ဒီနေ့ဆိုရင် Grunge ဂီတရဲ့ အိမ်ရှေ့မင်းသားလေးလို့ တင်စားခဲ့ရသူ၊ ကမ္ဘာ့ရောခ့်အင်ရိုး ဂီတရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်တဲ့Kurt Cobain သေဆုံးသွားတာ နှစ်(၂၀) ပြည့်မြောက်ခဲ့တဲ့နေ့တစ်နေ့ပါ။ ကာဒ့်ရဲ့ ကွယ်လွန်မှုဟာ ဆယ်စုနှစ် နှစ်စု စာ ကြာမြင့်ခဲ့ပေမယ့် မျိုးဆက်သစ်တို့အပေါ် လွှမ်းမိုးထားနိုင်စွမ်း ရှိနေတုန်းပါ။ ဒီလို ဒဏ္ဍာရီဆန်လှတဲ့ ရော့ခ်ကြယ်ပွင့်အပေါ် မျိုးဆက်သစ်ရော့ခ်ဂီတ သမားတွေ အမှတ်တရ ပြောခဲ့တဲ့ စကားပေါင်းများစွာထဲက အနည်းအကျဉ်း ဘာသာပြန် ဖော်ပြလိုက်ပါတယ်။
Piligrim အနေနဲ့ Nirvana ဆိုတဲ့ ၀ိုင်းမရှိပဲနဲ့ ပေါ်ပေါက်လာစရာ မရှိပါဘူး။ ကျွန်တော့်ရဲ့ ကလေးအရွယ် ဂီတမျိုးစေ့ဟာ သူတို့ကြောင့် ဖြစ်တည်ခဲ့တာပါ။ သူတို့ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၃၊၁၄ နှစ်အရွယ်ကစပြီး ကျွန်တော့်ဘ၀ရဲ့ အရာရာတိုင်းဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။ ကျွန်တော့်အနေနဲ့ ရော့ခ်စတား တစ်ဦးအနေနဲ့ သေသည်အထိ ရပ်တည်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ကျွန်တော့်ရဲ့ လူငယ်နေ့ရက်တွေမှာ 'Bleach' နဲ့'Insesticide' ဟာ အကြိုက်ဆုံး အဲလ်ဘမ်တွေ ဖြစ်လာခဲ့တယ်။ အခု ကျွန်တော် ကာဒ့်ရဲ့ အစောပိုင်း တိတ်ခွေ အကြမ်းတစ်ခုဖြစ်တဲ့ Fecal Matter ရဲ့ ဆိုက် ဘီခြမ်းကို ရူးရူးမူးမူး စွဲလမ်းနေတယ်။
The Wizard
Pilgrim
----------------------------------
ကာဒ့်ကိုဘိန်းနဲ့ နဲဗာနားရဲ့ ဂီတတွေဟာ နောက်မျိုးဆက်သစ်တွေအပေါ် လွှမ်းမိုးရုံ လွှမ်းမိုးခဲ့တာ မဟုတ်ပါဘူး။ သူတို့က ဂီတလမ်းကြောင်းကို လုံးဝဥသုံ ပြောင်းလဲပစ်ခဲ့တာပါ။ ကျွန်တော်ပထမဆုံး သင်ယူခဲ့တဲ့ ဂစ်တာသင်ခန်းစာက 'Smells Like Teen Spirit ၊ ကျွန်တော် ပထမဆုံး ကြည့်ဖူးတဲ့ ဂီတဗီဒီယိုက 'Smells Like Teen Spirit ၊ ကျောင်းက ကပွဲမှာ ပထမဆုံး ကျွန်တော်တို့တွေ တွန်းထိုးထိုးကခုန်ခဲ့တဲ့ သီချင်းက 'Smells Like Teen Spirit ပါပဲ။
Josh Franceschi
You Me at Six
---------------------------
နဲဗားနားး တီးဝိုင်းပြီးဆုံးသွားခဲ့တာ ကမ္ဘာပေါ်မှာ အစစ်အမှန်ဆုံးနဲ့ အသန့်ရှင်းဆုံး တီးဝိုင်းတစ်ခု ပျောက်ဆုံးသွားသလိုပါပဲ။ ဒီ ဘဲသုံးယောက် ဖန်တီးလိုက်တဲ့ အသံဟာ အင်အားကြီးမားလွန်းပါတယ်။ ဒါပေမယ့် နားရှုပ်လောက်တဲ့ ဂစ်တာသံတွေနဲ ပြီ့းပြည့်စုံတဲ့ ထုတ်လှုပ်မှုတွေဟာ သူတို့အတွက် အလေအလွင့်မရှိသလောက်အောင် သီချင်းကောင်းအများအပြားကို ဖြစ်ပေါ်စေခဲ့ပါတယ်။ လူတိုင်းပြောနေကျ ဖန်တရာတေနေတာကတော့ သူတို့ဟာ ၈၀ခုနှစ်တွေရဲ့ ရော့ခ်ဂီတကို မြေမြုပ်သဂြိုဟ်ခဲ့တယ်ပေါ့လေ။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ ၈၀ခုနှစ်တွေရဲ့ ရော့ခ်အင်ရိုးဟာ သူ့ကိုယ်သူ သေကြောင်းကြံခဲ့တာပါ။ သူတို့ဟာသူတို့ ဘယ်လိုပဲ ဖြစ်နေပါစေ နဲဗားနားဟာ ပေါက်ကွဲလာတော့မှာပါ။ ကာဒ့်ဟာ သူ့ရဲ့ သီချင်းတွေကို ကြားမိသူတိုင်းနဲ့ ရင်ဘတ်ချင်း ဆက်သွယ်ခဲ့ပြီးတော့ နောက်မျိုးဆက်များစွာ တိုင်အောင် ဆက်လက်ပဲ့တင်စေခဲ့တာပါ။
Bobby Amaru
Saliva
-----------------------------
#WeLoveMusic #KurtCobain #Nirvan #memorable

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။