Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 15, 2014

အနောက်နိုင်ငံမှ အဝေးပြေးကားလိုင်း Grey Hound အကြောင်း ခရီးသည်တစ်ဦးအနေနဲ့ သိသမျှ


အနောက်နိုင်ငံမှ အဝေးပြေးကားလိုင်း Grey Hound အကြောင်း ခရီးသည်တစ်ဦးအနေနဲ့ သိသမျှ

ကျနော် ဒီစာကိုအစကမရေးဘူးလို့ ကြံပါတယ်။ သေချာမသိလို့ပါ။ ဒါပေမယ့် အခုပဲ မြန်မာပြည်က အဝေးပြေးကားကြီး တစ်စီးတိုက် တဲ့ ပုံတွေထပ်တွေ့ရတဲ့အခါ စိတ်မချမ်းသာလွန်းတဲ့ အတွက် ကိုယ်သိသမျှလေး ရေးမယ်လို့စိတ်ပြောင်းသွားပါတယ်။ ကြိုပြောထားပါတယ်။ ကျနော်ဟာ ခရီးသည် တစ်ယောက်အနေနဲ့ ပဲသိပါတယ်။ အမေရိကားမှာ အဓိက သွားနေတဲ့ အဝေးပြေးလိုင်း တစ်လိုင်းကတော့ Grey Hound လိုင်းဖြစ်ပါတယ်။ အဲ့ဒီလိုင်းရဲ့ ခရီးသွားတွေ လုံခြုံစိတ်ချရဖို့ လုပ်ထားတဲ့ အချက်ကလေးတွေကို သတိထားမိသမျှပြောပါရစေ။

ယဉ်မောင်း- ယဉ်မောင်းကို ရွေးချယ်တဲ့ အခါမှာ မူးယစ်ဆေးမှု ကင်းရှင်းကြောင်း၊ ပြစ်မှု ကင်းရှင်းကြောင်း ဒါတွေတောင်းပါတယ်။ လိုအပ်ချက်အနေနဲ့ ပေါင် ၁၀၀ အထိလေးတဲ့ အိတ်ကို မနိုင်ရပါတယ်။ ခရီးသည်တွေရဲ့ အိပ်ကို မရွေ့ ပေးဖို့ပါ။ ပြီးနောက်မှာ ကားမောင်းသင်တန်း ကို အဆင့်သုံး ဆင့်ပေးပါတယ်။ စုစုပေါင်း ၃ လ ခန့်ကြာပါတယ်။

ကားမောင်းတဲ့ အချိန် စည်းကမ်းချက်တွေကတော့ အရက်သေစာ မသောက်စားဖို့ Breathalyzer လို့ခေါ်တဲ့ ပါးစပ်ကနေ လေမှုတ်ထုတ်ခိုင်းပြီး ရှူထုတ်လိုက်တဲ့ လေထဲမှာ အရက်ငွေ့ဘယ်လောက်ပါလဲ ဆိုတာ စစ်ပါတယ်။ ခရီးရှည်သွားရင် ၆ နာရီထက် ပိုပြီး ဆက်တိုက်ပေးမမောင်းပါဘူး။ ၂ နာရီတစ်ခါ ၁၅ မိနစ်ခန့် နားရပါတယ်။ ဒါတွေက ယဉ်မောင်းတွေ ကိုစိတ်ချရအောင် လုပ်ထားတာပါ။

ကား- ကားကိုတော့ ခရီးမထွက်ခင်မှာ မက္ကင်းနစ်က ကားကို စစ်ဆေးထားတာကို လက်ခံယူပြီး ယဉ်မောင်းက ကိုယ်တိုင်ထပ်စစ်ရပါတယ်။ ပြီးမှ ကျေနပ်ကြောင်းလက်မှတ် ထိုးပြီး မောင်းရပါတယ်။ ဒါကတော့ ကားကို စိတ်ချရ အောင်လုပ်တာပါ။

ယဉ်မောင်းပဲဖြစ်ဖြစ် ၊ စက်ပြင်ဆရာကပဲ ဖြစ်ဖြစ် အချင်းချင်း လက်ဝါးရိုက်ပြီးလုပ်ထားလို့ရပါတယ်။ ဒါကို ကာကွယ်ဖို့တော့ အစိုးရက ဥပဒေပြဌာန်းပါတယ်။ အဲ့ဒါကတော့ အဝေးပြေးကားတွေကို ကား၊ခရီးသည်၊ ယဉ်မောင်းတွေ အတွက် အာမခံ ထားရတာပါပဲ။ ယဉ်တိုက်မှုဖြစ်တဲ့အခါ အားလုံးနစ်နာကြေး၊ လျော်ကြေးရကြပါတယ်။

ဒီအာမခံ (Insurance) တွေ ထားတဲ့အတွက် တစ်ခုခုဖြစ်ခဲ့ရင် အာမခံကုမ္ပဏီတွေဟာ ယဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ရဲတွေနဲ့ အတူ စစ်ဆေးပါတယ်။ တကယ်လို့ အဝေးပြေး လိုင်းဘက်က စစ်ဆေးမှု၊ ထိမ်းသိမ်းမှု အားနည်းချက်ဆိုတာ ပေါ်ခဲ့ရင် အစိုးရက ပြစ်ဒဏ်ချတဲ့ အပြင်၊ အာမခံ ကုမ္ပဏီကလဲ နောက်နှစ် အာမခံ လက်မခံတော့တာပဲဖြစ်ဖြစ် အာမခံ (ပရီမီယံ) နှစ်စဉ်ကြေးကို တိုးတာမျိုးဖြစ်ဖြစ်လုပ်ပါတယ်။ အဲ့ဒီနည်းနဲ့ အဝေးပြေးယဉ်လိုင်းတွေကို ထိမ်းချုပ်ထားပါတယ်။

ရဲဌာနကလဲ ယဉ်တိုက်မှုဖြစ်ရင် မီဒီယာတွေကို ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ပြောပြရပါတယ်။ ဒါကြောင့် ယဉ်လိုင်း နာမည်ပျက်ပါတယ်။ ပုဂ္ဂလိက ၊ အစိုးရ၊ ရဲ၊ မီဒီယာ အားလုံး တစ်ခုခုနဲ့ တစ်ခုထောက်ထားပြီး ခရီးသည်တွေရဲ့ လုံခြုံစိတ်ချရရေးကို ကြိုးပမ်းပါတယ်။

အထက်ပါ အချက်တွေဟာ ပြီးပြည့်စုံပြီလို့ မဆိုလိုပါဘူး။ကျနော်မသိတာတွေဟာလည်း အများကြီးရှိနေမှာပါ။ ကျနော်ထက် ပိုသိတဲ့သူများကိုလည်း ဖြည့်စွက်ပေးကြပါလို့ တောင်းပန်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပြေးဆွဲနေတဲ့ စနစ်တစ်ခုကို ခရီးသည်တစ်ယောက်အနေနဲ့ သတိထားမိခြင်းသာဖြစ်ပါတယ်။ ဟာကွက်တွေ၊ ပျော့ကွက်တွေ ရှိနေမှာပါပဲ၊ အခုမှ တိုးတက်ခါစ မြန်မာပြည်လိုနိုင်ငံမျိုးအနေနဲ့ ဒီလိုစနစ်မျိုးတွေ ချက်ခြင်း အကောင်အထည်ဖော်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒီနည်းစနည်းဟာလည်း မြန်မာပြည်နဲ့ ကိုက်ညီမယ်လို့ ယူဆလို့ မရပါဘူး။ မြန်မာပြည်သူ များ သတိထားမိရင် အကျိုးရှိမယ်ထင်တဲ့ အချက်အလက်တစ်ချို့သာ ဖြစ်ပါတယ်။

ကျန်သွားတဲ့ အချက်ကတော့ Grey Hound ယဉ်မောင်းတစ်ယောက်ဟာ တစ်နာရီလုပ်ခ ၁၇ ဒေါ်လာဖြစ်ပြီး ပျမ်းမျှ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၄ သောင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျမ်းမာရေး၊ ပညာရေး ထောက်ပံ့ကြေးတွေလဲရပါတယ်။စပယ်ယာတော့ မရှိပါဘူး။ ကိုယ်တိုင် လက်မှတ်ဖြတ်၊ အိတ်သယ်ရွှေ့ လုပ်ရပါတယ်။

အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။
Aron Mg

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။