို တကယ်တတ်ကျွမ်းကျင်ချင်ရင် ... လေ့ကျင့်ပါ .... ။
အောင်ကိုဦး(UMK)
Be the Best !
ကျွန်တော်စာတွေစရေးတော့ ကွန်ပျူတာနဲ့ မြန်မာလို မရိုက်တတ်ဘူးဗျ .. အဲဒါကြောင့် လက်နဲ့ ချရေးရတယ် ... ။ ဂျာနယ်တိုက်ကိုပို့တော့ မေး(လ်) နဲ့ပို့တာမို့လို့ ကွန်ပျူတာဆိုင်ကိုသွားအပ်ရတ
အဲဒီတော့ လိုအပ်တာထက်ပိုပြီး အချိန်တွေ တော်တော်ပေးရပါတယ် ....
အဲဒီလို အချိန်တွေ မပေးချင်တဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက ကိုယ်ကိုယ်တိုင် ရိုက်မှ ဖြစ်မှာပါပဲ ... ဒါကြောင့် Zawgyi လက်ကွက်ကို ကွန်ပျူတာ ရှေ့မှာကပ်ထားပြီး လေ့ကျင့်ခဲ့ရတယ် ... ။
စရိုက်ခါစမှာတော့ ဘယ်အဆင်ပြေပါ့မလဲ ... ဒါပေမယ့် မရပ်မနား လေ့ကျင့်လာလိုက်တာ ... အခုဆိုရင် တော်တော်မြန်တယ်လို့ ပြောလို့ရနေပါပြီ ...
အင်္ဂလိပ်လို ရိုက်တာလည်း ဒီအတိုင်းပါပဲ အလေ့အကျင့်ပါပဲ ... ကွန်ပျူတာ သင်တန်းတိုင်းက သင်ပေးလိုက်တာ A S D F J K L ; က စတာပါပဲ .... ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် Typing Skill တွေ မတူကြပါဘူး ....
ဒါကြောင့် ဘာပဲလုပ်လုပ် အရေးကြီးတာ လေ့ကျင့်ဖို့ပါ ... ၊ ကျောင်းက သင်ပေးလိုက်ရုံနဲ့ ရပ်မထားပါနဲ့ ....
ဒီနေရာမှာ အင်္ဂလိပ်စကားလုံးကို သုံးရင် ပိုထိရောက်မယ်ထင်လို့ အင်္ဂလိပ်လို သုံးချင်ပါတယ် ... Practice နဲ့ Repeat ကို ကွဲပြားပါစေ ... Practice ဆိုတာက ကျွမ်းကျင်မှု ရအောင် တစ်ကြိမ်ထက် တစ်ကြိမ်ပိုကောင်းအောင် အမှားနည်းအောင် လုပ်တာပါ ... Repeat ဆိုတာက ဒါကိုပဲ ထပ်ခါထပ်ခါ လုပ်နေတာပါ ... တစ်ခါတစ်လေ ကိုယ်က Practice လုပ်နေတယ် ထင်ပေမယ့် Repeat ဖြစ်နေရင် အမှားတွေ စွဲသွားတတ်ပါတယ် .... Repeat တွေများလာရင် Habit တွေဖြစ်လာတတ်ပါတယ် ... Habit က ကြာလာတဲ့အခါ Character ဖြစ်သွားတတ်ပါတယ် ... Character အဆင့်ရောက်သွားရင် ပြင်ဖို့ မလွယ်တော့ပါဘူး ... ရတော့ရနိုင်ပါတယ် ... အချိန်တော်တော်ယူရပါလိမ့်မယ
ထပ်ပြောချင်ပါတယ် ... ဘယ်ပညာရပ်မဆို တကယ်တတ်ကျွမ်းကျင်ချင်ရင် ... လေ့ကျင့်ပါ .... ။
အောင်ကိုဦး(UMK)
Be the Best !
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။