သူဆင်းရဲရဲ့ ချမ်းသာမှု
တစ်ခါက သူဌေးကြီးတစ်ယောက်ရှိတယ်။ သူဟာ ဆင်းရဲသား လယ်သမားတစ်ယောက်ကို ခန့်ထားတယ်။
ဆင်းရဲသား လယ်သမားအိမ်ဟာ ညရောက်တာတောင် တံခါးမပိတ်ဘူး။ အိပ်တဲ့အခါမှာလဲ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ဟောက်နေသေးတယ်။အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ သူဌေးကြီးက ထူးဆန်းနေတယ်။
ဆင်းရဲသား လယ်သမားအိမ်ဟာ ညရောက်တာတောင် တံခါးမပိတ်ဘူး။ အိပ်တဲ့အခါမှာလဲ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ဟောက်နေသေးတယ်။အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ သူဌေးကြီးက ထူးဆန်းနေတယ်။
သူ့မှာတော့ ညမရောက်ခင် အိမ်တံခါးတွေ အကုန်ပိတ်၊သူငယ်ချင်းတွေလဲ မတွေ့ရဲ(ပိုက်ဆံချေးမှာ စိုးလို့)၊ညရောက်ရင်လဲ ကောင်းကောင်းမအိပ်နိုင် ဖြစ်နေတယ်။ ဒါနဲ့ သူလဲ ဆင်းရဲသားကို အားကျသွားပြီးတော့ သူ့ငွေတွေကို သေတ္တာထဲ အကုန်ထည့်ပြီးတော့ ဆင်းရဲသားဆီသွားတယ်။
" ဒီမယ် ဆင်းရဲသား ဒီငွေတွေ အကုန်ယူလိုက်တော့။ မင်းကိုအပိုင်ပေးတယ် သုံးချင်ရာသုံး လုပ်ချင်တာ လုပ်ပေတော့ "
ဆင်းရဲသားလဲပျော်သွားပြီးတော့ ပိုက်ဆံတွေ ယူထားလိုက်တယ်။စားကောင်းသောက်ကောင်းတွေ ၀ယ်စားတယ်။ အ၀တ်တွေဝယ်တယ်။
ဆင်းရဲသားလဲပျော်သွားပြီးတော့ ပိုက်ဆံတွေ ယူထားလိုက်တယ်။စားကောင်းသောက်ကောင်းတွေ ၀ယ်စားတယ်။ အ၀တ်တွေဝယ်တယ်။
ဒီလိုနဲ့ ညဘက်ရောက်လာတဲ့အခါမှာ ဆင်းရဲသားက လန့်လာတယ်။ နေရတာ အေးဆေးမဟုတ်တော့ဘူး။ ပူပန်လာတယ်။ဒါနဲ့ အိမ်တံခါးကို ပိတ်လိုက်တယ်။ တံခါးတွေကို သေချာလုံအောင်လို့ ပိတ်။ ပြီးတော့ ညအိပ်တော့လဲ တော်တော်နဲ့ အိပ်မပျော်တာနဲ့ အိမ်အပြင်ထွက်ကြည့်လိုက်တယ်။ သူဌေးရဲ့ အိမ်မှာ အိမ်တံခါးတွေကလဲပွင့်လို့ မီးတွေလဲလင်းလို့ အနီးကပ်သွားတော့ သူဌေးကြီးရဲ့ ဟောက်သံကို ကြားလိုက်ရသေးတယ်။
ညက တစ်ညလုံး အိပ်မပျော်တဲ့ ဆင်းရဲသားဟာ မနက်ကျတော့ သူဌေးကြီးကို သေတ္တာကြီး သွားပြန်ပေးလိုက်တယ်။ သူဌေးကြီးကတော့ ပြန်မလိုချင်တော့ဘူး သူတကယ့် ချမ်းသာမှု(စိတ်ချမ်းသာ)ကိုတွေ့သွားပြီ။ ဒါပေမယ့် ဆင်းရဲသားကလဲ မယူတော့တာမို့ သူပြန်ယူထားလိုက်တယ်။ ဒီပိုက်ဆံတွေကိုင်ထားရင်း စိတ်ချမ်းသာစေမယ့် နည်းလမ်းကို လိုက်ရှာမလို့ပေါ့။
ဒီလိုနဲ့ သူဌေးကြီးဟာ ပိုက်ဆံမကုန်ဘဲ စိတ်ချမ်းသာစေမယ့် နည်းလမ်းကို လိုက်ရှာတော့တယ်။
(နောက်ဆက်တွဲ ဇတ်လမ်းရှိပါသေးတယ် ဆက်ပါဦးမယ်)
(နောက်ဆက်တွဲ ဇတ်လမ်းရှိပါသေးတယ် ဆက်ပါဦးမယ်)
မောင်စိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။