Melvin Moe added 2 new photos.
မြန်မာပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အဓိက လိုအပ်ချက် က တော့ အရည်အသွေး ရှိတဲ့ ခေါင်းဆောင်ကောင်း ပါဘဲ။
ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံကို လာရောက်စဉ်တုန်းက စင်္ကာပူတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာလူငယ်လေးတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ သလို စင်္ကာပူစက်မှုအထက်တန်းကျောင်း ITE ကို လဲ ၀င်ရောက်လေ့လာခဲ့ပါတယ်။
စင်္ကာပူရောက်မြန်မာ ၆၀၀၀ ကျော် နဲ့ တစုတစည်းထဲတွေ့ဆုံခဲ့သလို၊ မြန်မာပြည်အနာဂါတ်အတွက် သူမရဲ့မျှော်လင့်ချက် တွေကိုလဲ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာပြည်မှာ Infrastructure တွေ အလျှင်အမြန်တည်ဆောက်ဖို့ အလွန်အရေးကြီးနေပြီဖြစ်ကြောင်း၊ မြန်မာလူငယ်လေးတွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးဖို့ ကျွမ်းကျင်လုပ်သားတွေအဖြစ်မွေးထုတ်ပေးဖို့ သူမ ရည်ရွယ်ထားတာတွေကိုလဲ ပွင့်ပွင့်လင်းလင်း ပြောသွားတယ်။
အဘ တို့ များ စင်္ကာပူလာလိုက်ရင် ဂေါက်ရိုက်ဖို့ အရက်သောက်ဖို့ အိမ်အပြန် လက်ဆောင်တပွေ့တပိုက်သယ်သွားဖို့ကလွဲပြီး ဘာဆိုဘာမှ စိတ်မ၀င်စားပါဘူး။
သဘာဝဓာတ်ငွေ့သိုက်ကြီး ဖင်ခုထိုင်ပြီး၊ မြန်မာပြည်အတွက် အခြေခံအကျဆုံး လိုအပ်ချက်လေးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားလုံလောက်အောင် ထုတ်လုပ်မှုတောင်မလုပ်နိုင်ကြပါဘူး။
မြစ်ချောင်းအင်းအိုင် အလွန်ပေါများတဲ့ မြန်မာပြည်မှာ သောက်သုံးရေ ဖူလုံအောင်ဖြန့်ဝေနိုင်ခြင်း
ယနေ့အချိန်အထိ (၂၀၁၄ အထိ) မရှိသေးပါဘူး။
ယနေ့အချိန်အထိ (၂၀၁၄ အထိ) မရှိသေးပါဘူး။
ဒါပေမယ့် ၂၀၁၅ မှာ သူတို့ ထပ်မံရွေးကောက်ခံရရင်တော့၊ တိုင်းပြည်ကြီး အဖက်ဖက်က ရုတ်တရက် တိုးတက်သွားမယ်တဲ့ခင်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။