Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 15, 2014

တစ်မူထူးတဲ့ အမေရိကန်သမ္မတကတော်

တစ်မူထူးတဲ့ အမေရိကန်သမ္မတကတော်
____________________________

ဇနီးကောင်း၊ မိခင်ကောင်း

၁၉၆၄ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ အမေရိကန်ချီကာဂိုမြို့တောင်ပိုင်းက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီရှဲလ်ကို မွေးဖွားခဲ့ပါတယ်။ သူတို့အိမ်မှာ အိပ်ခန်းတစ်ခန်းပဲရှိခဲ့ပါတယ်--- တကယ်တမ်းမှာ ဧည့်ခန်းကိုတစ်ဝက်ခြမ်းပြီး ကာထားတာပါ။ မီရှဲလ်နဲ့သူ့အစ်ကိုက ထပ်ခိုးမှာအိပ်ပါတယ်။ မီရှဲလ်ရဲ့ဖခင်က မကြာခဏဖြစ်ပွားတဲ့အကြောမာရောဂါကို ခံစားနေရသူဖြစ်ပြီး ၁၉၉ဝခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်က အဲဒီဖခင်ခေါင်းချသွားတဲ့အိမ်အိုမှာပဲ နှစ်တော်တော်ကြာ နေထိုင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးခြင်းက မီရှဲလ်ကိုရုန်းကန်လှုပ်ရှားလိုတဲ့စိတ်ဓာတ် မွေးမြူပေးခဲ့ပါတယ်။ မီရှဲလ်ဟာ ငယ်ငယ်လေးကတည်းက အတန်းပညာမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တယ်။ ၁၉၈၁ခုနှစ်မှာ Princeton တက္ကသိုလ်ကို မီရှဲလ်တက်ရောက်ခွင့်ရပြီး Sociologyကို အထူးပြုဘာသာရပ်အဖြစ်၊ အာဖရိကဖွား အမေရိကန်နိုင်ငံသားသမိုင်းကို တွဲဖက်ဘာသာရပ်အဖြစ် သူသင်ယူလေ့လာခဲ့ပါတယ်။ ၄နှစ်တာကာလပြီးဆုံးသွားတဲ့အခါ မီရှဲလ်ဟာ ထူးကဲတဲ့အမှတ်နဲ့ ကျောင်းပြီးသွားခဲ့ပြီး ဟားဗတ်ဥပဒေတက္ကသိုလ်ကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကနေ Ph.Dဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာ Barack Obamaလို့ခေါ်တဲ့ ဟားဗတ်ဥပေဒေကျောင်းသားလူရွယ်တစ်ဦးဟာ မီရှဲလ်ရှိနေတဲ့ ရှေ့နေရုံးမှာ နွေကျောင်းပိတ်ရက်လေ့လာသင်ယူသူအဖြစ်နဲ့ လာရောက်ခဲ့ပါတယ်။ သူ့ကို မီရှဲလ်ကတာဝန်ယူ ကြီးကြပ်သင်ကြားပေးရပါတယ်။ အဲဒီရှေ့နေရုံးမှာ သူတို့နှစ်ယောက်ပဲလူမည်းဖြစ်တာကြောင့် အလုပ်ထဲမှာ သူတို့ဟာစရိုက်တူ၊ အကြိုက်တူတွေဖြစ်ခဲ့ကြတယ်။ အိုးဘားမားက အလုပ်မှာ အရမ်းထူးချွန်ထက်မြက်သူမဟုတ်ခဲ့ပေမယ့် တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်တွေကို အံ့သြမှုတစ်ခု သူပေးခဲ့ပါတယ်။ အဲဒီအံ့သြမှုက မီရှဲလ်ကို သူချစ်ခွင့်ပန်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

နှစ်အတော်ကြာပြီးတဲ့နောက်မှာ အိုးဘားမားက သူရဲ့အမှတ်တရကိုယ်တွေ့မှတ်တမ်းထဲမှာ သူရဲ့ချစ်ခြင်းအကြောင်းကို ဒီလိုရိုးရိုးရှင်းရှင်းဖွင့်ဆိုခဲ့ပါတယ်။ “နောက်ဆုံးမှာ သူ့ကို ကျွန်တော်အလဲဖြိုနိုင်ခဲ့ပါတယ်”။ ၁၉၉၂ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှာ သူတို့မင်္ဂလာဆောင်ခဲ့ကြပါတယ်

အမေရိကန် Newsweek သတင်းစာရဲ့ ထုတ်ပြန်ချက်အရ မီရှဲလ်ဟာ မင်္ဂလာဆောင်ပြီးလည်း ညတိုင်း ၉နာရီခွဲမှာ ပုံမှန်အိပ်ရာဝင်ပြီး မနက် ၄နာရီခွဲမှာအိပ်ရာထတယ်လို့ ဆိုပါတယ်။ ပြေးစက်ပေါ်မှာ ခဏလောက်ပြေးပြီး ခြင်းထဲပစ်ထည့်ထားတဲ့ လင်ယောက်ျားရဲ့ဝတ်ပြီးသားအဝတ်တွေကို သိမ်းဆည်းတယ်၊ သန့်ရှင်းရေးလုပ်တယ်၊ အဲဒီနောက် မနက်စာပြင်ဆင်ပြီး သမီးကိုအချိန်ကိုက် အိပ်ရာနှိုးတယ်။ အိုးဘားမားက အမြဲတမ်း ဇနီးဖြစ်သူကို ချီးမွမ်းထောပနာပြုပါတယ်။ မီရှဲလ်ဟာ အရာရာကို လိုလေသေးမရှိအောင် ပြင်ဆင်နိုင်တယ်လို့ အိုးဘားမားကဆိုပါတယ်။ “သူဟာ အိမ်ထောင့်တာဝန်ကို ကျွမ်းကျွမ်းကျင်ကျင်ထိန်းသိမ်းနိုင်သူပါ။ သူ့အဆင့်ကို ကျွန်တော်ဘယ်တော့မှ မီနိုင်မှာ မဟုတ်ပါဘူး”လို့ အိုဘားမားကဆိုခဲ့ပါတယ်။

အိုဘားမား အိမ်ဖြူတော်ရောက်ပြီးနောက် မီရှဲလ်ကို အမေရိကန်လူမျိုးတွေနှစ်သက်စေခဲ့တဲ့ လုပ်ရပ်တစ်ခုက သူဟာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်နိုင်ခဲ့လို့ဖြစ်တယ်။ လူအများက ဒါဟာ သူရဲ့တကယ့်စစ်မှန်တဲ့ သရုပ်ဆောင်ချက်မဟုတ်ဘူးလို့ထင်ခဲ့ကြတယ်။ မီရှဲလ်ရဲ့ဟောပြောမှုတွေကလည်း လင်ယောက်ျားဖြစ်သူလောက် မညံ့ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဟောပြောတိုင်း သူဟာ သူ့သမီးအကြောင်းနဲ့ သာမန်မိန်းကလေးတွေရဲ့အတွေ့အကြုံကိုပဲ ပြောခဲ့ပါတယ်။ လင်ယောက်ျားနဲ့ မိသားစုအကြောင်းကိုလည်း ထပ်တလဲလဲပြောဆိုတတ်ခဲ့ပါတယ်။ သူ့ကိုယ်သူမိတ်ဆက်ပေးပါလို့ မီရှဲလ်ကို လူတွေတောင်းဆိုတဲ့အခါ သူက များသောအားဖြင့် “ပထမဆုံး ပြောချင်တဲ့အရေးပါတဲ့ စကားတစ်ခွန်းက ကျွန်မဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပါတယ်”ဆိုတာပဲဖြစ်တယ်။

သမီးနှစ်ယောက်အပေါ် မီရှဲလ်စည်းကမ်းတင်းကြပ်လွန်းခဲ့ပါတယ်။ “အပြင်ကို ပျော်ပွဲစားထွက်၊ ခရီးထွက်တဲ့အခါ ကျောင်းက အိမ်စာလုပ်ပါလို့ မတောင်းဆိုပေမယ့် သူတို့တွေ့ခဲ့တာ ကြားခဲ့တာတွေကို ရေးမှတ်ရပါတယ်”၊ “စနေ၊ တနင်္ဂနွေနေ့မဟုတ်ရင် ရုပ်ရှင်တီဗီမကြည့်ရပါဘူး”၊“ကွန်ပျူတာဆိုတာ အိမ်စာလုပ်ဖို့အတွက်ပါ”…. စတာတွေဖြစ်တယ်။ အမေရိကန်နိုင်ငံရေးသမား တော်တော်များများက သူတို့ကလေးကို မီရှဲလ်လက်ထဲအပ်ချင်ပါတယ်လို့ ရယ်စရာအဖြစ် ပြောခဲ့ကြပါတယ်။

၂ဝ၁၂ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်ဟောပြောရတော့ အိုဘားမားဟာ ဟောပြောစင်မြင့်ထက်တက်ပြီး တီဗီကြည့်ပရိသတ်ထောင်ပေါင်းများစွာကို “ဒီကနေ့ညမှာ ကျွန်တော်ပြောစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က လွန်ခဲ့တဲ့အနှစ်၂ဝမှာ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးယောက်ျားဖြစ်ခဲ့ပါတယ်။ အကြောင်းက ကျွန်တော်နဲ့လက်ထပ်ဖို့ မီရှဲလ်သဘောတူခဲ့လို့ပါ” လို့ပြောခဲ့ပါတယ်။

မီရှဲလ်ကလည်း ပရိသတ်သန်းပေါင်းများစွာရှိတဲ့ သူ့ Twitterမှာ “နှစ် ၂ဝမြောက် လက်ထပ်မင်္ဂလာရက်မြတ်ပါ.. Barack ။ နေ့စဉ်နေ့တိုင်း အဖော်ကောင်း၊ သူငယ်ချင်းကောင်း၊ ဖခင်ကောင်းတစ်ဦးအဖြစ် ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ I love you” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဆက်ပါဦးမယ်... နောက်နှစ်ပိုဒ်ကျန်ပါသေးတယ်...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။