၈၈ပွင့်လင်း၏ ဂူအောင်းနိုင်ငံရေးက လူငယ်များနှင့် ပို၍ပို၍ ဝေးကွာနေသည်
လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ သန်း၆၀ ရှိသည်ဆိုပါစို့ ၊ ထို သန်း၆၀ ထဲတွင် အသက် ၁၄ နှစ်မှ အသက် ၃၅ အထိ လူငယ် လူလတ် များ မှာ အနည်းဆုံး သန်း ၃၀ ကျော်ရှိပေမည် ၊
အဆိုပါ သန်း ၃၀ ကျော်ရှိသော လူငယ် လူလတ် ထုကြီးသည် နိုင်ငံရေးကို စိတ်ဝင်စားပါရဲ့လား ၊ အဆိုပါ လူငယ်လူလတ် ထုကြီးသည် နိုင်ငံ့အရေးများအားလုံးကို ကိုယ်နဲ့ဆိုင်သည်ဟု ထင်ပါရဲ့လား ၊
မိကျောင်းကန် ၊ မြန်မာ့ဂုဏ်ရောင် ၊ လက်ပံတောင်းတောင် ၊ မြစ်ဆုံ ၊ ကျောက်ဖြူကူမင်း ၊ ကချင်စစ်ပွဲ မှသည် သမီးကလေးကျေးရွာအထိ ဖြစ်ရပ်များသည် ကိုယ်နှင့်ဆိုင်သော နိုင်ငံရေး ကိစ္စများဖြစ်သည်ဟု ထင်ပါရဲ့လား ၊
မြန်မာနိုင်ငံရှိ သန်း ၃၀ အရေအတွက်မကသောလူငယ်လူလတ်ထြု ကီးသည် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု အလွန်တရာ နည်းပါးနေသည်ဟု ဆိုပါအံ့ ၊
ထိုအဖြစ်အပျက်သည် သဘာဝအလျှောက် ဖြစ်နေသည်ဟု ဆိုရမည်လော ၊ ထိုအဖြစ်အပျက်သည် ခေတ်ရေစီးကြောင့်ဖြစ်သည်ဟု ဆိုရမည်လော ၊ ထိုအဖြစ်အပျက်သည် ရန်သူ စစ်အာဏာရူးများ၏ လက်ချက်ဟု ဆိုရမည်လော ၊
အမှန်မှာ ထိုအဖြစ်အပျက်သည် ၈၈ပွင့်လင်း များ၏ တာဝန်ပျက်ကွက်မှုကြောင့် ဖြစ်သည် ဟု ဆိုရပေမည် ၊
ယခုအချိန်သည် မြန်မာ့နိုင်ငံရေး၏ သမိုင်းတွင်မည့် အလှည့်အပြောင်းကာလတစ်ရပ်ဟုဆိုလျှင် ထိုအလှည့်အပြောင်းကာလတွင် မြန်မာ့နိုင်ငံရေးကို တစ်စိတ်တစ်ပိုင်း ဦးဆောင်နေသည် ဟုဆိုသော ၈၈ပွင့်လင်းများ၏ နိုင်ငံရေး အပါးဝမှု ရှိမရှိကို အမှန်အတိုင်း
ရှုမြင်သုံးသပ်ရပေတော့မည် ၊
၈၈ပွင့်လင်းများ၏ နိုင်ငံရေး အရည်အသွေးအပေါ် အမှန်အတိုင်း မခြွင်းမချန်သုံးသပ်ခြင်းသည် အနာဂတ် မျိုးဆက်သစ်များအပေါ် တာဝန်ကျေခြင်းမည်၏ ၊ မြန်မာ့နိုင်ငံရေးသမိုင်းအေ ပါ် သစ္စာရှိခြင်းမည်၏ ၊
၂၀၁၂ ရွေးကောက်ပွဲကာလတွင် ၈၈ပွင့်လင်းများသည် ရှင်းလင်းသောမူဝါဒ ချမှတ်နိုင်ခြင်းမရှိခဲ့ ၊
၂၀၁၂ ရွေးကောက်ပွဲလွန်ကာလတွင် ၈၈ပွင့်လင်းများသည် လွှတ်တော်ပြင်ပနိုင်ငံရေးကို သိသာထင်ရှားသော လမ်းကြောင်းများဖြင့် ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ ၊
ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ် အာဏာရူးများ၏ သွေးတိုးစမ်းဖိနှိပ်မှုများအ ပေါ် ပြတ်သားသော တုန့်ပြန်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နို င်ခြင်းမရှိခဲ့ ၊
ပြည်မနှင့်တောင်တန်းဒေသရှိ နိုင်ငံရေးစိတ်ဝင်စားသော လူငယ်များအကြား နွေးထွေးနားလည်မှု စည်းလုံးညီညွတ်မှု များကို အရယူတည်ဆောက်နိုင်ခြင်းမရှိ ခဲ့ ၊
၁၉၈၈ မှ ၂၀၁၄ မျိုးဆက်များ အကြားတွင် အားကောင်းသော လူငယ် နိုင်ငံရေးမျီုးဆက်များ အများအပြားပေါ်ထွက်လာအောင် လက်ဆင့်ကမ်းပျိုးထောင်နိုင် ခြင်းမရှိခဲ့ ၊
လက်ရှိအချိန်တွင် ၈၈ပွင့်လင်းများသည် လက်ရှိနိုင်ငံတော်အကြီးအကဲများဟု နာမည်ခံထားသူ ယူနီဖောင်ချွတ်ခေါင်းပေါင်း စွပ်များ ခေတ်ပျက်သေဌေး ခရိုနီများနှင့် ရင်နှီးကျွမ်းဝင်ကာ ဂူအောင်နိုင်ငံရေးဟု အမည်ရသော ရေငုံနှုတ်ပိတ် နိုင်ငံရေးပုံစံကို
ကျင့်သုံးနေပေသည် ၊
အဆိုပါ ဂူအောင်းနိုင်ငံရေးကျင်းစဉ် များက ၈၈ပွင်းလင်းများနှင့် သန်း ၃၀ ကျော်ရှိသော လူငယ်လူလတ်ထုကြိးကို ဝေးကွာစေရုံမက နိုင်ငံရေးအပေါ် သန်း၃၀ကျော်သော လူငယ်ထုကြီး၏ နားလည်မှု အမြင်များကိုလည်း ပို၍ပို၍ မှုံဝါးလာစေပါသည် ၊
မြန်မာ့နိုင်ငံရေးမှာလည်း ပန်းတိုင်သို့ မရောက်သေးချေ ၊ အလှမ်းဝေးနေဆဲဖြစ်သည် ၊ ဘယ်လမ်းကိုလျှောက်ရမလဲ လမ်းပျောက်နေဆဲဖြစ်သည် ၊
ထို့ပြင် ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ်များက ၂၀၀၈ ဖွဲ့စည်းပုံ ကို လုံးဝ မပြင်နိုင်ဟု အကြောင်းပြန်ထားက ၂၀၁၄နှစ်ကုန်တွင် အချိန်ဆွဲ ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ရန် ကြေငြာထားသည် ၊
သည့်အတွက် ၈၈ပွင့်လင်းများက မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည် ဆိုသည်ကို ယနေ့တိုင် စည်းဝေးတိုင်ပင်သည့်ပုံ လုံးဝမတွေ့ရသေးချေ ၊
မြန်မာနိုင်ငံသည် လက်ပူတိုက် နိုင်ငံရေးဆေးမြီးတိုများဖြ င့် ချွေးသိပ်ကုသရန် မသင့်တော်တော့သော အခြေအနေသို့ ဆိုက်ရောက်နေချေသည် ၊
ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ်များ၏ နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်ရက်စက်ရမ်းကားမှုများ ကြောင့် မြန်မာ့ရေမြေ နှင့် မြန်မာပြည်သူများမျှော်မြင် တွေးခေါ်နိုင်စွမ်းသည် ချိနဲ့နွမ်းလျလျက်ရှိနေပြီ ဖြစ်သည် ၊
ဤသို့နှယ် ၈၈ပွင့်လင်းများ တာဝန်ပျက်ကွက်နေသော်လည်း ပြည်သူများမှာမူ ၈၈ပွင့်လင်းအပေါ် အချစ်မပြယ်ကြသေးပေ ၊ ချစ်မြဲချစ် အားပေးမြဲအားပေးလျှက်ရှိနြေ ကသေးသည် ၊
ပြည်သူအများမှာမူ ပိုမိုဆိုးရွားလာသော အတွေတွေ အကြပ်အတည်း လူမှုဒုက္ခ ယောင်ပြဒီမိုကရေစီအတု၏ ဖိနှပ်မှုပေါင်းစုံ တို့ကို နေ့စဉ်ခါးစည်းခံကာ ၈၈ပွင့်လင်းများကို အားပေးမြဲအားပေးလျှက်ပင် ၊
သန်း ၆၀ သော ပြည်သူတစ်ရပ်လုံး ၊ သန်း ၃၀ ကျော်သော လူငယ်ထုကြီး၏ ထားရှိနေသော မျှော်လင့်ချက်များအပေါ် ၈၈ပွင့်လင်းများ အားနာဖို့ ကောင်းလှနေပြီဖြစ်သည် ၊
နောင်တစ်ခေတ် မြန်မာပြည်တွင် ဆရာကြီး ဒေါက်တာသန်းထွန်း ကဲသို့သော ပညာတတ်များ ပေါ်ထွန်းလာပါက ၁၉၈၈ - ၂၀၂၀ ကြား နိုင်ငံရေး ကို ပြန်သုံးသပ်ရာ ၈၈ပွင့်လင်းများ၏ တာဝန်ပျက်ကွက်မှုများ ရုပ်ပျက်ဆင်းပျက်သမိုင်းတွင် မကျန်ရစ်စေလိုခြင်း အလို့ငှာ
ဂူအောင်းနိုင်ငံရေး ဝတ်ကြေတန်းကြေနိုင်ငံရေး မှသည် ပြည်သူ့ရှေ့မှောက်ပွင့်လင်း နိုင်ငံရေးများအဖြစ် အားကြိုးမာန်တက်ဆောင်ရွက်နိုင်ရန် သတိပေး ရေးသားလိုက်ရခြင်းဖြစ်ပေသည် ၊
လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ သန်း၆၀ ရှိသည်ဆိုပါစို့ ၊ ထို သန်း၆၀ ထဲတွင် အသက် ၁၄ နှစ်မှ အသက် ၃၅ အထိ လူငယ် လူလတ် များ မှာ အနည်းဆုံး သန်း ၃၀ ကျော်ရှိပေမည် ၊
အဆိုပါ သန်း ၃၀ ကျော်ရှိသော လူငယ် လူလတ် ထုကြီးသည် နိုင်ငံရေးကို စိတ်ဝင်စားပါရဲ့လား ၊ အဆိုပါ လူငယ်လူလတ် ထုကြီးသည် နိုင်ငံ့အရေးများအားလုံးကို
မိကျောင်းကန် ၊ မြန်မာ့ဂုဏ်ရောင် ၊ လက်ပံတောင်းတောင် ၊ မြစ်ဆုံ ၊ ကျောက်ဖြူကူမင်း ၊ ကချင်စစ်ပွဲ မှသည် သမီးကလေးကျေးရွာအထိ ဖြစ်ရပ်များသည် ကိုယ်နှင့်ဆိုင်သော နိုင်ငံရေး ကိစ္စများဖြစ်သည်ဟု ထင်ပါရဲ့လား ၊
မြန်မာနိုင်ငံရှိ သန်း ၃၀ အရေအတွက်မကသောလူငယ်လူလတ်ထြု
ထိုအဖြစ်အပျက်သည် သဘာဝအလျှောက် ဖြစ်နေသည်ဟု ဆိုရမည်လော ၊ ထိုအဖြစ်အပျက်သည် ခေတ်ရေစီးကြောင့်ဖြစ်သည်ဟု ဆိုရမည်လော ၊ ထိုအဖြစ်အပျက်သည် ရန်သူ စစ်အာဏာရူးများ၏ လက်ချက်ဟု ဆိုရမည်လော ၊
အမှန်မှာ ထိုအဖြစ်အပျက်သည် ၈၈ပွင့်လင်း များ၏ တာဝန်ပျက်ကွက်မှုကြောင့် ဖြစ်သည် ဟု ဆိုရပေမည် ၊
ယခုအချိန်သည် မြန်မာ့နိုင်ငံရေး၏ သမိုင်းတွင်မည့် အလှည့်အပြောင်းကာလတစ်ရပ်ဟုဆ
ရှုမြင်သုံးသပ်ရပေတော့မည် ၊
၈၈ပွင့်လင်းများ၏ နိုင်ငံရေး အရည်အသွေးအပေါ် အမှန်အတိုင်း မခြွင်းမချန်သုံးသပ်ခြင်းသည
၂၀၁၂ ရွေးကောက်ပွဲကာလတွင် ၈၈ပွင့်လင်းများသည် ရှင်းလင်းသောမူဝါဒ ချမှတ်နိုင်ခြင်းမရှိခဲ့ ၊
၂၀၁၂ ရွေးကောက်ပွဲလွန်ကာလတွင် ၈၈ပွင့်လင်းများသည် လွှတ်တော်ပြင်ပနိုင်ငံရေးကို
ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ် အာဏာရူးများ၏ သွေးတိုးစမ်းဖိနှိပ်မှုများအ
ပြည်မနှင့်တောင်တန်းဒေသရှိ နိုင်ငံရေးစိတ်ဝင်စားသော လူငယ်များအကြား နွေးထွေးနားလည်မှု စည်းလုံးညီညွတ်မှု များကို အရယူတည်ဆောက်နိုင်ခြင်းမရှိ
၁၉၈၈ မှ ၂၀၁၄ မျိုးဆက်များ အကြားတွင် အားကောင်းသော လူငယ် နိုင်ငံရေးမျီုးဆက်များ အများအပြားပေါ်ထွက်လာအောင် လက်ဆင့်ကမ်းပျိုးထောင်နိုင်
လက်ရှိအချိန်တွင် ၈၈ပွင့်လင်းများသည် လက်ရှိနိုင်ငံတော်အကြီးအကဲမ
ကျင့်သုံးနေပေသည် ၊
အဆိုပါ ဂူအောင်းနိုင်ငံရေးကျင်းစဉ်
မြန်မာ့နိုင်ငံရေးမှာလည်း ပန်းတိုင်သို့ မရောက်သေးချေ ၊ အလှမ်းဝေးနေဆဲဖြစ်သည် ၊ ဘယ်လမ်းကိုလျှောက်ရမလဲ လမ်းပျောက်နေဆဲဖြစ်သည် ၊
ထို့ပြင် ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ်များက ၂၀၀၈ ဖွဲ့စည်းပုံ ကို လုံးဝ မပြင်နိုင်ဟု အကြောင်းပြန်ထားက ၂၀၁၄နှစ်ကုန်တွင် အချိန်ဆွဲ ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ရန် ကြေငြာထားသည် ၊
သည့်အတွက် ၈၈ပွင့်လင်းများက မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည် ဆိုသည်ကို ယနေ့တိုင် စည်းဝေးတိုင်ပင်သည့်ပုံ လုံးဝမတွေ့ရသေးချေ ၊
မြန်မာနိုင်ငံသည် လက်ပူတိုက် နိုင်ငံရေးဆေးမြီးတိုများဖြ
ယူနီဖောင်းချွတ် ခေါင်းပေါင်းစွပ်များ၏ နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်ရက်စက်ရမ်းကားမှုများ
ဤသို့နှယ် ၈၈ပွင့်လင်းများ တာဝန်ပျက်ကွက်နေသော်လည်း ပြည်သူများမှာမူ ၈၈ပွင့်လင်းအပေါ် အချစ်မပြယ်ကြသေးပေ ၊ ချစ်မြဲချစ် အားပေးမြဲအားပေးလျှက်ရှိနြေ
ပြည်သူအများမှာမူ ပိုမိုဆိုးရွားလာသော အတွေတွေ အကြပ်အတည်း လူမှုဒုက္ခ ယောင်ပြဒီမိုကရေစီအတု၏ ဖိနှပ်မှုပေါင်းစုံ တို့ကို နေ့စဉ်ခါးစည်းခံကာ ၈၈ပွင့်လင်းများကို အားပေးမြဲအားပေးလျှက်ပင် ၊
သန်း ၆၀ သော ပြည်သူတစ်ရပ်လုံး ၊ သန်း ၃၀ ကျော်သော လူငယ်ထုကြီး၏ ထားရှိနေသော မျှော်လင့်ချက်များအပေါ် ၈၈ပွင့်လင်းများ အားနာဖို့ ကောင်းလှနေပြီဖြစ်သည် ၊
နောင်တစ်ခေတ် မြန်မာပြည်တွင် ဆရာကြီး ဒေါက်တာသန်းထွန်း ကဲသို့သော ပညာတတ်များ ပေါ်ထွန်းလာပါက ၁၉၈၈ - ၂၀၂၀ ကြား နိုင်ငံရေး ကို ပြန်သုံးသပ်ရာ ၈၈ပွင့်လင်းများ၏ တာဝန်ပျက်ကွက်မှုများ ရုပ်ပျက်ဆင်းပျက်သမိုင်းတွင
ဂူအောင်းနိုင်ငံရေး ဝတ်ကြေတန်းကြေနိုင်ငံရေး မှသည် ပြည်သူ့ရှေ့မှောက်ပွင့်လင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။