Martin Swe with Tun Wai and 22 others
မအူပင်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောသော မိန့် ခွန်း
(အပြည့်အစုံ)
*******************************************************************
ကျွန်မတို့ကလာပြီးတော့ ကြိုဆိုအားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ကျွန်မဒီနေ့ မအူပင်ကို လာရတဲ့ အကြောင်းကတော့ အကြောင်း နှစ်ကြောင်းရှိပါတယ်။ ပထမအကြောင်းကတော့ ကျွန်မ(၂၀၁၂) တုန်းက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်မှာ မအူပင်ကိုလာမယ်ဆိုပြီးတော့အစီအစဉ် တစ်ခုလုပ်ခဲ့ပါတယ်။ဒါပေမယ့် အကြောင်း ကြောင်းကြောင့် မို့လို့ မရောက်ခဲ့ပါဘူး၊ ဒါကြောင့် ဒါဟာအကြွေးဆပ်တဲ့ သဘောလဲပါပါတယ်။နောက် ဒုတိယအကြောင်းကတော့ ကျွန်မတို့ ဖွဲ့စည်းပုံအခြေံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်လို့ နိုင်ငံတစ်ဝှမ်း မှာ ရှင်းလင်းပွဲတွေလုပ်နေတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ လာခဲ့တာဖြစ်ပါတယ်။
ဒီတော့ ပထမကိစ္စကို ပြန်ပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုတာကလဲ ပြည်သူပြည်သားများရဲ့ ဒီမိုကရေစီ အခွင့်အရေးများကို တတ်နိုင်သမျှ ကျယ်ပြန့်အောင်လုပ်နိုင်ဖို့ အတွက်ကျွန်မတို့ ရည်ရွယ်ပြီးတော့ ပါဝင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့လဲ ကျွန်မတို့ဟာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့လဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။(အပြည့်အစုံ)
*******************************************************************
ကျွန်မတို့ကလာပြီးတော့ ကြိုဆိုအားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ကျွန်မဒီနေ့ မအူပင်ကို လာရတဲ့ အကြောင်းကတော့ အကြောင်း နှစ်ကြောင်းရှိပါတယ်။ ပထမအကြောင်းကတော့ ကျွန်မ(၂၀၁၂) တုန်းက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်မှာ မအူပင်ကိုလာမယ်ဆိုပြီးတော့အစီအစဉ် တစ်ခုလုပ်ခဲ့ပါတယ်။ဒါပေမယ့် အကြောင်း ကြောင်းကြောင့် မို့လို့ မရောက်ခဲ့ပါဘူး၊ ဒါကြောင့် ဒါဟာအကြွေးဆပ်တဲ့ သဘောလဲပါပါတယ်။နောက် ဒုတိယအကြောင်းကတော့ ကျွန်မတို့ ဖွဲ့စည်းပုံအခြေံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်လို့ နိုင်ငံတစ်ဝှမ်း မှာ ရှင်းလင်းပွဲတွေလုပ်နေတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ လာခဲ့တာဖြစ်ပါတယ်။
ဒီအချိန်မှာကျွန်မ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စကို နည်းနည်းလေးအကျယ်တစ်ဝင့် ရှင်းပြချင်ပါတယ်။၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဦးဆုံး စပြီးတော့ ကျွန်မတို့ထူထောင်စဉ်ကတည်းက ရည်ရွယ်ချက်တစ်ခုက အမျိုးသား ရင်ကြားစေ့ရေး ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲ့ဒီတုန်းကလဲ အားလုံးဟာ ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ ရင်ကြားစေ့ရေးဆိုတာ အားလုံးနားလည်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ဒီမိုကရေဒီ အရေးတော်ပုံကြီးကိုချေမှုန်းပြီးတဲ့နောက်မှာ တပ်မတော်နဲ့ ပြည်သူကြားမှာကွာဟမှုတွေ အင်မတန်မှ များသွားပါတယ်။ဒါတွေကို ပြန်ပြီးတော့စေ့ဖို့ ရင်ကြားစေ့ဖို့ ဆိုပြီးတော့ ကျွန်မတို့ စတင်ပြီးတော့လုပ်ခဲ့တာပါ။ အဲ့ဒီတုန်းက မူကို အခုထက်ထိ လက်မလွှတ်ခဲ့ပါဘူး၊ တစ်စိုက်မတ်မတ် ကျွန်မတို့ဟာ ဒီတိုင်းပဲကျွန်မတို့ဟာ လာခဲ့ပါတယ်။
ဒီတော့ ဖွဲ့စည်းပုံအခြေံဥပဒေ ပြန်လည်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်လို့ရှိရင် တစ်ချို့တွေကနေပြီးတော့ဒီဟာကို သဘောမတူကြပါဘူး။ ဖွဲ့စည်းပုံအခြေံဥပဒေကို မပြင်ချင်ကြဘူး၊ဘာဖြစ်လို့မပြင်ချင်ကြလဲဆိုတဲ့အကြောင်းကို ကျွန်မတို့ရဲ့ ပြည်သူလူထုတွေ ကလေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။ ဖွဲ့စည်းပုံအခြေံဥပဒေကို လေ့လာကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရဲ့ စံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးဆိုတာအင်မတန်မှ ရှင်းနေပါတယ်။ စောစောက ဦးဝင်းမြင့်ရော ဦးအောင်ကြည်ညွန့်ရော ဆွေးနွေးသွားတဲ့ အတိုင်းပဲ ဒီမိုကရေစီအရဆိုရင် စံနှုန်းစံထားအရ ဆိုရင် ကျွန်မတို့ အားလုံးဟာ တန်းတူညီတူမှု ရှိရမယ်၊ ပြည်သူလူထုရဲ့ဆန္ဒကသာသြဇာ အရှိဆုံးဖြစ်ရမယ်၊ ဒီလို မဟုတ်ဘဲနဲ အစုအဖွဲ့ တစ်ခုကို အဓိက အကြီးဆုံး အမြင့်မားဆုံး သြဇာပေးထားတာဟာ ဘယ်လိုမှ ဒီမိုကရေစီမဆန်ဘူးဆိုတာကို ကျွန်မတို့အားလုံးနားလည်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ တပ်မတော်ကို မုန်းတီးလို့မဟုတ်ဘူး၊တပ်မတော်ကို မလိုလားလို့ မဟုတ်ဘူး၊ တပ်မတော်မဟုတ်ဘူး ဘယ်အဖွဲအစည်းကိုမှ အထူးအခွင့်အရေး ပေးထားတာကို မလိုလားလို့ဖြစ်ပါ တယ် လို့ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဒီလိုနိုင်ငံအတွင်းမှာ အဖွဲအစည်းတစ်ခုကို အထူးအခွင့် အရေး၊ သြဇာပေးထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွင်းမှာ ဘယ်လိုမှ ညီညွတ်မှုရမှာ မဟုတ်ပါဘူး။
ညီညွတ်မှုဆိုတာ တန်းတူညီမျှမှုပေါ်မှာ အခြေခံပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်။ အခု မအူပင်လို မြို့နယ် မှာဆိုလို့ရှိရင် ကျွန်မတို့ရဲ့ တိုင်းရင်းသား ဗမာများ မဟုတ်တဲ့ တိုင်းရင်းသားတွေ ရှိပါတယ်။ ဗမာဆိုတာလဲ တိုင်းရင်းသားတွေထဲက တစ်စုပါပဲ၊ ဒါပေမဲ့ ကျွန်မတို့ဟာအများဆုံးအစု ဖြစ်နေတယ်။ အရေအတွက် အများ ဆုံးအုပ်စု ဖြစ်နေတယ်၊ ဒီတော့ဒီလို တိုင်းရင်းသားမျိုးစုံနဲ့ဖွဲစည်းထားတဲ့ ပြည်ထောင်စုတစ်ခုမှာ တစ်ကယ်ပဲ ညီညွတ်မှုရှိဖို့ ညီညွတ်မှုရှိမှလဲ ငြိမ်းချမ်းမယ်၊ အေးချမ်းမယ်။ ငြိမ်းချမ်းဖို့ အေးချမ်းဖို့ဆိုရင် တန်းတူညီမျှမှုဆိုတာဟာ အခြေံလိုအပ်ချက် ဖြစ်ပါတယ်။ ဒီလိုတန်းတူညီမျှမရှိအောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေံဥပဒေဟာကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းရေးပေးနိုင်မှာလားလို့ ကျွန်မတို့မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။
ဒီဟာကိုကျွန်မတို့ပြည်သူတွေကလွယ်လွယ်နဲ့နားလည်မယ်လို့ထင်ပါတယ်။ အခုထက်ထိပေါ့နော် ဒီနိုင်ငံမှာအကြောက်တရားတွေ လုံးဝကင်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒါလဲအားလုံက သိမှာပါ ဒီလိုအကြောက်တရားတွေ မကင်းသွားရတာ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တန်းတူညီမျှမှု မရှိလို့ပါဘဲ။ တစ်ချို့တွေက မရသင့် မရှိသင့်တဲ့သြဇာတွေကို သုံးပြီးတော့ ပြည်သူတွေကိုဖိနှိပ်နေတယ်၊ အနိုင်ကျင့်တယ်လို့ဆိုရမှာပါ၊ အဲ့ဒါတွေဟာခုထက်ထိရှိနေပါတယ်၊ ဒီဟာတွေ မပပျောက်၍ ကျွန်မတို့နိုင်ငံဟာအေးချမ်းမှာမဟုတ်ဘူး၊ ညီညွတ်မှုမရှိရင် မအေးချမ်းဘူး၊အေးချမ်းမှုမရှိရင် တိုးတက်နိုင်မှာမဟုတ်ပါဘူး။အားလုံးကချမ်းသာချင်ကြတယ်၊ကျွန်မတို့လဲချမ်းသာချင်ကြတာပဲ၊ဒီအတိုင်းပဲ ချမ်းချမ်းသာသာနေချင်ကြတာပါပဲ။ဒီတော့ အခုဆိုရင် တစ်ချို့ကဘယ်လိုပြောလဲဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေံဥပဒေဆိုတာ နိုင်ငံရေးကိစ္စ၊နိုင်ငံရေးကိစ္စကအရေးမကြီးပါဘူး။ တစ်ကယ်အရေးကြီးတာက စီးပွားရေး တိုးတက်ဖို့၊ဒါမှပြည်သူတွေ ဖွံ့ဖြိုးလာမယ်၊ဒါမှပြည်သူတွေ ချမ်းချမ်းသာသာနေနိုင်မယ်ဆိုပြီးတော့ ပြောတာတွေရှိပါတယ်။ဒါပေမယ့်လဲ တစ်ကယ် စီးပွားရေးဘက် မှာတိုးတက်ဖို့ တစ်ကယ့်ဖွံ့ဖြိုးရေး ဖြစ်ဖို့ဆိုတာ တန်းတူညီမျှမှု အခွင့်အရေးတွေ အများကြီးလိုပါတယ်။ တန်းတူညီမျှမှုမရှိဘဲနဲ့ကျွန်မတို့နိုင်ငံမှာတစ်ကယ်ဖွံ့ဖြိုး နိုင်တယ် ဆိုတာမဖြစ်နိုင်ပါဘူး။
ကျွန်မတို့နိုင်ငံမှာဆိုရင် တစ်ချို့အုပ်စုတွေက အထူးတစ်လည် ဖွံ့ဖြိုးနေတယ်ဆိုရင် ကျွန်မတို့  ပြည်သူအများစုဟာ ဘယ်လိုလုပ်ကျေနပ်နိုင်မှာလဲ။ ဒီတော့ ကျွန်မကြုံတုန်းတော့ပြောရမယ်နော် ၊ကြုံတုန်းတော့ပြောရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပိုက်ဆံရှိတဲ့ ပါတီမဟုတ်ပါဘူး၊ဒါပေမဲ့ ကျွန်မက ကျွန်မတို့ အဖွဲ့ချုပ်ကနေပြီးတော့ ပိုက်ဆံမရှိလို့ မရှက်ပါဘူး။ ကျွန်မက ဂုဏ်ယူတယ်၊ ကျွန်မတို့ သန့်သန့်ရှင်းရှင်းနဲ့လုပ်ခဲ့လို့ ပိုက်ဆံမရှိတာပါလို့။
ကိစ္စတစ်ခုကိုအောင်မြင်ချင်တယ်ဆိုရင် ကျွန်မတို့မှာ လက်နက်အင်အားလဲမရှိဘူး။ ပိုက်ဆံအင်အားလဲမရှိဘူး။ အဲဒီတော့ ကျွန်မတို့ဘယ်အင်အားကိုယူရလဲဆိုရင် ပြည်သူတွေရဲ့ အင်အားကိုယူရပါတယ်။ ပြည်သူကိုအင်အားကိုယူတဲ့အခါ ကျရင် ပြည်သူရဲ့အင်အားကို အလွဲသုံးစားလုပ်ဖို့မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ရဲ့ မူဝါဒဟာ အစကတည်းကအကြမ်းဖက်မှုကို ကျွန်မတိုလုံးဝအားမပေးဘူး။ လုံးဝမသုံးဘူး။ ပြည်သူလူထုရဲ့ အင်အားကို အကြမ်းဖက်မှု အတွက်ကျွန်မတို့ လုံးဝမသုံးဘူး၊ ပြည်သူလူထုရဲ့အင်အားကို ပြည်သူလူထု တိုးတက်မှုအတွက်ပဲ ကျွန်မတို့ရယူပြီးတော့ စည်းရုံးပြီးတော့ ကျွန်မတို့ အတူသုံးစွဲတယ်။ ပြည်သူနဲ့အတူသုံးစွဲတာဖြစ်ပါတယ်။ (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲ တုန်းက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မအူပင်မြို့နယ်မှာ နိုင်ခဲ့တာဟာလဲ ပြည်သူလူထုရဲ့ကျေးဇူးကြောင့်ပါ၊ ကျွန်မတို့နာမည်သွင်းလိုက်တဲ့ ကိုယ်စားလှယ်ဆိုတာဟာလဲ အများပြည်သူမဲပေးတဲ့ သူအားလုံးကလဲ သိကြတာမဟုတ်ပါဘူး။ အဲဒီဟာနဲ့ပတ်သတ်လို့လဲ တစ်ချို့ကဝေဖန်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီစွဲနဲ့မဲ့ထည့်လိုက်တယ်၊ ကိုယ်စားလှယ်ရဲ့ အရည်အချင်းကိုသေချာ မကြည့်ဘူး၊ပါတီကိုပဲ ကြည့်ပြီးတော့မဲထည့်တယ် ဒါဟာမဖြစ်သင့်ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့်လဲ ဒါဟာ ဒီမိုကရေစီစနစ်အရဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ၊မဖြစ်သင့်ဘူးဆိုတာလဲ မဟုတ်ပါဘူး။
ကိစ္စတစ်ခုကိုအောင်မြင်ချင်တယ်ဆိုရင် ကျွန်မတို့မှာ လက်နက်အင်အားလဲမရှိဘူး။ ပိုက်ဆံအင်အားလဲမရှိဘူး။ အဲဒီတော့ ကျွန်မတို့ဘယ်အင်အားကိုယူရလဲဆိုရင် ပြည်သူတွေရဲ့ အင်အားကိုယူရပါတယ်။ ပြည်သူကိုအင်အားကိုယူတဲ့အခါ ကျရင် ပြည်သူရဲ့အင်အားကို အလွဲသုံးစားလုပ်ဖို့မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ရဲ့ မူဝါဒဟာ အစကတည်းကအကြမ်းဖက်မှုကို ကျွန်မတိုလုံးဝအားမပေးဘူး။ လုံးဝမသုံးဘူး။ ပြည်သူလူထုရဲ့ အင်အားကို အကြမ်းဖက်မှု အတွက်ကျွန်မတို့ လုံးဝမသုံးဘူး၊ ပြည်သူလူထုရဲ့အင်အားကို ပြည်သူလူထု တိုးတက်မှုအတွက်ပဲ ကျွန်မတို့ရယူပြီးတော့ စည်းရုံးပြီးတော့ ကျွန်မတို့ အတူသုံးစွဲတယ်။ ပြည်သူနဲ့အတူသုံးစွဲတာဖြစ်ပါတယ်။ (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲ တုန်းက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မအူပင်မြို့နယ်မှာ နိုင်ခဲ့တာဟာလဲ ပြည်သူလူထုရဲ့ကျေးဇူးကြောင့်ပါ၊ ကျွန်မတို့နာမည်သွင်းလိုက်တဲ့ ကိုယ်စားလှယ်ဆိုတာဟာလဲ အများပြည်သူမဲပေးတဲ့ သူအားလုံးကလဲ သိကြတာမဟုတ်ပါဘူး။ အဲဒီဟာနဲ့ပတ်သတ်လို့လဲ တစ်ချို့ကဝေဖန်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီစွဲနဲ့မဲ့ထည့်လိုက်တယ်၊ ကိုယ်စားလှယ်ရဲ့ အရည်အချင်းကိုသေချာ မကြည့်ဘူး၊ပါတီကိုပဲ ကြည့်ပြီးတော့မဲထည့်တယ် ဒါဟာမဖြစ်သင့်ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့်လဲ ဒါဟာ ဒီမိုကရေစီစနစ်အရဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ၊မဖြစ်သင့်ဘူးဆိုတာလဲ မဟုတ်ပါဘူး။
ကျွန်မတို့ရဲ့ပါတီရဲ့မူဝါဒတွေအရ ကျွန်မတို့ကိုယ်စားလှယ်တွေအားလုံးကလုပ်ရမှာဖြစ်ပါတယ်၊ဒီမူဝါဒတွေကနေ တိမ်းစောင်းသွားလို့ရှိရင် ကျွန်မတို့ရဲ့ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအရကျွန်မတို့ဟာ အရေးယူမှာဖြစ်ပါတယ်၊ အကယ်၍ ပြည်သူလူထုက ကျွန်မတို့ကိုယ်စားလှယ်တွေနဲ့ ပတ်သတ်လို့ သဘောမကျဘူး မကျေနပ်ဘူးဆိုရင် အဖွဲ့ချုပ်ကို တိုင်ပိုင်ခွင့် ရှိတယ်၊ အဖွဲ့ချုပ်ကနေလဲ သင့်တော်သလို အရေးယူမှာဖြစ်ပါတယ်။အဲဒီလိုနည်းနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကတစ်ဆင့် ကျွန်မတို့ပြည်သူလူထုကို ထုတ်ပြတဲ့ ကိုယ်စားလှယ်တွေကို ကျွန်မတို့ထိန်းထားတာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ထောက်ခံမှုကိုတောင်းလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်အတွက်တောင်းပါတယ်။ ကျွန်မတို့ ပါတီအတွက် တောင်းပါတယ်၊ဒါဟာလဲဒီမိုကရေစီရဲ့လုပ်နည်းလုပ်ဟန်အတိုင်းပါပဲ၊နိုင်ငံတိုင်း နိုင်ငံတိုင်းမှာကြည့်ပါ ဒီမိုကရေစီကို တစ်ကယ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာဆိုလို့ရှိရင် ပြည်သူလူထုတွေကမဲပေးတဲ့အခါကျရင် ပုဂ္ဂိုလ်တစ်ဦးထက်ပါတီ တစ်ခုအတွက် မဲပေးတာများကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီတွေဟာသူတို့ရဲ့မူဝါဒ၊ သဘောတရားတွေ၊ သူတို့ရဲ့လမ်းစဉ်တွေကို သေသေချာချာ ချပြနိုင်တယ်၊ ပြည်သူလူထုကလဲ ဒါတွေကို လေ့လာနိုင်တယ်၊ဒါတွေကိုလေ့လာလို့ သဘောကျလို့ ရွေးတယ်ဆိုလို့ရှိရင် ဒီပါတီရဲ့ ကိုယ်စားလှယ်တွေရဲ့လုပ်ရပ်တွေဟာ ဒီပါတီမှာတာဝန်ရှိသွားပါတယ်။ ဒီတော့တာဝန်ရှိမှုပေါ့ နိုင်ငံတစ်နိုင်ငံမှာ တာဝန်ရှိမှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။
အာဏာရှင်အစိုးရတစ်ခုနဲ့ ဒီမိုကရေစီ အစိုးရတစ်ခုကြားထဲမှာ အကြီးဆုံး အကြီးမားဆုံးကွာဟချက်က ဘာလဲဆိုတော့ ဒီမိုကရေစီ အစိုးရဆိုတာ တာဝန်ယူရတယ်၊ အာဏာရှင်အစိုးရဆိုတာ လုံးဝတာဝန်မယူဘူး၊ လုပ်ချင်တာ လုပ်ကြတယ်၊ ကျွန်မတို့ဟာ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို အမြဲပဲတွဲပြီးတော့ မြင်ရမယ်ဆိုတာ ထပ်တစ်လဲလဲပြောနေတဲ့ကိစ္စပါ၊ ကျွန်မတို့ရဲ့ပြည်သူတွေကိုလဲပြောပါတယ်၊ ကျွန်မတို့တစ်ဖက်သတ်မပြောပါဘူး၊အစိုးရသာလျှင်တာဝန်နဲ့လုပ်ပိုင်ခွင့်ကို တွဲထားရမှာ မဟုတ်ပါဘူး။ ပြည်သူတွေကလဲ ကိုယ့်ရဲ့တာဝန်များနဲ့ကိုယ့်ရပိုင်ခွင့်များကိုယ့်ရဲ့အခွင့်အရေးများနှစ်ဖက်စလုံးကို သိဖို့လိုပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ကျောင်းမှာကတည်းကပြည်သူနီတိဆိုတာကိုသင်ရပါတယ်။ပြည်သူနီတိကို သင်ပေးတဲ့ အကြောင်းအရင်းကတော့ကျွန်မတို့ပြည်သူများဟာ ကိုယ့်တာဝန်ကိုကိုယ်သိပြိးတော့ ကိုယ်နိုင်ငံအတွက်၊ ကိုယ့်တိုင်းပြည် အတွက် ကိုယ်မှာဘာလုပ်သင့်လဲဆိုတာကိုနားလည်ဖို့အဲဒါကို သင်ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့်ကျွန်မတို့ ထပ်တစ်လဲလဲပြောပါတယ်။ ကျွန်မပြည်သူလူထုကို အကြိုက်ပြောပြီးတော့စည်းရုံးခဲ့တာ မရှိပါဘူး။ ကျွန်မတို့မှန်မှန်ကန်ကန်နဲ့ ကျွန်မတို့သဘောတရားတွေကို ချပြပါတယ်၊ကျွန်မပြည်သူတွေကို တာဝန်စိတ်ရှိတဲ့ပြည်သူတွေဖြစ်စေချင်တယ်။တစ်ချို့ကတော့ ပြည်သူတွေကို မဲဆွယ်လိုက်လို့ရှိရင် အစကလဲပေးလိုက်သေးတယ်၊အစည်းအဝေးတက်ရဖို့လဲပိုက်ဆံရတယ်ဆိုတာ ဟုတ်လား၊ ကျွန်မတို့ကိုပြောတာ မဟုတ်ဘူးနော်၊ အဲ့တော့ ကျွန်မပြောချင်တာက ကျွန်မတို့ဟာပြည်သူတွေကို ပြောရမယ်ဆိုလို့ရှိရင် မက်လုံးပေးပြီးတော့ ကျွန်မတို့ဆွယ်တာမဟုတ်ပါဘူး၊ အမှန်တရား ကိုချပြပြီးတော့ ရွေးပါ၊ကိုယ်မှန်တယ်ထင်တာ ကိုယ်သင့်တော်တယ်ထင်တဲ့လမ်းကိုရွေးပါဆိုပြီးတော့ ကျွန်မတို့ ချပြပြီးတော့စည်းရုံးတာဖြစ်ပါတယ်။ဒီတော့ ကျွန်မအမြဲပြောတယ်ပေးပြီးတော့ မဲဆွယ်တဲ့သူတွေကို သတိထားနော် မဲရပြီးလို့ရှိရင် ပေးချင်မှပေးမှာ။ ကျွန်မတို့ကတော့ ဘယ်လောက်မှ ဘာမှ ပေးပြီးတော့ မဲဆွယ်မှာမဟုတ်ဘူး။
အခုကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံပြုပြင်ပြောင်းလဲရေးကို ၀ိုင်းပြီးတော့ ထောက်ခံ ကြပါလို့ပြောတဲ့နေရာမှာ နံပါတ်တစ်က ကျွန်မတို့ ဒီလိုပိုက်ဆံပေးပြီးထောက်ခံ ပါလို့လဲ မပြောဘူး၊ နံပါတ်နှစ်ကလဲထောက်ခံပြီးလို့ရှိရင် ပိုက်ဆံရပါမယ်၊ ဘာအခွင့်အရေးရပါမယ်လို့ ကျွန်မတို့မပြောဘူး။ ကျွန်မတို့တစ်ခုပဲပြောနိုင်တယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်မတို့လိုချင်သလို ပြောင်းနိုင်လို့ရှိရင်တော့ ပြည်သူလူထုဟာ တစ်ကယ်ပဲစစ်မှန်တဲ့ ဒီမိုကရေစီဥပဒေတစ်ခုအောက်မှာ လုံလုံခြုံခြုံနဲ့ နေသွားနိုင်မယ် ဆိုတာကိုတော့ ကျွန်မတို့ပြောလို့ရပါတယ်။ အဲ့တော့ ကိုယ်ကိုယ်တိုင်ဟာ ကိုယ့်ရဲ့အခွင့်အရေးတွေကို ဒီမိုကရေစီအခွင့်အရေး တွေကို ပြည့်ပြည့်၀၀အကာအကွယ်ပေးမယ့် ဥပဒေတစ်ခုအောက်မှာနေချင်ရင် ကိုယ်လဲဝင်ပါပြီးတော့ကြိုးစားရမယ်။ဥစ္စာရင်လို ဥစ္စာရင်ခဲ။ ကိုယ်လဲဝင်ပါပြီးတော့ကြိုးစားရမယ်၊တစ်ခြားလူတွေကြိုးစားဖို့ ထားနေလို့မဖြစ်ပါဘူး။ ဒါကြောင့်ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သတ်လို့ပြုပြင်ပြောင်းလဲချင်ပြီဆိုကတည်းက နံပါတ်တစ်ကဘာလဲဆိုတော့ ပြည်သူလူထုရဲ့ အင်အားကိုလိုအပ်တယ်၊ဒီအင်အားကိုလိုအပ်တဲ့နေရာမှာ ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတော့ ကျွန်မတို့ဟာပြည်သူလူထုကို ရှင်းပြပြီးမှ ပြည်သူလူထုရဲ့ထောက်ခံမှုကိုရယူမယ်လို့ဆုံးဖြတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကယ့်ထောက်ခံမှု တစ်ကယ်အားကိုးရတဲ့ထောက်ခံမှု တစ်ကယ် ယုံကြည်ရတဲ့ထောက်ခံမှု ဆိုတာ နားလည်မှုပေါ်မှာ အခြေခံရတယ်။ နားမလည်ဘဲနဲ ထောက်ခံလိုက်တဲ့ဟာက တစ်နေ့ကျရင်ပျက်ပြယ်သွားမယ်၊တစ်နေ့ကျရင် ဟာ ဒါငါမသိလို့ ထောက်ခံမိတာ လို့ဖြစ်သွားလိမ့်မယ်၊ အစကဒီလိုမှန်းမသိပါလား၊ သိလို့ရှိရင် မထောက်ခံခဲပါဘူးဆိုပြီးတော့ ဖြစ်သွားမှာစိုးလို့ ကျွန်မတို့က ပြည်သူလူထုရဲ့ထောက်ခံမှု တောင်းတဲ့နေရာမှာ သေသေချာချာနဲ့ ရှင်းပြပါတယ်။ဘယ်လိုဘယ်လိုကြောင့်ကျွန်မတို့ ဒီထောက်ခံမှုကိုတောင်းပါတယ်ဆိုတာ။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သတ်လို့ရှိရင် ကျွန်မတို့ဒီလိုဟောပြောပွဲတစ်ခုမှာ အသေးစိတ်ရှင်းပြဖို့ဆိုတာ အချိန်မရပါဘူး၊ နောက်ပြီးတော့လဲ သိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံရဲ့ရာသီဥတုကလဲ အင်မတန်မှပြင်းထန်ပါတယ်။ပြင်းထန်တဲ့ အခါကျတော့ ဒီတရားဟောပွဲတွေကို သိပ်ရှည်ရှည်လုပ်လို့ မဖြစ်ပါဘူး။ဒါပေနဲ့ ကျွန်မတစ်ခုပြောမယ်နော် မဟုတ်တဲ့ မသင့်တော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအောက်မှာနေရတာက ရာသီဥတုထက်ပိုပြီးတော့ပြင်းထန်ပါတယ်။ဒီတော့ အရိပ်အာဝါသပေါ့ ကျွန်မတို့ခုအရိပ်အာဝါသ မရှိတဲ့အခါလေး ခဏလေး တစ်နာရီ နှစ်နာရီအတွင်းမှာ ဘယ်လောက်ပင်ပန်းလဲ။ မှန်ကန်တဲ့ဥပဒေရဲ့ အရိပ်အာဝါသမရှိတဲ့အ ကျွန်မတို့ဟာဆက်ဆက်ပြီးတော့ တစ်နှစ်မဟုတ်ဘူး နှစ်နှစ်မဟုတ်ဘူး ဆယ်စုတွေနဲ့ ဆက်ပြီးတော့ပင်ပန်းရပါလိမ့်မယ်၊ဒါကြောင့်မို့လို့ ကျွန်မတို့ ကိုယ်လိုချင်တဲ့ အရိပ်အာဝါသကို ကိုယ်ဘာကို ရအောင်လုပ်ယူဖို့ ပြည်သူလူထုကိုပါဝင်ပြီးတော့ ပတ်သတ်စေချင်ပါတယ်၊ ဖွဲ့စည်းပုံအခြေံခံဥပဒေနဲ့ စောစောကကျွန်မပြောတဲ့အတိုင်းပဲ အတိအကျ အသေးစိတ်ကျွန်မတို့ပြောဖို့ အချိန်မရှိပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဒီ ဖွဲ့စည်းပုံအခြေံခံဥပဒေထဲမှာ ပြင်သင့်တဲ့ အပိုဒ်တွေကို အသေးစိတ်ကိုထုတ်ပြန်ပြီးတော့ ရေးသားထားတာရှိပါတယ်။ ပြည်သူတွေအနေနဲ့ တစ်ကယ်ပဲ စိတ်ဝင်စားတယ် ဆိုရင် ရယူနိုင်ပါတယ်။ ဒါအများရယူနိုင်တဲ့အခြေအနေပါ၊ကျွန်မတို့အများအတွက် ထုတ်ဝေထားတာပါ။အဲ့တော့ အဲ့ဒီထဲမှာဆိုရင် ကျွန်မတို့က ဘာရှင်းပြထားလဲဆိုရင်ဘာကြောင့် ဒီပုဒ်မတစ်ခုကို ဘယ်ပုဒ်မကိုပြင်မယ၊ဘာကြောင့်ပြင်မယ် ဘယ်လိုပြင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ ကျွန်မတို့ထုတ်ပြန်ထားပါတယ်။ဒါမှပြည်သူကသေသေချာချာလေ့လာပြီးတော့ ကျွန်မတို့ရဲ့တင်ပြချက်တွေနဲ့ သဘောတူသလား သဘော မတူဘူးလားဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။
အဲ့ဒီတော့ ကျွန်မဒီချိန်မှာ နည်းနည်းတော့စိန်ခေါ်လိုက်ချင်တယ် တစ်ခြား ဘယ်ပါတီက မိမိတို့ပါတီအနေနဲ့ ဘယ်ပုဒ်မတွေကို ဘယ်လို ဘာ့ကြောင့် ပြင်မလဲဆိုတာ ထုတ်ပြန်ထားတာ ရှိသလားဆိုတာ ကျွန်မကတော့ မေးခွန်း ထုတ်ရဲပါတယ်။ ဒါဟာဘာနဲ့ဆိုင်လဲဆိုတော့ ပွင့်လင်းမြင်သာမှုနဲ့ဆိုင်ပါတယ်။အခုလက်ရှိကောင်းသော အစိုးရ ခဏခဏပဲနော် ကစိုးရပိုင်းကပြောနေတာတွေပြည်သူတွေကြားရမှာပါ၊တာဝန်သိမှု နဲ့ ပွင့်လင်းမြင်သာမှု။ အဲ့ဒီတော့ ဘယ်မှာလဲ တာဝန်သိမှု ဘယ်မှာလဲ ပွင့်လင်းမြင်သာမှု ဆိုတာ ပြည်သူလူထုတွေကမေးပိုင်ခွင့် ရှိပါတယ်။ မေးကြပါ၊ ပွင့်ပွင့် လင်းလင်းနဲ့ ဘယ်ပါတီက ဖွဲ့စည်းပုံအခြေံခံဥပဒေ နဲ့ဘယ်လိုရပ်တည်သလဲဆိုတာ ပြည်သူလူထုတွေမှာသိပိုင်ခွင့်လဲရှိတယ်၊ဒီသိပိုင်ခွင့်ကိုလဲ အသုံးချကြပါလို့ ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်၊ ကျွန်မတို့ပြည်သူတွေဟာ ကိုယ့်တာဝန်ကိုသိမှ ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးကို ထူထောင်နိုင်မှာပါ။ ဒီတော့ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးတစ်ခုကို ကို ထူထောင်ချင်တဲ့အချိန်မှာ ဟိုလူလုပ်မယ်၊ ဟိုလူ့တာဝန်၊ ဒီလူ့တာဝန် ဒီလိုစိတ်ထဲမှာမမြင်ပါနဲ့။ လူတိုင်းလူတိုင်းမှာလဲ တာဝန်အတိုင်းအတာတစ်ခုရှိတယ်ဆိုတာကိုလက်ခံပါ ဒါမှလည်း ကျွန်မတို့အောင်မြင်နိုင်မှာဖြစ်ပါတယ်။
တပ်မတော်နဲ့ပတ်သတ်လို့ဆိုလို့ရှိရင် စောစောကလဲ ကျွန်မတို့ ဦးဝင်းမြင့်ရော ဦးအောင်ကြည်ညွှန့်ရော ရှင်းပြသွားပါပြီ။ဘာကြောင့် တပ်မတော်ကို အထူးအခွင့်အရေးတွေ ပေးထားတဲ့ ဟာက ဒီမိုကရေစီနည်းနဲ့ မကိုက်ညီဘူးလဲ ဆိုတာ ရှင်းပြထားပြီးဖြစ်ပါတယ်။ ကျွန်မကဒီမှာ ခပ်တိုတိုနဲ့ ပြောချင်တာဟာ ကျွန်မတို့ရဲ့နိုင်ငံမှာ ဆိုလို့ရှိရင် တပ်မတော်ဆိုတာ ပြည်သူရဲ့ တပ်မတော်ဖြစ်ရမယ်၊ပြည်သူအတွက်ပြည်သူက လိုလားတဲ့ တပ်မတော် ဖြစ်ရမယ်။ ပြည်သူရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ တပ်မတော်ဖြစ်ရမယ်။ အဲဒီလို ကျွန်မတို့ တောင်းဆိုခြင်းဟာ တပ်မတော် အပေါ်မှာ စေတနာထားလို့ တောင်းဆိုတာဖြစ်ပါတယ်၊ ဒီတပ်မတော်ကို ဖေဖေတည်ထောင်ခဲ့စဉ်အခါတုန်းကက ပြည်သူ့အတွက် ပြည်သူလူထုကနေပြီးတော့ ချစ်ခင်လေးစား ကြည်ညိုနိုင်တဲ့ တပ်မတော်ဖြစ်ရေးဆိုပြီးတော့ တည်ထောင်ခဲ့တာပါ။ ဘယ်ပါတီ ဘယ်အုပ်စုအတွက်မှ ထူထောင်ထောင်ခဲ့တာ မဟုတ်ပါဘူးဆိုတာ သေသေချာချာ ပြောပါရစေ။ ဒီတော့ ကျွန်မက ပြောချင်တယ် တပ်မတော်သားများ အားလုံးလဲ တက်တက်ကြွကြွ နဲ့ ဖွဲ့စည်းပုံအခြေံခံဥပဒေ ပြင်ဆင်ရေးမှာ ပါဝင်ကြပါလို့ တာဝန်အရပါဝင်ကြပါလို့ ပြောချင်ပါတယ်၊ ဒီတပ်မတော်သားထဲမှာရှိတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ပထမစမွေးကတည်းက တပ်မတော်သားမဟုတ်ပါဘူး၊နိုင်ငံသူနိုင်ငံသား အနေနဲ့ မွေးလာတာပါ။ နံပါတ်တစ်က နိုင်ငံသူနိုင်ငံသားတွေဖြစ်ပါတယ်၊ နောက်တော့မှ တပ်မတော်ထဲကိုရောက်သွားလို့ တပ်မတော်သားတွေဖြစ်သွားတာပါ။ အဲ့ဒီတော့ ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားတာဝန်က နံပါတ်တစ်ဖြစ်ပါတယ်လို့ ကျွန်မအနေနဲ့ တပ်မတော်သားတွေကိုလဲ သတိပေးချင်ပါတယ်။ နံပါတ်တစ်အဓိကအကျဆုံးတာဝန်ကို မကျေပြွန်ဘဲနဲ့ တစ်ခြားတာဝန်တွေ ဘယ်လိုကျေပြွန် နိုင်မှာလဲဆိုတာ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြပါလို့ ကျွန်မအနေနဲ့ပြောချင်ပါတယ်။
ကျွန်မတို့အားလုံးဟာ တစ်စုတစ်စည်းတည်း တပ်မတော်နဲ့ ပြည်သူကြားမှာ ကျွန်မတို့ရဲ့ တိုင်းရင်းသား လူမျိုးစုတွေ ကြားမှာ ကျွန်မတို့နိုင်ငံရေးအုပ်စုတွေကြားမှာ နိုင်ငံ့အကျိုးကို ဦးတည်တဲ့အခါမှာညီညီညွတ်ညွတ် ရှိနိုင်မှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။ နိုင်ငံရေးပါတီ အများကြီးရှိတယ် ဆိုတာကိုက တစ်ချို့ နိုင်ငံရေးအမြင်တွေ မတူဘူးဆိုတာကို ဖော်ပြပါတယ်။ အဲ့ဒါလဲ ဒါကြောက်စရာမဟုတ်ပါဘူး၊လူတောင် မိတ်ဆွေအချင်းချင်းတောင် တစ်ခါတစ်လေ အမြင်ချင်းတူတာမှ မဟုတ်တာ။ အမြင်ချင်း မတူတာဟာ ကြောက်စရာ မဟုတ်ပါဘူး၊ ဒီမတူတဲ့ အမြင်တွေကို ဘယ်ပုံဘယ်နည်းနဲ့ ညှိယူမလဲဆိုတာသာ အရေးကြီးတာဖြစ်ပါတယ်။
နိုင်ငံ့အကျိုးအတွက် ဒီလို မတူတဲ့အမြင်တွေကို ညှိယူဖို့ဆိုတာဟာ အင်မတန်မှအရေးကြီးပါတယ်။ ညှိယူတတ်ဖို့ဆိုတာဟာ အရေးကြီးပါတယ်။ ဒီမိုကရေစီနည်းလမ်းတွေနဲ့ အေးအေးဆေးဆေးနဲ့ ကျွန်မတို့ ညှိယူတတ်ဖို့လိုပါတယ် လို့ ကျွန်မပြောချင်ပါတယ်။
နိုင်ငံ့အကျိုးအတွက် ဒီလို မတူတဲ့အမြင်တွေကို ညှိယူဖို့ဆိုတာဟာ အင်မတန်မှအရေးကြီးပါတယ်။ ညှိယူတတ်ဖို့ဆိုတာဟာ အရေးကြီးပါတယ်။ ဒီမိုကရေစီနည်းလမ်းတွေနဲ့ အေးအေးဆေးဆေးနဲ့ ကျွန်မတို့ ညှိယူတတ်ဖို့လိုပါတယ် လို့ ကျွန်မပြောချင်ပါတယ်။
အခုဆိုလို့ရှိရင် ကျွန်မတို့ဒီလို ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်တဲ့အခါမှာ အမြဲပဲ ပြည်သူတွေဆီက မေးခွန်းတွေကို ကျွန်မတို့ ဖိတ်ခေါ်ပါတယ်။အဲ့ဒီလို မေးခွန်းတွေ ဖိတ်ခေါ်ရခြင်းရဲ့အကြောင်းအရင်းကဘာလဲဆိုတော့ ပြည်သူလူထုရဲ့စိတ်ထဲမှာ
ဘာရှိလဲဆိုတာလဲသိချင်လို့နောက်ပြီး ကျွန်မတို့ရဲ့ ပြောလိုက်တဲ့ ကိစ္စတွေ ကျွန်မတို့ရှင်းပြချက်တွေ ပြည်သူတွေကို တစ်ကယ်ပဲနားလည်ရဲ့လားဆိုတာကို
ကျွန်မတို့သိချင်လို့ဖြစ်ပါတယ်။
ဘာရှိလဲဆိုတာလဲသိချင်လို့နောက်ပြီး ကျွန်မတို့ရဲ့ ပြောလိုက်တဲ့ ကိစ္စတွေ ကျွန်မတို့ရှင်းပြချက်တွေ ပြည်သူတွေကို တစ်ကယ်ပဲနားလည်ရဲ့လားဆိုတာကို
ကျွန်မတို့သိချင်လို့ဖြစ်ပါတယ်။
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
15-05-2014
လေးစားလျက်
Martin Swe
15-05-2014

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။