Nik Nayman added 8 new photos.
သင်္ကြန်မဏ္ဍပ်မှာ မူးရင် အိပ်ဖို့ အခန်း ထည့်ဆောက်မယ်ဆိုရင် မြန်မာ့ရိုးရာသင်္ကြန်ကို ရုပ်ဆိုးအကျည်းတန်စေရုံမက တရားဝင် ဖာခန်းထည့်တာပါဘဲ။
ယခင့် ယခင်နှစ်တွေက သင်္ကြန်မဏ္ဍပ်ပေါ်မှာ လူအများမြင်ကွင်းမှာ နိုက်ကလပ်အောင်းမေ့ပြီး ဘောင်းဘီနဲ့ စကတ်က တိုတို အင်္ကျီက ပါးပါး ရေစိုရွှဲရင် အတွင်းကိုပါ ကွက်ကွက်ကွင်းကွင်း အထင်းသား မြင်ရအောင် ၀တ်ဆင်ထားပြီး ဆေးရွဲရွဲ မူးပြဲပြဲနဲ့  တိုင်လုံးကို ဖက်တွယ်ပွတ်သပ်ပြနေခဲ့ကြတဲ့ အရှက်မရှိ မိန်းကလေးနှစ်ဦးအကြောင်းလည်း ဓါတ်ပုံတွေနဲ့  တွေ့ မြင်ခဲ့ကြလို့ ၊ ထို့ အတူ မူးကာရူးကာ ကော့ကာလန်ကာနဲ့  အပျော်ကတာ မဟုတ်ဘဲ လိင်စိတ်ကြွကြွနဲ့  လုပ်ချင်ရာ လုပ်ပြနေကြတဲ့ အထီးအမအတွဲတွေ တွေ့ မြင်ခဲ့ကြလို့  ဟိုးလေးတစ်ကျော် ပြောဆိုခံခဲ့ကြရတာတွေ သိရှိကြမှာပါ။ သင်္ကြန်ကာလအတွင်း ရေကန်ထဲမှာ အထီးနဲ့  အမ တိရိစ္ဆာန်သဖွယ် အရှက်တရား ကင်းမဲ့စွာနဲ့  လိင်ဆက်ဆံပြနေတာ လူအများမြင်ခဲ့ကြလို့  ဓါတ်ပုံရိုက်ဖေါ်ပြခဲ့ကြတာတွေ ဖြစ်ခဲ့ကြပါတယ်။
သင်္ကြန်ဆိုတာ နှစ်သစ်ကူးပြောင်းတဲ့ သန့် ရှင်စင်ကြယ်တဲ့ အတာသင်္ကြန်ပွဲတော်ဆိုတာ နှစ်ပေါင်းမြောက်မြားစွာကတည်း မြန်မာနိုင်ငံသားတွေ ဂုဏ်ယူကြတဲ့ ရိုးရာပွဲတော်။ ထိုးနှက်ရန်ဖြစ် သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်၊ ရိုင်းစိုင်းချင်တာ ရိုင်းစိုင်း၊ အခွင့်အရေး ယူချင်ရာ ယူ၊ မူးရစ်ယမ်းကားချင်ရာ ရမ်းကာ၊ ပွေ့ ဖက်နမ်းရှုပ် ပွတ်သပ်ချင်ရာ ပွတ်သပ်၊ အပျော်မယ် အပျော်ထီးတွေ ကာမ ရယူ သောင်းကျန်းချင်တိုင်း သောင်းကျန်းဖို့  အခွင့်အရေးပွဲတော် မဟုတ်ဖူး။
မြန်မာပြည်မှာနေ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထား မြတ်နိုးတယ်ဆိုရင် နှစ်သစ်ကူအတာသင်္ကြန်ပွဲတော်ရဲ့  ကောင်းမွန်တဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့  လိုတယ်။ လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး ဆင်းရဲချမ်းသာ အယုတ်မြတ်မရွေး မြန်မာပြည်မှာ နေထိုင်ကြသူအားလုံး စုပေါင်းပျော်ရွှင်ကြတဲ့ အမျိုးသားပွဲတော် ယဉ်ကျေးမှုအစဉ်အလာကို တစ်ဦးချင်းစီတိုင်းက လိုက်နာကျင့်သုံးကြဖို့ လိုတယ်။ အမျိုးသားယဉ်ကျေးမှုအစဉ်အလာနဲ့  ထိန်းသိမ်းစောင့်ရှောက်ရမယ့်အစား မိမိတစ်ကိုယ်ရည် ပျော်ပါးဖို့ အတွက် ရမ်းကားချင်တိုင်း ရမ်းကားမယ်ဆိုရင် မိမိရဲ့  အပြုအမူအပြောဆိုဟာ အများတန်ဖိုးထားတဲ့ အတာသင်္ကြန်ပွဲတော်ကို ဂုဏ်အဆင်းပျက်ပြားအောင် လုပ်တာမို့  ထိရောက်တဲ့ အရေးယူမှုကို လုပ်ဆောင်ရမှာ ဖြစ်သလို အများပြည်သူလူထုကလည်း အဆိုပါသူတွေကို ၀ိုင်းဝန်းဖယ်ရှား လူ့ အသိုင်းအ၀ိုင်းအတွင်းကနေ ပစ်ပယ်ကျင်ပစ်လိုက်သင့်တယ်။
ထို့ အတူ စီးပွားရေး ကိုယ်ကျိုးကြီးပွားဖို့ အတွက်သာကြည့်ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုပါ မရှောင် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးတွေရဖို့  ပံ့ပိုးပေးတဲ့ စီးပွားဖြစ်လုပ်ရပ်တွေ လုပ်လာကြတာ တွေ့ မြင်ရလို့ မြန်မာ့ယဉ်ကျေးမှုအတွက် အတော့်ကို ရင်လေးစိုးရိမ်စရာပါဘဲ။ မိမိရိုးရာဓလေ့ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းမစောင့်ရှောက်ကြရင်တော့ မြန်မာယဉ်ကျေးမှုပျောက်သလို မြန်မာလူမျိုးလည်း ပျောက်ကွယ်သွားမှာ အမှန်ဘဲ။ ယခုခေတ်မှာ လူမျိုးခြားတွေရဲ့  ယဉ်ကျေးမှု မတူတာတွေ အလွယ်တကူ ထိုးဖောက်ဝင်ရောက်လာနေချိန်မှာ မြန်မာလူမျိုးတွေကိုယ်တိုင်က ကိုယ့်မြန်မာရိုးရာယဉ်ကျေးမှုကို မထိန်းသိမ်း မစောင့်ရှောက် မလိုက်နာ မကာကွယ်ဖူး တန်ဖိုးမထားဖူးဆိုရင်တော့ မြန်မာလူမျိုးရဲ့  ဂုဏ်သိက္ခာဟာ အခြားနိုင်ငံ အခြားလူမျိုးတွေရဲ့  တံထွေးခွက် မြောပါမှာဘဲ။
အထူးသဖြင့် နိုင်ငံကို အုပ်ချူပ်နေပါတယ်ဆိုတဲ့သူတွေ၊ အနုပညာယဉ်ကျေးမှုကို ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တွေ၊ တရားဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာဝန်ယူနေကြတဲ့သူတွေ၊ စီးပွားရေးလုင်ငန်းရှင်ကြီးတွေကိုယ်တိုင်က အစ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားစေတဲ့ ပံ့ပိုးအားပေးတာတွေ လုံးဝ မလုပ်သင့်ပါဖူး။ အပြုအမူ အပြောအဆို အနေအထိုင် ဆင်ခြင်ကြဖို့ ၊ လမ်းမှား မပြဖို့  လမ်းမှား မသွင်းဖို့  အထူးလိုအပ်ပါတယ်။
ထို့ အတူ ရိုးရာ အတာသင်္ကြန်ပွဲတော်အတွင်း အရက်သေစာ မူးယစ်ဆေးများ လိင်စိတ်ကြွဆေးများ ဖြန့် ဖြူး ရောင်းချ သုံးစွဲမှုကို တားမြစ်ပိတ်ပင်သင့်ဖို့  လိုပါတယ်။ အမျိုးသမီး အမျိုးသားတွေ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှစ်ဟပြတဲ့ ၀တ်စားဆင်ယင်မှုတွေကို တားဆီးပိတ်ပင်သင့်ပါတယ်။ အများပြည်သူမြင်ကွင်းမှာ ပွေ့ ဖက် နမ်းရှုပ်တာတွေသူတွေကို ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသင့်ပါတယ်။ သတင်းစာထဲ တီဗွီသတင်းထဲ ရေဒီယိုထဲ သတင်းဂျာနယ်ထဲ ဖေါ်ပြရုံမျှနဲ့  တာဝန်ကျေ အပေါ်ယံကြော လုပ်ပြနေလို့  မရပါဖူး။
ယခင့်ယခင်နှစ်တွေက ပေါ်ထွက်လာခဲ့တဲ့ သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ဖေါ်ပြမှုပါ ဓါတ်ပုံတွေ ဗွီဒီယိုတွေ သတင်းတွေကို လစ်လျူမရှုထားဘဲ မကြာခင် ရောက်ရှိတော့မယ့် ၂၀၁၄ သင်္ကြန်အတွက် အလားတူအဖြစ်အပျက်တွေ ထပ်မံမဖြစ်ဖို့  နိုင်ငံအုပ်ချူပ်နေသူတွေနဲ့  တရားဥပဒေတာဝန်ထမ်းဆောင်နေကြသူတွေမှာ အဓိက တာဝန်ရှိပါတယ်။
ယခုနှစ် အတာသင်္ကြန်တောင် မရောက်သေးဖူး၊ ပိုမိုဆိုးရွားတဲ့ မြန်မာရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ရဲ့  ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်မယ့် လုပ်ရပ်သတင်းက ပေါ်ထွက်လာနေပါတယ်။ ချစ်သူများနေ့  (Valentine Day) မှာ အခန်းတွေ မဲဖေါက်ပေးမယ်ဆိုလို့  မသင့်တော်တာမို့  ၀ိုင်းဝန်းကန့် ကွက် ပြောဆိုကြတာတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒီထက်ပိုဆိုးတဲ့ လုပ်ရပ်ကို စီးပွားကိုယ်ကျိုးအတ္တအတွက် မြန်မာ့ရိုးရာသင်္ကြန်ရဲ့  မြတ်နိုးသန့် ရှင်းမှုကို ရိုင်းစိုင်းစွာ ဖျက်ဆီးမယ့် လုပ်ရပ်ပါ။
၂၀၁၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ်တွေမှာ နားနေခန်းတွေ ထည့်သွင်းဆောက်လုပ်မယ့် လုပ်ရပ်ပါ။ သင်္ကြန်မဏ္ဍပ်အတွင်းမှာ ထည့်သွင်းမယ်၊ သင်္ကြန်မဏ္ဍပ်အတွက်ကို ရိုးရိုးနဲ့  အထူးဆိုပြီး လက်မှတ်ရောင်းချမယ်။ အရက်တွေပါ ရောင်းချမယ်၊ ဆယ်လီဘရယ်တီ (အစစ်လား အတုလားတော့ မသိ) တွေနဲ့  ပေးတွေ့ မယ်၊ မူးနေရင် နားနေခန်းပါ ပါမယ်။ အထူးဈေးနှုန်းက တစ်သိန်းကျော်ခန့် ရှိမယ်ဆိုတာပါ။ အဲ့ဒီ နားနေခန်းတွေပါတဲ့ သင်္ကြန်မဏ္ဍပ်တွေဟာ သုံးထပ်ဆောက်ဖို့  ရှိတယ်။
အရက်သေစာ သုံးစွဲလို့  မူးလွန်းရင် မိမိနေတဲ့အိမ်ကို ပြန်ပေါ့၊ မပြန်နိုင်ရင် တာဝန်အပြည့်ရှိတဲ့ ရဲ လုံခြံရေးတွေက ဖမ်းဆီးထိန်းသိမ်းပြီး နေအိမ် ပြန်ပို့ ဒါမှမဟုတ် ရဲစခန်းအချုပ်ထဲမှာ အမူးပြေသည်အထိ ခေါ်ထည့်ထားလိုက်ပေါ့။
သင်္ကြန်မဏ္ဍပ်ထဲမှာ မူးရင် အိပ်ဖို့ အခန်းထည့်မယ်ဆိုတာကတော့ သင်္ကြန်မဏ္ဍပ်ကို ဇိမ်ခန်းပုံစံမျိုး တရားဝင် လုပ်ယူတာဖြစ်နေတာ။ ငွေတတ်နိုင်သူတွေ ဒါမှမဟုတ် အဲ့ဒီငွေပေးနိုင်သူတွေ အဲ့ဒီငွေ မရ ရအောင် ကြိုးစားမယ့်သူတွေ အဲ့ဒီအခန်းအတွင်းမှာ မူးနေကြပြီး ဖြစ်ချင်ရာ ဖြစ်နေကြဖို့ ၊ အထီးအမတွေ လွတ်လွတ်လပ်လပ် ကဲချင်တိုင်း ကဲနေကြဖို့ တရားဝင်လိုင်စင်ရ ဖာခန်းမျိုး လုပ်ယူကြမယ့်သူတွေကို ၀ိုင်းရိုက်သတ်ကြဖို့  သင့်နေပါပြီ။ ချစ်သူများနေ့ မျိုး အပါအ၀င် ဟိုတယ်တွေမှာ ဒီလိုအခန်းမျိုးတွေ ငွေကြေးရယူကြတဲ့ အတ္တသမားယုတ်မာသူတွေကြောင့် အပျိုရည်ပျက်သွားကြရတဲ့ မိန်းမကောင်းလေးတွေ ဘယ်နှစ်ယောက်တောင် ရှိကြမလည်း။
ယခုတော့ မြန်မာလူမျိုးတွေရဲ့  အမျိုးသားဂုဏ်သိက္ခာ နိုင်ငံရဲ့  ဂုဏ်သိက္ခကို အကြီးအကျယ်ထိခိုက်စေမယ့်၊ အမျိုးသမီးအမျိုးသားကောင်းတွေ ဘ၀ပျက်မယ့် လုပ်ရပ်ကို နှစ်သစ်ကူသင်္ကြန်မဏ္ဍပ်မှာ နားနေခန်း (သို့ ) အိပ်ခန်း (သို့ ) ဇိမ်ခန်းဖာခန်း ထည့်သွင်းဆောက်လုပ်မယ်ဆိုတာကတော့ ကောင်းကြပါသေးရဲ့ လား။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။