''ကျီးကန်း.''
--------------
ကျီးကန်းတွေ ကိုမြင်ရင် အများစုက အနဲဆုံးတော့  ခဲ နဲ့ ထုချင်စိတ် ၀င်လာကြလေ့ ရှိတယ်....
ဒါကလည်း ယေဘူယျအားဖြင့်  ကျီးကန်းတွေရဲ့  ဟန်အမူအယာ အရောင်အသွေးနဲ့  ပြာလောင်ခတ် အလစ်သုတ်တတ်တဲ့ စရိုက်လက္ခဏာ ဆိုး သဘော ကြောင့် လည်းပါသလို.....
ဒီ ကျီးကန်းတွေဟာ သူတို့ ရဲ့  အသိုက်တွေကိုတော့  လုံခြုံနိုင်သမျှ လုံခြုံအောင် ဖွက်ထားလေ့ ရှိပြီး လူအများစုက ကျီးကန်းသိုက်ကို မမြင်ဘူးတာတောင်များလှသလို.....သူတို့ အသိုက်တွေကြတော့  လူသူမနီးတဲ့  အလွယ်တကူ မမြင်နိုင်တဲ့  သစ်ပင်မြင့် မြင့် ကြီးတွေပေါ်မှာ သစ်ကိုင်းသစ်ခက်ကြီးကြီးတွေ နဲ့  အခိုင်အခံ့ တည်ဆောက်ထားကြလေ့ ရှိတယ်..
သူတို့ ကျီးသိုက်တွေကြတော့ သာ အဲဒီလို တည်ဆောက်ထားလေ့ ရှိပြီး...တစ်ခြား ဇာတ်တူသား ငှက်ငယ်လေးတွေရဲ့  အသိုက်ငယ်လေးတွေကြတော့  အလစ်ဝင်ဖျက်တတ်တယ်၊ အင်အားနဲတဲ့  ငှက်ငယ်လေးတွေရဲ့  ဥလေးတွေ အကောင်ပေါက်စလေးတွေကြတော့  ထိုးသုတ် ဖျက်ဆီး စားသောက်ပစ်ကြလေ့ ရှိတယ်...
ဒီလိုသာ အတောင် နှစ်ဖက်ပါတာချင်းအတူတူ ခြေနှစ်ချောင်းသားချင်းအတူတူ မျိုးနွယ်သားချင်းအတူတူ အားနဲတဲ့  ငှက်ကလေးတွေ ကြတော့  အနိုင်ကျင့် ရဲ ဗိုလ်ကျ ရဲကြပေမယ့်  သူတို့ ထက်အင်အားကြီးတဲ့ လင်းယုန်ကြီးတွေ စွန်ကြီးတွေ သိန်းငှက်ကြီးတွေ လာတဲ့ အခါ မြင်ရတဲ့ အခါ......
သူတို့ ကျီးသိုက်ကို သွားဖျက်ဆီးမိတဲ့ အခါ...သူတို့ အသိုက်က ဥတွေသွားနှိုက်မိတဲ့ အခါ ကျီးကန်းတွေဟာ ကမ္ဘာပျက်မတတ် မိုးပြိုမတတ် အသံဆိုး ရုပ်ဆိုးတွေ နဲ့  အုပ်စုလိုက် ၀ိုင်း အာ လိုက်တတ်ကြတာကတော့ သာယာသံလေးတွေ နဲ့  ကြည်နူးစဖွယ် နေချင့် စဖွယ် လောကကြီးကို အကျည်းတန်သွား ကျက်သရေမဲ့ သွားစေ လောက်အောင်ပါဘဲ...
ဒီလို သန္ဓေဆိုး တဲ့  သဘောတွေရဲ့  မညှာမတာ ဇာတ်တူသား အားနဲတဲ့  ငှက်မျိုးနွယ်တွေကို အနိုင်ကျင့် တတ်တဲ့  သဘောက ရောင်ပြန်ထင်ဟတ်ပြီး ကျီးကန်းကို မြင်တာနဲ့  ခဲနဲ့ ပေါက် လေးခွနဲ့  ဆော်ချင်စိတ်တွေ ပေါက်လာရတဲ့ သဘောပဲ......
လောကမှာ ကျီးကန်းနဲ့ တူတဲ့ စစ်တပ်မျိုးတွေလည်းရှိလေရဲ့ ....။
--------------
ကျီးကန်းတွေ ကိုမြင်ရင် အများစုက အနဲဆုံးတော့  ခဲ နဲ့ ထုချင်စိတ် ၀င်လာကြလေ့ ရှိတယ်....
ဒါကလည်း ယေဘူယျအားဖြင့်  ကျီးကန်းတွေရဲ့  ဟန်အမူအယာ အရောင်အသွေးနဲ့  ပြာလောင်ခတ် အလစ်သုတ်တတ်တဲ့ စရိုက်လက္ခဏာ ဆိုး သဘော ကြောင့် လည်းပါသလို.....
ဒီ ကျီးကန်းတွေဟာ သူတို့ ရဲ့  အသိုက်တွေကိုတော့  လုံခြုံနိုင်သမျှ လုံခြုံအောင် ဖွက်ထားလေ့ ရှိပြီး လူအများစုက ကျီးကန်းသိုက်ကို မမြင်ဘူးတာတောင်များလှသလို.
သူတို့ ကျီးသိုက်တွေကြတော့ သာ အဲဒီလို တည်ဆောက်ထားလေ့ ရှိပြီး...တစ်ခြား ဇာတ်တူသား ငှက်ငယ်လေးတွေရဲ့  အသိုက်ငယ်လေးတွေကြတော့  အလစ်ဝင်ဖျက်တတ်တယ်၊ အင်အားနဲတဲ့  ငှက်ငယ်လေးတွေရဲ့  ဥလေးတွေ အကောင်ပေါက်စလေးတွေကြတော့  ထိုးသုတ် ဖျက်ဆီး စားသောက်ပစ်ကြလေ့ ရှိတယ်...
ဒီလိုသာ အတောင် နှစ်ဖက်ပါတာချင်းအတူတူ ခြေနှစ်ချောင်းသားချင်းအတူတ
သူတို့ ကျီးသိုက်ကို သွားဖျက်ဆီးမိတဲ့ အခါ...သူတို့ အသိုက်က ဥတွေသွားနှိုက်မိတဲ့ အခါ ကျီးကန်းတွေဟာ ကမ္ဘာပျက်မတတ် မိုးပြိုမတတ် အသံဆိုး ရုပ်ဆိုးတွေ နဲ့  အုပ်စုလိုက် ၀ိုင်း အာ လိုက်တတ်ကြတာကတော့ သာယာသံလေးတွေ နဲ့  ကြည်နူးစဖွယ် နေချင့် စဖွယ် လောကကြီးကို အကျည်းတန်သွား ကျက်သရေမဲ့ သွားစေ လောက်အောင်ပါဘဲ...
ဒီလို သန္ဓေဆိုး တဲ့  သဘောတွေရဲ့  မညှာမတာ ဇာတ်တူသား အားနဲတဲ့  ငှက်မျိုးနွယ်တွေကို အနိုင်ကျင့် တတ်တဲ့  သဘောက ရောင်ပြန်ထင်ဟတ်ပြီး ကျီးကန်းကို မြင်တာနဲ့  ခဲနဲ့ ပေါက် လေးခွနဲ့  ဆော်ချင်စိတ်တွေ ပေါက်လာရတဲ့ သဘောပဲ......
လောကမှာ ကျီးကန်းနဲ့ တူတဲ့ စစ်တပ်မျိုးတွေလည်းရှိလေရဲ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။