Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 13, 2014

"နောက်ဆုံးတွဲကဖို့အတွက် ချန်ထားပေးပေါ့ကွယ်"


"နောက်ဆုံးတွဲကဖို့အတွက် ချန်ထားပေးပေါ့ကွယ်"
Save the last dance for me (Michael Buble)

ကလိုက်ပေါ့ အချစ်ရယ် ကကွက်မျိုးစုံနဲ့ကို ကပြလိုက်ပေါ့
မင်းကို ကြည့်နေတဲ့ သူကိုပေါ့ကွယ်
သူ့ကို ထွေးပွေ့ခွင့်လေး ပေးလိုက်ပါ အချစ်ရယ်
မင်း ပြုံးပြနိုင်ပါတယ် အပြုံးမျိုးစုံနဲ့ကို ပြုံးပြလိုက်ပေါ့
ဖျော့ဖျော့လေးဖြာကျနေတဲ့ လရောင်လေးအောက်မှာ
မင်းရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတဲ့သူကိုပေါ့ကွယ်
ဒါပေမဲ့ မင်းကို ဘယ်သူ အိမ်ပြန်လိုက်ပို့မယ်ဆိုတဲ့သူကိုတော့
မမေ့လိုက်နဲ့ပေါ့ကွယ် ဒါကြောင့်မို့ အချစ်ရေ
နောက်ဆုံး တွဲကဖို့ကိုတော့ ကိုယ့်အတွက် ချန်ထားပေးပေါ့ အချစ်ရယ်

အိုးးး ဝိုင်လေးတစ်ခွက်လိုပဲ သီချင်းလေးက
သိပ်ကိုကောင်းမှန်း ကိုယ်သိပါတယ်
ပျော်ပါ အချစ်ရယ် ပျော်ပျော်နေပါ
သီချင်းတွေဆိုပြီး ရယ်မောနေလိုက်စမ်းပါ
ဒါပေမဲ့ ကိုယ်တို့ တနေရာစီ ရောက်နေချိန်မှာ
မင်းရဲ့ နှလုံးသားလေးကိုတော့ ဘယ်သူ့ကိုမှ မပေးလိုက်နဲ့လေကွယ်
မင်းကို အိမ်ပြန်လိုက်ပို့မယ်ဆိုတဲ့သူကိုတော့
မမေ့လိုက်နဲ့ပေါ့ကွယ် ဒါကြောင့်မို့ အချစ်ရေ
နောက်ဆုံး တွဲကဖို့ကိုတော့ ကိုယ့်အတွက် ချန်ထားပေးပေါ့ အချစ်ရယ်

အချစ်ရယ် မင်းကို ကိုယ်ဘယ်လောက်တောင်
မြတ်နိုးတယ်ဆိုတာ မသိဘူးလားကွယ်
ကိုယ်တို့နှစ်ယောက် ထွေးပွေ့ချိန်မှာ
ဒီအချစ်တွေကို မခံစားမိဘူးလားကွယ်
ကိုယ် မင်းကို ဘယ်တော့မှ လက်လွတ်ခံမှာ မဟုတ်ဘူးလေ
မင်းကို သိပ်ချစ်တာပေါ့ အချစ်ရယ်

ဒီညလေး ကုန်ဆုံးသွားချိန်အထိ ကလိုက်ပါ တွဲကလိုက်ပေါ့ကွယ်
အိမ်ပြန်ချိန်ရောက်လို့ သူက အချစ်လေးကို
တစ်ယောက်တည်းလား အိမ်ပြန်လိုက်ပို့ပေးရမလားလို့
မေးလာရင်တော့ ငြင်းဆန်လိုက်ဖိုနဲ့ ဘယ်သူ့ရဲ့ ရင်ခွင်ထဲမှာ
အိပ်စက်သွားမယ်ဆိုတာကိုတော့ မမေ့လိုက်နဲ့ပေါ့ အချစ်ရယ်
ဒါကြောင့်နောက်ဆုံး တွဲကဖို့ကိုတော့ ကိုယ့်အတွက် ချန်ထားပေးပေါ့ အချစ်ရယ်

အချစ်ရယ် နောက်ဆုံးအချိန် တွဲကဖို့ကိုတော့
ကိုယ့်အတွက် ချန်ထားမယ် မဟုတ်လား
အချစ်ရယ် ဒီအတွက်တော့ ကိုယ့်ကို ကတိပေးမယ် မဟုတ်လားကွယ်
နောက်ဆုံးတွဲကဖို့ပေါ့ အိမ်မပြန်ခင် နောက်ဆုံးအတွက်ပေါ့ကွယ် …..

မြန်မာတေးချစ်သူများကြားမှာ ရေပန်းစားသီချင်းလေးဖြစ်ခဲ့တဲ့ Micheal Buble ရဲ့ "Haven't met you yet" ဆိုတဲ့ သီချင်းလေးကို သိကြမယ် ထင်ပါတယ်။ အခု ဒီ "Save the last dance for me" သီချင်းလေးကိုလည်း Micheal Buble ကပဲ သီဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသီချင်းလေးကို ဟိုးအရင် ၁၉၆၀ ခုနှစ်ကတည်းက Ben E. King က သီဆိုခဲ့တာပါ။ သူတင်မကသေးပဲ The Drifters ဆိုတဲ့ အဖွဲ့ကလည်း သီဆိုခဲ့ဖူးပါတယ်။ သီချင်းလေးရဲ့ သံစဉ်ဖွဲ့စည်းမှုဟာ ခပ်မြူးမြူးလေးနဲ့ ချစ်စရာကောင်းသလို စာသားလေးကလည်း သီဆိုသူရဲ့ စိတ်ကို ထိုးဖောက် ခံစားရစေနိုင်အောင် ရိုးစင်းနေပြန်တာပါပဲ။ ဒီသီချင်းလေးကို Doc Pomus နဲ့ Mort Shuman တို့က ရေးစပ်ခဲတာဖြစ်ပြီး Pomus ဟာ ပိုလီယိုရောဂါကြောင့် ဝှီးချဲပေါ်မှာပဲ ထိုင်နေရသူပါ။ သူ့ရဲ့ အမျိုးသမီးကတော့ ဘရော့ဒ်ဝေးက မင်းသမီးတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ လက်ထက်ပွဲမှာ သူတို့နိုင်ငံရဲ့ ဓလေးထုံးစံတွေအရ မင်္ဂလာပွဲ တတ်ရောက်လာတဲ့ ဧည့်သည်တွေနဲ့အတူ တွဲကနေတဲ့ သူ့ရဲ့ သတို့သမီးလောင်းကို ကြည့်ပြီး ဒီသီချင်းလေးကို ခံစားရေးဖွဲ့ဖြစ်ခဲ့တာပါတဲ့

ဒီစာသားကောင်းကောင်းနဲ့ တေးသွားဖွဲ့သီမှု လှပလာတဲ့ ဒီချင်းလေးကို အသံကာလာစုံပြီး ချိုတဲ့ Micheal Buble သီဆိုလိုက်တဲ့အခါမှာတော့ ဒီသီချင်းလေးဟာ နားစွဲလွယ်ပြီး ချစ်စရာကောင်းသွားတော့တာပါပဲ။ သူ့ရဲ့ သီဆိုပုံလေးထဲမှာကိုက သူ့သိပ်ချစ်တဲ့ မိန်းမပျိုလေးတစ်ယောက်ကို ကပွဲမှာ စိတ်ကြိုက်ပျော်ပါးပါလို့ ပြောနေပေမဲ့ သူ့ရဲ့ စိတ်ပူမှုလေးကိုလည်း ခံစားလို့ ရနိုင်ပါသေးတယ်။ ဒီသိချင်းလေးကို တလောလေးကမှ ထုတ်လွှင့်လိုက်တဲ့ ဟာသဇာတ်မြူးလေးဖြစ်တဲ့ The big wedding ရဲ့ ဇာတ်သိမ်းသီချင်းလေး အဖြစ်လည်း အသုံးပြုခဲ့ပါသေးတယ်။ ဒါ့အပြင် မြန်မာအဆိုရှင်တစ်ဦးဖြစ်တဲ့ဇော်ဝင်းထွဋ်ကလည်း သူ့ရဲ့ "မိုးထဲ" ဆိုတဲ့ အခွေထဲမှာ "သန်းခေါင်ယံနတ်သမီး" ဆိုပြီး မြန်မာမှုပြုပြီး သီဆိုခဲ့ဖူးပါသေးတယ်။

တခါကြားရရုံနဲ့ နားစွဲလွယ်ပြီး ရင်ဘက်ထဲထိ ရောက်နိုင်တဲ့ ဒီသီချင်းလေးကို အောက်ပါလင့်မှာ သွားရောက် နားထောင်နိုင်ပါတယ်။

http://www.youtube.com/watch?v=qmi3EPUrw6g

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။