Ven Ravika
ဒီတစ်ခါ သူတို့ မလိမ်လောက်ဘူးလို့ ထင်ရင် မှားမယ်
၁၉၄၇-ခုနှစ်မှာ ပင်လုံစာချုပ် ချုပ်ဆိုပြီး သူတို့ မလေးစားခဲ့။
၁၉၆၂-ခုနှစ်မှာ ပင်လုံစာချုပ်ဟာ စက္ကူစုတ်သာသာ ရှိတော့တယ်။
၁၉၈၈-ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပြီးရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။
၁၉၉၀-ခုနှစ်မှာ ရွေးကောက်ပွဲ ပြီးမြောက်ခဲ့ပေမဲ့ စစ်တန်းလျားကို မပြန်ခဲ့။
၁၉၈၈-ခုနှစ်မှာ ဖွဲ့စည်းပုံကို စစ်တပ်က မရေးဘူးလို့ ကတိပေးခဲ့တယ်။
၁၉၉၂-ခုနှစ်မှာ စစ်တပ်ဦးစီးတဲ့ အမျိုးသားညီလာခံကို ကျင်းပပြီး ဖွဲ့စည်းပုံကို ရေးဖို့ ပြင်ဆင်ခဲ့တယ်။
၁၉၉၆-ခုနှစ်ကို ရောက်တဲ့အခါ ဥပဒေအမှတ် ၅/၉၆ ကို ထုတ်ပြီး စစ်တပ်ပဲ ဖွဲ့စည်းပုံကို စိတ်ကြိုက် ရေးဆွဲပါတော့တယ်။
၁၉၉၃-ခုနှစ်မှာ အမျိုးသားညီလာခံကို လုပ်လို့ မကြာခင် စက်တင်ဘာလမှာ ပြည်ခိုင်ဖြိုးအသင်းကို ထူထောင်ပြီး နိုင်ငံရေးပါတီ မထောင်ဘူးလို့ ဆိုခဲ့တယ်။
၂၀၁၀-ခုနှစ်မှာ နိုင်ငံရေးပါတီကို ထောင်ရုံမက မဲပါခိုးပြီး ခိုးသားငါးရာလွှတ်တော်ကို လွှမ်းမိုးခဲ့တယ်။
၁၉၉၀-ပြည့်နှစ်များမှာ တိုင်းရင်းသားများနဲ့ အပစ်ရပ်ခဲ့ပြီး နောင်တက်လာမဲ့အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပါလို့ ပြောခဲ့ပေမဲ့
၂၀၀၈-ခုကနေ ၂၀၁၀-ခုအထိ BGF နဲ့ PM လုပ်ဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်။ ကချင်ကို မကျေညာတဲ့ စစ်ပွဲရှည်ကို တိုက်ခဲ့ရာ ဒီနေ့အထိပါပဲ။
၂၀၁၀-ခုနှစ်မှာ ဖွဲ့စည်းပုံကို ပြင်ပါ့မယ်လို့ ကတိပေးခဲ့ပြန်တယ်။
၂၀၁၄-ခုနှစ်မှာ အသေးစားပြုပြင်မှုများကိုပဲ ခွင့်ပြုပြီး များများစားစား တောင်းဆိုကြရင် အန္တရာယ်ရှိကြောင်း ခြိမ်းခြောက်သံနဲ့ နှစ်ဦးမိန့်ခွန်းချွေခဲ့တယ် ။
ဒီလောက် ကတိအတန်တန် ပျက်ခဲ့တဲ့ စစ်အုပ်စုတွေကို ယုံသေးရင် စစ်အုပ်စုတွေရဲ့အပြစ်တွေ မဟုတ်။ ယုံသူတို့ရဲ့ အပြစ်ပဲ ဖြစ်ပါတော့တယ်။
ဒီတစ်ခါ သူတို့မလိမ်လောက်ဘူးလို့ ထင်ရင် ...
မှားမှာ သေချာတယ်။
by - Ven Ravika
============
ဒီတစ်ခါ သူတို့ မလိမ်လောက်ဘူးလို့ ထင်ရင် မှားမယ်
၁၉၄၇-ခုနှစ်မှာ ပင်လုံစာချုပ် ချုပ်ဆိုပြီး သူတို့ မလေးစားခဲ့။
၁၉၆၂-ခုနှစ်မှာ ပင်လုံစာချုပ်ဟာ စက္ကူစုတ်သာသာ ရှိတော့တယ်။
၁၉၈၈-ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပြီးရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။
၁၉၉၀-ခုနှစ်မှာ ရွေးကောက်ပွဲ ပြီးမြောက်ခဲ့ပေမဲ့ စစ်တန်းလျားကို မပြန်ခဲ့။
၁၉၈၈-ခုနှစ်မှာ ဖွဲ့စည်းပုံကို စစ်တပ်က မရေးဘူးလို့ ကတိပေးခဲ့တယ်။
၁၉၉၂-ခုနှစ်မှာ စစ်တပ်ဦးစီးတဲ့ အမျိုးသားညီလာခံကို ကျင်းပပြီး ဖွဲ့စည်းပုံကို ရေးဖို့ ပြင်ဆင်ခဲ့တယ်။
၁၉၉၆-ခုနှစ်ကို ရောက်တဲ့အခါ ဥပဒေအမှတ် ၅/၉၆ ကို ထုတ်ပြီး စစ်တပ်ပဲ ဖွဲ့စည်းပုံကို စိတ်ကြိုက် ရေးဆွဲပါတော့တယ်။
၁၉၉၃-ခုနှစ်မှာ အမျိုးသားညီလာခံကို လုပ်လို့ မကြာခင် စက်တင်ဘာလမှာ ပြည်ခိုင်ဖြိုးအသင်းကို ထူထောင်ပြီး နိုင်ငံရေးပါတီ မထောင်ဘူးလို့ ဆိုခဲ့တယ်။
၂၀၁၀-ခုနှစ်မှာ နိုင်ငံရေးပါတီကို ထောင်ရုံမက မဲပါခိုးပြီး ခိုးသားငါးရာလွှတ်တော်ကို လွှမ်းမိုးခဲ့တယ်။
၁၉၉၀-ပြည့်နှစ်များမှာ တိုင်းရင်းသားများနဲ့ အပစ်ရပ်ခဲ့ပြီး နောင်တက်လာမဲ့အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပါလို့ ပြောခဲ့ပေမဲ့
၂၀၀၈-ခုကနေ ၂၀၁၀-ခုအထိ BGF နဲ့ PM လုပ်ဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်။ ကချင်ကို မကျေညာတဲ့ စစ်ပွဲရှည်ကို တိုက်ခဲ့ရာ ဒီနေ့အထိပါပဲ။
၂၀၁၀-ခုနှစ်မှာ ဖွဲ့စည်းပုံကို ပြင်ပါ့မယ်လို့ ကတိပေးခဲ့ပြန်တယ်။
၂၀၁၄-ခုနှစ်မှာ အသေးစားပြုပြင်မှုများကိုပဲ ခွင့်ပြုပြီး များများစားစား တောင်းဆိုကြရင် အန္တရာယ်ရှိကြောင်း ခြိမ်းခြောက်သံနဲ့ နှစ်ဦးမိန့်ခွန်းချွေခဲ့တယ်
ဒီလောက် ကတိအတန်တန် ပျက်ခဲ့တဲ့ စစ်အုပ်စုတွေကို ယုံသေးရင် စစ်အုပ်စုတွေရဲ့အပြစ်တွေ မဟုတ်။ ယုံသူတို့ရဲ့ အပြစ်ပဲ ဖြစ်ပါတော့တယ်။
ဒီတစ်ခါ သူတို့မလိမ်လောက်ဘူးလို့ ထင်ရင် ...
မှားမှာ သေချာတယ်။
by - Ven Ravika
============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။