အောင်ဆန်းစုကြည်ကို မြန်မာပြည် ဟုခေါ်သည်။
နိုင်ငံခြားမှာ ရောက်ဖူးသူတိုင်း ကြုံဖူးမယ် ထင်တယ်။
မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မိတ်ဆက် စကားပြောရင်
သူတို့က ဘယ်နိုင်ငံက လာတာလဲ လို့မေး တတ်ကြတယ်။
မြန်မာ နိုင်ငံက လာတာပါ...ဖြေတော့ နားမလည်ကြဘူး။
ဗမာပြည်က လို့ ပြန်ပြင်လည်း နားမလည်ကြဘူး။
မြန်မာ...ဗမာ လို့ရေရွက် ခေါင်းကုတ်တတ်ကြတယ်။
မတတ်နိုင်တဲ့ နောက်ဆုံး အောင်ဆန်းစုကြည်တို့ ရွာကပါ လို့ပြောတော့
အဆင်ကို ပြေနေလို့ပါ။
ဒါကြောင့် အောင်ဆန်းစုကြည်ကို မြန်မာပြည် ဟုခေါ်သည်။
Salai K.Cho

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။