Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 14, 2014

ထူးခြားထင်ရှားသောမြန်မာပြည်မှမြစ် (၇) မြစ်

ထူးခြားထင်ရှားသောမြန်မာပြည်မှမြစ် (၇) မြစ်

(၁) ဧရာဝတီ မြစ်

ဧရာဝတီ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။
တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်သည့်
ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပါသည်။
ထူးခြားထင်ရှားသည့်အချက်မှာဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊စစ်ကိုင်း၊ အင်းဝ စသည့်မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုများ ထွန်းကားလာခဲ့သည်ကိုတွေ့ရသည့်အတွက်မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုဟုပြောလို့ရပါသည်။

(၂) ချင်းတွင်း မြစ်

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အကြီးဆုံးရေဝေမြစ် ဖြစ်ပြီး၊
၁,၂၀၇ ကီလိုမီတာ ရှည်လျားပါသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တ၀မ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာပါသည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်းတွင်းများသည်လည်းဥရုချောင်းဖျားတွင် တည်ရှိနေကြပါသည်။
ထူးခြားထင်ရှားသည့်အချက်မှာချင်းတွင်းမြစ် သည်လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီး ဆင်းနေပြီး ဤကျားဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အခြား သားရိုင်းတိရိစ္ဆာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာ နိုင်ငံတွင်သာ ရှိသည့် အခွံမာလိပ်မျိုးများ အတွက် ခိုလှုံနေထိုင်ရာဒေသတခုလည်း ဖြစ်ပါသည်။

(၃) သံလွင်မြစ်

သံလွင်မြစ်သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များကို
နိုင်ငံ၏ အရှေ့ဖက်မှ ဖြတ်သန်းစီးဆင်းပါသည်။သံလွင်မြစ်၏ စုစုပေါင်းအရှည်သည်
၁၇၄၉မိုင် (၂၈၁၅ကီလိုမီတာ) ရှိပြီး အရှေ့တောင်အာရှဒေသတွင်ဒုတိယအရှည်လျားဆုံး
စီးဆင်းနေသည့် မြစ်တစ်စင်း လည်း ဖြစ်ပါသည်။သံလွင်မြစ်သည်ကမ္ဘာပေါ်တွင် လူမျိုးကွဲများ
အများ ဆုံး စုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။
ထူးခြားထင်ရှားသည့်အချက်မှာသမိုင်းအရ အရေးပါသည့် ဒေသဖြစ်ပြီးသမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရသည့်အပြင်အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြပါသည်။

(၄) စစ်တောင်းမြစ်

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့်အစွန်းမှမြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၁ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်းပေါင်းစပ်သွားပါသည်။ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။

(၅) မဲခေါင် မြစ်

မဲခေါင်မြစ်သည် အရှည် ၄,၈၀၀ ကီလိုမီတာ ရှိပြီးမြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်သည် နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည်
ဖြတ် သန်း စီးဆင်းပါသည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀၀ ခန့် မှီတင်းနေထိုင် လျှက် ရှိ ပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်း တိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။ မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်း ဆုံရာ"ရွှေတြိဂံဒေသ"ကိုဖြတ်သန်းပါသည်။
ထူးခြားထင်ရှားသည့်အချက်မှာ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။

(၆) ကုလားတန်မြစ်

ကုလားတန်မြစ်သည်ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့်အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်ပါသည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာပါသည်။ ထူးခြားထင်ရှားသည့်အချက်မှာချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့်စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့်
မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်ပါသည်။

(၇)ရွှေလီ မြစ်

ရွှေလီမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှပင် စတင်မြစ်ဖျားခံ စီးဆင်းလာပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းလာကာ တကောင်းမြို့မြောက်ဖက် ကီလိုမီတာ၆၀ခန့်အကွာ ကသာမြို့တောင်ဖက်ရှိ အင်းရွာအနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။ထူးခြားထင်ရှားသည့်အချက်မှာ ရွှေလီမြစ်သည်တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများ နှင့် ကြီးမားသော ဆက်နွယ်မှုရှိပါသည်။
ရှားပါးစာရင်းဝင် ရေနေငှက်မျိုးစိတ်များကို ရွှေလီမြစ်အတွင်းတွေ့ရှိရသည့်အပြင်
ဧရာဝတီလင်းပိုင်များကိုလည်းရံဖန်ရံခါတွေ့ရလေ့ရှိပါသည်။

OMO
မှတ်ချက်။။မှတ်စုစာအုပ်မှထင်ရှားသည့်အချက်အလက်များကိုကောက်နုတ်ထားပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။