လေးစားစရာစိတ်ဓာတ်များနဲ့မြန်မာပြည်
နိုင်ငံတကာကသငှေးကြီးတွေ၊အောင်မြင်ကျော်ကြားသူတွေအကြောင်းနဲ့
သူတို့ရဲ့ဘဝကိုဘယ်လိုအခက်အခဲတွေကျော်ဖြတ်ပြီးအောင်မြင်မှူကို
ရယူရပါတယ်ဆိုတာကိုဥပမာအနေနဲ့လူငယ်တွေဟာသင်ခန်းစာယူတတ်ကြပါတယ်။ဒီလိုပဲတကယ်ကမြန်မာပြည်မှာအင်မတန်မှစိတ်ဓာတ်ခွန်အားယူစရာ၊လေးစားစရာ၊ဂုဏ်ယူစရာဘဝကိုအသက်အရွယ်နဲ့မဆိုင်ပဲသမိုင်းတွင်အောင်လက်တွေ့
လုပ်ပြခဲ့သူတွေရှိပါတယ်။

ဒီ့အပြင်မပြည့်စုံတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ
ကျင်လည်ရတဲ့မြန်မာနိုင်ငံသားတွေဟာအနှိမ်ခံရ၊အထင်သေးခံရတတ်ပါတယ်။
မြန်မာမြန်မာချင်းအထင်သေးတတ်တဲ့စိတ်ဓာတ်ဟာအမြစ်စွဲပြီး မိမိမြန်မာအချင်းချင်းမြေတောင်မမြောက်ပေးပဲနိမ့်ချဆက်ဆံသူတွေလဲ
အများကြီးရှိတတ်တာကိုလဲတွေ့ရတတ်ပါတယ်။

မြန်မာမြန်မာချင်းအထင်သေးတတ်တဲ့စိတ်ဓာတ်ကိုလက်တွေ့အနိုင်ယူပြလိုက်
တာကတော့မီးပုံးပျံ ဦးကျော်ရင်ပဲဖြစ်ပါတယ်။
မီးပုံးပျံ ဦးကျော်ရင်ဟာ မြန်မာနိုင်ငံ၏ ပထမဆုံး လေသူရဲ ဖြစ်ပါတယ်။
မြန်မာစာလောက်ပဲ တတ်တဲ့မီးပုံးပျံ ဦးကျော်ရင်ဟာ ပုံဆွဲဆရာဘ၀ကနေ မီးပုံးပျံကို ကြံစည်ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

မခံတဲ့ချင်စိတ်ဓာတ်ဖြစ်လာရတဲ့အကြောင်းရင်းကတော့ မြန်မာ မြန်မာချင်း
အထင်သေးတတ်တဲ့ ပုဂ္ဂိုလ်တဦးကမြန်မာ့အလင်း သတင်းစာမှာဆောင်းပါး တပုဒ် ရေးသားခဲ့ဖူးပါတယ်။ထားဝယ်က မောင်ကျော်ရင် ဆိုသူ ဟာလေယာဉ်ပျံ လုပ်တတ်တယ်လိုကြွားဖူးပြီး အခုတော့ဘယ်ရောက်နေလဲမသိဘူး၊
တိမ်မြုပ်သွားပြီလို့ချိုး ချိုးနှိမ်နှိမ် ရေးရာကနေစပါတယ်။
ဦးကျော်ရင်ကသူရိယ သတင်းစာနေ ဆောင်းပါးနဲ့ ပြန် ချေပပြီး
သူဟာလေယာဉ်ပျံ လုပ်တတ်တယ်လို့ မကြွားဝါခဲ့ကြောင်းနဲ့
ကောင်းကင်က လေယာဉ်ပျံတွေ စက်ပျက်သွားရင် ထိုးကျ
ပျက်စီးခြင်း မရှိရအောင် ပြုလုပ်နိုင်သောနည်းကိုသာ စာရေးသားခဲ့ကြောင်း၊
မြန်မာ မြန်မာချင်း အထင်သေးတာဟာအင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း၊
အခုသူ မသေသေးတဲ့အတွက် သူ့ရဲ့ အစွမ်းကို စောင့်ကြည့် စေလိုကြောင်း
စသဖြင့် ပြန်လည် ချေပစိန်ခေါ်ခဲ့ပါတယ်။

ဦးကျော်ရင်ဟာ အသက် ၅၅ နှစ်ပင်စင်ယူပြီးမှအဖက်ဖက်ကနေ
စဉ်းစားပြီး မီးပုံးပျံ စီးပြဖို့ အကြံအစည်ကို စတင် အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံး မီးပုံးပျံ ပုံစံ ထုတ်လုပ်ပြီး တဲ့ နောက် ၁၉၂၉ ခုနှစ်၊ မတ်လမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ် လယ်ကွင်း အတွင်း မီးပုံးပျံ ကိုအောင်မြင်စွာစစီး ခဲ့ပါတယ်။
၁၉၂၉-ခုနှစ်မှ ၁၉၃၉-ခုနှစ်အထိ (အသက် ၅၆နှစ်မှ ၆၆နှစ်အထိ) ၁၀-နှစ်အတွင်း
မီးပုံးပျံ ၅-လုံးဖြင့် အကြိမ်ပေါင်း ၅၅-ကြိမ်မျှ မြန်မာပြည် အနှံ့အပြား
လှည့်လည်စီးပြခဲ့ပါတယ်။

မီးပုံးပျံ ဦးကျော်ရင်ဟာမြန်မာနိုင်ငံအတွက်တကယ့်ကို
အထူးဂုဏ်ယူစရာ၊လေးစားစရာစိတ်ဓာတ်ပိုင်ရှင်တယောက်ဖြစ်ပါတယ်။
သူ့ရဲ့ဇွဲ၊လုံလနဲ့မြန်မာတွေဟာလုပ်နိုင်ပါတယ်ဆိုတာကို
လက်တွေ့သက်သေထူခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်။
OMO

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။