Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 9, 2014

ထိပ်ဆုံးအထိတက်လှမ်းနိုင်မယ့် စွမ်းရည်နှစ်မျိုး


ထိပ်ဆုံးအထိတက်လှမ်းနိုင်မယ့် စွမ်းရည်နှစ်မျိုး
ဆရာသုတ
JOB seekers Journal vol.2,no.48
တစ်ခါက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ အလုပ်ကြိုးစားပြီး တော်ရုံတန်ရုံ အလုပ်တွေကို မျက်နှာလွှဲလို့ရတဲ့ ၀န်ထမ်းငယ် သုံးယောက် နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာကိုသိရတဲ့အတွက် ဆင်ခြေဖုံးရပ်ကွက်သုံးခုမှာ အိမ်ကလေးတစ်လုံးစီဝယ်ပြီး အဲဒီဝန်ထမ်းငယ်သုံးယောက် ကို နေစေပါ သတဲ့။ ၀န်ထမ်းငယ် ၃ယောက်လည်း အိမ်လခ ပေးစရာ မလိုဘဲ နေစရာ ရပြီမို့ နယ်ကသူတို့မိသားစုတွေကိုအသီးသီး ပြန်ခေါ်ပြီး အဲဒီအိမ်ကလေးတွေမှာနေကြတယ်။ အဲဒီမှာ ပထမ ၀န်ထမ်းငယ်က အလုပ်ထဲမှာ အရင်အတိုင်းပဲ ပုံမှန်လုပ်တယ်။
နေစရာရလို့ လုပ်ငန်းရှင် အပေါ် ကျေးဇူးတင်ပေမယ့် ထူးထူးခြားခြား ကျေးဇူးကြီးတယ်လို့တော့ မထင်ဘူး။ “ငါ အလုပ်ကြိုးစားလို့၊ သူမျက်နှာလွှဲရလို့ ဒီအိမ်ကလေးကို ၀ယ်ပြီး နေခိုင်းတာဖြစ်မယ်၊ သူ့ဆီမှာ မလုပ်ဘဲ အခြားမှာ လုပ်ရင်လည်း ဒီလိုကြိုးစားရင် နေစရာတစ်ခုတော့ ရမှာပဲ” လို့ တွေးတယ်။ အိမ်ကလေး ကိုလည်း သူပိုင်အိမ်လို့ သဘောမထားဘူး။ လုပ်ငန်းရှင်ပိုင်တဲ့ အိမ်မို့ “ဆင်းခိုင်းရင် အချိန်မရွေးဆင်းရမှာ” လို့ အမြဲစဉ်းစားပြီး ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုတယ်။
ဒုတိယ ၀န်ထမ်းငယ်ကတော့ “ဒီအလုပ်ရှင်ဟာ ငါ့ကို တူလိုသားလို ချစ်ခင်ပုံရတယ်၊ ဒီခေတ်ကြီးမှာ အမျိုးမတော်ဘဲ ဘယ်သူက နေစရာ အိမ် ၀ယ်ပေးမှာလဲ” လို့ တွေးတယ်။ အလုပ်ထဲမှာလည်း အရင်လို မကြိုးစားဘဲ ပိုင်ရှင်ရဲ့ လူယုံ၊ လက်ရင်းတပည့်လို့ သူ့ကိုယ်သူ သတ်မှတ်ပြီး တန်းတူတွေ ကို သြဇာပေးတာတွေ၊ ကြီးသူတွေ စကားနားမထောင်တာတွေ၊ စည်းကမ်း ပျက်တာတွေ ဖြစ်လာတယ်။ အိမ်ကလေးကိုလည်း တစ်နေ့မှာလုပ်ငန်းရှင်က သူ့ကို အပိုင်ပေးမှာပဲလို့ ယုံကြည်ပြီး သူ့ကိုယ်ပိုင်အိမ်လို သဘောထား တယ်။ နေ့စဉ်နဲ့အမျှ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းပြီး သာသာယာယာနဲ့ နေချင် စဖွယ်ဖြစ်အောင် လုပ်ထားတယ်။ အလုပ်ရှင်အပါအ၀င် ဘယ်သူနဲ့မဆို စကားပြောရင်လည်း အဲဒီအိမ်ဟာ သူ့ကိုယ်ပိုင်အိမ်လိုမျိုး ပြောလေ့ရှိတယ်။ အဲဒါတင်မက လုပ်ငန်းရှင်ကိုလည်း ဆွေမျိုးရင်းချာလိုသဘောထားပြီး သူ့ပြဿနာတွေကို သွားပြောလေ့ရှိတယ်။ ချဲထိုးလို့၊ ဘောလုံးပွဲလောင်းလို့ စသည်ဖြင့် ကြွေးတင် နေရင်လည်း လုပ်ငန်းရှင်ကို “လခကြိုထုတ်ချင်တယ်” တို့၊ “အကြွေးဆပ် ပေးပါဦး” တို့ သွားအပူကပ်တတ်တယ်။ အိမ်ကလေးမှာ နေ ရပြီးတဲ့နောက် အလုပ်ရှင်ဆီက လစာတိုးတောင်းတယ်၊ သီတင်းကျွတ်တို့၊ သင်္ကြန်တို့ အချိန်တွေမှာ ဘောနပ်စ်များများ ပေးဖို့တောင်းတယ်။ အလုပ်ကိုတော့ အရင်ကလောက် မလုပ်တော့ဘူး၊ ခိုတယ်၊ ကပ်တယ်၊ လျှော့ လုပ်တယ်။
တတိယ ၀န်ထမ်းငယ်ကတော့ အလုပ်ရှင်ကြောင့် သူတို့ မိသားတစ်စု တစ်စုတစ်စည်းတည်း နေလို့ရသွားပြီဆိုပြီး အိမ်ကလေးမှာ ပေးနေတဲ့ အတွက် အလုပ်ရှင်ကို အရမ်းကျေးဇူးတင်တယ်။ အလုပ်ထဲမှာလုပ်ငန်းရှင်က ခိုင်းသည်ဖြစ်စေ၊ မခိုင်းသည်ဖြစ်စေ အလုပ်တွေကို နေ့ရော၊ ညရော၊ အလုပ် ချိန်အတွင်းရော၊ အလုပ်ချိန်ပြင်ပရော အားတက်သရော စေတနာပါပါနဲ့ လုပ်တယ်။ အလုပ်များတဲ့အခါ အချိန်ပိုဆင်းရလို့ အလုပ်ရှင်က အများနည်းတူ အချိန်ပိုလုပ်အားခ ထပ်ဆောင်းပေးတဲ့ အခါ အဲဒီတတိယ၀န်ထမ်းငယ်က မယူချင်ဘူး။ နေစရာ အခက်အခဲ ဖြစ်နေချိန်မှာ အိမ်လခမယူဘဲ ပေးနေ ထားတဲ့ ကျေးဇူးရှင်ဆီက အိုဗာတိုင်ကြေးထပ်ယူရင် ကျေးဇူးမသိတတ်ရာ ကျလိမ့်မယ်လို့ သဘောထားတယ်။ အဲဒီအိမ်ကလေးကိုလည်း တစ်နေ့မှာ လုပ်ငန်းရှင်က အပိုင်ပေးလိမ့်မယ်လို့ မတွေးဘူး။ အလုပ်ရှင်က နေစရာပေး တဲ့အတွက် သူ့ဘက်က တန်ရာတန်ကြေးပြန်မပေးဘဲ အလိုက်မသိ နေတာမျိုး မဖြစ်ရအောင် ကြိုးစားတာပဲရှိတယ်။
အခုလို အလုပ်ပြောင်းရ လွယ်ကူလာတဲ့ ခေတ်မှာ အလုပ်ရှာနေတဲ့ လူငယ်တွေ၊ အလုပ်ရခါစ လူငယ်တွေ၊ အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ လူငယ်တွေ၊ အလုပ်ပြောင်းပြီးစ လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ အခက် အခဲတွေကို အထိုက်အလျောက် ပြေလည်အောင် အကူအညီပေးတဲ့ အလုပ်ရှင်ကောင်းတွေကို တစ်ခါမဟုတ် တစ်ခါ တွေ့ရတတ်ပါတယ်။ နေ စရာပေးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွမ်းကျင်မှုအမျိုးမျိုးကို သင်ပေးတာ၊ ကိုယ်ဘာမှ မသိသေးတဲ့ နယ်ပယ်မှာ အသက်မွေးဝမ်း ကျောင်းပြုနိုင်လောက်အောင် အသိပညာရသွားမယ့် အခွင့်အလမ်းတွေ ကိုပေးတာ၊ သူ့အလုပ်ကို လုပ်ရင်း အဆက်အသွယ်တွေ၊ မိတ်ဆွေတွေရသွားတာ၊ လူသိများ နာမည်ကြီးလာတာ စသည်ဖြင့် အလုပ် ရှင်ကောင်း တစ်ယောက်ဆီက ရနိုင်တာတွေ အများကြီးပါပဲ။ အဲဒီအခါ ကိုယ့်ဘက် ကပထမ၊ ဒုတိယ၊ တတိယ ၀န်ထမ်းငယ် သုံးယောက်ရှိတဲ့ထဲက ဘယ်သူ့ ပုံစံမျိုး တုံ့ပြန်ခဲ့သလဲ၊ တုံ့ပြန်မှာလဲ၊ တုံ့ပြန်သင့်သလဲ စဉ်းစားသင့် ပါတယ်။
အလုပ်ဝင်ခါစမှာ အတွေ့အကြုံ နုသေးလို့ တွေ့ရတဲ့ အလုပ်ရှင် က ကောင်းနေတာကို ကောင်းမှန်းမသိဘဲ ဒုတိယ၀န်ထမ်းငယ်လို နွဲ့ဆိုး မဆိုးမိဖို့ လိုတယ်လို့ ထင်ပါတယ်။ အလုပ်ရှင်တွေက ပုထုဇဉ်တွေသာ ဖြစ် ပါတယ်။ အမျက်ဒေါသ ကင်းစင်ပြီး အစဉ်ထာဝရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကိုပွားများနေကြတဲ့ သူတော်စင်တွေ မဟုတ်ပါဘူး။ ဆိုလိုတာက ဘယ်လောက်ပဲ ချမ်းသာတဲ့သူဖြစ်ဖြစ် သူ့ဘက်က ပေးရတာနဲ့ ထိုက်တန်တာ တစ်ခုခုတန်ရာ တန်ကြေး ပြန်မရ ဘူးလို့ ထင်ရင် နောက်ထပ်ပေးချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ ပေးချင်သေး ရင်လည်း အရင်ကလောက်တော့ စိတ်ထက် သန်တော့မှာ မဟုတ်ပါဘူး။ ဒါကို ကပ်စေးနဲတယ်၊ ဆင်းရဲနွမ်းပါးသူ အပေါ် ကိုယ်ချင်းမစာဘူးလို့ မဆိုနိုင် ပါဘူး။ တကယ်တော့ အလုပ်ရှင်အပါအ၀င် သူတစ်ပါးဆီက အကူအညီ ပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေကို ရလိမ့်မယ်လို့ မျှော်လင့်မထားဘဲ ကိုယ့်အား ကိုယ်ကိုး ကြိုးစားတာကသာ အကောင်းဆုံးပါ။ ကိုယ့်အားကိုယ်ကိုး ကြိုးစား ရင်းနဲ့ အကြောင်းတိုက်ဆိုင်လို့ အကူအညီ ပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေ ရလာခဲ့ရင်တော့ အဲဒီလို အကူအညီပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေ ပေးတဲ့သူ မည်သူမဆိုကို ပေးတဲ့ ပမာဏနည်းသည်ဖြစ်စေ များသည်ဖြစ်စေ လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ပြီး အဲဒီကျေးဇူးကို အမြဲသတိတရရှိရုံတင်မက ပြည့်ပြည့် ၀၀ တုံ့ပြန်ဖို့ အားတက်သရော လုပ်သင့်ပါတယ်။ ဆိုလိုတာက ပထမ၀န် ထမ်းငယ်လို ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်မွေးမြူပြီး တတိယ၀န်ထမ်းငယ်လို သူ တစ်ပါးကျေးဇူး အထူးသိတတ်ဖို့ ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးခြင်းနဲ့ သူတစ်ပါးကျေးဇူးကို အစဉ်အောက်မေ့ပြီး တုံ့ပြန်တတ်ခြင်း ဒီနှစ်ခုကို အထင်မသေးပါနဲ့။ ဒီနှစ်ခုတည်းနဲ့တင် ဘယ်လုပ်ငန်း နယ်ပယ်မှာမဆို ထိပ်ဆုံးကို ရောက်ဖို့ လမ်းပွင့်လာရုံတင်မက ထိပ်ဆုံးအထိ တက်လှမ်း နိုင်တဲ့ စွမ်းရည်သတ်္တိတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။
by JOB seekers Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။